ဂျပန်မှာ ပျက်ကျခဲ့တဲ့ အမေရိကန်စစ်လေယာဉ်နဲ့ လိုက်ပါသွားသူတွေရဲ့ အလောင်းတွေ တွေ့ရှိ

  တိုကျို၊ ဒီဇင်ဘာ-၅-၂၀၂၃ မျိုးဆက်(VOM) ဂျပန်နိုင်ငံ ယာကူရှီးမားကျွန်းအနီးမှာ ပျက်ကျခဲ့တဲ့ အမေရိကန်စစ်လေယာဉ်ရဲ့ အပျက်အစီးတွေနဲ့ အတူ ကျန်ရှိနေတဲ့ အလောင်းငါးလောင်းကို ရှာဖွေတွေ့ရှိခဲ့ကြောင်း ကယ်ဆယ်ရေးသမားတွေက ပြောပါတယ်။ စီဗွီ-၂၂ အော်စပရေး အမျိုးအစားလေယာဉ်ဟာ လွန်ခဲ့တဲ့သီတင်းပတ်က ပျက်ကျခဲ့တာဖြစ်ပြီး ပျောက်ဆုံးနေသူရှစ်ဦးအနက် နှစ်ဦးကို ဒီဇင်ဘာ ၄ ရက်ကတည်းက ရှာဖွေေတွေ့ရှိခဲ့ကာ သေဆုံးသူတယောက်ရဲ့ အလောင်းကိုတော့ ပျက်ကျပြီး နာရီအနည်းငယ်အတွင်း တွေ့ရှိခဲ့ပါတယ်။ အော်စပရေးအမျိုးအစားလေယာဉ်ဟာ လေယာဉ်ပျက်ကျချိန်မှာ ယာမာဂူရှီစီရင်စုရှိ အမေရိကန်လေတပ်စခန်းကနေ အိုကီနာဝါရှိ ကာဒီနာလေတပ်စခန်းကို လေ့ကျင့်ပျံသန်းစဉ် ပျက်ကျခဲ့တာဖြစ်ပါတယ်။ လေယာဉ်ဟာ အရေးပေါ်ဆင်းသက်ခြင်းမပြုမီ မီးလောင်ကျွမ်းပြီးနောက် ပျက်ကျခဲ့ကြောင်း မျက်မြင်သက်သေတွေကပြောပါတယ်။ ဖြစ်ပွားရတဲ့အကြောင်းရင်းကို ရှင်းလင်းစွာမသိရသေးပါဘူး။ အမေရိကန်နဲ့ ဂျပန်တို့ရဲ့ ရှာဖွေကယ်ဆယ်ရေး ပူးပေါင်းအဖွဲ့တွေဟာ လေယာဉ်ရဲ့ပင်မကိုယ်ထည်နဲ့ အပျက်အစီးတွေကို ရှာဖွေတွေ့ရှိထားပြီး စုံစမ်းစစ်ဆေးမှုတွေလုပ်ဆောင်နေကြောင်း တာဝန်ရှိသူတွေက ပြောပါတယ်။ Ref:BBC Photo:AP

Read More

သီလဝါ ဆိပ်ကမ်းမှာ ထုတ်ယူမှုအခက်အခဲကြောင့် ရန်ကုန်ဆီဆိုင်တွေမှာ စက်သုံးဆီပြတ်လပ်မှု ဖြစ်ပေါ်နေ

