စတော့ဟုမ်း၊ အောက်တိုဘာ-၆-၂၀၂၃ မျိုးဆက်(VOM) အီရန်လူ့အခွင့်အရေး တက်ကြွလှုပ်ရှားသူ နာဂက်စ်မိုဟာမက်ဒီကို ငြိမ်းချမ်းရေးနိုဘယ်ဆု ချီးမြင့်လိုက်ကြောင်း နိုဘယ်ဆုချီးမြှင့်ရေးကော်မတီက အောက်တိုဘာ ၆ ရက်မှာ ထုတ်ပြန်ကြေညာလိုက်ပါတယ်။ မိုဟာမက်ဒီဟာ လက်ရှိမှာတော့ နာမည်ဆိုးနဲ့ကျော်ကြားတဲ့ အီရန်ရှိ အီဗင်အကျဉ်းထောင်မှာ နှစ်ရည်ထောင်ဒဏ်ကျခံနေရပါတယ်။ သူ့ကို ဆုချီးမြှုင့်တဲ့အပေါ် အီရန်အမျိုးသမီးများ ဖိနှိပ်ခံရမှု ဆန့်ကျင်ရေးအဖွဲ့က ချီးကျူးဂုဏ်ပြုခဲ့ပါတယ်။ သူမဟာ အမျိုးသမီးအခွင့်အရေးနဲ့ သေဒဏ်ဖျက်သိမ်းရေးတို့အတွက် လှုပ်ရှားခဲ့သူဖြစ်ပြီး အီရန်အာဏာပိုင်တွေက ထောင် ၁၂ နှစ်ချမှတ်ထားပါတယ်။ သူ့ကို လွှတ်ပေးဖို့ နိုဘယ်ဆုပေးရေးကော်မတီက အီရန်ကို တိုက်တွန်းထားပါတယ်။ ပြီးခဲ့တဲ့နှစ် ငြိမ်းချမ်းရေးနိုဘယ်ဆုကိုတော့ ဘီလာရုစ်လူ့အခွင့်အရေးရှေ့နေ အယ်လီယာ့ဘယ်လီစကီးနဲ့အတူ ရုရှားလူ့အခွင့်အရေးအဖွဲ့ Memorial ၊ ယူကရိန်းလူ့အခွင့်အရေးအဖွဲ့ Center for Civil liberities တို့က ပူးတွဲရရှိခဲ့ပါတယ်။ ဆေးပညာနိုဘယ်ဆုကိုတော့ mRNA Covid ကာကွယ်ဆေး ထုတ်လုပ်နိုင်မယ့် နည်းပညာကို တီထွင်ခဲ့ကြတဲ့သိပ္ပံပညာရှင်နှစ်ယောက် ဆေးဘက်ဆိုင်ရာ…
Read MoreDay: October 6, 2023
ယနေ့ ရွှေဈေး (အောက်တိုဘာ- ၆ ရက်၊ ညနေ ၄ နာရီ)
-ကမ္ဘာ့ရွှေဈေး တအောင်စ ၁၈၂၃ ဒေါ်လာ -အခေါက်ရွှေ တကျပ်သား (ပြင်ပဈေးကွက်) ရောင်းဈေး ၃၄၀၀၀၀၀ ကျပ် ဝယ်ဈေး ၃၃၅၀၀၀၀ ကျပ် -၁၅ ပဲရည် တကျပ်သား ရောင်းဈေး ၃၂၀၀၀၀၀ ကျပ် ဝယ်ဈေး ၃၁၅၀၀၀၀ ကျပ် ရွှေဈေးနှုန်းများ အချိန်နှင့်အမျှ ပြောင်းလဲနိုင်သည်။
Read Moreနှစ်နိုင်ငံ တင်းမာနေစဉ် ဂျိုးဘိုင်ဒင်နဲ့ ရှီကျင်းပင်တို့ ဆန်ဖရန်စစ္စကိုမှာ ထိပ်သီးဆွေးနွေးဖွယ်ရှိ
