ဖားကန့်မှာ စျေးဝယ်ထွက်တဲ့ အခွန်ဦးစီးဌာန ဝန်ထမ်း ၂ ဦး အဖမ်းခံရ

အောက်တိုဘာ ၊ ၁၁ ၊ ၂၀၂၃
SP ( VOM)
ကချင်ပြည်နယ် ၊ မိုးညှင်ခရိုင် ၊ ဖားကန်မြို့မှာ တာဝန်ထမ်းနေတဲ့ မြို့နယ် အခွန်ဦးစီးဌာနက ဝန်ထမ်းတချို့ မနေ့ အောက်တိုဘာ ၁၀ ရက် ညနေပိုင်းက စျေးဝယ်ထွက်ရင်း လာမှာ အဖမ်းခံရတယ် လို့ ဖားကန့်ဝန်ထမ်းရေးရာ အသိုင်းအဝိုင်းဆီက သိရပါတယ်။
” မနေ့က ညနေ ၃ နာရီဝန်းကျင်လောက်မှာ မော်ဝမ်းရပ်ကွက်ထဲမှာ စျေးဝယ်လာတဲ့ ဝန်ထမ်းတွေ အဖမ်းခံရတယ် ၊ အဖမ်းခံရသူတွေကတော့ မြို့နယ် အခွန်ဦးစီးဌာနက ဦးစီးအရာရှိ နဲ့ ဒုဦးစီးအရာရှိ အမျိုးသား ၂ ဦးဖြစ်တယ် ၊ သူတို့က ကွမ်းယာဝယ်ဖို့ ရုံးကနေ ထွက်အလာ လမ်းမှာ ဖမ်းခံရတာဖြစ်တယ် ၊ ဒေသတွင်း တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့က ဖမ်းဆီးသွားတာဖြစ်တယ် “လို့ မြိုခံ ဝန်ထမ်းတယောက်က ပြောပါတယ်။
အဲ့ဒီဖြစ်စဥ်နဲ့ ပတ်သက်ပြီး နစက သတင်းမှန် ပြန်ကြားရေး အဖွဲ့က ” ဝန်ထမ်းတွေ ဖမ်းဆီးခံရတဲ့ ဖြစ်စဥ်ဟာ အတည်ပြုလို့ရတယ် ၊ အဲ့ဒီ ဝန်ထမ်းတွေ ပြန်လည်လွတ်မြောက်လာဖို့ လုပ်ဆောင်နေတယ် ” လို့ ပြောပါတယ်။
ဒါ့အပြင် ပြီးခဲ့တဲ့ အောက်တိုဘာ ၉ ရက် မနက်ပိုင်းကလည်း စျေးဝယ်ထွက်လာတဲ့ အမျိုးသမီး ၃ ဦးကို ေဒေသတွင်း တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့တွေက ဖမ်းဆီးခေါ်ဆောင် စစ်ဆေးပြီး ဝန်ထမ်းအသိုင်းအဝိုင်း မဟုတ်တာကြောင့် အဲ့ဒီနေ့ ညနေပိုင်းမှာ ပြန်လွတ်ပေးလိုက်တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
ပြီးခဲ့တဲ့ အောက်တိုဘာ ၅ ရက်က ၊ ကချင်ပြည်နယ် ၊ ပူတာအိုဒေသကနေ မြစ်ကြီးနားနဲ့ မန္တလေး တက္ကသိုလ်ကို အဝေးသင်ကျောင်းတက်ဖို့လာတဲ့ ကျောင်းသား ၊ ကျောင်းသူတွေ ၃၅ ဦးဟာ ဆွမ်ပရာဘွန်မြို့အကျော် ခတ်ခရားယန် Kadrangyang နေရာမှာ ဒေသတွင်း လက်နက်ကိုင်အဖွဲ့တွေရဲ့ဖမ်းဆီးတာကို ခံထားရတယ်လို့ ကျောင်းသား မိဘတွေဆီက သိရပါတယ်။
ပြီးခဲ့တဲ့ ၂၀၂၂ နှစ် ၊ အောက်တိုဘာ ၁၄ ရက်က ဖားကန့်မြို့နယ် အခွန်ဦးစီးဌာနက ဝန်ထမ်းတယောက်ကို ဒေသတွင်း လက်နက်ကိုင်အဖွဲ့တွေက ဖမ်းဆီးသတ်ဖြတ်တာ ဖြစ်ခဲ့တယ်လို့ သိရပါတယ်။
ပြီးခဲ့တဲ့ အောက်တိုဘာ ၅ ရက်၊ နေ့လယ် ၂ နာရီဝန်းကျင်က မမုံကျေးရွာနားက ထွန်းဦးစက်သုံးဆီဆိုင်မှာ ဆိုင်ကယ်ဆီဖြည့်နေတဲ့ စျေးသည် အမျိုးသားတစ်ဦး ပစ်သတ်ခံရတယ် ၊ နောက်ပြီး ဖားပြင်ရွာအဝင်ဘက်မှာလည်း အာလူးကြော်တွေ လိုက်ပို့ပေးနေတဲ့ စျေးသည် တယောက် ပစ်သတ်ခံရတယ် ၊ မနေ့က ၁ ရက်တည်းမှာပဲ စျေးသည် ၂ ယောက် ပစ်သတ်ခံရတယ် ၊ အဲ့ဒိအပြင် ပြီးခဲ့တဲ့ အောက်တိုဘာ ၄ ရက် ၊ ညနေ ၆ နာရီဝန်းကျင်က ဘွန်ဘရာ အမှတ် ၁ ရပ်ကွက်ထဲမှာ လူငယ်တယောက် ပစ်သတ်ခံရပါတယ် ၊ အဲ့ဒီနောက် အောက်တိုဘာ ၃ ရက် ၊ ညနေ ၃ နာရီဝန်းကျလည်း လုံးခင်းကျေးရွာအုပ်စု ၊ ကုဋေကျေးရွာ ၊ အမှတ် ၁ ရပ်ကွက် ၊ ဒေသအခေါ် ရေတွင်းပျက်နေရာနားမှာ အချဥ်းပေါင်းရောင်းတဲ့ စျေးသည် တယောက် ပစ်သတ်ခံရတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
ဖားကန့်ဒေသမှာ ဒေသတွင်း တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေ မျိုးစုံရှိပြီး မကြာခဏ အပြန်အလှန် ဖမ်းဆီးတာ ၊ သတ်ဖြတ်တာတွေရှိတယ်လို့ သိရပါတယ်။
ပြီးခဲ့တဲ့ ၂ နှစ်ကျော်ကစလို့ ဖားကန့်နယ်မှာ ဖမ်းဆီးသတ်ဖြတ်ခံရတဲ့ ဝန်ထမ်းအရေအတွက် ၂၀ ရဲ့ အထက်မှာရှိတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

Related posts

Leave a Comment

VOM News

FREE
VIEW