This Day in History

Voice of Myanmar ကမ္ဘာ့ပထမဆုံး မီးပွိုင့်ကို လန်ဒန်ရှိ ဝက်မင်စတာ တံတားအနီးတွင် ၁၈၆၈ ခုနှစ် ဒီဇင်ဘာ ၉ ရက်၌ စိုက်ထူအသုံးပြုခဲ့သည်။ သို့သော် မီးလုံးတလုံး ပေါက်ကွဲမီးလောင်မှုကြောင့် စိုက်ထူပြီး တလအကြာတွင် ဖယ်ရှားခဲ့ရသည်။

Read More

တရားမင်လို့ ပုဂ္ဂိုလ်ခင်

  ဆူးငှက်     အထက်ဗမာ(မြန်မာ)နိုင်ငံ စာရေးဆရာအသင်းက နှစ်စဉ် နတ်တော်လဆန်း(၁)ရက်၊ စာဆိုတော်နေ့ အထိမ်းအမှတ်စာတမ်း ဖတ်ပွဲများကို မန္တလေးအနောက်ကျုံးလမ်း (လမ်း၈၀) ဓမ္မဗိမာန်မှာ နှစ်စဉ်မပျက် ကျင်းပခဲ့သည်။ အဆိုပါ စာတမ်းများကို စုစည်း၍ စာအုပ် အဖြစ် ပုံနှိပ်ထုတ်ဝေသည်။ ကျွန်တော်သည် “ပြည်သူချစ်သော အနုပညာသည်များ” စာအုပ်မှတစ်ဆင့် လူထုဒေါ်အမာ၏ မြန်မာ့အနုပညာဆိုင်ရာ စာတမ်းများကို ရှာဖွေ ဖတ်ရှု ဖြစ်လာသည်။ စာဖတ်နာသော ဦးလေးများ၏ လမ်းညွှန်မှုဖြင့် “ဗမာသံတွေ ပျောက်ကုန် ပြီ” စာတမ်းကို ဖတ်ရှုဖြစ်ပြီးနောက် မြန်မာမှုသုခမဆိုင်ရာ အသိတွေ၊ စဉ်းစားတွေးခေါ်စရာတွေ ရှိလာသောအခါ လူထုဒေါ်အမာ၏ ဆောင်းပါးများ၊ စာတမ်းများကို ကိုယ့်ဘာသာ ရှာဖွေဖတ်ရှုဖြစ်လာ၏။     “ပြည်သူချစ်သော အနုပညာသည်များ” စာအုပ်နှင့်အတူ “ဗမာသံတွေ ပျောက်ကုန်ပြီ” စာတမ်းကို ဖတ်ရှုပြီးသည်နှင့်မန္တလေးနှင့်ပတ်သက်သော သုခုမဆိုင်ရာကိစ္စတွေ ထဲထဲဝင်ဝင်…

Read More

ပုဂ္ဂလိက ငွေလွှဲလုပ်ငန်းရပ်ဆိုင်းမှုကြောင့် ဖားကန့် ကျောက်စိမ်းဈေးကွက်နဲ့ စီးပွားရေးလုပ်ငန်းတချို့အခက်တွေ့လာ

