ထိုင်းမှာ နှစ်ထပ်ဘတ်စ်ကားတစီး မတော်တဆမှုကြောင့် လူ ၁၄ ယောက်သေဆုံး

  ဘန်ကောက်၊ ဒီဇင်ဘာ-၅-၂၀၂၃ မျိုးဆက်(VOM) ထိုင်းနိုင်ငံမှာ နှစ်ထပ်ဘတ်စ်ကားတစီး လမ်းချော်ပြီး သစ်ပင်ကို ဝင်တိုက်မိတာကြောင့် လူ ၁၄ ယောက်သေဆုံးသွားတယ်လို့ တာဝန်ရှိသူတွေက ဒီဇင်ဘာ ၅ ရက်မှာ ပြောပါတယ်။ နိုင်ငံတောင်ပိုင်း ကမ်းရိုးတန်းရှိ ပရာချော့ခီရီခန်းပြည်နယ်မှာ ဖြစ်ပွားခဲ့တဲ့ အဲဒီမတော်တဆမှုကြောင့် လူ ၃၂ ယောက်လည်း ဒဏ်ရာရရှိခဲ့ပါတယ်။ ယာဉ်တိုက်မှုဖြစ်ပွားရတဲ့ အကြောင်းရင်းကို အတည်မပြုနိုင်သေးပေမယ့် ယာဉ်မောင်းဟာ အိပ်ချိန်လုံလုံလောက်လောက်မရခဲ့ဘူးလို့ ရဲတွေက သံသယရှိနေပါတယ်။ ကယ်ဆယ်ရေးသမားတွေဟာ သေဆုံးသူတွေနဲ့ ဒဏ်ရာရသူတွေကို ကားထဲကနေ ဆွဲထုတ်ဖို့ နာရီပေါင်းများစွာ အချိန်ယူခဲ့ရတယ်လို့ တာဝန်ရှိသူတွေက ပြောပါတယ်။ မတော်တဆမှုဖြစ်ပွားခဲ့တဲ့ ပရာချော့ခရီခန်းပြည်နယ်ဟာ ကမ်းခြေတွေ၊ ဂူတွေနဲ့ တောင်တန်းတွေကြောင့် ခရီးသွားတွေအကြား ရေပန်းစားတဲ့ နေရာဖြစ်ပါတယ်။ ထိုင်းနိုင်ငံဟာ ကမ္ဘာပေါ်မှာ ယာဉ်မတော်တဆမှု အမြင့်ဆုံးနိုင်ငံဖြစ်ပြီး နှစ်စဉ် လူထောင်ပေါင်းများစွာ သေဆုံးလေ့ရှိပါတယ်။ ၂၀၂၂ ခုနှစ် တနှစ်တည်းမှာ…

Read More

မူဆယ် ၁၀၅ မိုင် အောင်သီရိ ဘုန်းကြီးကျောင်းမှာ ပြည်သူ ရာချီ ပိတ်မိနေပြီး ရေ၊ စားစရာ အခက်အခဲ ဖြစ်နေ

  ဒီဇင်ဘာ ၅၊ ၂၀၂၃ Shy V (VOM) ရှမ်းပြည်နယ် မြောက်ပိုင်း၊ မူဆယ် ၁၀၅ မိုင် အောင်သီရိ ဘုန်းကြီးကျောင်းမှာ စစ်တပ်နဲ့ မြောက်ပိုင်း မဟာမိတ်အဖွဲ့တို့အကြား တိုက်ပွဲကြောင့် လက်ရှိ ပြည်သူ ရာချီ ပိတ်မိနေပြီး ရေ၊ စားစရာ အခက်အခဲ ဖြစ်နေကြောင်း ဒေသခံဆွေဆီက သိရပါတယ်။ “စားရေး သောက်ရေး‌တွေရော ခက်ခဲနေတယ်။ ပိတ်မိနေတာ ဘုန်းကြီးကျောင်းမှာ။ လူ ၆၀၀ ကျော်၊ ၇၀၀ နီးပါး ပိတ်မိ‌နေတာ အောင်သီရိဘုန်းကြီးကျောင်းမှာ။ ဟိုနေ့က (ဖုန်း) ခဏရလိုက်တယ်။ ကြိုးစားထွက်ကြတယ်။ ထွက်မရကြဘူးတဲ့။” လို့ ‌ဒေသခံ မိန်းကလေး တယောက်က ပြောပါတယ်။ မူဆယ် ၁၀၅ မိုင်မှာတော့ နှစ်ဖက်တိုင်ပွဲကြောင့် မီးမရတော့သလို ရေလည်းမရတော့တဲ့အပြင် ဖုန်းလိုင်းတွေလည်း မရတော့ဘူး လို့ သူက…

