စစ်ကိုင်းတိုင်းနဲ့ မကွေးတိုင်းမှာ ပြီးခဲ့တဲ့ စက်တင်ဘာလအတွင်း ပစ်ခတ်ခံရလို့ သေဆုံးသူ ၂၀၀ ကျော်ရှိ

အောက်တိုဘာ ၊ ၁ ၊ ၂၀၂၃
SP(VOM)
စစ်ကိုင်းတိုင်းနဲ့ မကွေးတိုင်းမှာ ပြီးခဲ့တဲ့ စက်တင်ဘာလအတွင်း နယ်မြေရှင်းလင်းရေး စစ်ကြောင်းအဖွဲ့က ပစ်ခတ်တာကြောင့် လူ ၂၀၀ နီးပါးသေဆုံးခဲ့ရတယ်လို့ ဒေသခံ လူမှုကူညီရေး အဖွဲ့တွေဆီက သိရပါတယ်။
” ပြီးခဲ့တဲ့ စက်တင်ဘာ ၁ ရက်ကနေ ၃၀ အထိ အသေအပျောက် အများဆုံးက စစ်ကိုင်းတိုင်းဖြစ်တယ် ၊ အဲ့ဒီနောက် မကွေးတိုင်းဘက်မှာလည်း သေတယ် ၊ စစ်ကြောင်းအဖွဲ့နဲ့ ဒေသတွင်း လက်နက်ကိုင်အဖွဲ့တွေ ထိတွေ့တိုက်ပွဲဖြစ်ပြီး သေရတာဖြစ်တယ် ” လို့ ပရဟိတသမားတယောက်က ပြောပါတယ်။
အဲ့ဒီ ပစ်ခတ်ဖမ်းဆီးမှုဖြစ်စဥ်တွေမှာ စစ်ကိုင်းမြို့နယ်နဲ့ ဝက်လက်မြို့နယ်ကြားမှာရှိတဲ့ ကျွန်းတောဦးရွာက ကိုညွန့်ဝင်း ၊ ကိုလှိုင်ထွေးအောင် ၊ ကိုကျော်သူမင်း၊ ကိုသူထူးစံနဲ့ ကိုဇင်သူ တို့ ၅ ယောက်ကို သေနတ်ဒဏ်ရာတွေနဲ့ သေဆုံးနေတာတွေ့ရတယ် ၊ အဲ့ဒီအပြင် ခက်ခရွာမှာ ၁ ယောက်၊ ကျွန်းတောဦးရွာမှာ ၇ ယောက်၊ ပေါက္ကားရွာ ၆ ယောက် ၊ မူးမန္တလေး ရွာ မှာ ၁ ယောက် ၊ ထန်းတောဆိပ်ရွာမှာ ၅ ယောက်၊ ထန်းကြီးရွာမှာ ၃ ယောက် ၊ ကျီးကန်(မြောက်) ရွာမှာ ၄ ယောက် ၊ အားလုံးပေါင်း ၂၇ ယောက် တွေ့ရတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
တမူးမြို့နယ် ၊ နန့်မွတ်တား ရွာမှာ ၂ ယောက် ၊ ရန်လင်းဖိုင်ရွာနားမှာ ၁ ယောက် ၊ ခိုမွန်နွံရွာနားမှာ ၂ ယောက် ၊ ယင်းမာပင် ကျောက်ကုန်းရွာနားမှာ ၃ လောင်း ၊ စက်တင်ဘာ ၈ မင်းကင်းမြို့နယ် အင်ပင်ရွာ ၁ ယောက် ၊ ကလေးဝမြို့နယ် ၊ ဂဇက်ကျေးရွာနားမှာ ၃ ယောက် ၊ ပုလဲမြို့နယ် ၊ ညောင်ကုန်းရွာမှာ ၃ ယောက် ၊ ပြီးခဲ့တဲ့ စက်တင်ဘာ ၁၅ ရက်နေ့က စစ်ကိုင်းမြို့နယ် ၊ သလွန်ဖြူရွာနားမှာ ၇ ယောက် ၊ နုံတွင်းရွာနား မုံရွာ မန္တလေးကားလမ်းပေါ်မှာ ၃ ယောက် ၊ မြင်းမူမြို့နယ် ၊ ညောင်ရင်းရွာနား ၄ ယောက် ၊ ခြေရာတော်ရွာနားမှာ ၂၆ ယောက် ၊ ချောင်းဦးမြို့နယ် ၊ ငါးယှန်ကျေးရွာနား ၂ ယောက် ၊ မကျီးခွရွာနဲ့ မင်းတည်ရွာကြား ၁၀ ယောက် ၊ ကသာမြို့နယ် ၊ တုတ်ကြီးရွာနားမှာ ၄ ယောက် ၊ အရာတော်မြို့နယ် ၊ ကုန်းသာရွာနားမှာ ၃ ယောက် ၊ ဝက်လက်မြို့နယ် ၊ ထန်းကြီးရွာနားမှာ ၂ ယောက် ၊ မုံရွာမြို့နယ် ၊ မုံရွေးရွာနားမှာ ၆ ယောက် ၊ ရွာတုံရွာနားမှာ ၂ ယောက် ၊ ကျွဲရဲရွာလမ်းမှာ ၁ ယောက်၊ ဆားလင်းကြီးမြို့နယ်မှာ ၂ ယောက် ၊ ပစ်သတ်ခံရတယ် လက်လှမ်းမီသလောက် စာရင်းသိရတာက စစ်ကိုင်းတိုင်းမှာ ပစ်သတ်ခံရသူပေါင်း ၁၀၂ ယောက်ရှိတယ်လို့ဒေသခံတွေဆီက သိရပါတယ်။
