ပြည်ပရောက် မြောက်ကိုရီးယားအိုင်တီလုပ်သားတွေ နျူကလီးယားလက်နက်အစီအစဉ်အတွက် ထောက်ပံ့ငွေတွေပြန်ပို့

 

 

ဝါရှင်တန်၊ အောက်တိုဘာ-၂၁-၂၀၂၃

မျိုးဆက်(VOM)

 

မြောက်ကိုရီးယားဟာ နိုင်ငံရပ်ခြားကုမ္ပဏီတွေဆီမှာ အို်င်တီလုပ်သားထောင်ပေါင်းများစွာကို စေလွှတ်ခဲ့ပြီး သူတို့တွေဟာ နိုင်ငံရဲ့နျူကလီးယား လက်နက်အစီအစဉ်အတွက် ထောက်ပံ့ဖို့ ငွေတွေပြန်ပို့ခဲ့ကြောင်း အမေရိကန်တရားရေးဌာနက ထုတ်ပြန်ပါတယ်။

 

မြောက်ကိုရီးယား အိုင်တီလုပ်သားတွေဟာ နိုင်ငံရပ်ခြားကုမ္ပဏီတွေမှာ အလုပ်ရရှိဖို့အတွက် မြောက်ကိုရီးယားနိုင်ငံသားဖြစ်ကြောင်းကိုဖုံးကွယ်ခဲ့ကြတယ်လို့ အမေရိကန်တရားရေးဌာနက ပြောပါတယ်။

 

သူတို့ဟာ တရုတ်နဲ့ရုရှားတို့မှာ အဓိကအလုပ်လုပ်ကိုင်နေကြပေမယ့် အလုပ်ရှင်တွေကို လှည့်စားဖို့ အမေရိကန်မှာ အလုပ်လုပ်နေသူတွေလို့ထင်မြင်စေဖို့ လုပ်ဆောင်ခဲ့ကြောင်း အမေရိကန်တာဝန်ရှိသူတွေက ဆိုပါတယ်။

 

လှည့်ဖြားမှုရဲ့ တစိတ်တပိုင်းအဖြစ် သူတို့အသုံးပြုခဲ့တဲ့ ဝက်ဘ်ဆိုက် ၁၇ ခုကိုလည်း အမေရိကန်တာဝန်ရှိသူတွေက သိမ်းဆည်းထိန်းချုပ်ခဲ့ပါတယ်။ မြောက်ကိုရီးယား အိုင်တီလုပ်သားတွေဟာ အွန်လိုင်ငွေပေးချေမှု ဝန်ဆောင်မှုတွေနဲ့ တရုတ်ဘဏ်အကောင့်တွေကနေ မြောက်ကိုရီးယားကို ဒေါ်လာသန်းပေါင်းများစွာ လွှဲပြောင်းပေးခဲ့ကြောင်း သိရပါတယ်။

 

မြောက်ကိုရီးယားအိုင်တီ လုပ်သားတွေကို အလုပ်ခန့်ထားမိတာမျိုးတွေ မဖြစ်စေဖို့ ပုဂ္ဂလိက စီးပွားရေးလုပ်ငန်းတွေကို အမေရိကန်အစိုးရက တိုက်တွန်းထားပါတယ်။

 

Ref: NHK

 

#voiceofmyanmar #VOM #N.Korean #IT-workers #fund #weapons-program

Telegram Link: https://t.me/VOMNEWS2023/3108

 

Related posts

Leave a Comment

VOM News

FREE
VIEW