ယနေ့ နိုင်ငံခြားငွေလဲလှယ်နှုန်း (အောက်တိုဘာ-၁၄ ရက်)

Voice of Myanmar -အမေရိကန် ဒေါ်လာ ရောင်းဈေး – ၃၃၅၀ ကျပ် ဝယ်ဈေး – ၃၃၀၀ ကျပ် -စင်္ကာပူ ရောင်းဈေး – ၂၄၄၀ ကျပ် ဝယ်ဈေး – ၂၃၈၀ ကျပ် -ယူရို ရောင်းဈေး – ၃၅၆၁ ကျပ် ဝယ်ဈေး – ၃၄၆၉ ကျပ် -ထိုင်းဘတ် ရောင်းဈေး – ၉၂.၅၉ ကျပ် ဝယ်ဈေး – ၉၀.၉၀ ကျပ် -မလေးရှားရင်းဂစ် ရောင်းဈေး – ၇၁၈ ကျပ် ဝယ်ဈေး – ၇၀၄ ကျပ် -တရုတ်ယွမ် ရောင်းဈေး – ၄၅၈ ကျပ် ဝယ်ဈေး – ၄၄၈ ကျပ် -ဂျပန်ယန်း ရောင်းဈေး…

Read More

လက်ဘနွန်နယ်စပ်ကို အစ္စရေးရဲ့တိုက်ခိုက်မှုအတွင်း ရိုက်တာသတင်းထောက် ၁ ယောက်သေဆုံး၊ သတင်းထောက် ၆ ယောက်ဒဏ်ရာရ

တဲလ်အဗစ်၊ အောက်တိုဘာ-၁၄-၂၀၂၃ မျိုးဆက်(VOM) လက်ဘနွန်တောင်ပိုင်းရှိ ဟဇ်ဘိုလာစစ်သွေးကြွပစ်မှတ်တွေကို အစ္စရေးက ဒုံးကျည်တွေနဲ့ တိုက်ခိုက်မှုအတွင်း ရိုက်တာသတင်းဌာနမှ ရုပ်သံသတင်းထာက်တယောက်သေဆုံးပြီး အခြားသတင်းထောက်ခြောက်ယောက် လည်း ထိခိုက်ဒဏ်ရာရရှိသွားကြောင်း မျက်မြင်သက်သေသတင်းသမားတွေက ပြောပါတယ်။ အယ်လ်ဂျားဇီးယား၊ ရိုက်တာနဲ့ အေအက်ဖ်ပီသတင်းဌာနတို့မှ သတင်းထောက်တွေအပါအဝင် သတင်းသမားအဖွဲ့ဟာ အစ္စရေးနယ်စပ်အနီး အယ်လ်မာအယ်လ်ရှာဘ်အနီးမှာ သတင်းရယူနေခြင်းဖြစ်ပြီး ဟဇ်ဘိုဘာနဲ့ အစ္စရေးစစ်တပ်တို့ အပြန်အလှန်တိုက်ပွဲတွေဖြစ်ပွားချိန်မှာ ထိခိုက်ခဲ့တာဖြစ်ပါတယ်။ အဲဒီဖြစ်စဉ်နဲ့ပတ်သက်ပြီး လက်ဘနွန်ဝန်ကြီးချုပ် နာဂျစ်မီကာတီက ဟဇ်ဘိုလာဘက်က အစ္စရေးကို ပြစ်တင်ပြောဆိုထားပါတယ်။ အစ္စရေးဘက်ကတော့ မှတ်ချက်တစုံတရာ တုံ့ပြန်ခြင်းမရှိသေးပါဘူး။ ရိုက်တာရုပ်သံသတင်းထောက် Issam Abdallah ဟာ ရုပ်သံတိုက်ရိုက်ထုတ်လွှင့်မှုအတွက် ရိုက်ကူးနေချိန်မှာ လက်နက်ကြီးကျရောက်ပေါက်ကွဲပြီး သေဆုံးခဲ့တာဖြစ်ကြောင်း ၊ သေဆုံးမှုအတွက် လွန်စွာဝမ်းနည်းမိကြောင်း ရိုက်တာသတင်းဌာနက ထုတ်ပြန်ထားပါတယ်။ အခြားရိုက်တာသတင်းထောက်တွေဖြစ်ကြတဲ့ Thaer Al-Sudani နဲ့ Maher Nazeh ၊ အေအက်ဖ်ပီသတင်းထောက်နှစ်ဦးအပါအဝင် ခြောက်ယောက်ဒဏ်ရာရရှိခဲ့ကြောင်း သိရပါတယ်။ Ref:…

