ယနေ့ ရွှေဈေး (အောက်တိုဘာ- ၁၀ ရက်၊ ညနေ ၄ နာရီ)

Voice of Myanmar -ကမ္ဘာ့ရွှေဈေး တအောင်စ ၁၈၅၉ ဒေါ်လာ -အခေါက်ရွှေ တကျပ်သား (ပြင်ပဈေးကွက်) ရောင်းဈေး ၃၄၁၅၀၀၀ ကျပ် ဝယ်ဈေး ၃၃၆၅၀၀၀ ကျပ် -၁၅ ပဲရည် တကျပ်သား ရောင်းဈေး ၃၃၉၅၀၀၀ ကျပ် ဝယ်ဈေး ၃၃၄၅၀၀၀ ကျပ် ရွှေဈေးနှုန်းများ အချိန်နှင့်အမျှ ပြောင်းလဲနိုင်သည်။ #voiceofmyanmmar #vom #TodayGoldprice #October10th Telegram Link: https://t.me/VOMNEWS2023/2907

Read More

ဂါဇာရှိ ပစ်မှတ် (၂၀၀) ကျော်ကို အစ္စရေးတိုက်ခိုက်၊ နယ်စပ်ကို ထိန်းချုပ်နိုင်ပြီပြော

ဂျေရုဆလင် ၊ အောက်တိုဘာ-၁၀-၂၀၂၃ မျိုးဆက်(VOM) လူပေါင်း ထောင်ချီ သေဆုံးခဲ့ရတဲ့ ဟားမတ်စ်တွေရဲ့ တိုက်ခိုက်မှု သုံးရက်ကြာ ပြီးနောက် နယ်စပ်ကို လုံခြုံအောင်လုပ်နိုင်ပြီလို့ အစ္စရေးက ပြောပါတယ်။ နယ်စပ်ကို မနေ့က ဟားမတ်စ်လက်နက်ကိုင်တွေ ဖြတ်ကျော်ဝင်ရောက်မှုမရှိတော့ပေမယ့် လူ ၁၅၀၀ ရဲ့ အလောင်း တွေကိုတွေ့ရှိခဲ့ကြောင်း အစ္စရေးစစ်တပ်က ပြောပါတယ်။ ဂါဇာကမ်းမြောင်ဒေသကို အစ္စရေးလေတပ်က ညတွင်းချင်းပဲ တိုက်ခိုက်မှုတွေ ဆက်တိုက်လုပ်ခဲ့ပြီး ပစ်မှတ် ၂၀၀ ကျော် ထိမှန်ခဲ့တယ်လို့ ထုတ်ပြန်ထားပါတယ်။ အစ္စရေးရဲ့တိုက်ခိုက်မှုတွေကြောင့် လူ ၇၀၀ ကျော် သေဆုံးခဲ့တယ်လို့ ပါလက်စတိုင်း အာဏာပိုင်တွေက အတည် ပြုပြောပါတယ်။ အစ္စရေးဟာ လောင်စာဆီ၊ လျှပ်စစ်နှဲ့ရေတို့ကို ဖြတ်တောက်ထားတာကြောင့် ဂါဇာကမ်းမြောင်ဒေသအတွင်း လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ စင်္ကြံတည်ဆောက်ဖို့ ယူနီဆက်ဖ်က တောင်းဆိုထားပါတယ်။ အစ္စရေးနိုင်ငံကို ဟားမတ်စ်အဖွဲ့ရဲ့တိုက်ခိုက်မှုတွေမှာ အီရန်နိုင်ငံ ပါဝင်ပတ်သက်မှု မရှိဘူးလို့ အီရန်…

