အကယ်၍ သင်သည် လက်နက်ကြီး၊ လက်နက်ငယ်များ ပစ်ခတ်မှုအန္တရာယ်အတွင်း ကျရောက်နေပါက အောက်ပါအတိုင်း ဆောင်ရွက်နိုင်သည်။

ပိုမိုသိရှိလိုပါက အောက်ပါလင့်ခ်မှတဆင့် ဝင်ရောက်ဖတ်ရှုနိုင်ပါသည်။​ https://drive.google.com/…/1r1X7rW8…/view…

Read More

တို့ဗမာအစည်းအရုံးဝင် နောက်ဆုံးလက်ကျန် သခင်ဖေသန့် (သထုံ) ကွယ်လွန်

  နိုဝင်ဘာ ၂၄ – ၂၀၂၃ SN (VOM) လွတ်လပ်ရေးကြိုးပမ်းမှုတိုက်ပွဲအတွင်းမှ တို့ဗမာအစည်းအရုံးဝင် နောက်ဆုံး လက်ကျန်ပုဂ္ဂိုလ်ဖြစ်သူ သခင်ဖေသန့် (သထုံ) ဟာ မနေ့ နိုဝင်ဘာ ၂၃ ရက်၊ မနက် ၆ နာရီ၊ ၄၅ မိနစ်ဝန်းကျင်က လူကြီးရောဂါနဲ့ ကွယ်လွန်သွားခဲ့ပြီဖြစ်တယ်လို့ ဆရာကြီးရဲ့မိသားစုက လူမှုကွန်ရက်ကတဆင့် အသိပေး ပြောကြားထားပါတယ်။ သခင်ဖေသန့်ဟာ လွတ်လပ်ရေးမော်ကွန်းဝင် ဒုတိယအဆင့် ရရှိထားသူဖြစ်ပြီး ကွယ်လွန်ချိန်မှာ အသက် ၁၀၁ နှစ် ရှိပြီဖြစ်ဖြစ်ပါတယ်။ “တို့ဗမာသခင်ထဲက ရှားရှားပါးပါးကျန်တဲ့သူမို့ နှမြောလည်း နှမြောသလို စိတ်မကောင်းလည်း ဖြစ်မိတယ်။ နယ်ချဲ့ကိုလည်း ခံချခဲ့သလို၊ ဖက်ဆစ်ကိုလည်း တော်လှန်ခဲ့တဲ့သူ၊ ဆန့်ကျင်ခဲ့တဲ့သူတယောက် ကောင်းရာသုဂတိရောက်ပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်” လို့ ဝါရင့်နိုင်ငံရေးသမားတယောက်က ပြောပါတယ်။ သခင်ဖေသန့်ဟာ စစ်ကြိုခေတ် ၁၉၃၈ ခုနှစ်၊ ကျောင်းသားသပိတ်မှာ သပိတ်မှောက်ကျောင်းသားတယောက်အဖြစ်လည်းကောင်း၊…

Read More

ဥမင်ပြိုကျပြီး ၁၀ ရက်ကျော်ကြာပိတ်မိနေတဲ့ အိန္ဒိယအလုပ်သမားတွေကို ကယ်တင်နိုင်ရေး နှောင့်နှေးပြန်

  ဒေလီ၊ နိုဝင်ဘာ-၂၄-၂၀၂၃ မျိုးဆက်(VOM) အိန္ဒိယနိုင်ငံ ဥတာရာခန်းပြည်နယ်မှာ ဥမင်လှိုဏ်ခေါင်းပြိုကျပြီးနောက ်ပိတ်မိနေတဲ့ အလုပ်သမား ၄၁ ဦးကို ကယ်တင်နိုင်ရေး ကြိုးပမ်းမှုတွေဟာ မြေတူးဖော်စက်ချို့ယွင်းမှုကြောင့် နှောင့်နှေးနေရကြောင်း တာဝန်ရှိသူတွေက နိုဝင်ဘာ ၂၄ ရက်မှာ ပြောပါတယ်။ အလုပ်သမားတွေ လွတ်မြောက်ဖို့အတွက် ပြျိကျနေတဲ့ ဥမင်မှာ လမ်းကြောင်းတခုဖန်တီးဖို့အတွက် အမေရိကန်လုပ် မြေတူးစက်ကိုအသုံးပြုပြီး အပျက်အစီးတွေကို တူးဖော်ရှင်းလင်းနေတာဖြစ်ပါတယ်။ စက်ကို ပြုပြင်နေတာကြောင့် ကယ်ဆယ်ရေးလုပ်ငန်းတွေကို မနက်ဖြန်မှ ပြန်လည်စတင်နိုင်မယ်လို့ တာဝန်ရှိသူတွေကပြောပါတယ်။ အိန္ဒိယနိုင်ငံ ဟိမဝန္တာဒေသရှိ အရှည် သုံးမိုင်ရှည်တဲ့ ဆောက်လုပ်ဆဲ ဥမင်ဟာ နိုဝင်ဘာ ၁၂ ရက်ပြိုကျပြီး အလုပ်သမားတွေ ပိတ်မိနေတာဖြစ်ပါတယ်။ ပိတ်မိပြီးများမကြာမီမှာ အလုပ်သမားတွေနဲ့ အဆက်အသွယ်ရခဲ့ပြီး သူတို့အတွက် သောက်ဆုံးရေ၊ အစားအစာနဲ့ အောက်ဆီဂျင်တို့ကို ဥမင်ထဲရေပေးတဲ့ ပိုက်ကတဆင့် အဆက်မပြတ်ပေးပို့နိုင်ခဲ့ပါတယ်။ အလုပ်သမားတွေကို ဒီနေ့မနက်ပိုင်းမှာ ကယ်တင်နိုင်မယ်လို့ တာဝန်ရှိသူတွေက…