Read More

တရုတ်ကာကွယ်ရေးဝန်ကြီး လီရှန်ဖူ ရာထူးကနေ တရားဝင်ထုတ်ပယ်ခံရဖွယ်ရှိနေ

ပေကျင်း၊ အောက်တိုဘာ-၁၄-၂၀၂၃ မျိုးဆက်(VOM) တရုတ်ကာကွယ်ရေးဝန်ကြီး လီရှန်ဖူဟာ များမကြာခင် ရာထူးကနေ တရားဝင်ထုတ်ပယ်ခံရဖွယ်ရှိကြောင်း သတင်းတွေထွက်ပေါ်နေပြီး သူဟာ လူမြင်ကွင်းကနေ သီတင်းခြောက်ပတ်ကြာ ပျောက်ဆုံးနေတာဖြစ်ပါတယ်။ ဥပဒေကြမ်းတွေကို ပြန်လည်သုံးသပ်ဖို့အတွက် တရုတ်အမျိုးသားပြည်သူ့ကွန် အမြဲတမ်းကော်မတီအစည်း အဝေးကို အောက်တိုဘာ ၂၀ ရက်ကနေ ၂၄ ရက်ထိ ပြုလုပ်သွားမှာဖြစ်ကြောင်း တရုတ်နိုင်ငံပိုင် ဆင်ဟွာသတင်းဌာနက ဖော်ပြထားပါတယ်။ ကော်တီကို တင်သွင်းမယ့်အထဲမှာ ဝန်ထမ်းခန့်ထားခြင်းနဲ့ ရာထူးကနေ ဖယ်ရှားခြင်းတို့ ပါဝင်တယို့ ဆိုပါတယ်။ တရုတ်ကာကွယ်ရေးဝန်ကြီး လီရှန်ဖူကို လွန်ခဲ့တဲ့ သြဂုတ် ၂၉ ရက်က လူမြင်ကွင်းမှာ နောက်ဆုံးတွေ့ဆုံခဲ့ပြီး သူဟာ အကျင့်ပျက်ချစားမှု စွပ်စွဲချက်တွေနဲ့ စုံစမ်းစစ်ဆေးခံနေရကြောင်း ဟောင်ကောင်နဲ့ အမေရိကန်အခြေစိုက် သတင်းဌာနတွေကရေးသားဖော်ပြထားပါတယ်။ သူ့ရဲ့နေရာမှာ ဗဟိုစစ်ကော်မရှင်အဖွဲ့ဝင်နဲ့ ပူးတွဲစစ်ဦးစီးချုပ်ဖြစ်သူ ဗိုလ်ချုပ်လူကျန်လီကို ခန့်အပ်သွားဖွယ်ရှိကြောင်း သတင်းရင်းမြစ်တွေကို ကိုးကားပြီး ရိုက်တာသတင်းဌာနက ဖော်ပြထားပါတယ်။ ဇူလိုင်လက အမြဲတမ်းကော်မတီအစည်းအဝေးကျင်းပခဲ့ရာမှာတော့…

Read More

မြောက်ကိုရီးယားက ရုရှားအတွက် စစ်လက်နက်ပစ္စည်း ကွန်တိန်နာအလုံးရေ ၁၀၀၀ ကျော် ထောက်ပံ့ခဲ့ကြောင်း အမေရိကန်ပြော

