အစ္စရေးရောက် မြန်မာနိုင်ငံသားတွေ ဘေးကင်းရဲ့လား

အောက်တိုဘာ ၁၀၊ ၂၀၂၃
Shy V(VOM)
အစ္စရေးနဲ့ ပါလက်စတိုင်း တိုက်ပွဲဟာ တစနဲ့တစပြင်းထန်လို့ နှစ်ဖက်ဆုံးရှုံးမှု သေကျေမှုဟာ များသထက်များလာနေပါတယ်။ ဒီလိုအခြေအနေမှာအစ္စရေးရောက် မြန်မာနိုင်ငံသားတွေ ေဘးကင်းရဲ့လား စိတ်ပူကြသူတွေရှိတာကြောင့် VOM က ဆက်သွယ်စံုစမ်းကြည့်ေတာ့ လက်ရှိအေခြအေနအထိ လုံလုံ ခြုံခြုံ ရှိနေ ကြောင်း အစ္စရေးရောက် မြန်မာ နိုင်ငံသားတွေက ပြောပါတယ်။
“Tel Aviv ကျတော့ အထိအခိုက် အဲလောက် မရှိဘူး ဆိုတော့ နည်းနည်းလေး လုံခြုံပါတယ်။ လုံခြုံတယ်ပဲ ပြောရမှာပေါ့နော်။” လို့ အစ္စရေးနိုင်ငံမှာ ဆယ်စုနှစ် နှစ်စုကျော် နေထိုင်ပြီ ဖြစ်တဲ့ ကိုအောင်သန်းမြင့်က VOM ကိုပြောပါတယ်။
ဂါဇာကမ်းမြောင် ဒေသဖြစ်တဲ့ နယ်စပ်ဒေသတွေမှာ ဖြစ်နေတာလို့ သူက ပြောပါတယ်။

