ရန်ကုန် ၊ နိုဝင်ဘာ ၉ ၊၂၀၂၃ Shy+GG (VOM) ရှမ်းပြည်နယ်မြောက်ပိုင်း တိုက်ပွဲတွေကြောင့် ကုန်သွယ်မှုရပ်ထားရတဲ့ ချင်းရွှေဟော်ကုန်သွယ်ရေးစခန်း နဲ့ မူဆယ် ၁၀၅ မိုင် ကုန်သွယ်ရေးဇုန်တွေကနေတဆင့် နယ်စပ်မှတင်ပို့ဖို့ ပို့ကုန်လိုင်စင်နဲ့ သွင်းကုန်လိုင်စင်ရရှိပြီးတဲ့ကုန်ပစ္စည်းတွေကို တခြားနယ်စပ်ဂိတ်တွေနဲ့ ပင်လယ်ရေကြောင်းကပါ ပြောင်းလဲတင်ပို့ခွင့်ပြုသွားမယ်လို့ ကုန်သွယ်ရေး ဦးစီးဌာနက အသိပေးလာပါတယ်။ ဒါ့ကြောင့် လက်ရှိ ကုန်သွယ်မှုရနေသေးတဲ့ မြန်မာ -တရုတ်နယ်စပ်ဂိတ် နဲ့ မြန်မာ-ထိုင်းနယ်စပ်ကုန်သွယ်ရေး စခန်းတွေကနေ တင်ပို့နိုင်မှာဖြစ်တယ်လို့သိရပါတယ်။ လက်ရှိ တရုတ်မြန်မာ နယ်စပ်ဂိတ်တွေထဲမှာ တော့ တရုတ်နိုင်ငံ ယူနမ်ပြည်နယ်၊ လုံချွမ်ခရိုင်၊ ချန်းဖုန်းမြို့နယ် လားရင်း နဲ့ ထိစပ်နေတဲ့ ကချင်ပြည်နယ်၊ ဗန်းမော်ခရိုင်၊ လွယ်ဂျယ်မြို့ရှိ လွယ်ဂျယ် – လားရင်း နယ်စပ်ဂိတ်ကနေသာ ကုန်တင်ပို့မှုလုပ်နိုင်တဲ့အခြေအနရှိတယ်လို့သိရပါတယ်။ “လောလောဆယ်က လားရင်း – လွယ်ဂျယ်ဂိယ်ဘက်ပဲ ပိုပြီးပို့ ဖြစ်ဖို့များတယ်။…
Read MoreDay: November 9, 2023
အစ္စရေးနဲ့ ဟားမတ်စ်တို့ စစ်ရာဇဝတ်မှုတွေ ကျူးလွန်နေကြောင်း ကုလလူ့အခွင့်အရေးအကြီးအကဲ စွပ်စွဲ
ကုလသမဂ္ဂ၊ နိုဝင်ဘာ-၉-၂၀၂၃ မျိုးဆက်(VOM) ဂါဇာပဋိပက္ခမှာ အစ္စရေးနဲ့ ဟားမတ်စ်တို့ဟာ စစ်ရာဇဝတ်မှုတွေကျူးလွန်နေကြောင်း ကုလသမဂ္ဂလူ့အခွင့်အရေးဆိုင်ရာ မဟာမင်းကြီးက စွပ်စွဲပြောဆိုလိုက်ပါတယ်။ ဟားမတ်စ်တို့က ဓါးစာခံတွေကို ဆက်လက်ဖမ်းဆီးထားမှုတွေနဲ့ အစ္စရေးရဲ့တိုက်ခိုက်မှုကြောင့် ပါလက်စတိုင်းအရပ်သားတွေ သေဆုံးနေကြတာကို ကိုးကားပြီး လူ့အခွင့်အရေးမဟာမင်းကြီးက စွပ်စွဲပြောဆိုလိုက်တာဖြစ်ပါတယ်။ တချိန်တည်းမှာပဲ ဂါဇာမှာ အရပ်သားသေဆုံးမှုမြင့်တက်လာတာဟာ ဂါဇာမှာ အစ္စရေးရဲ့ စစ်ဆင်ရေးတွေမှာ တခုခုမှားယွင်းနေတာကို ပြသနေတာဖြစ်ကြောင်း ကုလသမဂ္ဂအတွင်းရေးမှူးချုပ် ဂူတာရက်စ်က ပြောပါတယ်။ ဂါဇာကမ်းမြှောင်တောင်ပိုင်းကိုသွားဖို့ အဓိကလမ်းမကြီးကို အစ္စရေးကဖွင့်ပေးလိုက်တာကြောင့် ပါလက်စတိုင်း ငါးသောင်းကျော်ဟာ ဂါဇာမြို့ကနေ မနေ့က နိုဝင်ဘာ ၈ ရက်မှာ ထွက်ခွာသွားပြီလို့အစ္စရေးက ပြောပါတယ်။ ဂါဇာမြောက်ပိုင်းမှာ ဟားမတ်စ်တို့ရဲ့ ထိန်းချုပ်မှု မရှိတော့တာကြောင့် ဒေသခံတွေဟာ ထွက်ပြေးနေကြတာလို့ အစ္စရေးစစ်တပ်ပြောရေးဆိုခွင့်ရှိသူကပြောပါတယ်။ အစ္စရေးကို ဟားမတ်စ်တွေက အောက်တိုဘာ ၇ ရက်မှာ တိုက်ခိုက်မှုကြောင့် လူ ၁၄၀၀ သေဆုံးခဲ့ပါတယ်။ ဂါဇာမှာတော့…
Read Moreရေလက်ကြားကို ဖြတ်သန်းခုတ်မောင်းနေတဲ့ တရုတ်လေယာဉ်တင်သင်္ဘောအုပ်စုလှုပ်ရှားမှု ထိုင်ဝမ်စောင့်ကြည့်နေ
တိုင်ပေ၊ နိုဝင်ဘာ-၉-၂၀၂၃ မျိုးဆက်(VOM) အကဲဆတ်တဲ့ ထိုင်ဝမ်ရေလက်ကြားကို ဖြတ်သန်းခုတ်မောင်းနေတဲ့ တရုတ်လေယာဉ်တင်သင်္ဘော ရှန်ဒေါင်းပါဝင်တဲ့ ရေတပ်အုပ်စုကို စောင့်ကြည့်ဖို့ တပ်ဖွဲ့ဝင်တွေစေလွှတ်ထားကြောင်း ထိုင်ဝမ်ကာကွယ်ရေးဝန်ကြီးဌာနက နိုဝင်ဘာ ၉ ရက်မှာ ပြောပါတယ်။ တရုတ်လေယာဉ်တင်သင်္ဘော ရှန်ဒေါင်းဟာ ပြီးခဲ့တဲ့ဧပြီလက ထိုင်ဝမ်ကျွန်းအနီးတဝိုက်မှာ ပြုလုပ်ခဲ့တဲ့ စစ်ရေးလေ့ကျင့်မှုတွေမှာလည်း ပါဝင်ခဲ့ပြီး လွန်ခဲ့တဲ့လကလည်း ပစိဖိတ်သမုဒ္ဒရာထဲကို ထပ်မံခုတ်မောင်းခဲ့ပါသေးတယ်။ လေယာဉ်တင်သင်္ဘော ရှန်ဒေါင်းဦးဆောင်တဲ့ ရေယာဉ်အုပ်စုဟာ ပြီးခဲ့တဲ့ နိုဝင်ဘာ ၈ ရက်မွန်းလွဲပိုင်းမှာ ကျဉ်းမြောင်းတဲ့ ထိုင်ဝမ်ရေလက်ကြားကို ဖြတ်ကျော်ခုတ်မောင်းခဲ့ပြီး နှစ်ဘက်အကြာ ပိုင်းခြားထားတဲ့ အလယ်မျဉ်းရဲ့ တရုတ်ဘက်ခြမ်းကနေ ဖြတ်သန်းခဲ့တာလို့ ထိုင်ဝမ်ကာကွယ်ရေးဝန်ကြီးဌာနက ဆိုပါတယ်။ ဒီကနေ နိုဝင်ဘာ ၉ ရက်နံနက်ပိုင်းထိ တရုတ်ရေယာဉ်အုပ်စုဟာ မြောက်ဘက်ကို ဆက်လက်ခုတ်မောင်းနေပြီး စောင့်ကြည့်ဖို့အတွက် တပ်ဖွဲ့တွေကို စေလွှတ်ထားကြောင်း ထိုင်ဝမ်ကာကွယ်ရေးဝန်ကြီးဌာနက ပြောပါတယ်။ ထိုင်ဝမ်နဲ့အမေရိကန်တို့ ဆိုထားသလို ထိုင်ဝမ်ရေလက်ကြားဟာ…
Read Moreမန္တလေးမှာ ကာဖျူးထုတ်တာ မရှိသလို ရတနာပုံတံတားကိုလည်း ခဏတာ ပိတ်ခြင်းဖြစ်