  ဒီဇင်ဘာ ၅ – ၂၀၂၃ SN (VOM) ရန်ကုန်တိုင်း၊ သန်လျင်မြို့နယ်က သီလဝါ ဆိပ်ကမ်းမှာ ဆီထုတ်ယူမှု အခက်အခဲကြောင့် ရန်ကုန်မြို့က ဆီဆိုင်တချို့မှာ ဆီပြတ်လပ်မှုတွေ ဖြစ်ပေါ်နေတယ်လို့ စက်သုံးဆီအရောင်းဆိုင်တွေနဲ့ အငှားယာဉ်မောင်းတွေဆီက သိရပါတယ်။ “သီလဝါဆိပ်ကမ်းမှာတောင် ဆီဘောက်ဆာကားတွေ ပုံနေတယ်။ လီတာ တသောင်းငါးထောင့်ငါးရာကို လေးပွိုင့်၊ လေးနေရာခွဲထုတ်ရတယ်။ တပွိုင့်ထုတ်ဖို့ နှစ်ရက်ကြာတယ်။ စက်သုံးဆီ PO တွေကို တရက်စာရောင်းဖို့ ခွဲတမ်းချပေးတယ်။ အဲ့ဒီ့ ချပေးတဲ့ တရက်စာ PO လေးမှာမှ ဆီက လေးမျိုး၊ ထုတ်ရမယ့် Terminal က သုံးခု၊ လေးခု။ Terminal တခုစီမှာ ဆီထုတ်ရတာက တညအိပ်၊ နှစ်ရက်က အနည်းဆုံးပဲ” လို့ စက်သုံးဆီအရောင်းဆိုင် တာဝန်ရှိသူတယောက်က ပြောပါတယ်။ လက်ရှိမှာ စက်သုံးဆီဈေးနှုန်း မြင့်တက်လာနဲ့အတူ စက်သုံးဆီအရောင်းဆိုင်…

Read More

းလင်းနယ် ရေမျက်နီ စခန်းတိုက်ခိုက်ခံရ ထိခိုက်သေဆုံးသူ များပြား

  ဒီဇင်ဘာ ၊ ၅ ၊ ၂၀၂၃ SP ( VOM) မကွေးတိုင်း ၊ ဂန့်ဂေါခရိုင် ၊ ထီးလင်းမြို့နယ် ၊ ရေမျက်နီ စံပြကျေးရွာ ၊ မုံရွာ – ဂန့်ဂေါ ကားလမ်းမှာရှိတဲ့ ရေမျက်နီစခန်းကို မနေ့ ဒီဇင်ဘာ ၄ ရက် မနက်ပိုင်းက ဒေသတွင်းလက်နက်ကိုင်အဖွဲ့တွေက တိုက်ခိုက်ခဲ့ပြီး အဲ့ဒီ တိုက်ပွဲမှာ ထိထိုက်သေဆုံးသူ များပြားတယ်လို့ ဒေသခံ လူမှုကူညီရေး အဖွဲ့တွေဆီက သိရပါတယ်။ ” ရေမျက်နီစခန်းဆိုတာ မုံရွာ – ဂန့်ဂေါ – ဟားခါး ကားလမ်းဘေးမှာရှိတယ် ၊ ရေမျက်နီရွာအဝင် ဘုရားတောင် နားက ကုန်းပေါ်မှာ ရှိတယ် ၊ အဲ့ဒီ စခန်းကုန်းကို မနေ့က မနက်ပိုင်းကတည်းက စတင်တိုက်ခိုက်ခံရတာဖြစ်တယ် ၊ အဲ့ဒီ…