ဒီဇင်ဘာ ၉၊ ၂၀၂၃ MH(VOM)   ကချင်ပြည်နယ် ဖားကန့်မြို့က ပုဂ္ဂလိက ငွေလွှဲလုပ်ငန်းတွေ လုပ်ငန်းရပ်ဆိုင်းလိုက်တာကြောင့် စီးပွားရေးလုပ်ငန်းတချို့ ကုန်ဝယ်ဖို့အခက်တွေ့နေကြရတယ်လို့ ဖားကန့်မြို့ခံတွေဆီက သိရပါတယ် ။   ပုဂ္ဂလိက လုပ်ငန်းတွေဖြစ်တဲ့ ရွှေကြောင်ရောင်းဝယ်ရေး ၊ အေဝမ်း လျပ်စစ်ပစ္စည်းရောင်းဝယ်ရေး ၊ သန့်ဇင် ၊ ဂျာနူး ၊ ကြည်ရတနာမြေ ရွှေဆိုင် အပါအဝင် ဖားကန့် ဆိပ်မူ လုံးခင်းမှာရှိတဲ့ ပုဂ္ဂလိက ငွေလွှဲလုပ်ငန်းတွေက ငွှေလွှဲလုပ်ငန်းတွေ ရပ်ဆိုင်းလိုက်တာကြောင့်ကျောက်စိမ်းအရောင်းအဝယ်တွေမှာ သက်ရောက်လာပြီး တခြားအရောင်းအဝယ် ရပ်တန့်သွားနိုင်တဲ့အခြေအနေကိုရောက်နေတယ်လို့လုံးခင်းညဝိုင်းက ကျောက်ကုန်သည်တဦးက ပြောပါတယ် ။   ” ငွေလွှဲမရတော့ ကုန်သည်တွေက ကျောက်ကြိုက်လည်း မဝယ်ကြတော့ဘူး ၊ တခုတော့ရှိတယ် မန္တလေး ဒါမှမဟုတ် အောက်ပိုင်းမှာငွေယူမလား ၊ဒါဆိုရင်တော့ အရောင်းအဝယ်ဖြစ်တယ် ။ ဒီအပေါ်မှာဘဲ ငွေပေးရမယ်ဆိုရင်တော့ အရောင်းအဝယ်ကမရှိသလောက်ပဲ…

Read More

မြန်မာဒုက္ခသည်တွေကို အကူအညီတွေပေးနိုင်ရေး လုပ်ငန်းအဖွဲ့ ဖွဲ့စည်းဖို့ ထိုင်းနဲ့ မြန်မာ သဘောတူ

  ဘန်ကောက်၊ ဒီဇင်ဘာ-၈-၂၀၂၃ မျိုးဆက်(VOM) မြန်မာနိုင်ငံမှာဖြစ်ပွားနေတဲ့ တိုက်ပွဲတွေကြောင့် အိုးအိမ်စွန့်ခွာ ထွက်ပြေးနေရသူတွေအတွက် လူသားချင်းစာနာမှုဆိုင်ရာ အကူအညီတွေတိုးမြှင့်ပေးဖို့ လုပ်ငန်းအဖွဲ့ဖွဲ့စည်းပြီး အခြားအကူအညီပေးရေး အေဂျင်စီတွေနဲ့ ပူးပေါင်းဆောင်ရွက်သွားမယ်လို့ ထိုင်းနိုင်ငံခြားရေးဝန်ကြီးဌာနက ဒီနေ ဒီဇင်ဘာ ၈ ရက်မှာ ထုတ်ပြန်ပါတယ်။ ဒီကိစ္စကို အကောင်အထည်ဖော်ဖို့ မြန်မာဘက်က လုပ်ငန်းဖော်ဆောင်ရေးအဖွဲ့တဖွဲ့ကို များမကြာခင် ထိုင်းနိုင်ငံကို စေလွှတ်မှာဖြစ်တယ်လို့ နိုင်ငံခြားရေးဝန်ကြီးဌာနက ဆိုပါတယ်။ ကနဦးအဆင့် အကောင်အထည်ဖော်မှုအောင်မြင်ပါက အခြားသော အကူအညီပေးရေးအေဂျင်စီတွေကို အနာဂတ်မှာ အခန်းကဏ္ဍတခုအဖြစ်ပါဝင်ဖို့ ဖိတ်ခေါ်သွားမယ်လို့ ထုတ်ပြန်ထားပါတယ်။ တရုတ်နိုင်ငံမှာကျင်းပတဲ့ မဲခေါင်-လန်ချန်း ပူးပေါင်းဆောင်ရွက်ရေး အစည်းအဝေးမှာ မြန်မာဘက်က နိုင်ငံခြားရေးဝန်ကြီး ဦးသန်းဆွေနဲ့ ထိုင်းနိုင်ငံခြားရေးဝန်ကြီး ပရန်ပီးဘာဟစ်ဒါနူကာရာတို့ တွေ့ဆုံဆွေးနွေးပြီးနောက် ယခုကဲ့သို့ သဘောတူခဲ့တာဖြစ်ပါတယ်။ ဒီအစီအစဉ်ဟာ မြန်မာနိုင်ငံ၊ အာဆီယံအဖွဲ့နဲ့ နိုင်ငံတကာအသိုက်အဝန်းအကြား အပြုသဘောဆောင်တဲ့ ထိတွေ့ဆက်ဆံမှုတွေဆီကို ဦးတည်သွားဖို့ ထိုင်းနိုင်ငံကမျှော်လင့်ကြောင်း နိုင်ငံခြားရေးဝန်ကြီးဌာနရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။…