Read More

စစ်ကိုင်းတိုင်း အထက်ပိုင်းမှာ တိုက်ပွဲတွေကြောင့် စက်သုံးဆီစျေးနူန်းတွေ အဆမတန်မြင့်တက်နေ

  နိုဝင်ဘာ ၊ ၂၄ ၊၂၀၂၃ SP ( VOM) လွန်ခဲ့တဲ့ ရက်ပေါင်း ၂၀ ကျော်စလို့ ဒီကနေ့အထိ စစ်ကိုင်းတိုင်း အထက်ပိုင်းမှာရှိတဲ့ တမူး ၊ ကလေး ၊ ကလေးဝ ၊ မော်လိုက် ၊ ဖောင်းပြင် ၊ ဟုမ္မလင်း စတဲ့ မြို့နယ်တွေကို ကုန်စည်ပို့ဆောင်တဲ့ ကားလမ်းတွေ ပိတ်ဆို့ခံထားရတာကြောင့် စက်သုံးဆီစျေးတွေ အဆမတန် မြင့်တက်လာနေတယ်လို့ ယာဥ်သုံးစွဲသူ ဒေသခံတွေဆီက သိရပါတယ်။ ” ကလေးမြို့ကို မုံရွာ – မန္တလေးဘက်ကနေ ကုန်စည်ပို့ဆောင်ဖို့ဆိုရင် အရင်က မုံရွာ – ဂန့်ဂေါ – ကလေး ကားလမ်းကနေ ကုန်ကားတွေလာတယ် ၊ အဲ့ဒီလမ်းကြောင်းမှာက တိုက်ပွဲတွေ ၊ မြေမြုပ်မိုင်းတွေကြောင့် ဒေသတွင်း လက်နက်ကိုင်အဖွဲ့တွေက လမ်းပိတ်ထားတာ နှစ်…

Read More

မန္တလေး – ပြင်ဦးလွင်လမ်းမှာ ကားနှစ်စီးတိုက်မိလို့ လေးယောက်သေဆုံး၊ ငါးယောက်ဒဏ်ရာရ

  နိုဝင်ဘာ ၂၄ – ၂၀၂၃ SN (VOM) မန္တလေးတိုင်း၊ ပြင်ဦးလွင်မြို့နယ်၊ မန္တလေး-လာရှိုးလမ်းမကြီး၊ မိုင်တိုင်အမှတ် (၁၈/၄) မိုင်၊ ပြင်ဦးလွင်-မန္တလေး အဆင်းလမ်းမှာ ဒီကနေ့ နိုဝင်ဘာ ၂၄ ရက်၊ မနက် ၈ နာရီဝန်းကျင်အချိန်က ကားနှစ်စီးတိုက်မိလို့ လေးယောက်သေဆုံးပြီး ငါးယောက်ဒဏ်ရာရရှိခဲ့တယ်လို့ မြန်မာနိုင်ငံလူမှုကယ်ဆယ်ရေးအဖွဲ့ (မန္တလေးတိုင်းရုံး) မှ သိရပါတယ်။ အဲ့ဒီ့ ဖြစ်စဉ်မှာ Light Truck ယာဉ် တစီးဟာ ပြင်ဦးလွင်-မန္တလေး အဆင်းလမ်း ညာဘက်ခြမ်းမှာရပ်ထားတဲ့ Saloon KIA Cerato (အနီရောင်) ယာဉ်ကို နောက်ကနေ ဝင်ရောက် တိုက်မိခဲ့တာဖြစ်ပြီး (၁၀) ပေခန့်အနက်ရှိတဲ့ မြောင်းထဲကို ထိုးကျ တိမ်းမှောက်မှုဖြစ်ပွားခဲ့တာ ဖြစ်တယ်လို့ သိရပါတယ်။ “Light Truck က အဆင်းကိုမှ အရှိန်မထိန်းနိုင်ဘဲ Saloon ကားကို…

