ဂါဇာမှာ လူမျိုးတုန်းသတ်ဖြတ်မှု ကျူးလွန်တယ်ဆိုကာ အစ္စရေးကို အိုင်စီဂျေမှာ တောင်အာဖရိက တိုင်ကြား

    ကိပ်တောင်း၊ ဒီဇင်ဘာ-၃၀-၂၀၂၃ မျိုးဆက်(VOM) အစ္စရေးဟာ ဂါဇာကမ်းမြှောင်ဒေသမှာ လူမျိုးတုန်းသတ်ဖြတ်မှုတွေ နဲ့ပတ်သက်ပြီး အစ္စရေးကို တောင်အာဖရိကနိုင်ငံ အိုင်စီဂျေမှာ တရားစွဲဆိုလိုက်ပါတယ်။ လူမျိုးတုန်းသတ်ဖြတ်မှုဆိုင်ရာ ကွန်ဗင်းရှင်းကို အစ္စရေးက ချိုးဖောက်ကြောင်း အိုင်စီဂျေမှာ တောင်အာဖရိကက တိုင်ကြားမှုနဲ့ပတ်သက်ပြီး အိုင်စီဂျေကလည်း အတည်ပြုထားပါတယ်။ အစ္စရေးကတော့ ဒီလိုစွပ်စွဲတိုင်ကြားမှုဟာ အခြေအမြစ်မရှိကြောင်း ပြောဆိုထားပါတယ်။ တောင်အာဖရိကရဲ့ အသရေဖျက်မှုဟာ ရွံ့ရှာဖွယ်ဖြစ်ကြောင်း အစ္စရေး ကာကွယ်ရေးဝန်ကြီးဌာနက ထုတ်ပြန်ထားပါတယ်။ နယ်သာလန်နိုင်ငံ သည်ဟိဂ်အခြေစိုက် အိုင်စီဂျေတရားရုံးဟာ ကုလသမဂ္ဂရဲ့ တရားဝင်အဖွဲ့အစည်းဖြစ်ပြီး နိုင်ငံများအကြား အငြင်းပွားမှုတွေကို ဖြေရှင်းပေးတဲ့ တရားရုံးဖြစ်ပါတယ်။ အစ္စရေးက အိုင်စီဂျေမှာ တိုင်ကြားမှုဟာ လူသားမျိုးနွယ်အပေါ် ကျူးလွန်တဲ့ ရာဇဝတ်မှုတွေကို တားဆီးဖို့ တာဝန်ရှိတာကြောင့်ဖြစ်တယ်လို့ တောင်အာဖရိကသမ္မတကပြောပါတယ်။ စာမျက်နှာ ၈၄ မျက်နှာပါတဲ့ အဲဒီတိုင်ကြားချက်မှာတော့ ပါလက်စတိုင်းအမျိုးသား အမျိုးသမီးနဲ့ လူမျိုးရေးအရ ကြီးမားတဲ့ အသိုက်အဝန်းကို ဖျက်ဆီးဖို့ရည်ရွယ်နေတာဟာ…

Read More

မုံရွာနယ်မှာ ဒေသတွင်း လက်နက်ကိုင်အဖွဲ့ေတွက သိမ်းထားတဲ့ ကား ခုနှစ်စီး နစကက ပြန်လည်သိမ်းဆည်း ရမိ

  ဒီဇင်ဘာ ၊ ၃၀ ၊ ၂၀၂၃ SP(VOM) စစ်ကိုင်းတိုင်း၊ မုံရွာမြို့နယ် ၊ ညောင်ပင်ရွာသစ် ကျေးရွာနားမှာ မနေ့ ဒီဇင်ဘာ ၂၉ ရက် မနက် အစောပိုင်းက နစကတပ်ဖွဲ့နဲ့ ဒေသတွင်း လက်နက်ကိုင်အဖွဲ့တွေကြား ထိတွေ့တိုက်ပွဲတွေ ဖြစ်ပွားပြီး ကားေတွအပြင် လက်နက်တချို့ နစကတပ်ဖွဲ့က သိမ်းဆည်းခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။ ” ကျောက္ကာ ရွှေဂူနီ ဘုရားနဲ့ ခတ္တက္ကန် ဗောဓိတထောင် ဘုရားဆီ ဖောက်ထားတဲ့ လမ်းမှာရှိတဲ့ ညောင်ပင်ရွာသစ်ကျေးရွာဆိုတာ ရှိတယ် ၊ မနေ့ မနက်ပိုင်းက အဲ့ဒီရွာနားမှာ တိုက်ပွဲဖြစ်တယ် ၊ ထိခိုက်သေဆုံးတာတွေရှိတယ် ၊ တောင်မာတောရွာဘက်မှာ အရပ်သား နှစ်ယောက်နဲ့ ဒေသတွင်း လက်နက်ကိုင် အဖွဲ့တွေဘက်က နှစ်ယောက် သေတယ်လို့ ကြားရတယ် ၊ ဘယ်သူဘယ်ဝါဆိုတာတော့ မသိရသေးဘူး…