Read More

ထိုင်းမှာ နှစ်ထပ်ဘတ်စ်ကားတစီး မတော်တဆမှုကြောင့် လူ ၁၄ ယောက်သေဆုံး

  ဘန်ကောက်၊ ဒီဇင်ဘာ-၅-၂၀၂၃ မျိုးဆက်(VOM) ထိုင်းနိုင်ငံမှာ နှစ်ထပ်ဘတ်စ်ကားတစီး လမ်းချော်ပြီး သစ်ပင်ကို ဝင်တိုက်မိတာကြောင့် လူ ၁၄ ယောက်သေဆုံးသွားတယ်လို့ တာဝန်ရှိသူတွေက ဒီဇင်ဘာ ၅ ရက်မှာ ပြောပါတယ်။ နိုင်ငံတောင်ပိုင်း ကမ်းရိုးတန်းရှိ ပရာချော့ခီရီခန်းပြည်နယ်မှာ ဖြစ်ပွားခဲ့တဲ့ အဲဒီမတော်တဆမှုကြောင့် လူ ၃၂ ယောက်လည်း ဒဏ်ရာရရှိခဲ့ပါတယ်။ ယာဉ်တိုက်မှုဖြစ်ပွားရတဲ့ အကြောင်းရင်းကို အတည်မပြုနိုင်သေးပေမယ့် ယာဉ်မောင်းဟာ အိပ်ချိန်လုံလုံလောက်လောက်မရခဲ့ဘူးလို့ ရဲတွေက သံသယရှိနေပါတယ်။ ကယ်ဆယ်ရေးသမားတွေဟာ သေဆုံးသူတွေနဲ့ ဒဏ်ရာရသူတွေကို ကားထဲကနေ ဆွဲထုတ်ဖို့ နာရီပေါင်းများစွာ အချိန်ယူခဲ့ရတယ်လို့ တာဝန်ရှိသူတွေက ပြောပါတယ်။ မတော်တဆမှုဖြစ်ပွားခဲ့တဲ့ ပရာချော့ခရီခန်းပြည်နယ်ဟာ ကမ်းခြေတွေ၊ ဂူတွေနဲ့ တောင်တန်းတွေကြောင့် ခရီးသွားတွေအကြား ရေပန်းစားတဲ့ နေရာဖြစ်ပါတယ်။ ထိုင်းနိုင်ငံဟာ ကမ္ဘာပေါ်မှာ ယာဉ်မတော်တဆမှု အမြင့်ဆုံးနိုင်ငံဖြစ်ပြီး နှစ်စဉ် လူထောင်ပေါင်းများစွာ သေဆုံးလေ့ရှိပါတယ်။ ၂၀၂၂ ခုနှစ် တနှစ်တည်းမှာ…

Read More

မူဆယ် ၁၀၅ မိုင် အောင်သီရိ ဘုန်းကြီးကျောင်းမှာ ပြည်သူ ရာချီ ပိတ်မိနေပြီး ရေ၊ စားစရာ အခက်အခဲ ဖြစ်နေ

  ဒီဇင်ဘာ ၅၊ ၂၀၂၃ Shy V (VOM) ရှမ်းပြည်နယ် မြောက်ပိုင်း၊ မူဆယ် ၁၀၅ မိုင် အောင်သီရိ ဘုန်းကြီးကျောင်းမှာ စစ်တပ်နဲ့ မြောက်ပိုင်း မဟာမိတ်အဖွဲ့တို့အကြား တိုက်ပွဲကြောင့် လက်ရှိ ပြည်သူ ရာချီ ပိတ်မိနေပြီး ရေ၊ စားစရာ အခက်အခဲ ဖြစ်နေကြောင်း ဒေသခံဆွေဆီက သိရပါတယ်။ “စားရေး သောက်ရေး‌တွေရော ခက်ခဲနေတယ်။ ပိတ်မိနေတာ ဘုန်းကြီးကျောင်းမှာ။ လူ ၆၀၀ ကျော်၊ ၇၀၀ နီးပါး ပိတ်မိ‌နေတာ အောင်သီရိဘုန်းကြီးကျောင်းမှာ။ ဟိုနေ့က (ဖုန်း) ခဏရလိုက်တယ်။ ကြိုးစားထွက်ကြတယ်။ ထွက်မရကြဘူးတဲ့။” လို့ ‌ဒေသခံ မိန်းကလေး တယောက်က ပြောပါတယ်။ မူဆယ် ၁၀၅ မိုင်မှာတော့ နှစ်ဖက်တိုင်ပွဲကြောင့် မီးမရတော့သလို ရေလည်းမရတော့တဲ့အပြင် ဖုန်းလိုင်းတွေလည်း မရတော့ဘူး လို့ သူက…

