ရုရှားသမ္မတ ရွေးကောက်ပွဲ လာမယ့်နှစ် မတ်လမှာ ကျင်းပတော့မယ်

  မော်စကို၊ ဒီဇင်ဘာ-၈-၂၀၂၃ မျိုးဆက်(VOM) ရုရှားသမ္မတရွေးကောက်ပွဲကို လာမယ့်နှစ်မတ်လ ၁၇ ရက်မှာကျင်းပသွားမှာဖြစ်ကြောင်း ရွေးကောက်ပွဲကော်မရှင် တာဝန်ရှိသူတွေက အတည်ပြုပြောဆိုလိုက်ပါတယ်။ ရွေးကောက်ပွဲကျင်းပမယ့် အချိန်ကို ကြေညာပြီးနောက်မှာ လက်ရှိသမ္မတပူတင်ဟာ သူ့ရဲ့ ပဉ္စမမြောက်သက်တမ်းအတွက် သမ္မတလောင်းအဖြစ် မကြာခင်ကြေညာမယ်လို့ ထင်ကြေးပေးမှုတွေလည်း ထွက်ပေါ်နေပါတယ်။ ရွေးကောက်ပွဲမှာ ရုရှားသိမ်းပိုက်ထားတဲ့ ယူကရိန်းနယ်မြေတွေမှာ ရွေးကောက်ပွဲကျင်းပခြင်းပြုမပြုကိုလည်း ရွေးကောက်ပွဲကော်မရှင်က ဆုံးဖြတ်သွားမှာဖြစ်ပါတယ်။ သမ္မတပူတင် ရွေးကောက်ပွဲဝင်မဝင် ရှင်းလင်းစွာမသိရသေးပေမယ့် ရွေးကောက်ပွဲကျင်းပမယ့် နေ့ရက်အချိန်သိရှိပြီးရင် သူ့ရဲ့ အစီအစဉ်တွေနဲ့ပတ်သက်ပြီး ကြေညာသွားမယ်လို့ ပူတင်က ပြောဆိုထားပါတယ်။ သူ့ရဲ့ နှစ်ပတ်လည်သတင်းစာရှင်းလင်းပွဲကို ဒီဇင်ဘာ ၁၄ ရက်မှာ ကျင်းပဖို့ ပူတင်က စီစဉ်ထားပြီး ပူတင်အစိုးရကို ထောက်ခံတဲ့ အာဏာရ ယူနိုက်တက်ရုရှားပါတီရဲ့အစည်းအဝေးကိုတော့ ဒီဇင်ဘာ ၁၇ ရက် ပြုလုပ်ဖို့ စီစဉ်ထားပါတယ်။ Ref: NHK Photo:AP  

Read More

This Day in History

Voice of Myanmar ကမ္ဘာပတ်လမ်းကြောင်းအတွင်းသို့ ပထမဆုံးသွားရောက်ခဲ့ပြီး အမျိုးသားသူရဲကောင်းအဖြစ် အသိအမှတ်ပြုခံခဲ့ရသူ အမေရိကန်အာကာသယာဉ်မှူးနှင့် နိုင်ငံရေးသမား ဂျွန်ဂလန်းသည် အသက် ၉၅ နှစ်အရွယ် ၂၀၁၆ ခုနှစ် ဒီဇင်ဘာ ၈ ရက်တွင် ကွယ်လွန်ခဲ့သည်။

Read More

စက်သုံးဆီ မှောင်ခိုစျေး တလီတာကို ငွေကျပ် ခုနှစ်ထောင်ထိ ပေးဝယ်နေရလို့ အငှားကားတချို့ရပ်နား