Read More

ယနေ့ နိုင်ငံခြားငွေလဲလှယ်နှုန်း (ဒီဇင်ဘာ- ၃၀ ရက်)

    Voice of Myanmar -အမေရိကန်ဒေါ်လာ ရောင်းဈေး – ၃၄၅၀ ကျပ် ဝယ်ဈေး – ၃၄၀၀ ကျပ် -စင်္ကာပူဒေါ်လာ ရောင်းဈေး – ၂၆၁၀ ကျပ် ဝယ်ဈေး – ၂၅၆၀ ကျပ် -ယူရို ရောင်းဈေး – ၃၈၂၆ ကျပ် ဝယ်ဈေး – ၃၇၃၀ ကျပ် -ထိုင်းဘတ် ရောင်းဈေး – ၉၉.၅၀ ကျပ် ဝယ်ဈေး – ၉၇.၀၀ ကျပ် -မလေးရှားရင်းဂစ် ရောင်းဈေး – ၇၄၈ ကျပ် ဝယ်ဈေး – ၇၃၃ ကျပ် -တရုတ်ယွမ် ရောင်းဈေး – ၄၈၀ ကျပ် ဝယ်ဈေး – ၄၇၀ ကျပ် -ဂျပန်ယန်း…

Read More

ယနေ့ ရွှေဈေး (ဒီဇင်ဘာ- ၃၀ ရက်၊ နံနက် ၁၀ နာရီ)

  Voice of Myanmar -ကမ္ဘာ့ရွှေဈေး တအောင်စ ၂၀၆၂ ဒေါ်လာ -အခေါက်ရွှေ တကျပ်သား (ပြင်ပဈေးကွက်) ရောင်းဈေး ၃၇၁၀၀၀၀ ကျပ် ဝယ်ဈေး ၃၆၇၀၀၀၀ ကျပ် -၁၅ ပဲရည် တကျပ်သား ရောင်းဈေး ၃၅၁၀၀၀၀ ကျပ် ဝယ်ဈေး ၃၄၇၀၀၀၀ ကျပ် “လက်ရှိ ရွှေဈေးကွက်အတွင်း ဈေးနှုန်းအတက်အကျ မငြိမ်သေးတဲ့အတွက် ရောင်းမှား၊ ဝယ်မှား မဖြစ်ဖို့ သတိပြုစေလိုပါတယ်။” ရွှေဈေးနှုန်းများ အချိန်နှင့်အမျှ ပြောင်းလဲနိုင်သည်။

Read More

တရုတ် ကာကွယ်ရေးဝန်ကြီးသစ်အဖြစ် ရေတပ်တပ်မှူးဟောင်း ဒေါင်ဂျွန် ခန့်အပ်ခံရ

  ပေကျင်း ၊ ဒီဇင်ဘာ-၃၀-၂၀၂၃ မျိုးဆက်(VOM) တရုတ်နိုင်ငံဟာ ယခင်ကာကွယ်ရေးဝန်ကြီးကို ရာထူးကနေ တရားဝင်ထုတ်ပယ်ပြီး နှစ်လအကြာမှာ ကာကွယ်ရေးဝန်ကြီးသစ်အဖြစ် ရေတပ်တပ်မှူးဟောင်းဖြစ်သူ ဒေါင်ဂျွန်ကို ခန့်အပ်လိုက်ပါတယ်။ မနေ့က ဒီဇင်ဘာ ၂၉ ရက်မှာကျင်းပတဲ့ တရုတ်အမျိုးသားပြည်သူ့ကွန်ဂရက် အမြဲတမ်းကော်မတီ အစည်းအဝေးမှာ ဒေါင်ဂျွန်ကို ကာကွယ်ရေးဝန်ကြီးအဖြစ် တရားဝင်ခန့်အပ်ကြောင်း ကြေညာခဲ့တာ ဖြစ်ပါတယ်။ တရုတ်အစိုးရဟာ ယခုနှစ်အတွင်း ထိပ်တန်းရာထူးတာဝန်ရယူထားသူအချို့ကို ရာထူးတွေက ထုတ်ပယ်ခဲ့ပြီး ကာကွယ်ရေးဝန်ကြီး လီရှန်ဖူအပြင် နိုင်ငံခြားရေးဝန်ကြီး ချင်ဂန်းကိုလည်း ဇူလိုင်လမှာ ရာထူးကနေထုတ်ပယ်ခဲ့ပါတယ်။ သူတို့နှစ်ဦးစလုံးကို ထုတ်ပယ်လိုက်တာအတွက် အာဏာပိုင်တွေက အကြောင်းပြချက်တစုံတရာ ပေးတာမျိုးမရှိခဲ့ပါဘူး။ သူတို့နှစ်ဦးဟာ ရာထူးတာဝန်တွေမှာ ခုနှစ်လသာ တာဝန်ထမ်းဆောင်ခဲ့ရပါတယ်။ တရုတ်နိုင်ငံ ဒုံးကျည်ကာကွယ်ရေးအဖွဲ့ ထိပ်တန်းတာဝန်ရှိသူသုံးယောက်ကိုလည်း တရုတ်အစိုးရရဲ့ ထိပ်တန်းအကြံပေးအဖွဲ့ကနေ ယခုသီတင်းပတ်အတွင်းမှာ ဖယ်ရှားခဲ့တယ်လို့ နိုင်ငံပိုင်သတင်းဌာနကဖော်ပြထားပါတယ်။ မနေ့က ကျင်းပတဲ့ အမြဲတမ်းကော်မတီအစည်းအဝေးမှာ စစ်ဘက်အရာရှိကိုးယောက်ကို ရာထူးကနေ ဖယ်ရှားခဲ့ပြီး…