Read More

အာမေးနီးယားနဲ့ အဇာဘိုင်ဂျန်နိုင်ငံတို့ ငြိမ်းချမ်းရေး သဘောတူညီချက် လက်မှတ်ထိုးတော့မယ်

  ယဲ့ရီဗန်၊ ဒီဇင်ဘာ-၈-၂၀၂၃ မျိုးဆက်(VOM) အာမေးနီးယားနဲ့ အဇာဘိုင်ဂျန်နိုင်ငံတို့ဟာ နှစ်နိုင်ငံဆက်ဆံရေးပုံမှန်ပြန်ဖြစ်စေဖို့ လုပ်ဆောင်သွားမှာဖြစ်ပြီး နာဂေါ်နို- ခါရာဘတ် တိုက်ပွဲအတွင်း ဖမ်းဆီးထားတဲ့ အကျဉ်းသားတွေကိုလည်း လဲလှယ်သွားမှာဖြစ်တယ်လို့ တာဝန်ရှိသူတွေက ပြောပါတယ်။ အိမ်နီးချင်းနှစ်နိုင်ငံအကြားအငြင်းပွားဖွယ်နယ်မြေနဲ့ ပတ်သက်ပြီး ဆယ်စုနှစ်များစွာပဋိပက္ခများဖြစ်ပွားနေခဲ့ပါတယ်။ နှစ်နိုင်ငံစလုံးစောင့်မျှော်ခဲ့ရတဲ့ ငြိမ်းချမ်းရေးအတွက် သမိုင်းဝင် အခွင့်အရေးတွေကို မြင်တွေ့ခဲ့ရတယ်လို့ ပူးတွဲထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။ နှစ်နိုင်ငံစလုံးအနေနဲ့ ငြိမ်းချမ်းရေးသဘောတူစာချုပ်ကိုယခုနှစ်ကုန်မှာ လက်မှတ်ရေးထိုးဖို့ မျှော်လင့်ထားကြောင်း တာဝန်ရှိသူတွေကဆိုပါတယ်။ ဒီကိစ္စအပေါ် ကြိုဆိုကြောင်းဥရောပကောင်စီဥက္ကဌ ချားလက်စ်မီရှဲကထုတ်ပြန်ထားပြီး အာမေးနီးယား-အဇာဘိုင်ဂျန်ဆက်ဆံရေးမှာ ကြီးမားတဲ့ အောင်မြင်မူလို့ဆိုပါတယ်။ နယ်မြေစိုးမိုးရေးအပေါ် အပြန်အလှန်လေးစားမှုကိုအခြေခံပြီး အပြည့်အဝငြိမ်းချမ်းရေး သဘောတူစာချုပ်ကို လက်မှတ်ရေးထိုးနိုင်ရေး လုပ်ဆောင်သွားမယ်လို့ အာမေးနီးယားနဲ့ အဇာဘိုင်ဂျန်တာဝန်ရှိသူတွေက ပြောပါတယ်။ ဒီသဘောတူညီချက်မှာ အီးယူ၊ ရုရှား၊ အမေရိကန်တို့ရဲ့ ကြားဝင်စေ့စပ်မှုနဲ့အတူ အာမေးနီးယားနဲ့ အဇာဘိုင်ဂျန်အစိုးရတို့အကြား အကြိမ်ပေါင်းများစွာတွေ့ဆုံဆွေးနွေးပြီးနောက် ရရှိခဲ့တာဖြစ်ပါတယ်။ Ref:BBC Photo:Getty Images  