ဝါရှင်တန်၊ အောက်တိုဘာ-၁၄-၂၀၂၃ မျိုးဆက်(VOM) ယူကရိန်းစစ်မြေပြင်မှာ ရုရှားအသုံးပြုဖို့အတွက် စက်လက်နက်ပစ္စည်းအမြောက်အမြားကို မြောက်ကိုရီးယားက ထောက်ပံ့ပေးခဲ့ကြောင်း အမေရိကန်တာဝန်ရှိသူတွေက အောက်တိုဘာ ၁၂ ရက်မှာ ထိပ်မံစွပ်စွဲပြောဆိုလိုက်ပါတယ်။ မကြာသေးမီရက်သတ္တပတ်တွေအတွင်း မြောက်ကိုရီးယားဟာ ရုရှားအတွက် စစ်လက်နက်ပစ္စည်း ကုန်သေတ္တာအလုံးရေ ၁၀၀၀ ကျော်ထိထောက်ပံ့ခဲ့ပြီးဖြစ်ကြောင်း အမေရိကန်အမျိုးသားလုံခြုံရေး ကောင်စီပြောရေးဆိုခွင့်ရှိသူ ဂျွန်ခရီဘီက ပြောပါတယ်။ မြောက်ကိုရီးယားနိုင်ငံ နာဂျင်ဆိပ်ကမ်းမှာ သယ်ယူပို့ဆောင်ရေးအတွက် ကွန်တိန်နာအလုံး ၃၀၀ ပါဝင်တဲ့ ဓါတ်ပုံတွေကိုလည်း အမေရိကန်တာဝန်ရှိသူတွေက ထုတ်ပြန်ခဲ့ပါတယ်။ ပေးပို့မှုတွေကို စက်တင်ဘာ ၇ ရက်ကနေ အောက်တိုဘာ ၁ ရက်အတွင်းပြုလုပ်ခဲ့ပြီး ယူကရိန်းနယ်စပ်ကနေ မိုင် ၁၈၀ အကွာ ရုရှားအနောက်တောင်ပိုင်းရှိ ထောက်ပံ့ရေးဌာနသို့ ရေကြောင်း၊ ရထားတို့နဲ့ ပို့ဆောင်ခဲ့တယ်လို့ အမေရိကန်ကပြောဆိုပါတယ်။ မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအန်ဟာ အလားအလာရှိတဲ့ စစ်ရေးပူးပေါင်းဆောင်ရွက်မှုတွေကို ဆွေးနွေးဖို့ ရုရှားနိုင်ငံကို လွန်ခဲ့တဲ့လက သွားရောက်ခဲ့ပြီး သမ္မတပူတင်နဲ့ ဆွေးနွေးခဲ့ပါတယ်။…

Read More

EV ကား တင်သွင်းခွင့်ပါမစ် ပြည်ပရောက်မြန်မာလုပ်သားတွေ စိတ်ဝင်စားမှု မရှိသလောက် နည်းပါး

အောက်တိုဘာ ၁၄ – ၂၀၂၃ SN (VOM) နစကရဲ့ EV ကား တင်သွင်းခွင့်ပါမစ်နဲ့ ပတ်သက်လို့ ပြည်ပရောက် မြန်မာလုပ်သားတွေအနေနဲ့ စိတ်ဝင်စားမှု မရှိသလောက် နည်းပါးနေပြီး ဒီသတ်မှတ်ချက်ဟာ အကျိုးဖြစ်ထွန်းမှု မရှိနိုင်ဘူးလို့ ပြောဆိုကြပါတယ်။ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနက သင်္ဘောသားတွေအပါအဝင် ပုံမှန်လစာရရှိတဲ့ ပြည်ပရောက် မြန်မာလုပ်သားတွေအနေနဲ့ တနှစ်အတွင်း အမေရိကန်ဒေါ်လာ ၂ သိန်းနဲ့အထက် လွှဲပို့ပါက လွှဲပို့ငွေရဲ့ ၅ ရာခိုင်နှုန်းတန်ဖိုးနဲ့ညီမျှတဲ့ လျှပ်စစ်သုံးမော်တော်ယာဉ် (EV) ကို တနှစ်လျှင်တစီးနှုန်း တင်သွင်းခွင့်ပြုသွားမယ်လို့ မနေ့ အောက်တိုဘာ ၁၃ ရက် နေ့ ရက်စွဲနဲ့ ထုတ်ပြန် ကြေညာထားတာ ဖြစ်ပါတယ်။ ဒါ့အပြင် ပုံမှန်လစာ ရရှိသူတွေမှအပ တခြားဝင်ငွေရရှိသူတွေအနေနဲ့ တနှစ်အတွင်း အမေရိကန်ဒေါ်လာ ၅ သောင်းနဲ့အထက် လွှဲပို့ပါက လွှဲပို့ငွေရဲ့ ၅…