  ဒီဇင်ဘာ ၈၊၂၀၂၃ TT(VOM) စက်သုံးဆီရဖို့ ညအိပ်တန်းစီစောင့်ဆိုင်း ဝယ်ယူနေကြရပေမယ့် ဝယ်ယူရခက်ခဲနေပြီး မှောင်ခိုစျေး ဓာတ်ဆီ ၁ လီတာကို ငွေကျပ် ငါးထောင်ကျော် ကနေ ခုနှစ်ထောင် အထိပေးဝယ်နေရတယ်လို့ ကားပိုင်ရှင်အများစုရဲ့ ပြောကြားမှုတွေအရ သိရပါတယ်။ အခုရက်ပိုင်းအတွင်း စက်သုံးဆီရရှိဖို့ ရောင်းသမျှ ဆီဆိုင်တိုင်းမှာ တန်းစီစောင့်ဆိုင်းနေတဲ့ ကားတန်းရှည်ကြီးတွေကိုတော့ ရန်ကုန်မြို့ရဲ့စက်သုံးဆီအရောင်းဆိုင်အားလုံးနီးပါးမှာ မြင်တွေ့နေရပါတယ်။ စက်သုံးဆီ ဝယ်ယူရခက်ခဲတာ ၊ မှောင်ခိုစျေးကွက်မှာ အဆမတန် စျေးကြီးနေတာကြောင့် အငှားကားမောင်းသူ တချို့ ရပ်နားထားရတယ်လို့ သိရပါတယ်။ ” ဆီရဖို့တန်းစီရတာ အလုပ်တစ်ခု ဖြစ်နေတယ်၊ တန်းစီနေရတော့ ကားဆွဲချိန် မရှိတော့ဘူး ၊ နားထားတာ ၂ ရက်ရှိပြီ ၊ ရှိသမျှဆီဆိုင်တိုင်းလည်း တန်းစီနေတာ အပြည့်ဖြစ်နေတော့ ရပ်လိုက်တော့တာ “လို့ ကြည့်မြင့်တိုင် ညစျေး က အငှားယာဥ်မောင်း ဦးထွန်းမြင့်…

Read More

ယနေ့ ရွှေဈေး (ဒီဇင်ဘာ- ၇ ရက်၊ ညနေ ၄ နာရီ)

  Voice of Myanmar -ကမ္ဘာ့ရွှေဈေး တအောင်စ ၂၀၃၁ ဒေါ်လာ -အခေါက်ရွှေ တကျပ်သား (ပြင်ပဈေးကွက်) ရောင်းဈေး ၃၇၅၅၀၀၀ ကျပ် ဝယ်ဈေး ၃၇၀၅၀၀၀ ကျပ် -၁၅ ပဲရည် တကျပ်သား ရောင်းဈေး ၃၅၅၅၀၀၀ ကျပ် ဝယ်ဈေး ၃၅၀၅၀၀၀ ကျပ် “လက်ရှိ ရွှေဈေးကွက်အတွင်း ဈေးနှုန်းအတက်အကျ မငြိမ်သေးတဲ့အတွက် ရောင်းမှား၊ ဝယ်မှား မဖြစ်ဖို့ သတိပြုစေလိုပါတယ်။” ရွှေဈေးနှုန်းများ အချိန်နှင့်အမျှ ပြောင်းလဲနိုင်သည်။  