မန္တလေး ၊ နိုဝင်ဘာ- ၉- ၂၀၂၃ SA(VOM) မန္တလေးမှာ ညဘက်အပြင်မထွက်ရ ထွက်ရင် ပေါ်တာဆွဲတယ်ဆိုတဲ့ ကောလာဟလ သတင်းတွေထွက်ပေါပြီး နောက်ပိုင်း မန္တလေးမြို့ခံတွေကစိုးရိမ်နေကြတဲ့အတွက် ညမထွက်ရအမိန့်ထုတ်ပြန်တာမရှိကြောင်းနဲ့ ပေါ်တာဆွဲတာမရှိကြောင်းကို သက်ဆိုင်ရာက လိုက်လံ သတိပေးနေတာကို တွေ့ရပါတယ်။ အရင်က မန္တလေးခရိုင်အတွင်းမှာရှိတဲ့ မြို့နယ်အများစုကို ညမထွက်ရအမိန့်ထုတ်ပြန်ထားပေမယ့် ၂၀၂၃ ခုနှစ် အောက်တိုဘာ ၂၇ ရက်နေ့ကစလို့ မန္တလေးခရိုင်အတွင်းက အောင်မြေသာစံ၊ ချမ်းအေးသာစံ၊ မဟာအောင်မြေ၊ ချမ်းမြသာစည်၊ ပုသိမ်ကြီးမြို့နယ်၊ ပြည်ကြီးတံခွန် နဲ့ အမရပူရမြို့နယ်တွေမှာ နယ်မြေအေးချမ်းလာတဲ့အတွက် ညမထွက်ရအမိန့်ကို အကန့်အသတ်မရှိ ပယ်ဖျက် ရုတ်သိမ်းကြောင်း သက်ဆိုင်ရာက ကြေငြာချက်ထုတ်ပြန်ခဲ့ပါတယ်။ လက်တလော social media မှာ ကောလဟာလသတင်းတွေပျံနှံ့နေတဲ့ ညဘက် ပေါ်တာဆွဲ လူစုဆောင်းတာမျိုး မရှိကြောင်းနဲ့ အဓမ္မလုပ်သားအဖြစ် ခေါ်ယူစုဆောင်းခြင်းမျိုး မရှိဘူးလို့ ထုတ်ပြန်ချက်မှာ ပါရှိတာကို တွေ့ရပါတယ်။…
Read Moreဖားကန့်မြို့နယ်မှာ ဒီရက်ပိုင်းအတွင်း ဓားပြမှုတွေ ဆက်တိုက်ဖြစ်ပွား
နိုဝင်ဘာ ၊ ၉ ၊ ၂၀၂၃ SP( VOM) ကချင်ပြည်နယ် ၊ မိုးညှင်းခရိုင် ၊ ဖားကန့်မြို့နယ် ၊ လုံးခင်းကျေးရွာ မှာ ဒီရက်ပိုင်းအတွင်း ဓားပြမှုတွေ ဆက်တိုက်ဖြစ်ပွားနေတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။ ” မနေ့ နိုဝင်ဘာ ၈ ရက် ၊ ညနေ ၆ နာရီခွဲ ဝန်းကျင်လောက်မှာ လုံးခင်းကျေးရွာ ၊ ရပ်ကွက် ၅ ထဲက ကျောက်ကုန်သည် နေအိမ် ဓားပြတိုက်ခံရတယ် ၊ အိမ်စီးကား အဖြူရောင်နဲ့ လူလေးယောက်က လုံးခင် ရပ်ကွက် ၅ ထဲက ကျောက်ကုန်သည်ရဲ့ နေအိမ်ကို ဝင်လာတယ် ၊ နောက်ပြီး အိမ်တံခါးကို ခေါက်ပြီး ဝယ်လာတယ် ၊ အိမ်ရှင်လူတွေကို သေနတ်နဲ့ထောက်ပြီး တိပ်ကြိုး အဝါတွေနဲ့…
Read MoreThis Day in Histroy
Voice of Myanamar အဲလ်ဘတ်အိုင်းစတိုင်းသည် ရူပဗေဒဆိုင်ရာ ရှာဖွေတွေ့ရှိမှုများနှင့်ပတ်သက်၍ ရူပဗေဒနိုဘယ်ဆုကို ၁၉၂၁ ခုနှစ် နိုဝင်ဘာ ၉ ရက်တွင် ရရှိခဲ့သည်။