Read More

အိမ်သုံးမီတာလျှောက်ခ အရင်ထက် နှစ်ဆပေးရလို့ ပြည်သူတွေ အခက်တွေ့

  ဒီဇင်ဘာ ၅ – ၂၀၂၃ SN (VOM) ရန်ကုန်မှာ အိမ်သုံးမီတာတွေ အသစ်ပြန်လည်လျှောက်ထားရာမှာ အရင်က တပ်ဆင်ခ ကျပ် တသိန်းနှစ်သောင်းသာ ပေးရပေမယ့် အခုအခါ ကုန်ကျစရိတ် နှစ်သိန်းခွဲအထိရှိပြီး နှစ်ဆနီးပါးတက်သွားတာကြောင့် အခက်တွေ့နေရတယ်လို့ မြို့ခံတွေဆီက သိရပါတယ်။ အိမ်သုံးမီတာလျှောက်ထားရာမှာ သတ်မှတ်ကြေး နှုန်းထားတွေကို ဒီဇင်ဘာ ၁ ရက်မှစတင်ကာ ကျပ် နှစ်သိန်းခွဲအထိ တိုးမြှင့်ကောက်သွားမယ်လို့ လျှပ်စစ်စွမ်းအားဝန်ကြီးဌာနက ကြေညာချက် ထုတ်ပြန်ထားတာ ဖြစ်ပါတယ်။ “အစစအရာရာ ကြပ်တည်းနေတဲ့ အချိန်မှာ မီတာတပ်ဆင်ခက နှစ်ဆ ကျော်ကျော်လောက် ဖြစ်သွားတာတော့ လွန်တာပေါ့။ ဒါပေမယ့်လည်း ‌သူတို့တောင်းသမျှ ဒီအချိန်မှာက မပေးလို့မှ မရတာ။ ပြန်လျှောက်ရတာတော့ လွယ်ပါတယ်။ ပိုက်ဆံ ဖောဖောသီသီ သုံးနိုင်ရင် လျှောက်ရ လွယ်ပါတယ်။ ဖောင်ကြေးကတော့ အရင်က တထောင်ပဲပေးရပေမယ့် အခု တသောင်းဖြစ်သွားပြီ။…

Read More

ယနေ့ နိုင်ငံခြားငွေလဲလှယ်နှုန်း (ဒီဇင်ဘာ-၅ ရက်)

  Voice of Myanmar -အမေရိကန်ဒေါ်လာ ရောင်းဈေး – ၃၅၁၀ ကျပ် ဝယ်ဈေး – ၃၄၆၀ ကျပ် -စင်္ကာပူဒေါ်လာ ရောင်းဈေး – ၂၅၃၅ ကျပ် ဝယ်ဈေး – ၂၄၈၅ ကျပ် -ယူရို ရောင်းဈေး – ၃၇၅၂ ကျပ် ဝယ်ဈေး – ၃၆၆၂ ကျပ် -ထိုင်းဘတ် ရောင်းဈေး – ၉၇.၅၆ ကျပ် ဝယ်ဈေး – ၉၅.၂၃ ကျပ် -မလေးရှားရင်းဂစ် ရောင်းဈေး – ၇၅၀ ကျပ် ဝယ်ဈေး – ၇၃၀ ကျပ် -တရုတ်ယွမ် ရောင်းဈေး – ၄၇၅ ကျပ် ဝယ်ဈေး – ၄၆၅ ကျပ် -ဂျပန်ယန်း ရောင်းဈေး…

Read More

ယနေ့ ရွှေဈေး (ဒီဇင်ဘာ- ၅ ရက်၊ နံနက် ၁၀ နာရီ)

  Voice of Myanmar -ကမ္ဘာ့ရွှေဈေး တအောင်စ ၂၀၃၄ ဒေါ်လာ -အခေါက်ရွှေ တကျပ်သား (ပြင်ပဈေးကွက်) ရောင်းဈေး ၃၇၀၀၀၀၀ ကျပ် ဝယ်ဈေး ၃၆၅၀၀၀၀ ကျပ် -၁၅ ပဲရည် တကျပ်သား ရောင်းဈေး ၃၅၀၀၀၀၀ ကျပ် ဝယ်ဈေး ၃၄၅၀၀၀၀ ကျပ် “လက်ရှိ ရွှေဈေးကွက်အတွင်း ဈေးနှုန်းအတက်အကျ မငြိမ်သေးတဲ့အတွက် ရောင်းမှား၊ ဝယ်မှား မဖြစ်ဖို့ သတိပြုစေလိုပါတယ်။” ရွှေဈေးနှုန်းများ အချိန်နှင့်အမျှ ပြောင်းလဲနိုင်သည်။