Read More

This Day in History

Voice of Myanmar အီရတ်သမ္မတဟောင်း ဆက်ဒမ်ဟူစိန်သည် လူသားမျိုးနွယ်အပေါ် ကျူးလွန်သည့် ရာဇဝတ်မှုများဖြင့် စီရင်ချက်ချခံရပြီးနောက် ၂၀၀၆ ခုနှစ် ဒီဇင်ဘာ ၃၀ ရက်တွင် ကွပ်မျက်ခံခဲ့ရသည်။

Read More

၂၀၂၃ ခုနှစ် မြန်မာ့စီးပွားရေး လည်ပြန် (၁)

    SN (VOM) ဒီဇင်ဘာ-၃၀-၂၀၂၃ မြန်မာနိုင်ငံရဲ့ စီးပွားရေး အခြေအနေ ပြန်လည် နာလန်ထူလာနိုင်ဖို့ အဟန့်အတားဖြစ်စေခဲ့တဲ့ ကိုဗစ်-၁၉ ကပ်ရောဂါအလွန်မှာ ပြည်တွင်းပဋိပက္ခတွေနဲ့အတူ စိန်ခေါ်မှုများစွာနဲ့ ရင်ဆိုင်ကြုံတွေ့နေရဆဲဖြစ်ပါတယ်။ အရင်နှစ်တွေကလိုပဲ လျှပ်စစ်ဓါတ်အား ပြတ်တောက်မှုတွေ၊ သယ်ယူပို့ဆောင်ရေးနဲ့ ဘဏ္ဍာရေးကဏ္ဍ အခက်အခဲတွေဟာ အခု ၂၀၂၃ ခုနှစ်မှာလည်း ဆက်လက် တည်ရှိနေခဲ့ပါတယ်။ ။ မြန်မာကျပ်ငွေ တန်ဖိုးကျဆင်းလာတာ၊ သွင်းအားစု ပြတ်တောက်တာ၊ သယ်ယူပို့ဆောင်ရေးစရိတ် မြင့်တက်လာတာတွေကြောင့် ပြည်ပသွင်းကုန်သွင်းအားစု အမျိုးအစားအားလုံး ဈေးမြင့်တက်လျက်ရှိကာ အမြတ်အစွန်း နည်းပါးမှုက ထပ်မံ ဖိစီးနေဆဲပါ။ မြန်မာ့စီးပွားရေးဟာ ၂၀၂၄ ခုနှစ်၊ မတ်လမှာကုန်ဆုံးမယ့် ဘဏ္ဍာနှစ်မှာ တနှစ်အတွင်း ၁ ရာခိုင်နှုန်းသာ တိုးတက်မယ်လို့ ကမ္ဘာ့ဘဏ်ရဲ့ ပြီးခဲ့တဲ့ ဒီဇင်ဘာ ၁၂ ရက်က ထုတ်ပြန်တဲ့ “ပဋိပက္ခကြားမှ စိန်ခေါ်မှုများ” လို့ အမည်ပေးထားတဲ့…

