ဝက်လက်နယ်မှာ တညလုံးတိုက်ပွဲတွေဖြစ်လို့ ဒေသခံ ပြည်သူ ၃၀၀၀ ကျော် ထွက်ပြေးတိမ်းရှောင်နေရ

အောက်တိုဘာ ၊ ၁၁ ၊ ၂၀၂၃ SP ( VOM) စစ်ကိုင်းတိုင်း ၊ ရွှေဘိုခရိုင် ၊ ဝက်လက်မြို့နယ် ၊ လှတောကျေးရွာမှာ မနေ့ညကစပြီး ထိတွေ့တိုက်ပွဲတွေ ဖြစ်နေတာကြောင့် ဒေသခံပြည်သူ ၃၀၀၀ ကျော်ဟာ အရေးပေါ် ထွက်ပြေးတိမ်းရှောင်နေရတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။ ” မနေ့ကည ၆ နာရီကနေ ဒီမနက် ၇ နာရီဝန်းကျင်အထိ ၂ ဖက် ပစ်ခတ်တိုက်တယ် ၊ တိုက်ပွဲက တညလုံးဖြစ်တယ် ၊ လှတော ရဲစခန်းမှာရှိတဲ့ လုံခြုံရေး အဖွဲ့တွေနဲ့ ဒေသတွင်း လက်ကိုင်း အဖွဲ့တွေ ပစ်ကြတာဖြစ်တယ် ၊ ဒီမနက် မိုးလင်းတော့ ရဲစခန်းဘက်ကို သံချပ်ကား ၂ စီး စစ်ကူရောက်လာတယ် ၊ လုံခြုံရေးတွေလည်း နောက်ထပ် အသစ်ရောက်လာတယ် ၊…

Read More

ယနေ့ ရွှေဈေး (အောက်တိုဘာ- ၁၁ ရက်၊ ညနေ ၄ နာရီ)

Voice of Myanmar -ကမ္ဘာ့ရွှေဈေး တအောင်စ ၁၈၅၉ ဒေါ်လာ -အခေါက်ရွှေ တကျပ်သား (ပြင်ပဈေးကွက်) ရောင်းဈေး ၃၄၂၀၀၀၀ ကျပ် ဝယ်ဈေး ၃၃၇၀၀၀၀ ကျပ် -၁၅ ပဲရည် တကျပ်သား ရောင်းဈေး ၃၂၂၀၀၀၀ ကျပ် ဝယ်ဈေး ၃၁၇၀၀၀၀ ကျပ် ရွှေဈေးနှုန်းများ အချိန်နှင့်အမျှ ပြောင်းလဲနိုင်သည်။ #voiceofmyanmar #VOM #TodayGoldprice #october11 Telegram Link: https://t.me/VOMNEWS2023/2937

Read More

ထိတွေ့ တိုက်ပွဲတွေဖြစ်နေလို့ ရွှေဘို – မြစ်ကြီးနား ကားလမ်း ပိတ်ထား

အောက်တိုဘာ ၊ ၁၁ ၊ ၂၀၂၃ SP ( VOM) စစ်ကိုင်းတိုင်း ၊ ကန့်ဘလူမြို့နယ် ၊ ငှက်ပျောတိုင်း ကျေးရွာနားမှာရှိတဲ့ ငှက်ပျောတိုင်း လျှပ်စစ်ဓာတ်အားခွဲရုံဝန်းကျင်မှာ ထိတွေ့တိုက်ပွဲတွေ ဖြစ်ပွားနေတာကြောင့် ရွှေဘို – မြစ်ကြီးနား ကားလမ်းပိတ်ထားတယ်လို့ ကားသမားတွေဆီက သိရပါတယ်။ ” ငှက်ပျောတိုင်း လျှပ်စစ် ဓာတ်အားခွဲရုံနားမှာ တိုက်ပွဲဖြစ်နေတယ် ၊ ဓာတ်အားခွဲရုံမှာရှိတဲ့ လုံခြုံရေးအဖွဲ့တွေနဲ့ ဒေသတွင်း လက်နက်ကိုင် အဖွဲ့တွေ ပစ်ကြတာဖြစ်တယ် ၊ အဲ့ဒီနေရာမှာ ထိတွေ့မှုဖြစ်တာ ပြီးခဲ့တဲ့ အောက်တိုဘာ ၉ ရက်ကနေ ဒီကနေ့အထိ ၃ ရက်ရှိပြီဖြစ်တယ် ၊ တိုက်ပွဲက ရဟတ်ယာဥ်တွေနဲ့ပါ ပစ်ကြတာဖြစ်တယ် ၊ အဲ့ဒါကြောင့် ရွှေဘို – မြစ်ကြီးနားလမ်းကို ကားတွေမသွားကြဘူး ၊ အခုထိ လမ်းပိတ်ထားတယ် ”…

