ဘန်ကောက်၊ ဒီဇင်ဘာ-၈-၂၀၂၃ မျိုးဆက်(VOM) မြန်မာနိုင်ငံမှာဖြစ်ပွားနေတဲ့ တိုက်ပွဲတွေကြောင့် အိုးအိမ်စွန့်ခွာ ထွက်ပြေးနေရသူတွေအတွက် လူသားချင်းစာနာမှုဆိုင်ရာ အကူအညီတွေတိုးမြှင့်ပေးဖို့ လုပ်ငန်းအဖွဲ့ဖွဲ့စည်းပြီး အခြားအကူအညီပေးရေး အေဂျင်စီတွေနဲ့ ပူးပေါင်းဆောင်ရွက်သွားမယ်လို့ ထိုင်းနိုင်ငံခြားရေးဝန်ကြီးဌာနက ဒီနေ ဒီဇင်ဘာ ၈ ရက်မှာ ထုတ်ပြန်ပါတယ်။ ဒီကိစ္စကို အကောင်အထည်ဖော်ဖို့ မြန်မာဘက်က လုပ်ငန်းဖော်ဆောင်ရေးအဖွဲ့တဖွဲ့ကို များမကြာခင် ထိုင်းနိုင်ငံကို စေလွှတ်မှာဖြစ်တယ်လို့ နိုင်ငံခြားရေးဝန်ကြီးဌာနက ဆိုပါတယ်။ ကနဦးအဆင့် အကောင်အထည်ဖော်မှုအောင်မြင်ပါက အခြားသော အကူအညီပေးရေးအေဂျင်စီတွေကို အနာဂတ်မှာ အခန်းကဏ္ဍတခုအဖြစ်ပါဝင်ဖို့ ဖိတ်ခေါ်သွားမယ်လို့ ထုတ်ပြန်ထားပါတယ်။ တရုတ်နိုင်ငံမှာကျင်းပတဲ့ မဲခေါင်-လန်ချန်း ပူးပေါင်းဆောင်ရွက်ရေး အစည်းအဝေးမှာ မြန်မာဘက်က နိုင်ငံခြားရေးဝန်ကြီး ဦးသန်းဆွေနဲ့ ထိုင်းနိုင်ငံခြားရေးဝန်ကြီး ပရန်ပီးဘာဟစ်ဒါနူကာရာတို့ တွေ့ဆုံဆွေးနွေးပြီးနောက် ယခုကဲ့သို့ သဘောတူခဲ့တာဖြစ်ပါတယ်။ ဒီအစီအစဉ်ဟာ မြန်မာနိုင်ငံ၊ အာဆီယံအဖွဲ့နဲ့ နိုင်ငံတကာအသိုက်အဝန်းအကြား အပြုသဘောဆောင်တဲ့ ထိတွေ့ဆက်ဆံမှုတွေဆီကို ဦးတည်သွားဖို့ ထိုင်းနိုင်ငံကမျှော်လင့်ကြောင်း နိုင်ငံခြားရေးဝန်ကြီးဌာနရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။…
Read MoreDay: December 8, 2023
အာမေးနီးယားနဲ့ အဇာဘိုင်ဂျန်နိုင်ငံတို့ ငြိမ်းချမ်းရေး သဘောတူညီချက် လက်မှတ်ထိုးတော့မယ်
ယဲ့ရီဗန်၊ ဒီဇင်ဘာ-၈-၂၀၂၃ မျိုးဆက်(VOM) အာမေးနီးယားနဲ့ အဇာဘိုင်ဂျန်နိုင်ငံတို့ဟာ နှစ်နိုင်ငံဆက်ဆံရေးပုံမှန်ပြန်ဖြစ်စေဖို့ လုပ်ဆောင်သွားမှာဖြစ်ပြီး နာဂေါ်နို- ခါရာဘတ် တိုက်ပွဲအတွင်း ဖမ်းဆီးထားတဲ့ အကျဉ်းသားတွေကိုလည်း လဲလှယ်သွားမှာဖြစ်တယ်လို့ တာဝန်ရှိသူတွေက ပြောပါတယ်။ အိမ်နီးချင်းနှစ်နိုင်ငံအကြားအငြင်းပွားဖွယ်နယ်မြေနဲ့ ပတ်သက်ပြီး ဆယ်စုနှစ်များစွာပဋိပက္ခများဖြစ်ပွားနေခဲ့ပါတယ်။ နှစ်နိုင်ငံစလုံးစောင့်မျှော်ခဲ့ရတဲ့ ငြိမ်းချမ်းရေးအတွက် သမိုင်းဝင် အခွင့်အရေးတွေကို မြင်တွေ့ခဲ့ရတယ်လို့ ပူးတွဲထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။ နှစ်နိုင်ငံစလုံးအနေနဲ့ ငြိမ်းချမ်းရေးသဘောတူစာချုပ်ကိုယခုနှစ်ကုန်မှာ လက်မှတ်ရေးထိုးဖို့ မျှော်လင့်ထားကြောင်း တာဝန်ရှိသူတွေကဆိုပါတယ်။ ဒီကိစ္စအပေါ် ကြိုဆိုကြောင်းဥရောပကောင်စီဥက္ကဌ ချားလက်စ်မီရှဲကထုတ်ပြန်ထားပြီး အာမေးနီးယား-အဇာဘိုင်ဂျန်ဆက်ဆံရေးမှာ ကြီးမားတဲ့ အောင်မြင်မူလို့ဆိုပါတယ်။ နယ်မြေစိုးမိုးရေးအပေါ် အပြန်အလှန်လေးစားမှုကိုအခြေခံပြီး အပြည့်အဝငြိမ်းချမ်းရေး သဘောတူစာချုပ်ကို လက်မှတ်ရေးထိုးနိုင်ရေး လုပ်ဆောင်သွားမယ်လို့ အာမေးနီးယားနဲ့ အဇာဘိုင်ဂျန်တာဝန်ရှိသူတွေက ပြောပါတယ်။ ဒီသဘောတူညီချက်မှာ အီးယူ၊ ရုရှား၊ အမေရိကန်တို့ရဲ့ ကြားဝင်စေ့စပ်မှုနဲ့အတူ အာမေးနီးယားနဲ့ အဇာဘိုင်ဂျန်အစိုးရတို့အကြား အကြိမ်ပေါင်းများစွာတွေ့ဆုံဆွေးနွေးပြီးနောက် ရရှိခဲ့တာဖြစ်ပါတယ်။ Ref:BBC Photo:Getty Images
Read Moreပဲခူးမြို့ရှောင်လမ်းမှာ ဆီသယ်ယာဥ်တစီး တိမ်းမှောက်လို့ မီးလောင်မှု မဖြစ်ပွားအောင် ဆောင်ရွက်နေ
ပဲခူး ၊ ဒီဇင်ဘာ – ၈- ၂၀၂၃ (Voice Of Myanmar) ပဲခူးတိုင်း၊ ပဲခူးမြို့နယ်၊ မဲခုန်ကျေးရွာအုပ်စု၊ နန်းတော်ကုန်းကျေးရွာအနီးက ပဲခူးမြို့ရှောင်လမ်း မိုင်တိုင်အမှတ် ၃၃/ ၄ မှာ ဆီသယ်ယာဥ်တစိးတိမ်းမှောက်လို့ မီးလောင်မှုမဖြစ်ပွားအောင် ဆောင်ရွက်နေတယ်လို့ မြန်မာနိုင်ငံ မီးသတ်တပ်ဖွဲ့က ထုတ်ပြန်ထားပါတယ်။ ဒီကနေ့မနက်ကလည်း မန္တလေးတိုင်း၊ ကျောက်ဆည်မြို့ မြို့ရှောင်လမ်းမှာ ဆီသယ်ယာဥ်တစီး နောက်တွဲပြုတ်ပြီး မီးလောင်မှုဖြစ်ပွားခဲ့ပါတယ်။
Read Moreကျောက်ဆည်မြို့ရှောင်လမ်းမှာ ဆီသယ်ယာဥ်တစီး မီးလောင်မှုဖြစ်ခဲ့