Read More

တောင်ပြုံးရွာမှာ ကလေးတဦး မီးနဲ့ဆော့ကစားရာကနေ နေအိမ်(၁၂)လုံး မီးလောင်မှုဖြစ်ခဲ့

  ဒီဇင်ဘာ ၇-၂၀၂၃ Voice Of Myanmar(VOM) မန္တလေးတိုင်း၊ ပြင်ဦးလွင်ခရိုင်၊ မတ္တရာမြို့နယ်၊ တောင်ပြုံးကျေးရွာအုပ်စုမှာ ဒီကနေ့ နေ့လယ် ၁၂နာရီခန့်က မီးလောင်မှုဖြစ်ပွားခဲ့ပြီး နေအိမ်(၁၂)လုံး မီးထဲပါသွားတယ်လို့ မီးသတ်ဦးစီးဌာနနဲ့ နီးစပ်သူတွေဆီက သိရပါတယ်။ “ကလေးက စက္ကူကို မီးနဲ့ဆော့ရာကနေ မီးစ လောင်တာပါ၊ နန်းကြီးရဲ့တောင်ဘက်နားကပေါ့၊ အိမ်ခြေ (၁၂)လုံးလောက် ပါသွားတယ်၊ “လို့ မီးသတ်နဲ့နီးစပ်သူတဦးကပြောပါတယ်။ နေအိမ်အိပ်ခန်းထဲက ခုတင်ဘေးမှာ (၅)နှစ်အရွယ်ကလေးဖြစ်သူက စက္ကူကို မီးခြစ်နဲ့ဆော့ကစားရာကနေ မွေ့ယာပေါ်ကို မီးစကျကာ မီးစတင်လောင်ကျွမ်းခဲ့တာဖြစ်ပြီး မီးလောင်မှုကြောင့် နေအိမ်(၁၂)လုံးနဲ့ မီးသတ်တွက်ချက်တန်ဖိုးငွေ သိန်း(၆၀)နီးပါး ဆုံးရှုံးခံ့တယ်လို့ သိရပါတယ်။ မီးလောင်မှုကို မတ္တရာမြို့နယ်၊ တောင်ပြုံးကျေးရွာ ၊ ပုသိမ်ကြီးမြို့နယ်၊ အောင်မြေသာဇံမြို့နယ်တို့မှ စုစုပေါင်း သန္ဓေတပ်ဖွဲ့ဝင်(၃၀)ဦး၊ အရန်မီးသတ်တပ်ဖွဲ့ဝင် (၁၂၀)ဦး၊ မီးငြှိမ်းသတ်ယာဉ်(၁၀)စီး၊ မီးသတ်ယာဉ်(၁၂)စီးတို့ဖြင့် မီးငြိမ်းသတ်ခဲ့တယ်လို့ သိရပါတယ်။ မီးလောင်မှုဖြစ်စဉ်နဲ့ ပတ်သက်ပြီး…

Read More

ပြည်မမှာ လောင်စာဆီခက်ခဲပေမယ့် ဖားကန့်မှာတော့ ညစဉ် ဂါလံသိန်းချီသုံးစွဲပြီး ကျောက်စိမ်းတူးဖော်လျှက်ရှိ

  ဖားကန့် ၊ ဒီဇင်ဘာ- ၇-၂၀၂၃ MH (VOM) နိုင်ငံတွင်းမှာ ဒီဇင်ဘာလ ၄ရက်နေ့လောက်ကစပြီး လောင်စာဆီတွေ ဝယ်ရခက်နေတယ်လို့ ကားပိုင်ရှင်တွေ ရတက်ပွေနေရပါတယ်။ ဒီဇင်ဘာလ ၄ ရက်နေ့လောက်ကစပြီး ရန်ကုန် ၊မန္တလေးအပါအဝင် မြို့ကြီးတွေမှာ ၉၂ ၊ ၉၅ ဓါတ်ဆီတွေ ဆိုင်တိုင်းမှာ ထည့်မရတော့ပဲ တချို့သောဆိုင်တွေက အရောင်းပိတ်ထားတယ်လို့ အငှားယဉ်မောင်းတဦးက VOMကိုပြောပါတယ် ။ “မနေ့ကစပြီး 92ရော95ရော ထည့်မရတော့ဘူး၊ တမြို့လုံး မရောင်းတဲ့ဆိုင်ကများတယ် ရောင်းတဲ့ဆိုင်ကြတော့ ကားရာချီ တန်းစီရေတာ့ အလုပ်မဖြစ်ဘူး” လို့ မန္တလေး- ပြင်ဦးပြေးဆွဲနေတဲ့ အငှားယဉ်မောင်းတဦးက ပြောပါတယ် ။ လောင်စာဆီတွေ ဝယ်ရခက်ခဲတာကြောင့် ဖားကန့် -မန္တလေး ပြေးဆွဲနေတဲ့ ခရီးသည်ယဉ်တွေနဲ့ ကုန်တင်ယဉ်တချို့လည်း ဖားကန့်-မန္တလေး ၊ မန္တလေး-ဖားကန့် ခရီးတွေကို ဆက်မသွားနိုင်ပဲ လမ်းခုလပ်တွေမှာ ကားတွေထိုးရပ်ထားရတယ်လို့…