Read More

နယ်စပ်မှာ အစ္စရေးစစ်သား ထောင်ပေါင်းများစွာရောက်ရှိနေပြီး ဂါဇာကမ်းမြှောင်ကို မြေပြင်ထိုးစစ် မကြာခင် ဆင်နွှဲဖွယ်ရှိ

ဂျေရုဆလင်၊ အောက်တိုဘာ-၁၁-၂၀၂၃ မျိုးဆက်(VOM) ဂါဇာနယ်စပ်အနီးမှာ အစ္စရေးတပ်ဖွဲ့ဝင်ထောင်ပေါင်းများစွာ ရောက်ရှိနေကြောင်း အစ္စရေးစစ်တပ်က အောက်တိုဘာ ၁၁ ရက်မှာ အတည်ပြုပြောဆိုပါတယ်။ အစ္စရေးဟာ ဂါဇာကမ်းမြှောင်ဒေသကို များမကြာခင်မှာ မြေပြင်ထိုးစစ်ဆင်နွှဲဖွယ်ရှိနေပြီး ဒါဟာ ဟားမတ်စ်တို့မှာ ဘယ်လိုစစ်ရေးစွမ်းရည်မှမရှိစေရေး သေချာစေဖို့ဖြစ်ကြောင်း အစ္စရေးစစ်တပ်ကပြောသည်။ လက်ရှိမှာလည်း အစ္စရေးတပ်ဖွဲ့ဝင်တွေဟာ လက်ဘွန်နယ်စပ်မှာလည်း စစ်သွေးကြွတွေနဲ့ ထိပ်တိုက်ရင်ဆိုင်မှုတွေရှိနေပြီး အစ္စရေးစစ်သားသုံးယောက်သေဆုံးခဲ့တယ်လို့ တာဝန်ရှိသူတွေ့ အတည်ပြုထားပါတယ်။ နောက်ပိုင်းမှာတော့ အစ္စရေးစစ်တပ်ရဲ့ လက်နက်ကြီးတွေနဲ့ တုံ့ပြန်ပစ်ခတ်မှုကြောင့် လက်ဘနွန်အခြေစိုက် ဟဇ်ဘိုလာစစ်သွေးကြွသုံးယောက်သေဆုံးခဲ့ကြောင်း အစ္စရေးစစ်တပ်က ပြောပါတယ်။ ဟားမတ်စ်တို့ရဲ့တိုက်ခိုက်မှုကြောင့် အစ္စရေးမှာ လူ ၁၂၀၀ ကျော်သေဆုံးပြီး ဂါဇာကို အစ္စရေးက ပြန်လည်တိုက်ခိုက်မှုကြောင့် လူ ၉၀၀ ကျော်သေဆုံးခဲ့ပါတယ်။ စနေနေ့ကစတင်ခဲ့တဲ့ ဟားမတ်စ်တို့ရဲ့ အစ္စရေးကို တိုက်ခိုက်မှုဟာ အလွန်ဆိုးရွားတဲ့လုပ်ရပ်ဖြစ်ကြောင်း အမေရိကန်သမ္မတဂျိုးဘိုင်ဒင်က ပြောပါတယ်။ အစ္စရေးက သေဆုံးသူအချို့ဟာ ဟားမတ်စ်တို့ရဲ့ ခေါင်းဖြတ်သတ်တာခံခဲ့ရတယ်လို့ အစ္စရေးစစ်သားတွေက ထုတ်ဖော်ပြောဆိုထားပါတယ်။…

Read More

ကုလ လူ့အခွင့်အရေးကောင်စီမှာ အဖွဲ့ဝင်ပြန်ဖြစ်ရေး ရုရှားကြိုးပမ်းပေမယ့် အဖွဲ့ဝင်နိုင်ငံတွေ လက်မခံ