Read More

မြိုင်နယ် ကျောက်ဖူးရွာနားမှာ ပစ်ခတ်မှုတွေဖြစ်ပြီး လူ ၁၀ ယောက်ကျော်သေဆုံး

အောက်တိုဘာ ၊ ၁၀ ၊ ၂၀၂၃ SP ( VOM) မကွေးတိုင်း ၊ ပခုက္ကူခရိုင် ၊ မြိုင်မြို့နယ်မှာရှိတဲ့ ကျောက်ဖူးကျေးရွာနားမှာ ဒီမနက် အစောပိုင်းက ပစ်ခတ်မှုတွေဖြစ်ပွားပြီး သေဆုံး ၊ ဒဏ်ရာရ ၊ ဖမ်းဆီးခံရသူတွေရှိတယ်လို့ ဒေသခံ လူမှုကူညီရေးအဖွဲ့တွေဆီက သိရပါတယ်။ ” ကျောက်ဖူးရွာဆိုတာ ၊ ကိုင်းရွာနဲ့ ရှင်မတောင် တောင်အနားဝန်းကျင်မှာရှိတယ် ၊ ချောင်းကြီး တချောင်းရှိတယ် ၊ အဲ့ဒီနားမှာ စစ်ကြောင်းအဖွဲ့နဲ့ ဒေသတွင်း လက်နက်ကိုင်အဖွဲ့တွေ ပစ်ကြတာဖြစ်တယ် ၊ လိုကယ် လက်နက်ကိုင်အဖွဲ့ စခန်းကို စစ်ကြောင်းက ဝင်စီးတာလို့ သိရတယ် ၊ သေဆုံး ၁၀ ယောက်ရှိပြီး စိုးရိမ်ရ ဒဏ်ရာနဲ့ လူနာတွေလည်းများတယ် ခန့်မှန်း လူ ၂၀ ကျော်လောက်ရှိမယ် ၊ သူတို့အားလုံး…

Read More

ဂါဇာပြည်သူတွေကို သတိမပေးဘဲ အစ္စ​​ရေးက လေကြောင်းတိုက်ခိုက်တိုင်း ဓားစာခံတယောက်သတ်မယ်လို့ ဟားမတ်အဖွဲ့ခြိမ်းခြောက်

ဂျေရုဆလင် ၊ အောက်တိုဘာ -၁၀-၂၀၂၃ မျိုးဆက်(VOM) အစ္စရေးအနေနဲ့ ဂါဇာရှိ အရပ်သား တွေကို သတိပေးခြင်းမရှိဘဲ လေကြောင်းတိုက်ခိုက်မှုပြုလုပ်မယ်ဆိုရင် တခါလုပ်တိုင်း အစ္စရေးဓားစာခံတယောက်ကိုသတ်မယ်လို့ ဟားမတ်စ်လက်နက်ကိုင်အဖွဲ့က ခြိမ်းခြောက်လိုက်ပါတယ်။ ဆယ်စုနှစ်များစွာအတွင်း အစ္စရေးမြေကို အဆိုးရွားဆုံးတိုက်ခိုက်မှုအတွက် အစ္စရေးကာကွယ်ရေးတပ်ဖွဲ့က လက်တုံ့ပြန်မှုဟာ စတင်နေပြီလို့ နေတန်ယာဟုကလည်း သတိပေးလိုက်ပါတယ်။ အစ္စရေးဟာ ဟားမတ်စ် စစ်သွေးကြွအဖွဲ့အပေါ် အားကုန်သုံး တိုက်ခိုက်သွားမှာဖြစ် ကြောင်း အစ္စရေးဝန်ကြီးချုပ် ဘန်ဂျမင်နေတန်ယာဟုက ဆိုပါတယ်။ ဂီတပွဲတော်တခုမှာ ဟားမတ်စ်သေနတ်သမား တွေကအစုလိုက်အပြုံလိုက် သတ်ဖြတ်ခဲ့တဲ့ လူ ၂၆၀ အပါအဝင် စနေနေ့က အံ့အားသင့်ဖွယ် တိုက်ခိုက်မှုနောက်ပိုင်း အစ္စရေးမှာ လူ ၉၀၀ ခန့် သေဆုံးခဲ့ပါတယ်။ ဂါဇာကမ်းမြောင်ဒေသကို အစ္စရေးက စတင်တိုက်ခိုက်ခဲ့ပြီးနောက် ပါလက်စတိုင်းဘက်မှာ လူပေါင်း ၆၉၀ နီးပါး သေဆုံးခဲ့ပါတယ်။ ဂါဇာကမ်းမြှောင်ကို အလုံးစုံ ဝိုင်းထားဖို့နဲ့ အစားအစာ၊ လောင်စာဆီ၊…