ဝါရှင်တန်၊ အောက်တိုဘာ-၆-၂၀၂၃ မျိုးဆက်(VOM) အမေရိကန်နဲ့တရုတ်နိုင်ငံတို့အကြား ဆက်ဆံရေးတည်ငြိမ်စေရန် ကြိုးပမ်းနေစဉ်မှာ သမ္မတဂျိုးဘိုင်ဒင်နဲ့ တရုတ်သမ္မတရှီကျင်းပင်တို့ နိုဝင်ဘာအတွင်း ဆန်ဖရန်စစ္စကိုမှာ မျက်နှာချင်းဆိုင် ထိပ်သီးဆွးနွေးဖို့ အိမ်ဖြူတော်က စီစဉ်နေကြောင်း ဝါရှင်တန်ပို့စ်သတင်းဌာနက ရေးသားဖော်ပြထားပါတယ်။ ထိုင်ဝမ်ရေး၊ ကိုဗစ်-၁၉ ရောဂါရဲ့ မူလဇစ်မြစ်၊ သူလျှိုလုပ်မှုစွပ်စွဲချက်တွေ၊ လူ့အခွင့်အရေးပြသနာနဲ့ ကုန်သွယ်ရေးကိစ္စတွေအပါအဝင် အခြားသောအရေးကိစ္စတွေကြောင့် ကမ္ဘာ့အင်အားကြီးနှစ်နိုင်ငံအကြား မကြာသေးမီနှစ်တွေအတွင်း ဆက်ဆံရေးတင်းမာနေခဲ့ပါတယ်။ သမ္မတနှစ်ဦးရဲ့ တွေ့ဆုံဆွေးနွေးမယ့်အစီအစဉ်ဟာ အလွန်သေချာကြောင်း အမည်မဖော်လိုတဲ့ အမေရိကန်တာဝန်ရှိသူနှစ်ဦးကို ကိုးကားပြီး ဝါရှင်တန်ပို့စ်သတင်းဌာနက ဖော်ပြထားပါတယ်။ “ ဒီကိစ္စအထမြောက်ဖို့ ကျွန်တော်တို့ စတင်စီစဉ်နေပါပြီ” လို့အမည်မဖော်လိုတဲ့ အမေရိကန်တာဝန်ရှိသူက ဆိုပါတယ်။ ဝါရှင်တန်ရှိ တရုတ်သံရုံးကတော့ ဒီသတင်းနဲ့ပတ်သက်ပြီး မှတ်ချက်တစုံတရာမပြုသေးပါဘူး။ တရုတ်နိုင်ငံသို့ ဇွန်လမှာ အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ဘလင်ကင်၊ ဇူလိုင်လမှ ဘဏ္ဍာရေးဝန်ကြီး ဂျနက်ယဲလ်လန်၊ သြဂုတ်လမှာ ကူးသန်းရောင်းဝယ်ရေးဝန်ကြီး ဂျီနာရိုင်မွန်ဒိုတို့အပါအဝင် အမေရိကန်တာဝန်ရှိသူတွေ တရုတ်နိုင်ငံကို သွားရောက်ပြီးနောက် သမ္မတနှစ်ဦးတွေ့ဆုံဆွေးနွေးမယ့်…
Read Moreဆီးရီးယား ဗိုလ်သင်တန်းဆင်းပွဲ ဒရုန်းတွေနဲ့တိုက်ခိုက်ခံရ၊ လူ (၁၀၀) သေဆုံးပြီး (၂၀၀) ကျော်ဒဏ်ရာရ
ဒမတ်စကတ်၊ အောက်တိုဘာ-၆-၂၀၂၃ မျိုးဆက်(VOM) ဆီးရီးယားနိုင်ငံ ဟွမ်စ်မြို့မှာရှိတဲ့ စစ်သင်တန်းကျောင်းတကျောင်းကို ဒရုန်းနဲ့တိုက်ခိုက်ခံရမှုကြောင့် လူ ၁၀၀ ထက်မနည်းသေဆုံးသွားပြီး ဒါဇင်များစွာ ဒဏ်ရာရရှိခဲ့ပါတယ်။ ဖောက်ခွဲရေးပစ္စည်းတွေတင်ဆောင်ထားတဲ့ ဒရုန်းတွေဟာ ဗိုလ်လောင်းမိသားစုတွေတက်ရောက်တဲ့ ဘွဲ့နှင်းသဘင်အခမ်းအနားကို ပစ်မှတ်ထားတိုက်ခိုက်ခဲ့တာဖြစ်ပြီး သေဆုံးသူတွေထဲမှာ အမျိုးသမီးနဲ့ ကလေးငယ်တွေလည်း ပါဝင်တယ်လို့ တာဝန်ရှိသူတွေက ပြောပါတယ်။ ဒီတိုက်ခိုက်မှုဟာ ပြည်ပနိုင်ငံတွေ ကျောထောက်နောက်ခံပြုထားတဲ့ အကြမ်းဖက်အဖွဲ့တွေရဲ့ လက်ချက်လို့ ဆီးရီးယားအစိုးရက ပြစ်တင်ထားပါတယ်။ ဒါပေမယ့် ဒီတိုက်ခိုက်မှုကို လုပ်ဆောင်ခဲ့ကြောင်း ဘယ်အဖွဲ့ကမှ ထုတ်ပြန်ခြင်းမရှိသေးပါဘူး။ ဒရုန်းတွေကို ဟွမ်စ်အနောက်မြောက်ပိုင်းရှိ အတိုက်အခံတွေထိန်းးချုပ်ထားတဲ့ ဒေသကနေ စေလွှတ်ခဲ့ဖွယ်ရှိပါတယ်။ မွန်းလွဲပိုင်းမှာ ဘွဲ့နှင်းသဘင်အခမ်းအနားပြီးဆုံးပြီးနောက် စစ်သင်တန်းကျောင်းကို ပစ်မှတ်ထားတိုက်ခိုက်ခဲ့တာဖြစ်ကြောင်း ဆီးရီးယားအစိုးရတာဝန်ရှိသူတွေက ပြောပါတယ်။ တိုက်ခိုက်မှုကြောင့် လူ ၂၀၀ ကျော်ဒဏ်ရာရရှိခဲ့ပြီး သေဆုံးသူတွေထဲမှာ အမျိုးသမီးခြောက်ဦးနဲ့ ကလေးငယ်ခြောက်ဦးလည်းပါဝင်ကြောင်း ဆီးရီးယားအစိုးရတာဝန်ရှိသူတွေက အတည်ပြုထားပါတယ်။ Ref:BBC Photo:AP/Reuters #voiceofmyanmar #VOM #Syria…
Read Moreလျှပ်စစ်ကားတစီး မြောက်ဒဂုံမှာ အားသွင်းရင်း မီးလောင်မှုဖြစ်ပွား
ရန်ကုန်၊အောက်တိုဘာ ၆ -၂၀၂၃ GG (VOM) မြောက်ဒဂုံမြို့နယ်၊ ၃၁ ရပ်ကွက်၊ သခင်ဗစိန်လမ်းက တိုက်အမှတ် ၂၂ အရှေ့မှာ ရပ်ထားတဲ့ လျှပ်စစ်ကားတစ်စီး အားသွင်း ရာကနေ ပေါက်ကွဲပြီး မီးလောင်မှု မနေ့က အောက်တိုဘာလ ၅ ရက်နေ့ည ပိုင်းကဖြစ်ပွားခဲ့တယ်လို့သိရပါတယ်။ ” လျှပ်စစ်ကားပါ အားသွင်းနေတုန်းထပေါက်ပြီး မီးလောင်တာပါ။ အရင်ရက်ဆိုကားတွေ အများကြီးရပ်ထားတာ၊ခုရက်မှ သူတစီးတည်းရပ်ထားလို့ တခြားကားတွေ မကူးစက်တာ၊ကားကတော့အကုန်ပျက်စီးသွားတယ်၊မြေညီထပ်က ရပ်ထားတဲ့ကားပါ ” လို့ အဆိုပါ တိုက်နေထိုင်သူ မျက်မြင်တွေ့ရှိသူတစ်ဦးကပြောပါတယ်။ အဆိုပါ လျှပ်စစ်ကားဟာ လက်ရှိ ပြည်ပကနေတင်သွင်းနေတဲ့ EV လျှပ်စစ်ကားမဟုတ်ဘဲ အရင်ထဲက မြန်မာနိုင်ငံ မှာ ပထမဆုံးထုတ်လုပ်တပ်ဆင်ထားတဲ့ အင်ဂျင်အသေးစားပါ လျှပ်စစ်ကား ဖြစ်တယ်လို့ ကားအကြောင်းကျွမ်းကျင်သူတွေကဆိုပါတယ်။ “အားသွင်းတုန်း over charge ဖြစ်တာလား၊loading ပဲ မီးပြတ်ပြီး မီးလာတဲ့အချိန် over…