ဒါ့အပြင် မကွေးတိုင်း ၊ ဂန့်ဂေါမြို့နယ် ၊ ချောင်းဆုံရွာမှာ ၄ ယောက် ၊ မြင်းဇာရွာနားမှာ ၅ ယောက် ၊ မြင်းဇာရွာနဲ့ လက်ပန်ရွာအကြား အရှေ့တောပေါ်မှာ ၄၂ ယောက် ၊ ပခုက္ကူခရိုင် ၊ မြိုင်မြို့နယ် ၊ ပေါက်ပြင်းရွာမှာ အမျိးသား ၄ ဦး ၊ အမျိုးသမီး ၁ ဦး ၊ ဂွေးပင်လယ်ရွာမှာ အမျိုးသား ၁၂ ဦး ၊ နဲ့ သံပုရာခြံရွာမှာ အမျိုးသား ၁ ဦးနဲ့ အမျိုးသမီး ၁ ဦး ၊ ပေါင်း ၂၀ ဦး ပစ် သတ်ခံရတယ်၊ အဲ့ဒီနောက် ရေစကြိုမြို့နယ် ၊ ကိုင်းမကြီးရွာနားမှာ ၁ ယောက် ၊ အပါအဝင် ရေစကြိုနယ်ထဲမှာ ၄ ယောက် ပစ်သတ်ခံရတယ် ၊ စက်တင်ဘာလအတွင်း မကွေးတိုင်ထဲမှာ ပစ်သတ်ခံရသူပေါင်း ၇၆ ယောက်ရှိတယ်လို့ ဒေသခံတွေရဲ့ အပြောအရ သိရပါတယ်။
ပြီးခဲ့တဲ့ စင်တင်ဘာ ၁ ရက်ကနေ ၃၁ ရက်ထိ တလအတွင်း စစ်ကိုင်းတိုင်းမှာ ၁၀၂ ယောက်နဲ့ မကွေးတိုင်း( ပခုက္ကူခရိုင်နဲ့ ဂန့်ဂေါခရိုင်)မှာ ၇၆ ယောက်ဖြစ်ပြီး စစ်ကိုင်းတိုင်းနဲ့ မကွေးတိုင်း ၂ တိုင်းပေါင်း သေဆုံးသူ ၁၇၈ ယောက်ရှိပါတယ် ၊ အဲ့ဒီ အရေအတွက်ဟာ လက်လှမ်းမီသလောက် သေဆုံးသူစာရင်းတွေဖြစ်ပြီး မြေပြင်မှာ သေဆုံးသူ အရေအတွက်ဟာ ဒီထက်ပိုများနိုင်တယ်လို့လည်း သိရပါတယ်။
ဒါ့အပြင် လက်နက်ကြီးကျရောက်ပြီး ပေါက်ကွဲသေဆုံး ဒဏ်ရာရသူတွေဟာ အဲ့ဒီ စာရင်းထဲမှာ ပါဝင်ခြင်းမရှိဘူးလို့လည်း လူမှုကူညီရေး အဖွဲ့တွေဆီက သိရပါတယ်။
ပြီးခဲ့တဲ့ စက်တင်ဘာလအတွင်း ထိတွေ့တိုက်ပွဲတွေဖြစ်လို့တန့်တည်မြို့မှာ ရဲတပ်ဖွဲ့ဝင် ၅ ယောက် ၊ ပြည်သူ့စစ်တပ်ဖွဲ့ဝင် ၄ ယောက် ၊ ဒီပဲယင်းမြို့မှာ ရဲတပ်ဖွဲ့ဝင် ၄ ဦး ၊ပြည်သူ့စစ်တပ်ဖွဲ့ဝင် ၂ ဦး ၊ စစ်ကိုင်းမြို့၊ သလွန်ဖြူရွာမှာ ရဲအရာရှိ ၁ ဦး ၊ ဝန်းသိုမြို့မှာ ပြည်သူ့စစ်တပ်ဖွဲ့ဝင် ၄ ဦး ဘုတင်မြို့မှာ ရဲအရာရှိ ၁ ဦးအပါအဝင် ၃ ဦး ၊ မကွေးတိုင်း၊ ဂန့်ဂေါခရိုင် ၊ ကျောမြို့နယ် ၊ ကန့်သတ်ကျေးရွာမှာ ပြည်သူ့စစ်တပ်ဖွဲ့ဝင် ၃ ဦး ၊ စစ်သည် ၁ ဦး သေဆုံးခဲ့တယ်လို့ သိရပါတယ်။
ပြီးခဲ့တဲ့ စက်တင် ဘာလအတွင်း စစ်ကိုင်းတိုင်းနဲ့ မကွေးတိုင်းမှာ ထိတွေ့တိုက်ပွဲတွေဖြစ်ပွားပြီး ၂ ဖက် ထိခိုက် သေဆုံးရသူပေါင်း ၂၀၆ ယောက်ရှိတယ်လို့ မှတ်တမ်းတွေအရ သိရပါတယ်။
ဓာတ်ပုံ ၊ ဒေသခံ ပရဟိတသမား တစ်ဦး
#voiceofmyanmar #VOM #မကွေးတိုင်း#စစ်ကိုင်းတိုင်း#သတ်ဖြတ်ခံရမှု

Related posts

Leave a Comment

VOM News

FREE
VIEW