Read More

ပဲခူးမြို့ရှောင်လမ်းမှာ ဆီသယ်ယာဥ်တစီး တိမ်းမှောက်လို့ မီးလောင်မှု မဖြစ်ပွားအောင် ဆောင်ရွက်နေ

  ပဲခူး ၊ ဒီဇင်ဘာ – ၈- ၂၀၂၃ (Voice Of Myanmar) ပဲခူးတိုင်း၊ ပဲခူးမြို့နယ်၊ မဲခုန်ကျေးရွာအုပ်စု၊ နန်းတော်ကုန်းကျေးရွာအနီးက ပဲခူးမြို့ရှောင်လမ်း မိုင်တိုင်အမှတ် ၃၃/ ၄ မှာ ဆီသယ်ယာဥ်တစိးတိမ်းမှောက်လို့ မီးလောင်မှုမဖြစ်ပွားအောင် ဆောင်ရွက်နေတယ်လို့ မြန်မာနိုင်ငံ မီးသတ်တပ်ဖွဲ့က ထုတ်ပြန်ထားပါတယ်။ ဒီကနေ့မနက်ကလည်း မန္တလေးတိုင်း၊ ကျောက်ဆည်မြို့ မြို့ရှောင်လမ်းမှာ ဆီသယ်ယာဥ်တစီး နောက်တွဲပြုတ်ပြီး မီးလောင်မှုဖြစ်ပွားခဲ့ပါတယ်။  

Read More

ကျောက်ဆည်မြို့ရှောင်လမ်းမှာ ဆီသယ်ယာဥ်တစီး မီးလောင်မှုဖြစ်ခဲ့

  မန္တလေး၊ ဒီဇင်ဘာ – ၈ – ၂၀၂၃ (Voice Of Myanmar) မန္တလေးတိုင်း၊ ကျောက်ဆည်မြို့ မြို့ရှောင်လမ်းမှာ ဒီကနေ့မနက် ၈ နာရီ က ဆီသယ်ယာဥ်တစီး နောက်တွဲပြုတ်ပြီး မီးလောင်မှုဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။ အဲ့ဒီဖြစ်စဥ်ကို ကျောက်ဆည်ခရိုင်နဲ့ မြို့နယ်မီးသတ်တပ်ဖွဲ့က မီးငြှိမ်းသတ်ယာဥ်နှစ်စီး၊ ရေသယ်ယာဥ် လေးစီး၊ စဥ့်ကိုင်မြို့နယ်မီးသတ်စခန်းက ရေသယ်ယာဥ် တစီး၊ တံတားဦးမြို့နယ် မီးသတ်စခန်းက ရေသယ်ယာဥ် တစီး တို့တဲ့ သွားရောက်ငြှိမ်းသတ်ခဲ့ပြီး ၉ နာရီ မိနစ် ၃၀ မှာ မီးငြှိမ်းသတ်နိုင်ခဲ့တယ်လို့ မြန်မာနိုင်ငံ မီးသတ်တပ်ဖွဲ့က ထုတ်ပြန်ထားတာကိုတွေ့ရပါတယ်။    

Read More

ယနေ့ နိုင်ငံခြားငွေလဲလှယ်နှုန်း (ဒီဇင်ဘာ-၈ ရက်)

  Voice of Myanmar -အမေရိကန်ဒေါ်လာ ရောင်းဈေး – ၃၅၅၀ ကျပ် ဝယ်ဈေး – ၃၄၈၀ ကျပ် -စင်္ကာပူဒေါ်လာ ရောင်းဈေး – ၂၅၇၅ ကျပ် ဝယ်ဈေး – ၂၅၂၅ ကျပ် -ယူရို ရောင်းဈေး – ၃၈၀၇ ကျပ် ဝယ်ဈေး – ၃၆၉၈ ကျပ် -ထိုင်းဘတ် ရောင်းဈေး – ၉၉.၀၀ ကျပ် ဝယ်ဈေး – ၉၆.၁၅ ကျပ် -မလေးရှားရင်းဂစ် ရောင်းဈေး – ၇၅၈ ကျပ် ဝယ်ဈေး – ၇၃၈ ကျပ် -တရုတ်ယွမ် ရောင်းဈေး – ၄၈၂ ကျပ် ဝယ်ဈေး – ၄၇၀ ကျပ် -ဂျပန်ယန်း ရောင်းဈေး…