Read More

မပေါ့ဆသင့်တဲ့ ငလျင်အန္တရာယ်

SN (VOM) မြန်မာနိုင်ငံဟာ ကမ်းရိုးတန်းရှည်လျားတဲ့ နိုင်ငံဖြစ်ခြင်း၊ မြစ်ချောင်းပေါများခြင်း၊ တောင်ကုန်းတောင်တန်းများပြားခြင်း၊ မြောက်မှတောင်အထိ ရှည်လျားတဲ့ သက်ရှင်ပြတ်ရွေ့ဖြစ်တဲ့ စစ်ကိုင်းပြတ်ရွေ့နဲ့ အခြားသော ပြတ်ရွေ့ငယ်တွေရှိခြင်း၊ နိုင်ငံရဲ့ရာသီဥတုအခြေအနေအရ မြို့ပြမီးနဲ့ တောမီးလောင်ကျွမ်းခြင်း၊ ရေကြီးရေလျှံခြင်း၊ မြေပြိုခြင်း၊ တောင်ပြိုခြင်း၊ မုန်တိုင်းတိုက်ခတ်ခြင်း၊ လေပြင်းတိုက်ခတ်ခြင်း၊ မိုးကြိုးပစ်ခြင်း၊ ငလျင်လှုပ်ခြင်း၊ ဆူနာမီဖြစ်ပေါ်ခြင်း စတဲ့ သဘာဝဘေးအန္တရာယ် မျိုးစုံ ဖြစ်ပွားနိုင်တဲ့ နိုင်ငံတနိုင်ငံဖြစ်ပါတယ်။ အဲ့ဒီ့ သဘာဝဘေးတွေအနက် ကြိုတင် ခန့်မှန်းတွက်ဆလို့ မရတဲ့ ဘေးအန္တရာယ်ကတော့ ငလျင်အန္တရာယ်ဖြစ်ပါတယ်။ ငလျင်ဟာ တခြားသော သဘာဝဘေးတွေလို ဖြစ်ပေါ်နိုင်တဲ့ အချိန်၊ ကာလ၊ ရာသီ မရှိဘဲ အချိန်အခါမရွေး၊ ရာသီမရွေးဖြစ်ပေါ်နိုင်တဲ့ သဘာဝဘေးတမျိုး ဖြစ်ပါတယ်။ အဲ့ဒီ့ဘေးအတွက် ကြိုတင်ပြင်ဆင်ခြင်း (Preparedness)၊ ကြိုတင်ကာကွယ်ခြင်း (Prevention)၊ အမြဲအဆင်သင့်ဖြစ်အောင် စီမံဆောင်ရွက်ခြင်း (Readiness) နဲ့သာ လက်ဦးမှု ရယူနိုင်မှာဖြစ်ပါတယ်။ မြန်မာနိုင်ငံမှာ…

Read More

ယနေ့ နိုင်ငံခြားငွေလဲလှယ်နှုန်း (အောက်တိုဘာ-၁၀ ရက်)

Voice of Myanmar -အမေရိကန် ဒေါ်လာ ရောင်းဈေး – ၃၃၅၀ ကျပ် ဝယ်ဈေး – ၃၃၀၀ ကျပ် -စင်္ကာပူ ရောင်းဈေး – ၂၄၂၅ ကျပ် ဝယ်ဈေး – ၂၃၇၀ ကျပ် -ယူရို ရောင်းဈေး – ၃၅၂၈ ကျပ် ဝယ်ဈေး – ၃၄၆၁ ကျပ် -ထိုင်းဘတ် ရောင်းဈေး – ၉၁.၇၄ ကျပ် ဝယ်ဈေး – ၉၀.၀၀ ကျပ် -မလေးရှားရင်းဂစ် ရောင်းဈေး – ၇၂၀ ကျပ် ဝယ်ဈေး – ၇၀၆ ကျပ် -တရုတ်ယွမ် ရောင်းဈေး – ၄၆၃ ကျပ် ဝယ်ဈေး – ၄၅၃ ကျပ် -ဂျပန်ယန်း ရောင်းဈေး…

