စစ်ကိုင်း – နိုဝင်ဘာ- ၁၉- ၂၀၂၃
SA(VOM)
စစ်ကိုင်းမြို့၊ စစ်ကိုင်းတောင်ရိုး တောင်ဖီလာရွာအနီးက မေတ္တာမြင့်မိုရ်ကျောင်းမှာ သီတင်းသုံးနေထိုင်တဲ့ အသက် ၁၃ နှစ်အရွယ်ရှိ ကိုရင် ရှင်ခေမာဝံသ(လူအမည် ဟိန်းသန့်ကို) ဟာ နိုဝင်ဘာ ၆ ရက်နေ့မနက်ခင်းပိုင်းက မန္တလေးကို ဆွမ်းခံသွားရင်း ကျောင်းကို ပြန်မလာပဲ အဆက် အသွယ်မရ ပျောက်ဆုံးနေတယ်လို့ သိရပါတယ်။
ပြီးခဲ့တဲ့ ရက်ပိုင်းက မိခင်ဖြစ်သူ ဒေါ်မိကြိုင်ဆီကို တယ်လီဖုန်းနဲ့ ဆက်သွယ်ပြီး စစ်ကိုင်းတိုင်း၊ ကသာမြို့နယ်ဘက်ကို ကားမှားစီးသွားတယ်လို့ ပြောခဲ့ပြီးနောက်ပိုင်းမှာ အဆက်အသွယ်မရတော့ဘူးလို့ ပြောပါတယ်။
ဖြည့်စွတ်ချက် – ပျောက်နေတဲ့ ကိုရင်လေး နဲ့ အဆက် အသွယ်ပြန်ရပြီလို့သိရပါတယ်။
ကိုရင် ရှင်ခေမာဝံသကို မန္တလေးတိုင်း၊ သပိတ်ကျင်းမြို့နယ် တကောင်း၊ ကြာညှပ် ဘက်မှာ ပြန်တွေ့လို့ဒေသခံတွေက ထိမ်းသိမ်းထားပြီး စစ်ကိုင်းကို ပြန်လည်ခေါ်ဆောင်ဖို့ ပြုလုပ်နေတယ်လို့ ကိုရင်ရဲ့ အုပ်ထိန်းသူတွေက ပြောပါတယ်။