အောက်တိုဘာ-၁၁-၂၀၂၃ မျိုးဆက်(VOM) ရုရှားဟာ ကုလသမဂ္ဂလူ့အခွင့်အရေးကောင်စီကို ပြန်လည်ဝင်ရောက်ဖို့ ကြိုးပမ်းခဲ့သော်လည်း အဖွဲ့ဝင်နိုင်ငံတွေရဲ့ မဲပေးမှုမှာ ပြန်လည်ရွေးချယ်မခံရဘဲ ရှုံးနိမ့်ခဲ့ပါတယ်။ ယူကရိန်းကို ကျူးကျော်တိုက်ခိုက်မှုကြောင့် ရုရှားကို ကုလသမဂ္ဂလူ့အခွင့်အရေးကောင်စီကနေ လွန်ခဲ့တဲ့ ဧပြီလမှာ အဖွဲ့ဝင်နိုင်ငံအဖြစ်ကနေ ထုတ်ပယ်ခဲ့ပါတယ်။ ကုလသမဂ္ဂလူ့အခွင့်အရေးကောင်စီအဖွဲ့ဝင်အဖြစ် အရှေ့ဥရောပနိုင်ငံတေနွအတွက် ခွဲဝေပေးထားတဲ့ အဖွဲ့ဝင် နှစ်နေရာကို ဘူလ်ဂေးရီးယားနဲ့ အယ်လ်ဘေးနီးယားတို့က ရွေးချယ်ခံခဲ့ရပါတယ်။ ယူကရိန်းနိုင်ငံအရှေ့မြောက်ပိုင်း ဟရိုဇာရွာမှာ လူပေါင်း ၅၂ ဦးသေဆုံးစေခဲ့တဲ့ ရုရှားရဲ့ ဒုံးကျည်တိုက်ခိုက်မှုအပြီး ရက်ပိုင်းအကြာမှာ လူ့အခွင့်အရေးအဖွဲ့ဝင်နိုင်ငံ ရွေးချယ်ဖို့ မဲပေးမှု ပြုလုပ်ခဲ့တာဖြစ်ပါတယ်။ ကုလသမဂ္ဂအဖွဲ့ဝင်နိုင်ငံ ၁၉၃ နိုင်ငံမဲခွဲဆုံးဖြတ်ရာမှာ ရုရှားဟာ ထောက်ခံမဲ ၈၃ မဲသာရရှိခဲ့ပြီး ဘူလ်ဂေးရီးယားက ထောက်ခံမဲ ၁၆၀ ၊ အယ်လ်ဘေးနီးယားက ထောက်ခံမဲ့ ၁၂၃ မဲရရှိခဲ့ကြောင်း သိရပါတယ်။ Ref: BBC Photo:HRW #voiceofmyanmar #VOM #Russia…

Read More

ပြည်ပကိုစေလွှတ်တဲ့ အလုပ်သမားဦးရေစာရင်းပေးဖို့ ပျက်ကွက်တဲ့အေဂျင်စီတွေကို အရေးယူတော့မယ်

အောက်တိုဘာ ၁၁ – ၂၀၂၃ SN (VIM) ပြည်ပကို စေလွှတ်ပြီးဖြစ်တဲ့အလုပ်သမားဦးရေ စာရင်းပေးပို့ဖို့ ပျက်ကွက်နေတဲ့ အေဂျင်စီတွေကို အရေးယူမှုတွေ လုပ်ဆောင်သွားမယ်လို့ အလုပ်သမားဝန်ကြီးဌာနက ကြေညာထားပါတယ်။ အေဂျင်စီတွေအနေနဲ့ ပြည်ပကို စေလွှတ်လိုက်တဲ့ အလုပ်သမားဦးရေစာရင်းကို လစဉ်ပေးပို့ရမှာဖြစ်ပြီး စက်တင်ဘာလအတွက် အေဂျင်စီ ၈၁ ခုက စာရင်းပေးပို့ဖို့ ပျက်ကွက်နေတာလို့ သိရပါတယ်။ “သူတို့က ဒီစာရင်းကို အသည်းအသန် လိုချင်နေမှာပေါ့။ အခွန်ကောက်ဖို့အတွက် ပြည်ပမှာ အလုပ်သွားလုပ်နေတဲ့ လူဦးရေဘယ်လောက်ရှိလဲ သိချင်နေမှာ။ ပြည်ပနိုင်ငံတွေမှာ နေတဲ့ မြန်မာပြည်သားတွေမှာ တနှစ်ကို ဗီဇာခ၊ အိမ်ခန်းခ၊ စားစရိတ်၊ အခွန်ဖိုး(ထိုင်းနိုင်ငံနေထိုင်ခွင့် )၊ ကျန်းမာရေးအခွန်တွေနဲ့ မနည်းအငတ်ခံစုပြီး အိမ်ပို့ရတာ။ ၂၅ ရာခိုင်နှုန်း ထပ်ဖြတ်မယ်၊ အခွန်တွေကောက်မယ်ဆိုရင် သူတို့ဘက်က ဘာများထောက်ပံ့ပေးဖူးလို့လဲ မေးချင်တယ်” လို့ ထိုင်းနိုင်ငံရောက် မြန်မာနိုင်ငံသားတယောက်က ပြောပါတယ်။ အလုပ်သမားဝန်ကြီးဌာနက…

