ထိုင်းတောင်ပိုင်းမှာ မိုးသည်းထန်စွာရွာသွန်းမှုကြောင့် လူထောင်ပေါင်းများစွာ ရေဘေးသင့်

 

ဘန်ကောက်၊ ဒီဇင်ဘာ-၂၆-၂၀၂၃

မျိုးဆက်(VOM)

ထိုင်းနိုင်ငံတောင်ပိုင်းမှာ မိုးသည်းထန်စွာရွာသွန်းပြီး ရေကြီးရေလျှံမှုတွေကြောင့် လူထောင်ပေါင်းများစွာ ရေဘေးသင့်နေကြောင်း တာဝန်ရှိသူတွေကပြောပါတယ်။

ရေကြီးရေလျှံမှုတွေကြောင့် ယာလာနဲ့ နာရသီဝပ်ပြည်နယ်တွေရှိ စာသင်ကျောင်း တဒါဇင်ကျော်ကို ပိတ်ထားရပြီး နေအိမ်တွေနဲ့ ဈေးဆိုင်တွေ ရေနစ်မြုပ်နေကာ ဒေသခံတွေဟာ နေအိမ်အပေါ်ထပ်တွေမှာ ခိုလှုံနေကြရပါတယ်။

မိုးသည်းထန်စွာရွာသွန်းမှုတွေကြောင့် ဒီဇင်ဘာ ၂၂ ရက်နောက်ပိုင်း ထိုင်းပင်လယ်ကွေ့နဲ့ ကပ္ပလီပင်လယ်ပြင်တို့မှာ စက်လှေခုနှစ်စင်းထက်မနည်း နစ်မြုပ်ခဲ့ကြောင်း တာဝန်ရှိသူတွေက ဆိုပါတယ်။

ရထားလမ်းတွေလည်း ရေနစ်ပျက်စီးခဲ့ပြီး မလေးရှားနယ်စပ်ကနေ တောင်ဘက်ကို ဦးတည်သွားရောက်မယ့် ရထားတွေဟာ ယာလာပြည်နယ်မှာ ရပ်တန့်နေကြရပါတယ်။

များမကြာမီရက်တွေအတွင်း ရေဘေးအခြေအနေပိုမိုဆိုးရွားလာပါက ပြည်နယ်တွင်းရှိ ဒေသခံတွေကို ဘေးလွတ်ရာကို ရွှေ့ပြောင်းကြဖို့ ထိုင်းအာဏာပိုင်တွေက ညွှန်ကြားထားပါတယ်။

Ref:AFP

Photo:AFP

 

Related posts

Leave a Comment

VOM News

FREE
VIEW