Read More

ဂျပန်မှာ ပျက်ကျခဲ့တဲ့ အော်စပရေးလေယာဉ်အမျိုးအစားတွေ အသုံးပြုမှု အမေရိကန်ရပ်ဆိုင်း

  ဝါရှင်တန်၊ ဒီဇင်ဘာ-၇-၂၀၂၃ မျိုးဆက်(VOM) ဂျပန်ကမ်းလွန်မှာ အမှုထမ်းရှစ်ဦးသေဆုံးခဲ့တဲ့ လေယာဉ်ပျက်ကျမှုဖြစ်ပွားပြီးနောက် အမေရိကန်စစ်တပ်ဟာ ပျက်ကျခဲ့တဲ့ ဗွီ-၂၂ အော်စပရေးအမျိုးအစား လေယာဉ်တွေ အသုံးပြုတာကို ရပ်ဆိုင်းလိုက်ပြီဖြစ်ပါတယ်။ လေယာဉ်ပျက်ကျမှုနဲ့ ပတ်သက်ပြီး စုံစမ်းစစ်ဆေးမှုတွေ ဆက်လက်လုပ်ဆောင်နေချိန်မှာ ရေတပ်နဲ့လေတပ်မှာ ဘေးကင်းရေးအတွက် အဲဒီလေယာဉ်အမျိုးအစားတွေ အသုံးပြုတာကို ရပ်ဆိုင်းလိုက်တာလို့ တာဝန်ရှိသူတွေက ပြောဆိုထားပြီး အချိန်ကာလကိုတော့ ထုတ်ပြန်တာမရှိပါဘူး။ ဂျပန်နိုင်ငံဟာ အမေရိကန်ရဲ့ ဗွီ-၂၂ အော်စပရေးအမျိုးအစားလေယာဉ်တွေကို အသုံးပြုနေတဲ့ တခုတည်းသောနိုင်ငံဖြစ်ပြီး ပျက်ကျမှုြ့ဖစ်ပွားပြီးနောက် သူ့ရဲ့ လေယာဉ် ၁၄ စင်းကိုလည်း ရပ်နားထားပါတယ်။ အမေရိကန်စစ်တပ်ရဲ့ ဗွီ-၂၂ အော်စပရေးအမျိုးအစားလေယာဉ်ဟာ ယာမာဂူချီစီရင်စုကနေ အိုကီနာဝါရှိ ကာဒီနာအခြေစိုက်စခန်းကို လေ့ကျင့်ပျံသန်းစဉ် ပျက်ကျခဲ့ခြင်းဖြစ်ပြီး လိုက်ပါသွားသူရှစ်ယောက်အနက် ခြောက်ယောက်ရဲ့ ရုပ်အလောင်းတွေကိုသာ တွေ့ရှိထားပါတယ်။ လေယာဉ်ဟာ ဂျပန်ကမ်းလွန်မှာ ပျက်မကျမီ မီးလောင်မှုဖြစ်ပွားခဲ့သေးကြောင်း မျက်မြင်သက်သေတွေကို ကိုးကားပြီး ဂျပန်အခြေစိုက် သတင်းဌာနတွေက ဖော်ပြထားပါတယ်။…

