အမေရိကန်ရှိ တရုတ်ကောင်စစ်ဝန်ရုံးထဲကို ကားနဲ့ဝင်တိုက်ခဲ့တဲ့အမျိုးသား ပစ်သတ်ခံရ

ဝါရှင်တန် ၊ အောက်တိုဘာ-၁၀-၂၀၂၃
မျိုးဆက်(VOM)
အမေရိကန်နိုင်ငံ ဆန်ဖရန်စစ္စကိုရှိ တရုတ်ကောင်စစ်ဝန်ရုံးအတွင်းကို ကားနဲ့ဝင်တိုက်တဲ့ အမျိုးသားတဦးကို ရဲတပ်ဖွဲ့က ပစ်သတ်လိုက်ပါတယ်။
အခင်းဖြစ်ပွားရာနေရာကို ရဲတွေရောက်လာပြီးနောက် အမည်မသိအမျိုးသားကို ပစ်သတ်ခဲ့တယ်လို့ ရဲတပ်ဖွဲ့ရဲ့ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
အွန်လိုင်းဗီဒီယိုဖိုင်တွင် အပြာရောင် ဟွန်ဒါကားတစီးဟာ ကောင်စစ်ဝန်ရုံး ဧည့်ခန်းထိ ရောက်ရှိနေပြီး အဆောက်အအုံထဲက လူဒါဇင်ပေါင်းများစွာ ထွက်ပြေးနေတဲ့ရုပ်သံဟာ လူမှုကွန်ရက်မှာ ပျံ့နှံနေပါတယ်။
တရုတ်ကောင်စစ်ဝန်ရုံးကတော့ ဒီတိုက်ခိုက်မှုကို ရှုတ်ချခဲ့ပြီး ဒါဟာ ဝန်ထမ်းတွေနဲ့ အခြားလူတွေ လုံခြုံရေးအတွက် ပြင်းထန်သော ခြိမ်းခြောက်မှုတခုဖြစ်ကြောင်း ထုတ်ပြန်ထားပါတယ်။
တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနကလည်း အဲဒီအမည်မသိလူဟာ ကောင်စစ်ဝန်ရုံးအတွင်းမှ လူတွေကို ထိခိုက်နာကျင်စဖို့ အခုလိုတိုက်ခိုက်တာ ဖြစ် ကြောင်းစွပ်စွဲထားပါတယ်။
လက်ရှိမှာ တော့ကောင်စစ်ဝန်ရုံးကို တစိတ်တပိုင်း ပိတ်ထားပြီးယာယီပိတ်ထားပြီးက ဒီကိစ္စအပေါ် မှန်ကန်စွာကိုင်တွယ်ဖြေရှင်း ပေးဖို့ တရုတ်ဘက်က အမေရိကန်ကို တောင်းဆိုထားပါတယ်။
လက်ရှိမှာ တော့ စုံစမ်းစစ်ဆေးမှု တွေ လုပ်ဆောင်နေပေမယ့် အ သေးစိတ်အချက်အလက် တွေကို အချက်အလက်တွေကို ရဲတပ်ဖွဲ့က ထုတ်ပြန်ခြင်း မရှိသေးပါဘူး။
Ref:BBC
Photo:Sky News

Related posts

Leave a Comment

VOM News

FREE
VIEW