ဆီးရီးယား ဗိုလ်သင်တန်းဆင်းပွဲ ဒရုန်းတွေနဲ့တိုက်ခိုက်ခံရ၊ လူ (၁၀၀) သေဆုံးပြီး (၂၀၀) ကျော်ဒဏ်ရာရ

ဒမတ်စကတ်၊ အောက်တိုဘာ-၆-၂၀၂၃
မျိုးဆက်(VOM)
ဆီးရီးယားနိုင်ငံ ဟွမ်စ်မြို့မှာရှိတဲ့ စစ်သင်တန်းကျောင်းတကျောင်းကို ဒရုန်းနဲ့တိုက်ခိုက်ခံရမှုကြောင့် လူ ၁၀၀ ထက်မနည်းသေဆုံးသွားပြီး ဒါဇင်များစွာ ဒဏ်ရာရရှိခဲ့ပါတယ်။
ဖောက်ခွဲရေးပစ္စည်းတွေတင်ဆောင်ထားတဲ့ ဒရုန်းတွေဟာ ဗိုလ်လောင်းမိသားစုတွေတက်ရောက်တဲ့ ဘွဲ့နှင်းသဘင်အခမ်းအနားကို ပစ်မှတ်ထားတိုက်ခိုက်ခဲ့တာဖြစ်ပြီး သေဆုံးသူတွေထဲမှာ အမျိုးသမီးနဲ့ ကလေးငယ်တွေလည်း ပါဝင်တယ်လို့ တာဝန်ရှိသူတွေက ပြောပါတယ်။
ဒီတိုက်ခိုက်မှုဟာ ပြည်ပနိုင်ငံတွေ ကျောထောက်နောက်ခံပြုထားတဲ့ အကြမ်းဖက်အဖွဲ့တွေရဲ့ လက်ချက်လို့ ဆီးရီးယားအစိုးရက ပြစ်တင်ထားပါတယ်။ ဒါပေမယ့် ဒီတိုက်ခိုက်မှုကို လုပ်ဆောင်ခဲ့ကြောင်း ဘယ်အဖွဲ့ကမှ ထုတ်ပြန်ခြင်းမရှိသေးပါဘူး။
ဒရုန်းတွေကို ဟွမ်စ်အနောက်မြောက်ပိုင်းရှိ အတိုက်အခံတွေထိန်းးချုပ်ထားတဲ့ ဒေသကနေ စေလွှတ်ခဲ့ဖွယ်ရှိပါတယ်။ မွန်းလွဲပိုင်းမှာ ဘွဲ့နှင်းသဘင်အခမ်းအနားပြီးဆုံးပြီးနောက် စစ်သင်တန်းကျောင်းကို ပစ်မှတ်ထားတိုက်ခိုက်ခဲ့တာဖြစ်ကြောင်း ဆီးရီးယားအစိုးရတာဝန်ရှိသူတွေက ပြောပါတယ်။
တိုက်ခိုက်မှုကြောင့် လူ ၂၀၀ ကျော်ဒဏ်ရာရရှိခဲ့ပြီး သေဆုံးသူတွေထဲမှာ အမျိုးသမီးခြောက်ဦးနဲ့ ကလေးငယ်ခြောက်ဦးလည်းပါဝင်ကြောင်း ဆီးရီးယားအစိုးရတာဝန်ရှိသူတွေက အတည်ပြုထားပါတယ်။
Ref:BBC
Photo:AP/Reuters

Related posts

Leave a Comment

VOM News

FREE
VIEW