မြန်မာနိုင်ငံသားတွေက Tel Aviv မြို့မှာပဲ နေကြတာကြောင့် သူများ နိုင်ငံသားတွေထက် စာရင် နည်းနည်း လုံခြုံတယ်လို့ပဲ ပြောရပြီး လက်ရှိ အစ္စရေးမှာ ကျောင်းသားတွေ အပါအဝင် မြန်မာနိုင်ငံသား လူဦီးရေ ၃၀၀ ကျော် ကျော်လောက်တော့ ရှိတယ်လို့ ဆိုပါတယ်။
“စနေနေ့မနက်တုန်းက အကုန်ဝင်ပစ်တာလေ သူတို့က။ အဲဒီဘက်မှာ နီးတဲ့နေရာ တွေပေါ့။ အကုန် ဝင်ပစ် သွားတာကို။ မဲမဲမြင် အကုန် ပစ်သလို ဖြစ်သွားတာပေါ့နော်။” လို့ သူက ရှင်းပြပါတယ်။
ဂါဇာနဲ့ နီးတဲ့ Negev ဘက်က စိုက်ပျိုးရေးကျောင်းမှာတော့ ထိုင်းကျောင်းသားတွေလည်း သေဆုံးတာ ရှိသလို နီပေါကျောင်းသားတွေလည်း သေဆုံးတာရှိလို့ တချို့နိုင်ငံတွေက သူတို့ ကျောင်းသားတွေကို ပြန်ခေါ်ကြတယ်လို့ ဆိုပါတယ်။
ပုံမှန်အားဖြင့် မြန်မာကျောင်းသားတွေက Arava နဲ့ Negev က စိုက်ပျိုးရေးကျောင်းတွေမှာ ကျောင်တက်တဲ့ ကျောင်သားတွေ နှစ်စဉ် ၃၀၀ ကျော်ခန့် ရှိပေမယ့် ကိုဗစ် ကာလ ကတည်းက မြန်မာ ကျောင်းသားတွေကို ပြန်မခေါ် သေးပါဘူး။
Tel Aviv အခြေစိုက် မြန်မာ သံရုံးကနေ အစ္စရေးနိုင်ငံမှာ အောက်တိုဘာ ၇ ရက်နေ့ မနက်ပိုင်းကစ ဂါဇာကမ်းမြှောင်ဒေသရှိ ဟားမတ်စ် အကြမ်းဖက်အဖွဲ့ရဲ့ ရုတ်တရက် ဝင်ရောက် စီးနင်းတိုက်ခိုက်မှုတွေကြောင့် လက်ရှိ ဖြစ်ပွားနေတဲ့ စစ်ပွဲအတွင်း ပြည်ပနိုင်ငံသားအချို့ ထိခိုက်ဒါဏ်ရာရရှိခြင်း၊ သတ်ဖြတ် ခံရခြင်းတွေ ရှိနေကြောင်း ကြားသိရပြီး ဟားမတ်စ်အကြမ်းဖက်အဖွဲ့က ပြည်ပနိုင်ငံအချို့မှ နိုင်ငံသား‌တွေကို ဓားစာခံအဖြစ် ပြန်ပေးဆွဲထားခြင်းတွေ ဖြစ်ပွား နေကြောင်း သတိထားဖို့ အသိပေး ကြေငြာထားပါတယ်။
အစ္စရေးနိုင်ငံရောက် မြန်မာနိုင်ငံသားများအနေနဲ့ အခက်အခဲ တစ်စုံတစ်ရာ ကြုံတွေ့နေရခြင်း၊ အကြောင်းအမျိုးမျိုးဖြင့် နေရပ်ပြန်လိုသူများ ရှိပါက Tel Aviv မြန်မာသံရုံးကို အလွယ်တကူ ဆက်သွယ်နိုင်ဖို့ ဖုန်းနံပါတ်တွေ လည်းဖော်ပြပေးထားပါတယ်။
အစ္စရေးနိုင်ငံမှာ လက်ရှိ ဖြစ်ပွားနေတဲ့ အခြေအနေအရ အစ္စရေးနိုင်ငံ Home Front Command ရဲ့ မစ်ဆိုင်းလ် အချက်ပေးသံတွေနဲ့ လိုက်နာရမယ့် လမ်းညွှန်ချက် တွေအတိုင်း အချိန်နဲ့ တပြေးညီ သိရှိလိုက်နာ ကြရန် အသိပေးထားပါတယ်။
အစ္စရေးနိုင်ငံရောက် မြန်မာနိုင်ငံသားများနှင့်ပတ်သက်ပြီး နေပြည်တော်နိုင်ငံခြားရေးဝန်ကြီးဌာနက အသိပေးကြေညာချက် အပြည့်အစုံ
၁။ အစ္စရေးနိုင်ငံတွင် လတ်တလော ဖြစ်ပွားနေသည့် တိုက်ပွဲများ အခြေအနေများကြောင့် ယင်းနိုင်ငံတွင် ရောက်ရှိနေသည့် မြန်မာနိုင်ငံသားများအနေဖြင့် အရေးတကြီး လိုအပ်ချက် မရှိပါက မိမိတို့နေအိမ်များတွင်သာ နေထိုင်ရန် ၊ တိုက်ပွဲအခြေအနေနှင့် ကြုံတွေ့လာပါက လုံခြုံသည့် နေရာတွင်နေရန်နှင့် အကြောင်းအမျိုးမျိုးကြောင့် အကူအညီ လိုအပ်လာပါက အောက်ဖော်ပြပါ ဆက်သွယ်ရန် လိပ်စာများသို့ ဆက်သွယ်နိုင်ပါကြောင်း အသိပေးအပ်ပါသည်-
(က) မြန်မာသံရုံးဖုန်း- (၉၇၂) (၃) ၅၁၇၀၇၆၀ (၉၇၂) (၃) ၅၁၆၃၃၆၄
Hotline No. ၀၅၈ ၇၈၉၉၁၇၇/ ၀၅၈ ၄၀၈၁၃၄၇
(ခ) နိုင်ငံခြားရေးဝန်ကြီးဌာန၊ ကောင်စစ်ရေးရာနှင့် ဥပဒေရေးရာဦးစီးဌာန၊ ကောင်စစ်ရေးရာဌာန၊ နိုင်ငံသားအကျိုးဌာနခွဲ၊ နေပြည်တော်
Hotline No. (၉၅) ၉၄၃၁၁၈၄၅၀/ (၉၅) ၉၈၈၂၂၆၄၇၄၄
၂။ အစ္စရေးအစိုးရမှ ထုတ်ပြန်သတိပေးချက်များအား National Emergency Portal – Home Page တွင် ပုံမှန်စောင့်ကြည့် ကြည့်ရှုဆောင်ရွက်ပါရန် တိုက်တွန်းအပ်ပါသည်။

Related posts

Leave a Comment

VOM News

FREE
VIEW