Read More

နမ့်ခမ်းမှာ ကလေးပြန်ပေးဆွဲတဲ့ အဖွဲ့ကို PSLF/TNLA က ၁ ယောက် အသေ၊ ၂ ယောက်အရှင် ဖမ်းမိ

အောက်တိုဘာ ၁၁၊ ၂၀၂၃ Shy V (VOM) တရုတ် – မြန်မာ နယ်စပ်၊ နမ့်ခမ်းမြို့မှာ အောက်တိုဘာ ၉ ရက်နေ့ မနက် ၉ နာရီခန့်က မူကြို ကလေး၁ ယောက်ကို မိခင်က ကျောင်း သွားပို့နေချိန် လမ်းမှာ လုယူ ပြန်ပေးဆွဲသွားတဲ့ အဖွဲ့ကို PSLF/TNLA က ၁ ယောက်အသေ၊ ၁ ယောက်အရှင် ဖမ်းမိ‌ကြောင်း ကာယကံရှင်မိသားစုနဲ့ နီးစပ်သူနဲ့ PSLF/TNLA သတင်းနဲ့ ပြန်ကြားရေးဌာနက ထုတ် ပြန်စာ အရသိရပါတယ်။ “ခိုးတဲ့ လူတွေက တရုတ် ဟုတ်တယ်။” လို့ ဒေသခံ အမျိုးသမီး ၁ယောက်ကပြောပါတယ်။ အဲသလို ပြန်ပေးဆွဲတဲ့ သူတွေက အဖွဲ့ လိုက်ဖြစ်ပြီး အများစုက တရုတ်လူမျိုးတွေ များပြီး ဖုန်းဆက် ငွေခြိမ်းခြောက်၊…

Read More

အိန္ဒိယ နယ်စပ်မှာ ဖောက်ခွဲရေးပစ္စည်းနဲ့ ခဲယမ်းတွေ ဖမ်းမိတဲ့ လူ ၂ ဦး မြန်မာနိုင်ငံဘက်ကို ထွက်ပြေး

အောက်တိုဘာ ၊ ၁၁ ၊ ၂၀၂၃ SP ( VOM) မြန်မာ – အိန္ဒိယ ၂ နိုင်ငံနယ်စပ်မှာရှိတဲ့ အိန္ဒိယနိုင်ငံ မီဇိုရမ်ပြည်နယ် ၊ လန်ဘန်ကျေးရွာနားမှာ ပြီးခဲ့တဲ့ အောက်တိုဘာ ၈ ရက်နေ့က လက်နက်မှောင်ခိုသယ်ဆောင်သူ လူ ၂ ဦးဆီက ဖောက်ခွဲရေး ပစ္စည်းတွေနဲ့ ခဲယမ်းတွေကို အာသံတပ်က သိမ်းဆည်းရမိတဲ့အခါ အဲ့ဒီ လူ ၂ ဦးဟာ မြန်မာနိုင်ငံဘက် ထွက်ပြေးလွတ်မြောက်သွားတယ်လို့ မီဇိုရမ် ပြည်နယ်ရဲတပ်ဖွဲ့က မနေ့က သတင်းထုတ်ပြန်ထားတယ်လို့ သိရပါတယ်။ အဲ့ဒီ ထုတ်ပြန်ချက်ထဲမှာ မြန်မာ အိန္ဒိယ နယ်စပ်မှာ အာသံရိုင်ဖယ်တပ်က တွေ့ရတဲ့ မသင်္ကာဖွယ်ရာ လူ ၂ ကို ဖမ်းဆီးတဲ့အခါ အထုပ်တထုပ်ကိုပစ်ချပြီး ကုလားတန်မြစ်ဘက်အတိုင်း မြန်မာနိုင်ငံထဲကို ထွက်ပြေးသွားတယ်လို့ ဖော်ပြထားပါတယ်။ ဒါ့အပြင် အဲ့ဒီ…

