ပေကျင်း၊ အောက်တိုဘာ-၁၄-၂၀၂၃
မျိုးဆက်(VOM)
တရုတ်ကာကွယ်ရေးဝန်ကြီး လီရှန်ဖူဟာ များမကြာခင် ရာထူးကနေ တရားဝင်ထုတ်ပယ်ခံရဖွယ်ရှိကြောင်း သတင်းတွေထွက်ပေါ်နေပြီး သူဟာ လူမြင်ကွင်းကနေ သီတင်းခြောက်ပတ်ကြာ ပျောက်ဆုံးနေတာဖြစ်ပါတယ်။
ဥပဒေကြမ်းတွေကို ပြန်လည်သုံးသပ်ဖို့အတွက် တရုတ်အမျိုးသားပြည်သူ့ကွန် အမြဲတမ်းကော်မတီအစည်း အဝေးကို အောက်တိုဘာ ၂၀ ရက်ကနေ ၂၄ ရက်ထိ ပြုလုပ်သွားမှာဖြစ်ကြောင်း တရုတ်နိုင်ငံပိုင် ဆင်ဟွာသတင်းဌာနက ဖော်ပြထားပါတယ်။
ကော်တီကို တင်သွင်းမယ့်အထဲမှာ ဝန်ထမ်းခန့်ထားခြင်းနဲ့ ရာထူးကနေ ဖယ်ရှားခြင်းတို့ ပါဝင်တယို့ ဆိုပါတယ်။ တရုတ်ကာကွယ်ရေးဝန်ကြီး လီရှန်ဖူကို လွန်ခဲ့တဲ့ သြဂုတ် ၂၉ ရက်က လူမြင်ကွင်းမှာ နောက်ဆုံးတွေ့ဆုံခဲ့ပြီး သူဟာ အကျင့်ပျက်ချစားမှု စွပ်စွဲချက်တွေနဲ့ စုံစမ်းစစ်ဆေးခံနေရကြောင်း ဟောင်ကောင်နဲ့ အမေရိကန်အခြေစိုက် သတင်းဌာနတွေကရေးသားဖော်ပြထားပါတယ်။
သူ့ရဲ့နေရာမှာ ဗဟိုစစ်ကော်မရှင်အဖွဲ့ဝင်နဲ့ ပူးတွဲစစ်ဦးစီးချုပ်ဖြစ်သူ ဗိုလ်ချုပ်လူကျန်လီကို ခန့်အပ်သွားဖွယ်ရှိကြောင်း သတင်းရင်းမြစ်တွေကို ကိုးကားပြီး ရိုက်တာသတင်းဌာနက ဖော်ပြထားပါတယ်။
ဇူလိုင်လက အမြဲတမ်းကော်မတီအစည်းအဝေးကျင်းပခဲ့ရာမှာတော့ နိုင်ငံခြာရေးဝန်ကြီးအဖြစ် ခန့်အပ်ထားတဲ့ ချင်ဂန်းကို ခန့်အပ်ပြီးခြောက်လအကြာမှာ ရာထူးကနေ ထုတ်ပယ်ခဲ့ပါတယ်။
Ref: Reuters
Photo:Reuters
Telegram Link: https://t.me/VOMNEWS2023/3004