Read More

အမေရိကန်ရှိ တရုတ်ကောင်စစ်ဝန်ရုံးထဲကို ကားနဲ့ဝင်တိုက်ခဲ့တဲ့အမျိုးသား ပစ်သတ်ခံရ

ဝါရှင်တန် ၊ အောက်တိုဘာ-၁၀-၂၀၂၃ မျိုးဆက်(VOM) အမေရိကန်နိုင်ငံ ဆန်ဖရန်စစ္စကိုရှိ တရုတ်ကောင်စစ်ဝန်ရုံးအတွင်းကို ကားနဲ့ဝင်တိုက်တဲ့ အမျိုးသားတဦးကို ရဲတပ်ဖွဲ့က ပစ်သတ်လိုက်ပါတယ်။ အခင်းဖြစ်ပွားရာနေရာကို ရဲတွေရောက်လာပြီးနောက် အမည်မသိအမျိုးသားကို ပစ်သတ်ခဲ့တယ်လို့ ရဲတပ်ဖွဲ့ရဲ့ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။ အွန်လိုင်းဗီဒီယိုဖိုင်တွင် အပြာရောင် ဟွန်ဒါကားတစီးဟာ ကောင်စစ်ဝန်ရုံး ဧည့်ခန်းထိ ရောက်ရှိနေပြီး အဆောက်အအုံထဲက လူဒါဇင်ပေါင်းများစွာ ထွက်ပြေးနေတဲ့ရုပ်သံဟာ လူမှုကွန်ရက်မှာ ပျံ့နှံနေပါတယ်။ တရုတ်ကောင်စစ်ဝန်ရုံးကတော့ ဒီတိုက်ခိုက်မှုကို ရှုတ်ချခဲ့ပြီး ဒါဟာ ဝန်ထမ်းတွေနဲ့ အခြားလူတွေ လုံခြုံရေးအတွက် ပြင်းထန်သော ခြိမ်းခြောက်မှုတခုဖြစ်ကြောင်း ထုတ်ပြန်ထားပါတယ်။ တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနကလည်း အဲဒီအမည်မသိလူဟာ ကောင်စစ်ဝန်ရုံးအတွင်းမှ လူတွေကို ထိခိုက်နာကျင်စဖို့ အခုလိုတိုက်ခိုက်တာ ဖြစ် ကြောင်းစွပ်စွဲထားပါတယ်။ လက်ရှိမှာ တော့ကောင်စစ်ဝန်ရုံးကို တစိတ်တပိုင်း ပိတ်ထားပြီးယာယီပိတ်ထားပြီးက ဒီကိစ္စအပေါ် မှန်ကန်စွာကိုင်တွယ်ဖြေရှင်း ပေးဖို့ တရုတ်ဘက်က အမေရိကန်ကို တောင်းဆိုထားပါတယ်။ လက်ရှိမှာ တော့ စုံစမ်းစစ်ဆေးမှု တွေ…

Read More

ပဲခူးရေဘေး လူနှစ်သောင်းနီးပါးကို ကယ်ဆယ်ရေးစခန်း (၄၁)သို့ ရွှေ့ပြောင်းပေးထားရ ၊ ပဲခူးတမြို့လုံးအပြင် ကျေးရွာ (၈) ရွာ ရေဘေးသင့်

အောက်တိုဘာ ၁၀ – ၂၀၂၃ SP + GG + SN (VOM) လက်ရှိ ပဲခူးရေကြီးမှုအတွင်း လူသေဆုံးမှုရှိသလို စပါးစိုက်ခင်းတွေ၊ သီးနှံတွေသိုလှောင်ထားတဲ့ ပွဲရုံတွေ၊ ဆန်ပွဲရုံတွေထဲမှာလည်း ရေဝင်ရောက်နေတာကြောင့် ပျက်စီးမှုတွေ ဖြစ်ပေါ်နေတယ်လို့ မြို့ခံတွေနဲ့ ကယ်ဆယ်ရေးလုပ်ဆောင်နေသူတွေဆီက သိရပါတယ်။ ပဲခူးမြို့ရေကြီးမှုကြောင့် အမျိုးသားတဦး သေဆုံးခဲ့ရပြီး သေဆုံးရုပ်အလောင်းကို မနေ့က အောက်တိုဘာလ ၉ ရက်နေ့မှာ ရေစီးနဲ့အတူ မျောပါလာစဥ် တွေ့ရှိခဲ့ရတာဖြစ်တယ်လို့ သိရပါတယ်။ “မနေ့က အလောင်းမျောလာလို့ သွားကြည့်တယ်၊ အမျိုးသားပါ။ လောလောဆယ်သိရသလောက် သူက အိမ်ခြေမဲ့ပါ။ ခုထိတော့ သေတာ သူတယောက်ပဲ ရှိသေးတယ်။ ကျန်တဲ့ထိခိုက်မှုကတော့ ကားတွေ ရေဝင်နေတာ၊ အိမ်ထဲရေဝင်နေလို့ သိုလှောင်ထားတဲ့ပစ္စည်းတွေ၊ ကုန်စုံဆိုင်တွေရှိမယ်၊ စျေးပွဲရုံတွေရှိမယ်၊ ပစ္စည်းတွေ အချိန်မီ ရွှေ့ခွင့်မရလိုက်တဲ့ဟာတွေအကုန် ရေနစ်တာပေါ့။ စားသောက်ကုန်တွေကတော့ ပျက်စီးကုန်ပြီ” လို့…

