လက်ဘနွန်နယ်စပ်ကို အစ္စရေးရဲ့တိုက်ခိုက်မှုအတွင်း ရိုက်တာသတင်းထောက် ၁ ယောက်သေဆုံး၊ သတင်းထောက် ၆ ယောက်ဒဏ်ရာရ

တဲလ်အဗစ်၊ အောက်တိုဘာ-၁၄-၂၀၂၃
မျိုးဆက်(VOM)
လက်ဘနွန်တောင်ပိုင်းရှိ ဟဇ်ဘိုလာစစ်သွေးကြွပစ်မှတ်တွေကို အစ္စရေးက ဒုံးကျည်တွေနဲ့ တိုက်ခိုက်မှုအတွင်း ရိုက်တာသတင်းဌာနမှ ရုပ်သံသတင်းထာက်တယောက်သေဆုံးပြီး အခြားသတင်းထောက်ခြောက်ယောက် လည်း ထိခိုက်ဒဏ်ရာရရှိသွားကြောင်း မျက်မြင်သက်သေသတင်းသမားတွေက ပြောပါတယ်။
အယ်လ်ဂျားဇီးယား၊ ရိုက်တာနဲ့ အေအက်ဖ်ပီသတင်းဌာနတို့မှ သတင်းထောက်တွေအပါအဝင် သတင်းသမားအဖွဲ့ဟာ အစ္စရေးနယ်စပ်အနီး အယ်လ်မာအယ်လ်ရှာဘ်အနီးမှာ သတင်းရယူနေခြင်းဖြစ်ပြီး ဟဇ်ဘိုဘာနဲ့ အစ္စရေးစစ်တပ်တို့ အပြန်အလှန်တိုက်ပွဲတွေဖြစ်ပွားချိန်မှာ ထိခိုက်ခဲ့တာဖြစ်ပါတယ်။
အဲဒီဖြစ်စဉ်နဲ့ပတ်သက်ပြီး လက်ဘနွန်ဝန်ကြီးချုပ် နာဂျစ်မီကာတီက ဟဇ်ဘိုလာဘက်က အစ္စရေးကို ပြစ်တင်ပြောဆိုထားပါတယ်။ အစ္စရေးဘက်ကတော့ မှတ်ချက်တစုံတရာ တုံ့ပြန်ခြင်းမရှိသေးပါဘူး။
ရိုက်တာရုပ်သံသတင်းထောက် Issam Abdallah ဟာ ရုပ်သံတိုက်ရိုက်ထုတ်လွှင့်မှုအတွက် ရိုက်ကူးနေချိန်မှာ လက်နက်ကြီးကျရောက်ပေါက်ကွဲပြီး သေဆုံးခဲ့တာဖြစ်ကြောင်း ၊ သေဆုံးမှုအတွက် လွန်စွာဝမ်းနည်းမိကြောင်း ရိုက်တာသတင်းဌာနက ထုတ်ပြန်ထားပါတယ်။
အခြားရိုက်တာသတင်းထောက်တွေဖြစ်ကြတဲ့ Thaer Al-Sudani နဲ့ Maher Nazeh ၊ အေအက်ဖ်ပီသတင်းထောက်နှစ်ဦးအပါအဝင် ခြောက်ယောက်ဒဏ်ရာရရှိခဲ့ကြောင်း သိရပါတယ်။
Ref: Reuters
Photo: Reuters

Related posts

✕
VOM News

FREE
VIEW