Read More

ယနေ့ ရွှေဈေး (ဒီဇင်ဘာ- ၈ ရက်၊ နံနက် ၁၀ နာရီ)

  Voice of Myanmar -ကမ္ဘာ့ရွှေဈေး တအောင်စ ၂၀၃၂ ဒေါ်လာ -အခေါက်ရွှေ တကျပ်သား (ပြင်ပဈေးကွက်) ရောင်းဈေး ၃၇၆၅၀၀၀ ကျပ် ဝယ်ဈေး ၃၇၂၀၀၀၀ ကျပ် -၁၅ ပဲရည် တကျပ်သား ရောင်းဈေး ၃၅၆၀၀၀၀ ကျပ် ဝယ်ဈေး ၃၅၁၅၀၀၀ ကျပ် “လက်ရှိ ရွှေဈေးကွက်အတွင်း ဈေးနှုန်းအတက်အကျ မငြိမ်သေးတဲ့အတွက် ရောင်းမှား၊ ဝယ်မှား မဖြစ်ဖို့ သတိပြုစေလိုပါတယ်။” ရွှေဈေးနှုန်းများ အချိန်နှင့်အမျှ ပြောင်းလဲနိုင်သည်။  

Read More

ဒေါ်လာဈေး အလှုပ်အခတ်နဲ့ နောက်ဆက်တွဲ ဂယက်

  ဒီဇင်ဘာ ၇ – ၂၀၂၃ SN (VOM) လက်ရှိ ငွေလဲဈေးကွက်အတွင်း ဒေါ်လာဈေးတွေ မြင့်တက်လာနေသလို နောက်ဆက်တွဲဂယက်အနေနဲ့ စက်သုံးဆီ ဝယ်မရတာ၊ အိမ်သုံးဂက်စ်နဲ့ ဆေးဝါးပစ္စည်းတွေ ပြတ်လပ်တာအပြင် တခြားသော ကုန်ပစ္စည်းဈေးနှုန်းတွေလည်း အပြိုင်အဆိုင် မြင့်တက်လို့လာနေပါတယ်။ ငွေလဲဈေးတွေဟာ ဗဟိုဘဏ်ရဲ့ နိုင်ငံခြားငွေလဲဈေးကွက် ဖွင့်ပေးလိုက်တယ်ဆိုတဲ့ ဒီဇင်ဘာ ၅ ရက်နေ့ ထုတ်ပြန်ချက် ထွက်ပေါ်လာပြီးနောက်ပိုင်း အတက်ဘက်ကို ပိုမို ရောက်ရှိ‌နေတာ ဖြစ်ပါတယ်။ “အခုလို ငွေလဲဈေးတွေ မြင့်တက်လာတာက ဗဟိုဘဏ်ထုတ်ပြန်ချက်နဲ့ သိပ်ကို ဆက်စပ်တာပေါ့။ ကျွန်တော်ပြောခဲ့သလိုပါပဲ။ ထိန်းချုပ်မှုမရှိရင်တော့ စီးပွားရေးလုပ်ငန်းရှင်က တက်ဖို့ ချောင်းနေမှာပဲလေ။ အဲဒါ စီးပွားရေးလုပ်ငန်းရှင်တွေက မရိုးသားတာတွေ အများကြီးပါတယ်။ အဲ့ဒါကြောင့် control လုပ်သင့်တယ်လို့ ကျွန်တော်အမြဲတမ်းပြောတာလေ။ control မပါဘဲနဲ့ ဘယ်လောက်အထိ သွားနိုင်မလဲ။ ကျွန်တော်တို့နိုင်ငံက သမားရိုးကျနိုင်ငံမဟုတ်ဘူးလေ။ အဓိက…

Read More
VOM News

FREE
VIEW