Read More

ယနေ့ ရွှေဈေး (အောက်တိုဘာ- ၁၄ ရက်၊ ညနေ ၄ နာရီ)

Voice of Myanmar -ကမ္ဘာ့ရွှေဈေး တအောင်စ ၁၉၃၂ ဒေါ်လာ -အခေါက်ရွှေ တကျပ်သား (ပြင်ပဈေးကွက်) ရောင်းဈေး ၃၄၂၅၀၀၀ ကျပ် ဝယ်ဈေး ၃၃၇၅၀၀၀ ကျပ် -၁၅ ပဲရည် တကျပ်သား ရောင်းဈေး ၃၂၂၅၀၀၀ ကျပ် ဝယ်ဈေး ၃၁၇၅၀၀၀ ကျပ် ရွှေဈေးနှုန်းများ အချိန်နှင့်အမျှ ပြောင်းလဲနိုင်သည်။ #voiceofmyanmar #VOM #TodayGoldprice #October14th Telegram Link: https://t.me/VOMNEWS2023/3007

Read More

စစ်ကိုင်း လင်တလူးကျေးရွာမှာ ရွာခံ လူ ၂ ယောက် ပစ်သတ်ခံထားရ

အောက်တိုဘာ ၊ ၁၄ ၊ ၂၀၂၃ SP ( VOM) စစ်ကိုင်းတိုင်း ၊ စစ်ကိုင်းမြို့နယ် ၊ လင်တလူးကျေးရွာက ဒေသခံရွာသား ၂ ယောက် ပစ်သတ်ခံထားရတာကို ဒီကနေ့ မနက်ပိုင်းက တွေ့ရှိရတယ်လို့ ဒေသခံ လူမှုကူညီရေး အဖွဲ့တွေဆီက သိရပါတယ်။ ” ပစ်သတ်ခံရတဲ့သူတွေက လင်တလူးရွာက ကိုမြင့်ကျော်နဲ့ ၅၀ နှစ်နဲ့ ကိုမိုးဆန်းဝင်း ၄၀ နှစ်တို့ဖြစ်တယ် ၊ မနေ့က ညနေပိုင်း ၄ နာရီလောက်မှာ ရွာကနေ တောထဲကို သိုးကျောင်းထွက်သွားတယ် ၊ မနေ့ညကလည်း ရွာကိုပြန်မရောက်လာဘူး ၊ ဒီမနက်ကျတော့ သူတို့ ၂ ယောက် ပစ်သတ်ခံထားရတဲ့ အလောင်းတွေ တွေ့ရတယ် ” လို့ ဒေသခံ ပရဟိတသမားတယောက်က ပြောပါတယ်။ ဒါ့အပြင် လင်တလူးကျေးရွာမှာနေတဲ့ ဒေသခံ…