Read MoreThis Day in History
ဆိုဗီယက်ယူနီယံသည် ဆိုဗီယက်တို့ သိမ်းပိုက်မှုဇုန်အတွင်း ဂျာမနီဒီမိုကရက်တစ်သမ္မတနိုင်ငံ (အရှေ့ဂျာမနီ) ကို၁၉၄၉ ခုနှစ် အောက်တိုဘာ ၆ ရက်တွင် တည်ထောင်ကြောင်း ကြေညာခဲ့သည်။ #voiceofmyanmar #VOM #ThisDayInHistory #October6th
Read Moreအမေရိကန်သမိုင်းမှာ ပထမဆုံး ဖြုတ်ချခံရတဲ့ လွှတ်တော်ဥက္ကဌ (သို့မဟုတ်) ကီဗင်မက်ကာသီ
မျိုးဆက်(VOM) အောက်တိုဘာ-၆-၂၀၂၃ အမေရိကန် ရီပတ်ဘလစ်ကန်တဦးဖြစ်တဲ့ အောက်လွှတ်တော်ဥက္ကဌ ကီဗင်မက်ကာသီဟာ ပါတီဝင်လွှတ်တော် အမတ်တွေရဲ့ ဆန့်ကျင်မှုနဲ့အတူ ပြီးခဲ့တဲ့အောက်တိုဘာ ၃ ရက်မှာ အယုံအကြည်မရှိအဆိုနဲ့ရာထူးကနေ ဖြုတ်ချခံခဲ့ရပါတယ်။ ဒါဟာ သမ္မတ၊ ဒုတိယသမ္မတပြီးရင် နိုင်ငံကို စီမံအုပ်ချုပ်ရေးတာဝန် အရှိဆုံးဖြစ်တဲ့ လွှတ်တော်ဥက္ကဌတဦးကို ဖြုတ်ချမှုလည်းဖြစ်ပြီး အမေရိကန်နိုင်ငံရေးသမိုင်းမှာတော့ ပထမဆုံးအကြိမ်လည်းဖြစ်ပါတယ်။ ရီပတ်ဘလစ်ကန်တွေဟာ အောက်လွှတ်တော်ကို ထိန်းချုပ်ထားတယ်ဆိုပေမယ့် ဒီမိုကရက်တစ်အမတ်တွေနဲ့ အရေအတွက် အလွန်ကျဉ်းမြောင်းတဲ့ အနေအထားဖြစ်ပြီး မဲခွဲဆုံးဖြတ်ရာမှာတော့ ရာထူးကနေဖယ်ရှားဖို့ ထောက်ခံမဲ ၂၁၆ မဲ၊ ကန့်ကွက်မဲ ၂၁၀ ရှိခဲ့ပါတယ်။ ဒီထဲံမှာ မက်ကာသီရဲ့ ရီပတ်ဘလစ်ကန်ပါတီက အမတ်ရှစ်ဦးက သူ့ကိုရာထူးကနေ ထုတ်ပယ်ရေးအတွက် ထောက်ခံမဲပေးခဲ့ကြတာကြောင့်လည်း မက်ကာသီကို အယုံအကြည်မရှိအဆိုတင်သွင်းကာ ရာထူးကနေ ဖြုတ်ချမှု အထမြောက်ခဲ့တယ် ဆိုရမှာဖြစ်ပါတယ်။ မက်ကာသီဟာ အမေရိကန်အစိုးရရဲ့ ယန္တရားတွေ ရပ်မသွားဖို့အတွက် သတ်မှတ်ရက် နောက်ဆုံးအချိန်မှာ ယာယီဘက်ဂျက်တခုကို အတည်ပြုနိုင်ရေးအတွက်…
