ဂါဇာပြည်သူတွေကို သတိမပေးဘဲ အစ္စ​​ရေးက လေကြောင်းတိုက်ခိုက်တိုင်း ဓားစာခံတယောက်သတ်မယ်လို့ ဟားမတ်အဖွဲ့ခြိမ်းခြောက်

ဂျေရုဆလင် ၊ အောက်တိုဘာ -၁၀-၂၀၂၃
မျိုးဆက်(VOM)
အစ္စရေးအနေနဲ့ ဂါဇာရှိ အရပ်သား တွေကို သတိပေးခြင်းမရှိဘဲ လေကြောင်းတိုက်ခိုက်မှုပြုလုပ်မယ်ဆိုရင် တခါလုပ်တိုင်း အစ္စရေးဓားစာခံတယောက်ကိုသတ်မယ်လို့ ဟားမတ်စ်လက်နက်ကိုင်အဖွဲ့က ခြိမ်းခြောက်လိုက်ပါတယ်။
ဆယ်စုနှစ်များစွာအတွင်း အစ္စရေးမြေကို အဆိုးရွားဆုံးတိုက်ခိုက်မှုအတွက် အစ္စရေးကာကွယ်ရေးတပ်ဖွဲ့က လက်တုံ့ပြန်မှုဟာ စတင်နေပြီလို့ နေတန်ယာဟုကလည်း သတိပေးလိုက်ပါတယ်။
အစ္စရေးဟာ ဟားမတ်စ် စစ်သွေးကြွအဖွဲ့အပေါ် အားကုန်သုံး တိုက်ခိုက်သွားမှာဖြစ် ကြောင်း အစ္စရေးဝန်ကြီးချုပ် ဘန်ဂျမင်နေတန်ယာဟုက ဆိုပါတယ်။
ဂီတပွဲတော်တခုမှာ ဟားမတ်စ်သေနတ်သမား တွေကအစုလိုက်အပြုံလိုက် သတ်ဖြတ်ခဲ့တဲ့ လူ ၂၆၀ အပါအဝင် စနေနေ့က အံ့အားသင့်ဖွယ် တိုက်ခိုက်မှုနောက်ပိုင်း အစ္စရေးမှာ လူ ၉၀၀ ခန့် သေဆုံးခဲ့ပါတယ်။
ဂါဇာကမ်းမြောင်ဒေသကို အစ္စရေးက စတင်တိုက်ခိုက်ခဲ့ပြီးနောက် ပါလက်စတိုင်းဘက်မှာ လူပေါင်း ၆၉၀ နီးပါး သေဆုံးခဲ့ပါတယ်။
ဂါဇာကမ်းမြှောင်ကို အလုံးစုံ ဝိုင်းထားဖို့နဲ့ အစားအစာ၊ လောင်စာဆီ၊ လျှပ်စစ်နဲ့ရေ ဖြတ်တောက်ဖို့ အစ္စရေးကာကွယ်ရေးဝန်ကြီးက အစောပိုင်းမှာ အမိန့်ပေးခဲ့ပါတယ်။
Ref:BBC
Photo:Guardian

Related posts

Leave a Comment

VOM News

FREE
VIEW