ဒီဇင်ဘာ ၇-၂၀၂၃
Voice Of Myanmar(VOM)
မန္တလေးတိုင်း၊ ပြင်ဦးလွင်ခရိုင်၊ မတ္တရာမြို့နယ်၊ တောင်ပြုံးကျေးရွာအုပ်စုမှာ ဒီကနေ့ နေ့လယ် ၁၂နာရီခန့်က မီးလောင်မှုဖြစ်ပွားခဲ့ပြီး နေအိမ်(၁၂)လုံး မီးထဲပါသွားတယ်လို့ မီးသတ်ဦးစီးဌာနနဲ့ နီးစပ်သူတွေဆီက သိရပါတယ်။
“ကလေးက စက္ကူကို မီးနဲ့ဆော့ရာကနေ မီးစ လောင်တာပါ၊ နန်းကြီးရဲ့တောင်ဘက်နားကပေါ့၊ အိမ်ခြေ (၁၂)လုံးလောက် ပါသွားတယ်၊ “လို့ မီးသတ်နဲ့နီးစပ်သူတဦးကပြောပါတယ်။
နေအိမ်အိပ်ခန်းထဲက ခုတင်ဘေးမှာ (၅)နှစ်အရွယ်ကလေးဖြစ်သူက စက္ကူကို မီးခြစ်နဲ့ဆော့ကစားရာကနေ မွေ့ယာပေါ်ကို မီးစကျကာ မီးစတင်လောင်ကျွမ်းခဲ့တာဖြစ်ပြီး မီးလောင်မှုကြောင့် နေအိမ်(၁၂)လုံးနဲ့ မီးသတ်တွက်ချက်တန်ဖိုးငွေ သိန်း(၆၀)နီးပါး ဆုံးရှုံးခံ့တယ်လို့ သိရပါတယ်။
မီးလောင်မှုကို မတ္တရာမြို့နယ်၊ တောင်ပြုံးကျေးရွာ ၊ ပုသိမ်ကြီးမြို့နယ်၊ အောင်မြေသာဇံမြို့နယ်တို့မှ စုစုပေါင်း သန္ဓေတပ်ဖွဲ့ဝင်(၃၀)ဦး၊ အရန်မီးသတ်တပ်ဖွဲ့ဝင် (၁၂၀)ဦး၊ မီးငြှိမ်းသတ်ယာဉ်(၁၀)စီး၊ မီးသတ်ယာဉ်(၁၂)စီးတို့ဖြင့် မီးငြိမ်းသတ်ခဲ့တယ်လို့ သိရပါတယ်။
မီးလောင်မှုဖြစ်စဉ်နဲ့ ပတ်သက်ပြီး အသက်(၅)နှစ်အရွယ် ကလေးရဲ့အဖေဖြစ်သူ အား မတ္တရာမြို့မရဲစခန်းမှ (ပ) ၁၈၅ /၂၀၂၃ ရာဇသတ်ကြီးပုဒ်မ ၂၈၅ နဲ့ အမှုဖွင့်အရေးယူထားတယ်လို့ သိရပါတယ်။
Photo Crd – Original Uploader