Read More

မန္တလေးမြို့မှာ အမျိုးသမီး ဒုရဲအုပ် တယောက် ပစ်သတ်ခံရ

    ဒီဇင်ဘာ ၊ ၂၉ ၊ ၂၀၂၃ SP ( VOM) မန္တလေးတိုင်း ၊ ချမ်းအေးသာစံမြို့ ၊ ၈၁ လမ်း ၊ ၂၈ နဲ့ ၂၉ လမ်း အကြားမှာ ဒီကနေ့ ညနေပိုင်းက ဒုရဲအုပ်မေသဥ္ဇာဝင်းပြည့်ဆိုတဲ့ အမျိုးသမီးတယောက် ပစ်သတ်ခံရတယ်လို့ နီးစပ်သူတွေဆီက သိရပါတယ်။ ” အမှတ် ၈ ရဲစခန်းက အမှုစစ် ရဲအရာရှိ တာဝန်ထမ်းဆောင်နေတဲ့ ရဲမေ တယောက် ပစ်ခံရတယ် ၊ သူက ရဲစခန်းကနေ နေအိမ်အပြန် လမ်းမှာ ပစ်ခံရတာဖြစ်လို့ နေရာမှာတင် ပွဲချင်းပြီး သေတယ် ” လို့ ရဲစခန်းနဲ့ နီးစပ်သူတယောက်က ပြောပါတယ်။ အဲ့ဒီဖြစ်စဥ်နဲ့ ပတ်သက်ပြီး မန္တလေးတိုင်း လုံခြုံရေးအဖွဲ့နဲ့ နီးစပ်သူတယောက်က ” အဲ့ဒီ…

Read More

Online Shopping လုပ်ငန်းတွေ မှတ်ပုံတင်ကြေးသတ်မှတ် ၊ မှတ်ပုံမတင်သူတွေကို အရေးယူမှု စတင်မယ်

    ရန်ကုန်၊ ဒီဇင်ဘာ ၂၉-၂၀၂၃ GG (VOM) အွန်လိုင်းကနေ ဝင်ငွေရတဲ့ စျေးရောင်းချမှုလုပ်ငန်းအားလုံးအတွက် မှတ်ပုံတင်ကြေး ၊ သက်တမ်းတိုးခြင်း ၊မှတ်ပုံတင်ပြီးသားလုပ်ငန်းကို အချက်အလက်ပြင်ဆင်ခြင်းအတွက် ဇန်နဝါရီလကစပြီး သတ်မှတ်နူန်းထားကောက်ခံသွားမယ်လို့ ကုန်သွယ်ရေးဦးစီးဌာနက အသိပေးလာပါတယ်။ ကုမ္ပဏီ ဒါမှမဟုတ် စီးပွားရေးအဖွဲ့အစည် းတွေက မှတ်ပုံတင်ကြေး ၇၀,၀၀၀ ကျပ်၊ သက်တမ်းတိုးကြေး ၇၀၀၀၀ ကျပ် နဲ့ ပြင်ဆင်ကြေးအဖြစ် တချက်ကို ၃၀၀၀ ကျပ်နှုန်း ကောက်ခံမှာဖြစ်တယ်လို့သိရပါတယ်။ SME လုပ်ငန်းဆိုင်ရာ အသိအမှတ်ပြုထားပြီး အထောက်အထားတစ်ခုခုပါတဲ့ ကုမ္ပဏီ ဒါမှမ ဟုတ် စီးပွားရေးအဖွဲ့အစည်းတွေအနေနဲ့ မှတ်ပုံတင်ကြေး ၅၀၀၀၀ ကျပ်၊ သက်တမ်းတိုးကြေး ၅၀၀၀၀ ကျပ် နဲ့ ပြင်ဆင်ကြေးအဖြစ် တချက်ကို ၃၀၀၀ ကျပ်နှုန်း သတ်မှတ်ထားတယ်လို့ိဆိုပါတယ်။ လူပုဂ္ဂိုလ်တစ်ဦးချင်းအနေနဲ့ အွန်လိုင်းစနစ်စျေးရောင်းချမှုဆိုင်ရာ မှတ်ပုံတင်ကြေးကိုတော့ ၃၀၀၀၀ ကျပ်သတ်မှတ်ထားပြီး…

Read More

ယနေ့ ရွှေဈေး (ဒီဇင်ဘာ- ၂၉ ရက်၊ ညနေ ၄ နာရီ)

Voice of Myanmar -ကမ္ဘာ့ရွှေဈေး တအောင်စ ၂၀၇၄ ဒေါ်လာ -အခေါက်ရွှေ တကျပ်သား (ပြင်ပဈေးကွက်) ရောင်းဈေး ၃၇၀၅၀၀၀ ကျပ် ဝယ်ဈေး ၃၆၆၅၀၀၀ ကျပ်မဖြစ်ဖို့ -၁၅ ပဲရည် တကျပ်သား ရောင်းဈေး ၃၅၀၅၀၀၀ ကျပ် ဝယ်ဈေး ၃၄၆၅၀၀၀ ကျပ် “လက်ရှိ ရွှေဈေးကွက်အတွင်း ဈေးနှုန်းအတက်အကျ မငြိမ်သေးတဲ့အတွက် ရောင်းမှား၊ ဝယ်မှား သတိပြုစေလိုပါတယ်။” ရွှေဈေးနှုန်းများ အချိန်နှင့်အမျှ ပြောင်းလဲနိုင်သည်။

Read More
VOM News

FREE
VIEW