Read More

တပတ်အတွင်း ကျင်းစန်းကျော့ – ဝမ်တိန် ဂိတ်မှ ပို့ကုန်၊ သွင်းကုန်ကားများ အခြေအနေ

အောက်တိုဘာ ၁၁၊ ၂၀၂၃ Shy V(VOM) တရုတ် – မြန်မာနယ်စပ်၊ မူဆယ် ကျင်းစန်းကျော့ နှစ်နိုင်ငံ ကုန်သွယ်ရာ ဂိတ်ကနေ အောက်တိုဘာ ၃ ရက်နေ့မှ အောက်တိုဘာ ၉ ရက်နေ့အထိ ၁ ပတ် အတွင်း ပို့ကုန်၊ သွင်းကုန်ကား အစီးရေ တစ်ထောင်စွန်းစွန်း ရှိကြောင်း နယ်စပ်ကုန်သည် လုပ်ငန်းရှင်တွေဆီက သိရပါတယ်။ တပတ်အတွင်း ပို့ကုန်ကား စုစုပေါင်း အစီး ၄၇၀ ကျော် ရှိပြီး တရုတ်ဘက် တစ်ရက်ကို ခါလီအပါအဝင် ပျမ်းမှျ ၇၉ စီးခန့် ဝင်ရောက်ကြောင်း နယ်စပ် ကုန်သည် လုပ်ငန်းရှင်တွေရဲ့ စာရင်း ဇယားတွေ အရ သိရပါတယ်။ ပို့ကုန်တွေထဲမှာ ငါးရှဉ့်၊ ဂဏန်း၊ ဖရဲ အပါအဝင် ရေထွက်ကုန် နဲ့ စိုက်ပျိုးရေးထွက်ကုန် ပစ္စည်းတွေ…

Read More

ဖားကန့်မှာ စျေးဝယ်ထွက်တဲ့ အခွန်ဦးစီးဌာန ဝန်ထမ်း ၂ ဦး အဖမ်းခံရ

အောက်တိုဘာ ၊ ၁၁ ၊ ၂၀၂၃ SP ( VOM) ကချင်ပြည်နယ် ၊ မိုးညှင်ခရိုင် ၊ ဖားကန်မြို့မှာ တာဝန်ထမ်းနေတဲ့ မြို့နယ် အခွန်ဦးစီးဌာနက ဝန်ထမ်းတချို့ မနေ့ အောက်တိုဘာ ၁၀ ရက် ညနေပိုင်းက စျေးဝယ်ထွက်ရင်း လာမှာ အဖမ်းခံရတယ် လို့ ဖားကန့်ဝန်ထမ်းရေးရာ အသိုင်းအဝိုင်းဆီက သိရပါတယ်။ ” မနေ့က ညနေ ၃ နာရီဝန်းကျင်လောက်မှာ မော်ဝမ်းရပ်ကွက်ထဲမှာ စျေးဝယ်လာတဲ့ ဝန်ထမ်းတွေ အဖမ်းခံရတယ် ၊ အဖမ်းခံရသူတွေကတော့ မြို့နယ် အခွန်ဦးစီးဌာနက ဦးစီးအရာရှိ နဲ့ ဒုဦးစီးအရာရှိ အမျိုးသား ၂ ဦးဖြစ်တယ် ၊ သူတို့က ကွမ်းယာဝယ်ဖို့ ရုံးကနေ ထွက်အလာ လမ်းမှာ ဖမ်းခံရတာဖြစ်တယ် ၊ ဒေသတွင်း တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့က ဖမ်းဆီးသွားတာဖြစ်တယ်…

Read More
VOM News

FREE
VIEW