Read More

This Day in History

  Voice of Myanmar အမေရိကန်သည် အိုင်ဝိုဂျီးမားရှိ ဂျပန်စစ်တပ်ပစ်မှတ်များကို ဗုံးကြဲတိုက်ခိုက်ပြီးနောက် ၁၉၄၄ ခုနှစ် နိုဝင်ဘာ ၂၄ ရက်တွင် တိုကျိုမြို့ကို ဘီ-၂၉ ဗုံးကြဲလေယာဉ် ၁၀၀ ကျော်ဖြင့် ပထမဆုံးအကြိမ် တိုက်ခိုက်ခဲ့သည်။

Read More

ကလေးမြို့နယ်ထဲက ဒိုးဝိုင်းချောင်း ထိတွေ့ တိုက်ပွဲမှာ အရပ်သား လေးဦး သေဆုံး

  နိုဝင်ဘာ ၊ ၂၄ ၊ ၂၀၂၃ SP ( VOM) ပြီးခဲ့တဲ့ ရက်ပိုင်းက စစ်ကိုင်းတိုင်း ၊ ကလေးခရိုင် ၊ ကလေးမြို့နယ် အနောက်မြောက်ပိုင်း ၊ လေး – လက်ပံချောင်း ကားလမ်းဘေးက ဒိုးဝိုင်းချောင်းရွာနားမှာ နစက လုံခြုံရေး ကင်းစခန်းနဲ့ ဒေသတွင်း လက်နက်ကိုင်အဖွဲ့တွေ ထိတွေ့တိုက်ပွဲ ဖြစ်ပွားရာကနေ နှစ်ဘက် ပစ်ခတ်မှုတွေကြားမှာ အရပ်သား တချို့ ထိခိုက်သေဆုံးတယ်လို့ ဒေသခံ လူမှုကူညီရေး အဖွဲ့တွေဆီက သိရပါတယ်။ ” အဲ့ဒီတိုက်ပွဲကို ဒိုးဝိုင်းချောင်းတိုက်ပွဲလို့ ဒေသခံတွေက ခေါ်ဆိုကြတယ် ၊ တိုက်ပွဲဖြစ်တာက ပြီးခဲ့တဲ့ နိုဝင်ဘာ ၂၁ ရက်မှာဖြစ်တယ် ၊ အဲ့ဒီနေ့မှာပဲ သေဆုံးသူတွေရဲ့အလောင်းတချို့ ကောက်ယူလို့ ရသလို ၊ မနေ့ကမှ ကောက်ယူလို့ရတာတွေရှိတယ် ၊ အရပ်သား…

Read More

ယနေ့ နိုင်ငံခြားငွေလဲလှယ်နှုန်း (နိုဝင်ဘာ-၂၄ ရက်)

  Voice of Myanmar -အမေရိကန်ဒေါ်လာ ရောင်းဈေး – ၃၄၂၅ ကျပ် ဝယ်ဈေး – ၃၃၇၅ ကျပ် -စင်္ကာပူဒေါ်လာ ရောင်းဈေး – ၂၅၄၀ ကျပ် ဝယ်ဈေး – ၂၄၉၀ ကျပ် -ယူရို ရောင်းဈေး – ၃၇၅၂ ကျပ် ဝယ်ဈေး – ၃၆၆၂ ကျပ် -ထိုင်းဘတ် ရောင်းဈေး – ၉၇.၅၆ ကျပ် ဝယ်ဈေး – ၉၅.၂၃ ကျပ် -မလေးရှားရင်းဂစ် ရောင်းဈေး – ၇၅၀ ကျပ် ဝယ်ဈေး – ၇၃၂ ကျပ် -တရုတ်ယွမ် ရောင်းဈေး – ၄၈၀ ကျပ် ဝယ်ဈေး – ၄၇၀ ကျပ် -ဂျပန်ယန်း ရောင်းဈေး…

Read More

ယနေ့ ရွှေဈေး (နိုဝင်ဘာ- ၂၄ ရက်၊ နံနက် ၁၀ နာရီ)

  Voice of Myanmar -ကမ္ဘာ့ရွှေဈေး တအောင်စ ၁၉၉၃ ဒေါ်လာ -အခေါက်ရွှေ တကျပ်သား (ပြင်ပဈေးကွက်) ရောင်းဈေး ၃၆၅၅၀၀၀ ကျပ် ဝယ်ဈေး ၃၆၁၅၀၀၀ ကျပ် -၁၅ ပဲရည် တကျပ်သား ရောင်းဈေး ၃၄၅၅၀၀၀ ကျပ် ဝယ်ဈေး ၃၄၁၅၀၀၀ ကျပ် “လက်ရှိ ရွှေဈေးကွက်အတွင်း ဈေးနှုန်းအတက်အကျ မငြိမ်သေးတဲ့အတွက် ရောင်းမှား၊ ဝယ်မှား မဖြစ်ဖို့ သတိပြုစေလိုပါတယ်။” ရွှေဈေးနှုန်းများ အချိန်နှင့်အမျှ ပြောင်းလဲနိုင်သည်။    

Read More
VOM News

FREE
VIEW