တောင်တရုတ်ပင်လယ်အရေး တရုတ်နဲ့တင်းမာမှုတွေ တိုးလာပြီး ပိုမိုရှုပ်ထွေးလာတယ်လို့ ဖိလစ်ပိုင်သမ္မတ ပြော

 

တိုကျို၊ ဒီဇင်ဘာ-၁၇-၂၀၂၃

မျိုးဆက်(VOM)

တောင်တရုတ်ပင်လယ်အရေး တရုတ်နိုင်ငံနဲ့ တင်းမာမှုတွေ မကြာသေးမီက မြင့်တက်လာခဲ့ကြောင်း ဖိလစ်ပိုင်သမ္မတ မားကို့စ်ဂျူနီယာက NHK နဲ့ သီးသန့်အင်တာဗျူးမှာ ထုတ်ဖော်ပြောဆိုလိုက်ပါတယ်။

သူဟာ ဂျပန်-အာဆီယံ အထူးထိပ်သီးဆွေးနွေးပွဲတက်ရောက်ဖို့ တိုကျိုကို ရောက်ရှိနေတာဖြစ်ပြီး ဂျပန်နဲ့ အာဆီယံတို့အနေနဲ့ စီးပွားရေးကိစ္စတွေဆောင်ရွက်နေသလို လုံခြုံရေးနယ်ပယ်မှာလည်း ပူးပေါင်းဆောင်ရွက်မှုတွေကို တိုးမြှင့်သင့်တယ်လို့ သူက ဆိုပါတယ်။

တရုတ်နဲ့တင်းမာမှုတွေဟာ မကြာသေးခင်လတွေမှာ တိုးပွားလာသလို ပိုမိုရှုပ်ထွေးလာနေပြီး အစည်းအဝေးတက်ရောက်လာတဲ့နိုင်ငံတွေအနေနဲ့ ငြိမ်းချမ်းရေးကို ထိန်းသိမ်းနည်း ရှာသင့်တယ်လို့ မားကို့စ်ဂျူနီယားက ပြောပါတယ်။

တရုတ်ကမ်းခြေစောင့်သင်္ဘောတွေဟာ မကြာသေးမီကလည်း ဖိလစ်ပိုင်သင်္ဘောတွေကို ရေအမြောက်တွေနဲ့ ပစ်ခတ်ပြီး တောင်တရုတ်ပင်လယ်အတွင်း ရေကြောင်းသွားလာမှုတွေကို ဟန့်တားခဲ့ပါတယ်။

ဖိလစ်ပိုင်၊ အမေရိကန်၊ ဂျပန် သုံးနိုင်ငံ ပူးပေါင်းဆောင်ရွက်မှုကို အားကောင်းစေဖို့လုပ်ဆောင်သွားမှာဖြစ်ပြီး ပူးတွဲစစ်ရေးလေ့ကျင့်မှုတွေ ပြုလုပ်သွားမှာဖြစ်ကြောင်း ဖိလစ်ပိုင်သမ္မတ မားကို့စ်ဂျူနီယာက ပြောပါတယ်။

Ref:NHK

Photo:AFP

 

Related posts

Leave a Comment

VOM News

FREE
VIEW