Read More

အိန္ဒိယမှာ ဆိုင်ကလုန်းမုန်တိုင်းကြောင့် လူရှစ်ယောက်သေဆုံး ၊ တမီလ်နာဒူနဲ့ အန်ဒရာပရာဒက်ရှ်မှာ အနီရောင် သတိပေးချက်ထုတ်ပြန်

  ဒေလီ၊ ဒီဇင်ဘာ-၅-၂၀၂၃ မျိုးးဆက်(VOM) ပြင်းထန်တဲ့ ဆိုင်ကလုန်းမုန်တိုင်း မိကျောင်းဟာ အိန္ဒိယနိုင်ငံ တောင်ပိုင်းကမ်းရိုးတန်းကို ဝင်ရောက်တိုက်ခတ်မှုကြောင့် မိုးသည်းထန်စွာရွာသွန်းခြင်း၊ လေပြင်းတိုက်ခတ်ခြင်းနဲ့ ရေကြီးရေလျှံမှုတွေ ဖြစ်ပွားခဲ့ပါတယ်။ မုန်တိုင်းတိုက်ခတ်မှုကြောင့် တမီလ်နာဒူပြည်နယ်နဲ့ အန်ဒရာပရာဒက်ရှ်ပြည်နယ်တွေရှိ မြေနိမ့်ပိုင်းနေသူ ထောင်ပေါင်းများစွာကို အာဏာပိုင်တွေက ဘေးလွတ်ရာကို ရွှေ့ပြောင်းပေးခဲ့ရပါတယ်။ ချိန်နိုင်းမြို့ရှိ လူနေရပ်ကွက်အများအပြားဟာလည်း ရေနစ်မြုပ်ပြီး ကားတွေ ရေထဲမျောပါခဲ့ကာ အိန္ဒိယရဲ့ အကြီးဆုံးလေဆိပ်တွေထဲက တစ်ခုဖြစ်တဲ့ ချန်နိုင်းလေဆိပ်ကိုလည်း ဒီဇင်ဘာ ၄ ရက်မှာ ပိတ်ထားခအေဲ့ရပါတယ်။ ချန်နိုင်းမြို့မှာတော့ အဆောက်အအုံပြိုကျမှုနဲ့ ဓါတ်လိုက်ခြင်းတွေကြောင့် လူခြောက်ယောက်သေဆုံးခဲ့ကြောင်း ချန်နိုင်းရဲတပ်ဖွဲ့က အတည်ပြုထားပါတယ်။ချန်ဂယ်ပါတူမြို့မှာတော့ လူနှစ်ယောက်သေဆုံးခဲ့တယ်လို့ ဆိုပါတယ်။ ဆိုင်ကလုန်းမုန်တိုင်း မိကျောင်းဟာ ဒီနေ့ ဒီဇင်ဘာ ၅ ရက်မနက်ပိုင်းမှာ အန်ဒရာပရာဒက်ရှ်ပြည်နယ် ကုန်တွင်းပိုင်းကို တနာရီလေတိုက်နှုန်း ၁၁၀ ကီလိုမီတာန့ ဝင်ရောက်ဖွယ်ရှိနေပြီး တမီလ်နာဒူနဲ့ အန်ဒရာပရာဒက်ရှ်ပြည်နယ်တို့မှာ အနီရောင်သတိပေးချက်ထုတ်ပြန်ထားပါတယ်။ Ref:BBC Photo:Reuters

Read More

This Day in History

Voice of Myanmar တောင်အာဖရိကတွင် လူမျိုးရေးခွဲခြားမှုနှင့် အသားအရောင်ခွဲခြားမှုကို အဆုံးသတ်ပြီး ငြိမ်းချမ်းစွာအသွင်ကူးပြောင်းရေး ဦးဆောင်ခဲ့သူ နယ်လ်ဆင်မင်ဒဲလားသည် အသက် ၉၅ နှစ်အရွယ် ၂၀၁၃ ခုနှစ် ဒီဇင်ဘာ ၅ ရက်တွင် ကွယ်လွန်ခဲ့သည်။

Read More
VOM News

FREE
VIEW