မော်စကို၊ ဒီဇင်ဘာ-၂၅-၂၀၂၃
မျိုးဆက်(VOM)
ရုရှာနိုင်ငံဟာ ယခုနှစ်အတွင်း အလုပ်သမားရှားပါး ပြတ်လပ်မှုနဲ့ အပြင်းအထန်ကြုံတွေ့နေရတယ်လို့ ရုရှားထိပ်တန်း သတင်းစာတစောင်ဖြစ်တဲ့ Izvestia က ရေးသားဖော်ပြထားပါတယ်။
ရေးသားဖော်ပြမှုတွေဟာ ရုရှားသုတေသနအင်စတီကျုရဲ့ အချက်အလက်တွေကို အခြေခံထားပြီး အလုပ်သမားရှားပါး ပြတ်လပ်မှုဟာ ၂၀၂၄ ခုနှစ်မှာ ပိုမိုဆိုးရွားလာမယ်လို့ ဆိုပါတယ်။
ယခုနှစ်မှာတော့ ရုရှားမှာ အလုပ်သမား ၄ သဒမ ၈ သန်းထိကျဆင်းခဲ့ပြီး ဒါဟာ နိုင်ငံလုပ်သားအင်အားရဲ့ ၆ ရာခိုင်နှုန်းကျော်ကို ကိုယ်စားပြုနေပါတယ်။ ရုရှားဗဟိုဘဏ်အုပ်ချုပ်ရေးမှူးကလည်း အလုပ်သမားရှားပါးမှုနဲ့ ပတ်သက်ပြီး စိုးရိမ်ပူပန်ကြောင်း ထုတ်ဖော်ပြောဆိုထားပါတယ်။
ရုရှားဟာ ယူကရိန်းကို ပြီးခဲ့တဲ့နှစ်က ကျူးကျော်တိုက်ခိုက်ပြီးနောက် အလုပ်သမားဦးရေ ကျဆင်းလာပြီး အများအပြားဟာ နိုင်ငံကနေ စွန့်ခွာပြီး ပြည်ပနိုင်ငံတွေကို သွားရောက့်ကြပါတယ်။
လာမယ့်နှစ်ထိ အိုင်တီကျွမ်းကျင်သူတွေ၊ အင်ဂျင်နီယားတွေ၊ ဆရာဝန်တွေနဲ့ ယာမောင်းရှားပါးမှုပြသနာဟာ လာမယ့်နှစ်ထိ ဆက်လက်ရှိနေဦးမယ်လို့ ဗဟိုဘဏ်အုပ်ချုပ်ရေးမှူးက သတိပေးထားပါတယ်။
ဒီပြသနာဟာ ရုရှားရဲ့ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုအတွက် ခက်ခဲစေမယ့် ကျွမ်းကျင်သူတွေက ပြောဆိုထားပြီး လက်ရှိမှာလည်း ရုရှားဟာ အနောက်နိုင်ငံတွေရဲ့ အရေးယူပိတ်ဆို့မှုတွေကြောင့် စီးပွားရေးထိခိုက်လျှက်ရှိနေပါတယ်။
Ref: NHK
Photo: AFP