မန္တလေး၊ ဒီဇင်ဘာ – ၈ – ၂၀၂၃ (Voice Of Myanmar) မန္တလေးတိုင်း၊ ကျောက်ဆည်မြို့ မြို့ရှောင်လမ်းမှာ ဒီကနေ့မနက် ၈ နာရီ က ဆီသယ်ယာဥ်တစီး နောက်တွဲပြုတ်ပြီး မီးလောင်မှုဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။ အဲ့ဒီဖြစ်စဥ်ကို ကျောက်ဆည်ခရိုင်နဲ့ မြို့နယ်မီးသတ်တပ်ဖွဲ့က မီးငြှိမ်းသတ်ယာဥ်နှစ်စီး၊ ရေသယ်ယာဥ် လေးစီး၊ စဥ့်ကိုင်မြို့နယ်မီးသတ်စခန်းက ရေသယ်ယာဥ် တစီး၊ တံတားဦးမြို့နယ် မီးသတ်စခန်းက ရေသယ်ယာဥ် တစီး တို့တဲ့ သွားရောက်ငြှိမ်းသတ်ခဲ့ပြီး ၉ နာရီ မိနစ် ၃၀ မှာ မီးငြှိမ်းသတ်နိုင်ခဲ့တယ်လို့ မြန်မာနိုင်ငံ မီးသတ်တပ်ဖွဲ့က ထုတ်ပြန်ထားတာကိုတွေ့ရပါတယ်။
Read Moreယနေ့ နိုင်ငံခြားငွေလဲလှယ်နှုန်း (ဒီဇင်ဘာ-၈ ရက်)
Voice of Myanmar -အမေရိကန်ဒေါ်လာ ရောင်းဈေး – ၃၅၅၀ ကျပ် ဝယ်ဈေး – ၃၄၈၀ ကျပ် -စင်္ကာပူဒေါ်လာ ရောင်းဈေး – ၂၅၇၅ ကျပ် ဝယ်ဈေး – ၂၅၂၅ ကျပ် -ယူရို ရောင်းဈေး – ၃၈၀၇ ကျပ် ဝယ်ဈေး – ၃၆၉၈ ကျပ် -ထိုင်းဘတ် ရောင်းဈေး – ၉၉.၀၀ ကျပ် ဝယ်ဈေး – ၉၆.၁၅ ကျပ် -မလေးရှားရင်းဂစ် ရောင်းဈေး – ၇၅၈ ကျပ် ဝယ်ဈေး – ၇၃၈ ကျပ် -တရုတ်ယွမ် ရောင်းဈေး – ၄၈၂ ကျပ် ဝယ်ဈေး – ၄၇၀ ကျပ် -ဂျပန်ယန်း ရောင်းဈေး…
Read Moreယနေ့ ရွှေဈေး (ဒီဇင်ဘာ- ၈ ရက်၊ နံနက် ၁၀ နာရီ)
Voice of Myanmar -ကမ္ဘာ့ရွှေဈေး တအောင်စ ၂၀၃၂ ဒေါ်လာ -အခေါက်ရွှေ တကျပ်သား (ပြင်ပဈေးကွက်) ရောင်းဈေး ၃၇၆၅၀၀၀ ကျပ် ဝယ်ဈေး ၃၇၂၀၀၀၀ ကျပ် -၁၅ ပဲရည် တကျပ်သား ရောင်းဈေး ၃၅၆၀၀၀၀ ကျပ် ဝယ်ဈေး ၃၅၁၅၀၀၀ ကျပ် “လက်ရှိ ရွှေဈေးကွက်အတွင်း ဈေးနှုန်းအတက်အကျ မငြိမ်သေးတဲ့အတွက် ရောင်းမှား၊ ဝယ်မှား မဖြစ်ဖို့ သတိပြုစေလိုပါတယ်။” ရွှေဈေးနှုန်းများ အချိန်နှင့်အမျှ ပြောင်းလဲနိုင်သည်။
Read Moreဒေါ်လာဈေး အလှုပ်အခတ်နဲ့ နောက်ဆက်တွဲ ဂယက်
ဒီဇင်ဘာ ၇ – ၂၀၂၃ SN (VOM) လက်ရှိ ငွေလဲဈေးကွက်အတွင်း ဒေါ်လာဈေးတွေ မြင့်တက်လာနေသလို နောက်ဆက်တွဲဂယက်အနေနဲ့ စက်သုံးဆီ ဝယ်မရတာ၊ အိမ်သုံးဂက်စ်နဲ့ ဆေးဝါးပစ္စည်းတွေ ပြတ်လပ်တာအပြင် တခြားသော ကုန်ပစ္စည်းဈေးနှုန်းတွေလည်း အပြိုင်အဆိုင် မြင့်တက်လို့လာနေပါတယ်။ ငွေလဲဈေးတွေဟာ ဗဟိုဘဏ်ရဲ့ နိုင်ငံခြားငွေလဲဈေးကွက် ဖွင့်ပေးလိုက်တယ်ဆိုတဲ့ ဒီဇင်ဘာ ၅ ရက်နေ့ ထုတ်ပြန်ချက် ထွက်ပေါ်လာပြီးနောက်ပိုင်း အတက်ဘက်ကို ပိုမို ရောက်ရှိနေတာ ဖြစ်ပါတယ်။ “အခုလို