ထောင်ကျနေတဲ့ အီရန်လူ့အခွင့်အရေးတက်ကြွလှုပ်ရှားသူ အမျိုးသမီး ငြိမ်းချမ်းရေးနိုဘယ်ဆု ချီးမြှင့်ခံရ

စတော့ဟုမ်း၊ အောက်တိုဘာ-၆-၂၀၂၃
မျိုးဆက်(VOM)
အီရန်လူ့အခွင့်အရေး တက်ကြွလှုပ်ရှားသူ နာဂက်စ်မိုဟာမက်ဒီကို ငြိမ်းချမ်းရေးနိုဘယ်ဆု ချီးမြင့်လိုက်ကြောင်း နိုဘယ်ဆုချီးမြှင့်ရေးကော်မတီက အောက်တိုဘာ ၆ ရက်မှာ ထုတ်ပြန်ကြေညာလိုက်ပါတယ်။
မိုဟာမက်ဒီဟာ လက်ရှိမှာတော့ နာမည်ဆိုးနဲ့ကျော်ကြားတဲ့ အီရန်ရှိ အီဗင်အကျဉ်းထောင်မှာ နှစ်ရည်ထောင်ဒဏ်ကျခံနေရပါတယ်။ သူ့ကို ဆုချီးမြှုင့်တဲ့အပေါ် အီရန်အမျိုးသမီးများ ဖိနှိပ်ခံရမှု ဆန့်ကျင်ရေးအဖွဲ့က ချီးကျူးဂုဏ်ပြုခဲ့ပါတယ်။
သူမဟာ အမျိုးသမီးအခွင့်အရေးနဲ့ သေဒဏ်ဖျက်သိမ်းရေးတို့အတွက် လှုပ်ရှားခဲ့သူဖြစ်ပြီး အီရန်အာဏာပိုင်တွေက ထောင် ၁၂ နှစ်ချမှတ်ထားပါတယ်။ သူ့ကို လွှတ်ပေးဖို့ နိုဘယ်ဆုပေးရေးကော်မတီက အီရန်ကို တိုက်တွန်းထားပါတယ်။
ပြီးခဲ့တဲ့နှစ် ငြိမ်းချမ်းရေးနိုဘယ်ဆုကိုတော့ ဘီလာရုစ်လူ့အခွင့်အရေးရှေ့နေ အယ်လီယာ့ဘယ်လီစကီးနဲ့အတူ ရုရှားလူ့အခွင့်အရေးအဖွဲ့ Memorial ၊ ယူကရိန်းလူ့အခွင့်အရေးအဖွဲ့ Center for Civil liberities တို့က ပူးတွဲရရှိခဲ့ပါတယ်။
ဆေးပညာနိုဘယ်ဆုကိုတော့ mRNA Covid ကာကွယ်ဆေး ထုတ်လုပ်နိုင်မယ့် နည်းပညာကို တီထွင်ခဲ့ကြတဲ့သိပ္ပံပညာရှင်နှစ်ယောက် ဆေးဘက်ဆိုင်ရာ နိုဘယ်ဆုချီးရရှိခဲ့ပါတယ်။
ဟန်ဂေရီ အမေရိကန်နွယ်ဖွား ပါမောက္ခ ကာတာလင်ကာရီယိုနဲ့ အ မေရိကန်သား ဒရူးဝစ်မန်းတို့ဟာ ကိုဗစ်ကာကွယ်ဆေး ထုတ်လုပ်ရေးအတွက် အထောက်အကူဖြစ်စေခဲ့တဲ့ ဗိုင်းရပ်စ်ရဲ့ မျိုးရိုးဗီဇခုခံမှု စနစ်ကိုရှာဖွေတွေ့ရှိ သုတေသနပြုခဲ့ကြတာကြောင့် ခုလိုချီးမြှင့်ခံခဲ့ရတာဖြစ်ပါတယ်။
စာပေနိုဘယ်ဆုကိုတော့ နော်ဝေစာရေးဆရာ ဂျွန်ဖော့ဆီက ရရှိခဲ့ပါတယ်။ ဓာတုဗေဒဆိုင်ရာ နိုဗယ်ဆုကို အမ်အိုင်တီက မွန်ဒီရေ ဘာဘန်ဒီ၊ ကိုလံဘီယာ တက္ကသိုလ်က လူဝတ်စ် ဘရုစ် နဲ့ Nanocrystals Technology Incorporated က အလက်ဆီ ယက်ကီမော့ဗ် တို့ကရှိခဲ့ပြီး နာနိုခရစ်စတယ်စ် ဆိုင်ရာ ကွမ်တမ်ဒေါ့စ် နယ်ပယ်မှာ ထူးခြားတဲ့ လေ့လာတွေ့ရှိချက်တွေ ရှာဖွေနိုင်ခဲ့တဲ့ အတွက် အခုလို ချီးမြင့်ခံခဲ့ကြရတာပါ။
Ref:BBC/NHK
Photo: Reuters

Related posts

Leave a Comment

VOM News

FREE
VIEW