Read Moreရှမ်းမြောက်မှာ စစ်ရှောင်ပြည်သူ ခြောက်သောင်းကျော်ရှိပြီး စားစရာနဲ့ဆေးဝါး အဓိက လိုအပ်နေ
နိုဝင်ဘာ ၉၊ ၂၀၂၃ Shy V (VOM) ရှမ်းပြည်နယ်မြောက်ပိုင်းမှာ စစ်ရှောင်ပြည်သူ ခြောက်သောင်းကျော်ရှိပြီး အဓိက စားစရာနဲ့ဆေးဝါး လိုအပ်နေကြောင်း ဒေသခံ ပြည်သူတွေဆီက သိရပါတယ်။ “အဓိက ကတော့ ဆီ၊ ဆား၊ ဟင်း တွေနဲ့ ဆေးဝါး တွေပေါ့။ ဝယ်ရမယ့် နေရမရှိသလို သွားဝယ်ရင်လည်း မရတော့တာ မျိုးရှိတယ်။ ကျွန်မတို့ဆီမှာက ဆား တောင်ဝယ်လို့ မရတော့ဘူး။ ဖုန်းလိုင်းတွေလည်း ဖြတ်တောက်ထားတယ်။ လိုင်းရလို့ ပြောရင်လည်း တခွန်း၊ နှစ်ခွန်းလောက်ပဲ ပြောလို့ရတော့ ဘယ်မှ မှာမရ၊ အဆက်အသွယ်မရ ဖြစ်နေတယ်။” လို့ အမျိုးသမီး တယောက်က ပြောပါတယ်။ မုံးကိုးက စစ်ရှောင်တွေတော့ လူဦးရေ နှစ်သောင်းခန့်ရှိနေတာကြောင့် အိမ်သာတွေပါ အခက်အခဲ ဖြစ်နေရတယ်လို့ စစ်ရှောင်တွေကို ကူညီ စီမံ ခန့်ခွဲ ပေးနေသူက…
Read Moreယနေ့ နိုင်ငံခြားငွေလဲလှယ်နှုန်း (နိုဝင်ဘာ-၉ ရက်)
Voice of Myanmar -အမေရိကန်ဒေါ်လာ ရောင်းဈေး – ၃၂၉၀ ကျပ် ဝယ်ဈေး – ၃၂၄၀ ကျပ် -စင်္ကာပူဒေါ်လာ ရောင်းဈေး – ၂၃၉၅ ကျပ် ဝယ်ဈေး – ၂၃၄၅ ကျပ် -ယူရို ရောင်းဈေး – ၃၅၃၉ ကျပ် ဝယ်ဈေး – ၃၄၉၆ ကျပ် -ထိုင်းဘတ် ရောင်းဈေး – ၉၂.၀၀ ကျပ် ဝယ်ဈေး – ၉၀.၉၀ ကျပ် -မလေးရှားရင်းဂစ် ရောင်းဈေး – ၇၀၄ ကျပ် ဝယ်ဈေး – ၆၉၉ ကျပ် -တရုတ်ယွမ် ရောင်းဈေး – ၄၅၂ ကျပ် ဝယ်ဈေး – ၄၄၂ ကျပ် -ဂျပန်ယန်း ရောင်းဈေး…
Read Moreယနေ့ ရွှေဈေးအဖွင့် (နိုဝင်ဘာ- ၉ ရက်၊ နံနက် ၁၀ နာရီ)
Voice of Myanmar -ကမ္ဘာ့ရွှေဈေး တအောင်စ ၁၉၅၀ ဒေါ်လာ -အခေါက်ရွှေ တကျပ်သား (ပြင်ပဈေးကွက်) ရောင်းဈေး ၃၄၇၅၀၀၀ ကျပ် ဝယ်ဈေး ၃၄၂၅၀၀၀ ကျပ် -၁၅ ပဲရည် တကျပ်သား ရောင်းဈေး ၃၂၇၅၀၀၀ ကျပ် ဝယ်ဈေး ၃၂၂၅၀၀၀ ကျပ် “လက်ရှိ ရွှေဈေးကွက်အတွင်း အရောင်းအဝယ် အေးလျက်ရှိနေတယ်လို့ သိရပါတယ်။” ရွှေဈေးနှုန်းများ အချိန်နှင့်အမျှ ပြောင်းလဲနိုင်သည်။
Read More