ငွေလဲဈေးတွေ မြင့်တက်လာတာက ဗဟိုဘဏ်ထုတ်ပြန်ချက်နဲ့ သိပ်ကို ဆက်စပ်တာပေါ့။ ကျွန်တော်ပြောခဲ့သလိုပါပဲ။ ထိန်းချုပ်မှုမရှိရင်တော့ စီးပွားရေးလုပ်ငန်းရှင်က တက်ဖို့ ချောင်းနေမှာပဲလေ။ အဲဒါ စီးပွားရေးလုပ်ငန်းရှင်တွေက မရိုးသားတာတွေ အများကြီးပါတယ်။ အဲ့ဒါကြောင့် control လုပ်သင့်တယ်လို့ ကျွန်တော်အမြဲတမ်းပြောတာလေ။ control မပါဘဲနဲ့ ဘယ်လောက်အထိ သွားနိုင်မလဲ။ ကျွန်တော်တို့နိုင်ငံက သမားရိုးကျနိုင်ငံမဟုတ်ဘူးလေ။ အဓိက…
Read Moreရုရှားသမ္မတ ရွေးကောက်ပွဲ လာမယ့်နှစ် မတ်လမှာ ကျင်းပတော့မယ်
မော်စကို၊ ဒီဇင်ဘာ-၈-၂၀၂၃ မျိုးဆက်(VOM) ရုရှားသမ္မတရွေးကောက်ပွဲကို လာမယ့်နှစ်မတ်လ ၁၇ ရက်မှာကျင်းပသွားမှာဖြစ်ကြောင်း ရွေးကောက်ပွဲကော်မရှင် တာဝန်ရှိသူတွေက အတည်ပြုပြောဆိုလိုက်ပါတယ်။ ရွေးကောက်ပွဲကျင်းပမယ့် အချိန်ကို ကြေညာပြီးနောက်မှာ လက်ရှိသမ္မတပူတင်ဟာ သူ့ရဲ့ ပဉ္စမမြောက်သက်တမ်းအတွက် သမ္မတလောင်းအဖြစ် မကြာခင်ကြေညာမယ်လို့ ထင်ကြေးပေးမှုတွေလည်း ထွက်ပေါ်နေပါတယ်။ ရွေးကောက်ပွဲမှာ ရုရှားသိမ်းပိုက်ထားတဲ့ ယူကရိန်းနယ်မြေတွေမှာ ရွေးကောက်ပွဲကျင်းပခြင်းပြုမပြုကိုလည်း ရွေးကောက်ပွဲကော်မရှင်က ဆုံးဖြတ်သွားမှာဖြစ်ပါတယ်။ သမ္မတပူတင် ရွေးကောက်ပွဲဝင်မဝင် ရှင်းလင်းစွာမသိရသေးပေမယ့် ရွေးကောက်ပွဲကျင်းပမယ့် နေ့ရက်အချိန်သိရှိပြီးရင် သူ့ရဲ့ အစီအစဉ်တွေနဲ့ပတ်သက်ပြီး ကြေညာသွားမယ်လို့ ပူတင်က ပြောဆိုထားပါတယ်။ သူ့ရဲ့ နှစ်ပတ်လည်သတင်းစာရှင်းလင်းပွဲကို ဒီဇင်ဘာ ၁၄ ရက်မှာ ကျင်းပဖို့ ပူတင်က စီစဉ်ထားပြီး ပူတင်အစိုးရကို ထောက်ခံတဲ့ အာဏာရ ယူနိုက်တက်ရုရှားပါတီရဲ့အစည်းအဝေးကိုတော့ ဒီဇင်ဘာ ၁၇ ရက် ပြုလုပ်ဖို့ စီစဉ်ထားပါတယ်။ Ref: NHK Photo:AP
Read MoreThis Day in History
Voice of Myanmar ကမ္ဘာပတ်လမ်းကြောင်းအတွင်းသို့ ပထမဆုံးသွားရောက်ခဲ့ပြီး အမျိုးသားသူရဲကောင်းအဖြစ် အသိအမှတ်ပြုခံခဲ့ရသူ အမေရိကန်အာကာသယာဉ်မှူးနှင့် နိုင်ငံရေးသမား ဂျွန်ဂလန်းသည် အသက် ၉၅ နှစ်အရွယ် ၂၀၁၆ ခုနှစ် ဒီဇင်ဘာ ၈ ရက်တွင် ကွယ်လွန်ခဲ့သည်။
Read More