Read More

စစ်တပ်က လေကြောင်း ဗုံးကြဲ တိုက်ခိုက်ခဲ့တာကြောင့် လိုင်ဇာအနီးက စစ်ရှောင် ၂၀ ကျော်သေဆုံး၊ ၂၀ ကျော် ဒဏ်ရာရ

အောက်တိုဘာ ၁၀၊ ၂၀၂၃ Shy V(VOM) ကချင်ပြည်နယ်၊ လိုင်ဇာအနီး မုန်လျုင်ခက်ရွာရှိ ဝေကြိုင် စစ်ရှောင် စခန်းမှာ အောက်တိုဘာ ၉ ရက်ည ၁၁ နာရီခွဲဝန်းကျင်ခန့်မှာ စစ်တပ်က လေကြောင်းနဲ့ ဗုံးကြဲခဲ့တာကြောင့် နေအိမ် ၅၀ ကျော် ထိခိုက် ပျက်စီးခဲ့ပြီး စစ်ရှောင် ပြည်သူ ၂၀ ကျော် သေဆုံးကာ ၂၀ ကျော် ထိခိုက် ဒဏ်ရာ ရရှိခဲ့ကြောင်း စစ်ရှောင်ပြည်သူတွေဆီက သိရပါတယ်။ “အခုမှ အိမ်ရောက်တာ။ အသက် ဆုံးရှုံးသွားတဲ့ လူတွေကို သန့်ရှင်းရေးလုပ်ပြီး ဆေးရုံမှာ ထားထားတယ်။” လို့ ဒေသခံ ပြည်သူ ၁ ဦးက ပြောပါတယ်။ သေဆုံးသူ ၂၈ ဦး ရှိပြီး သေဆုံးသူတွေကို ဒီနေ့ မနက် ၁၁ ရီမှာ သင်္ဂြိုလ်ဖို့…

Read More

အစ္စရေးရောက် မြန်မာနိုင်ငံသားတွေ ဘေးကင်းရဲ့လား

အောက်တိုဘာ ၁၀၊ ၂၀၂၃ Shy V(VOM) အစ္စရေးနဲ့ ပါလက်စတိုင်း တိုက်ပွဲဟာ တစနဲ့တစပြင်းထန်လို့ နှစ်ဖက်ဆုံးရှုံးမှု သေကျေမှုဟာ များသထက်များလာနေပါတယ်။ ဒီလိုအခြေအနေမှာအစ္စရေးရောက် မြန်မာနိုင်ငံသားတွေ ေဘးကင်းရဲ့လား စိတ်ပူကြသူတွေရှိတာကြောင့် VOM က ဆက်သွယ်စံုစမ်းကြည့်ေတာ့ လက်ရှိအေခြအေနအထိ လုံလုံ ခြုံခြုံ ရှိနေ ကြောင်း အစ္စရေးရောက် မြန်မာ နိုင်ငံသားတွေက ပြောပါတယ်။ “Tel Aviv ကျတော့ အထိအခိုက် အဲလောက် မရှိဘူး ဆိုတော့ နည်းနည်းလေး လုံခြုံပါတယ်။ လုံခြုံတယ်ပဲ ပြောရမှာပေါ့နော်။” လို့ အစ္စရေးနိုင်ငံမှာ ဆယ်စုနှစ် နှစ်စုကျော် နေထိုင်ပြီ ဖြစ်တဲ့ ကိုအောင်သန်းမြင့်က VOM ကိုပြောပါတယ်။ ဂါဇာကမ်းမြောင် ဒေသဖြစ်တဲ့ နယ်စပ်ဒေသတွေမှာ ဖြစ်နေတာလို့ သူက ပြောပါတယ်။ မြန်မာနိုင်ငံသားတွေက Tel Aviv မြို့မှာပဲ နေကြတာကြောင့် သူများ…

Read More
VOM News

FREE
VIEW