Read More

 ပြီးခဲ့တဲ့ ၉လအတွင်း ယာဉ်တိုက်မှုကြောင့် လူ ၂၀၀၀ နီးပါးသေဆုံးခဲ့

အောက်တိုဘာ ၁၄-၂၀၂၃ MM(VOM) တနိုင်ငံလုံး အတိုင်းအတာနဲ့ ပြီးခဲ့တဲ့ ၉ လအတွင်းယာဉ်မတော် တဆမှုကြောင့် သေဆုံးခဲ့သူလူ အယောက် ၂၀၀၀ နီးပါးအထိရှိ ခဲ့တယ်လို့ သက်ဆိုင်ရာက ထုတ်ပြန်တဲ့အချက်အလတ်တွေ အရ သိရပါတယ်။ တနိုင်ငံလုံးမှာ ပြီးခဲ့တဲ့ ၉ လအတွင်း ယာဉ်မတော်တဆမှုပေါင်း ၃၆၃၄ ကြိမ် အထိဖြစ်ပွားခဲ့ပြီး သေဆုံးသူ ၁၈၆၄ ယောက်နဲ့ ထိခိုက်ဒဏ်ရာရရှိသူ ၄၉၉၃ ယောက်အထိရှိခဲ့တယ်လို့ သိရပါတယ်။ ”နိုင်ငံတဝှမ်းမှာ ပထမ အနေနဲ့ ယာဉ်မတော်တဆမှုတွေက အမြန်လမ်းပေါ်မှာ အဖြစ်များခဲ့တယ်၊ ၉ လအတွင်းမှာဆို မကွေး တိုင်း ၊ ရှမ်းပြည်နယ်နဲ့ ရန်ကုန်-မန္တလေးအမြန်လမ်းမကြီးပေါ်မှာ ယာဉ် မတော်တဆမှုကြောင့် သေဆုံးသူဦးရေပိုတိုးခဲ့တယ်၊ နေပြည်တော်နဲ့အခြားတိုင်းဒေသကြီးတွေနဲ့ ပြည်နယ်တွေမှာ ယာဉ်မတော်တဆမှုကြောင့် သေဆုံးသူအယောက်ရေပိုများခဲ့ တယ်။”လို့ သက်ဆိုင်ရာ တာဝန်ရှိသူတယောက်ကပြောပါတယ်။ ပြီးခဲ့တဲ့ ၂၀၂၂ခုနှစ် ၉ လအတွင်း…

Read More

ယနေ့ ရွှေဈေးအဖွင့် (အောက်တိုဘာ- ၁၄ ရက်၊ နံနက် ၁၀ နာရီ)

Voice of Myanmar -ကမ္ဘာ့ရွှေဈေး တအောင်စ ၁၉၃၂ ဒေါ်လာ -အခေါက်ရွှေ တကျပ်သား (ပြင်ပဈေးကွက်) ရောင်းဈေး ၃၄၄၅၀၀၀ ကျပ် ဝယ်ဈေး ၃၃၉၅၀၀၀ ကျပ် -၁၅ ပဲရည် တကျပ်သား ရောင်းဈေး ၃၂၂၅၀၀၀ ကျပ် ဝယ်ဈေး ၃၁၇၅၀၀၀ ကျပ် ရွှေဈေးနှုန်းများ အချိန်နှင့်အမျှ ပြောင်းလဲနိုင်သည်။ #voiceofmyanmar #vom #TodayGoldprice #october14

Read More

တောင်သာက မြို့နယ်အုပ်ချုပ်ရေးမှူးရုံးနား ပေါက်ကွဲမှုဖြစ်ပြီး မြို့နယ်အုပ်ချုပ်ရေးမှူးနဲ့ မြို့နယ်ရဲတပ်ဖွဲ့မှူး ဒဏ်ရာရ

အောက်တိုဘာ ၊ ၁၄ ၊ ၂၀၂၃ SP ( VOM) မန္တလေးတိုင်း ၊ မြင်းခြံခရိုင် ၊ တောင်သာမြို့ ၊ တန်းမြင့်ကျောင်းရပ်ကွက်မှာရှိတဲ့ တောင်သာမြို့နယ် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနရုံးနားမှာ မနေ့ အောက်တိုဘာ ၁၃ ရက် နေ့လယ်ပိုင်းက ပေါက်ကွဲမှုဖြစ်ပြီး မြို့နယ်အဆင့် ဌာနဆိုင်ရာ လူကြီးတချို့ ထိခိုက်ဒဏ်ရာတွေရတယ်လို့ တောင်သာမြို့ခံတွေဆီက သိရပါတယ်။ ” မနေ့က နေ့လယ် ၂ နာရီလောက်မှာထွေ/ အုပ်ရုံးနားကို ဒရုန်းဗုံးတွေကျပြီး ပေါက်ကွဲတယ် ၊ အဲ့ဒီလို ၂ ကြိမ်ကျပြီး ပေါက်ကွဲတာ ၊ ပထမ အကြိမ်နဲ့ နောက် တကြိမ်ကြားမှာ ပစ်ခတ်မှုတွေဖြစ်တယ် ၊ လူကြီးပိုင်းတွေ ဒဏ်ရာရတယ်လို့သိရတယ် ၊ နောက်ဆုံး အခြေအနေတော့ မသိရသေးဘူး ” လို့ တောင်သာမြို့ခံတယောက်က ပြောပါတယ်။…

Read More
VOM News

FREE
VIEW