Read Moreမြန်မာ – အိန္ဒိယနယ်စပ်မှာ လက်နက်ခဲယမ်းနဲ့ မူးယစ်ဆေးဝါး ကုန်သွယ်မှုတွေကြောင့် လုံခြုံရေးတင်းကြပ်ထား
အောက်တိုဘာ ၊ ၆ ၊ ၂၀၂၃ SP(VOM) မြန်မာ – အိန္ဒိယ နယ်စပ်ကုန်သွယ်ရေးလမ်းကြောင်း တခုဖြစ်တဲ့ ချင်းပြည်နယ်နဲ့ မီဇိုရမ် နယ်စပ်မှာ လက်နက်ခဲယမ်းနဲ့ မူးယစ်ဆေးဝါးတွေ မှောင်ခိုစျေးကွက်ထဲမှာ ပျံ့နှံ့လာတာကြောင့် ကုန်သွယ်ရေးလုပ်ငန်းတွေကို အိန္ဒိယဘက်ကနေ ကန့်သတ်လိုက်ပြီး နယ်စပ်ဖြတ်ကျော် ဝင်ရောက်တာလည်း ယာယီပိတ်ထားတယ်လို့ နယ်စပ်ကုန်သွယ်ရေး လုပ်ငန်းရှင်တွေဆီက သိရပါတယ်။ ” ပြီးခဲ့တဲ့ အောက်တိုဘာ ၃ ရက်က အိန္ဒိယနိုင်ငံ၊ မီဇိုရမ်ပြည်နယ်၊ အိုင်ဇောလ်မြို့ ၊ လဲန်းပွီးလေဆိပ်မှာ အိုင်ဇောလ်ကနေ နယူးဒေလီကို ပျံသန်းမယ့် လေယာဥ်ခရီးသည် မြန်မာနိုင်ငံသား တစ်ဦးဆီက ရူပီးငွေ သိန်း ၃၁၀၀ ကျော် ၊ တန်ဖိုးရှိတဲ့ မူးယစ်ဆေးဝါး ( စိတ်ကြွဆေးပြား) တွေ ဖမ်းမိတယ် ” လို့ နယ်စပ်ကုန်သွယ်ရေး လုပ်ငန်းရှင် ဦးပေါင်စကျိန် ဆိုသူက…
Read Moreခုရက်ပိုင်း ဖားကန့်ဒေသမှာ လက်လုပ် လက်စား စျေးသည်တွေ နေ့စဥ်နီးပါး အသတ်ခံနေရ
အောက်တိုဘာ ၊ ၆ ၊ ၂၀၂၃ SP(VOM) ကချင်ပြည်နယ် ၊ မိုးညှင်းခရိုင် ၊ ဖားကန့်မြို့နယ် ၊ ဖားကန့်ဒေသမှာရှိတဲ့ လက်လုပ် လုပ်စား စျေးသည်တွေဟာ နေ့စဥ်နီးပါး ပစ်သတ်ခံနေရတယ်လို့ ဒေသခံ လူမှုကူညီရေး အဖွဲ့တွေဆီက သိရပါတယ်။ ” မနေ့ အောက်တိုဘာ ၅ ရက်၊ နေ့လယ် ၂ နာရီဝန်းကျင်က မမုံကျေးရွာနားက ထွန်းဦးစက်သုံးဆီဆိုင်မှာ ဆိုင်ကယ်ဆီဖြည့်နေတဲ့ စျေးသည် အမျိုးသားတစ်ဦး ပစ်သတ်ခံရတယ် ၊ နောက်ပြီး ဖားပြင်ရွာအဝင်ဘက်မှာလည်း အာလူးကြော်တွေ လိုက်ပို့ပေးနေတဲ့ စျေးသည် တယောက် ပစ်သတ်ခံရတယ် ၊ မနေ့က ၁ ရက်တည်းမှာပဲ စျေးသည် ၂ ယောက် ပစ်သတ်ခံရတယ် ၊ ပစ်သတ်ခံရသူတွေက ဘယ်သူ ဘယ်ဝါ ဆိုတာ နာမည် အခုထိ မသိရသေးဘူး…
Read More