Read More

တရုတ်နိုင်ငံရဲ့ ပိုးလမ်းမသစ်စီမံကိန်းကနေ အီတလီနှုတ်ထွက်ပြီ

  ရောမ၊ ဒီဇင်ဘာ-၇-၂၀၂၃ မျိုးဆက်(VOM) တရုတ်နိုင်ငံရဲ့ ရည်မှန်းချက်ကြီးတဲ့ အထင်ကရစီမံကိန်းဖြစ်တဲ့ ပိုးလမ်းမသစ်စီမံကိန်းကနေ နှုတ်ထွက်တော့မယ်လို့ အီတလီအစိုးရ အတည်ပြုပြောဆိုလိုပါတယ်။ ဝန်ကြီးချုပ် ဂျော်ဂျီယာမယ်လိုနီရဲ့ အီတလီအစိုးရဟာ ယခုနှစ်ကုန် နောက်ဆုံးသတ်မှတ်ရက်မတိုင်မီ တရုတ်နိုင်ငံရဲ့ ပိုးလမ်းမသစ်စီမံကိန်းတွင် ပါဝင်မှုကို ရပ်ဆိုင်းတော့မှာကို တရုတ်အစိုးရထံအကြောင်းကြားခဲ့တယ်လို့ ဆိုပါတယ်။ အီတလီဟာ တရုတ်နိုင်ငံရဲ့ရည်မှန်းချက်ကြီးမားတဲ့ ကုန်သွယ်မှုနဲ့ အခြေခံအဆောက်အအုံဆိုင်ရာစီမံကိန်းတွေထဲက တခုဖြစ်တဲ့ ပိုးလမ်းမသစ်စီမံကိန်းမှာ ပါဝင်ဖို့ ၂၀၁၉ ခုနှစ်ကသဘောတူလက်မှတ်ရေးထိုးခဲ့တဲ့ အနောက်အုပ်စု အင်အားကြီးနိုင်ငံဖြစ်ပါတယ်။ ဒီလိုပါဝင်ဖို့ သဘောတူလက်မှတ်ရေးထိုးတာကိုအမေရိကန်နဲ့ အခြားသောအနောက်နိုင်ငံတွေက ပြင်းပြင်းထန်ထန်ဝေဖန်ခဲ့ကြပါတယ်။ ၂၀၁၃ ခုနှစ်မှာ စတင်ခဲ့တဲ့ ပိုးလမ်းမသစ်စီမံကိန်းနဲ့ ပတ်သက်ပြီး အာရှနဲ့ ဥရောပတလွှားမှာ ခန့်မှန်းခြေဒေါ်လာ ၁ ထရီလီယံရင်းနှီးမြုပ်နှံဖို့ တရုတ်သမ္မတရှီကျင်းပင်က ရည်မှန်းထားပါတယ်။ စီမံကိန်းမှာတော့ အသစ်အဆင့်မြှင့်တင်ထားတဲ့ ရထားလမ်း၊ ဆိပ်ကမ်းတွေအပါအဝင် တရုတ်နိုင်ငံကိုဥရောပ၊ အာရှရဲ့ အခြားအစိတ်အပိုင်းတွေနဲ့ ဆက်သွယ်ကူးလူးနိုင်ဖို့ ရည်ရွယ်ထားပြီး အမေရိကန်အစိုးရကတော့ ပိုးလမ်းမသစ်စီမံကိန်းဟာ…

Read More

ကလေး – တမူး ကားလမ်းမှာ တိုက်ပွဲတွေဖြစ်လို့ ထိခိုက်ကျဆုံးသူတွေရှိလို ဒေသခံတွေ ရှောင်တိမ်းနေရ

  ဒီဇင်ဘာ ၊ ၇ ၊ ၂၀၂၃ SP ( VOM) မြန်မာ – အိန္ဒိယ နှစ်နိုင်ငံ နယ်စပ်ကုန်သွယ်ရေး ၊ ကလေး – တမူး ကားလမ်းမှာ မနေ့ ဒီဇင်ဘာ ၆ ရက် ကစပြီး တိုက်ပွဲတွေဖြစ်ပြီး ထိခိုက်သေဆုံးသူတွေ များပြားလာတာကြောင့် ဒေသခံ အရပ်သား နှစ်ထောင်ကျော်ဟာ နေရပ်စွန့်ခွာ ထွက်ပြေးတိမ်းရှောင်နေရတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။ ” မနေ့ကစလို့ ခါမ်းပါတ်မြို့နယ်ခွဲမှာ ဒေသတွင်း လက်နက်ကိုင်အဖွဲ့တွေနဲ့ နစကတပ်ဖွဲ့တွေ တိုက်ခိုက်နေတယ် ၊ အဲ့ဒါကြောင့် ၊ ကနန် ၊ ကမ္မကြီး ၊ တိန်းခရား ၊ ထင်းစင် ၊ ဝိတုတ် ၊ နောက်ပြီး တမူးနားက ထန်းတပင် ၊ မန်မော် ၊…

Read More
VOM News

FREE
VIEW