Read More

အိမ်သုံးမီတာလျှောက်ခ အရင်ထက် နှစ်ဆပေးရလို့ ပြည်သူတွေ အခက်တွေ့

  ဒီဇင်ဘာ ၅ – ၂၀၂၃ SN (VOM) ရန်ကုန်မှာ အိမ်သုံးမီတာတွေ အသစ်ပြန်လည်လျှောက်ထားရာမှာ အရင်က တပ်ဆင်ခ ကျပ် တသိန်းနှစ်သောင်းသာ ပေးရပေမယ့် အခုအခါ ကုန်ကျစရိတ် နှစ်သိန်းခွဲအထိရှိပြီး နှစ်ဆနီးပါးတက်သွားတာကြောင့် အခက်တွေ့နေရတယ်လို့ မြို့ခံတွေဆီက သိရပါတယ်။ အိမ်သုံးမီတာလျှောက်ထားရာမှာ သတ်မှတ်ကြေး နှုန်းထားတွေကို ဒီဇင်ဘာ ၁ ရက်မှစတင်ကာ ကျပ် နှစ်သိန်းခွဲအထိ တိုးမြှင့်ကောက်သွားမယ်လို့ လျှပ်စစ်စွမ်းအားဝန်ကြီးဌာနက ကြေညာချက် ထုတ်ပြန်ထားတာ ဖြစ်ပါတယ်။ “အစစအရာရာ ကြပ်တည်းနေတဲ့ အချိန်မှာ မီတာတပ်ဆင်ခက နှစ်ဆ ကျော်ကျော်လောက် ဖြစ်သွားတာတော့ လွန်တာပေါ့။ ဒါပေမယ့်လည်း ‌သူတို့တောင်းသမျှ ဒီအချိန်မှာက မပေးလို့မှ မရတာ။ ပြန်လျှောက်ရတာတော့ လွယ်ပါတယ်။ ပိုက်ဆံ ဖောဖောသီသီ သုံးနိုင်ရင် လျှောက်ရ လွယ်ပါတယ်။ ဖောင်ကြေးကတော့ အရင်က တထောင်ပဲပေးရပေမယ့် အခု တသောင်းဖြစ်သွားပြီ။…

Read More

ယနေ့ နိုင်ငံခြားငွေလဲလှယ်နှုန်း (ဒီဇင်ဘာ-၅ ရက်)

  Voice of Myanmar -အမေရိကန်ဒေါ်လာ ရောင်းဈေး – ၃၅၁၀ ကျပ် ဝယ်ဈေး – ၃၄၆၀ ကျပ် -စင်္ကာပူဒေါ်လာ ရောင်းဈေး – ၂၅၃၅ ကျပ် ဝယ်ဈေး – ၂၄၈၅ ကျပ် -ယူရို ရောင်းဈေး – ၃၇၅၂ ကျပ် ဝယ်ဈေး – ၃၆၆၂ ကျပ် -ထိုင်းဘတ် ရောင်းဈေး – ၉၇.၅၆ ကျပ် ဝယ်ဈေး – ၉၅.၂၃ ကျပ် -မလေးရှားရင်းဂစ် ရောင်းဈေး – ၇၅၀ ကျပ် ဝယ်ဈေး – ၇၃၀ ကျပ် -တရုတ်ယွမ် ရောင်းဈေး – ၄၇၅ ကျပ် ဝယ်ဈေး – ၄၆၅ ကျပ် -ဂျပန်ယန်း ရောင်းဈေး…

Read More

ယနေ့ ရွှေဈေး (ဒီဇင်ဘာ- ၅ ရက်၊ နံနက် ၁၀ နာရီ)

  Voice of Myanmar -ကမ္ဘာ့ရွှေဈေး တအောင်စ ၂၀၃၄ ဒေါ်လာ -အခေါက်ရွှေ တကျပ်သား (ပြင်ပဈေးကွက်) ရောင်းဈေး ၃၇၀၀၀၀၀ ကျပ် ဝယ်ဈေး ၃၆၅၀၀၀၀ ကျပ် -၁၅ ပဲရည် တကျပ်သား ရောင်းဈေး ၃၅၀၀၀၀၀ ကျပ် ဝယ်ဈေး ၃၄၅၀၀၀၀ ကျပ် “လက်ရှိ ရွှေဈေးကွက်အတွင်း ဈေးနှုန်းအတက်အကျ မငြိမ်သေးတဲ့အတွက် ရောင်းမှား၊ ဝယ်မှား မဖြစ်ဖို့ သတိပြုစေလိုပါတယ်။” ရွှေဈေးနှုန်းများ အချိန်နှင့်အမျှ ပြောင်းလဲနိုင်သည်။

Read More

အိန္ဒိယမှာ ဆိုင်ကလုန်းမုန်တိုင်းကြောင့် လူရှစ်ယောက်သေဆုံး ၊ တမီလ်နာဒူနဲ့ အန်ဒရာပရာဒက်ရှ်မှာ အနီရောင် သတိပေးချက်ထုတ်ပြန်

  ဒေလီ၊ ဒီဇင်ဘာ-၅-၂၀၂၃ မျိုးးဆက်(VOM) ပြင်းထန်တဲ့ ဆိုင်ကလုန်းမုန်တိုင်း မိကျောင်းဟာ အိန္ဒိယနိုင်ငံ တောင်ပိုင်းကမ်းရိုးတန်းကို ဝင်ရောက်တိုက်ခတ်မှုကြောင့် မိုးသည်းထန်စွာရွာသွန်းခြင်း၊ လေပြင်းတိုက်ခတ်ခြင်းနဲ့ ရေကြီးရေလျှံမှုတွေ ဖြစ်ပွားခဲ့ပါတယ်။ မုန်တိုင်းတိုက်ခတ်မှုကြောင့် တမီလ်နာဒူပြည်နယ်နဲ့ အန်ဒရာပရာဒက်ရှ်ပြည်နယ်တွေရှိ မြေနိမ့်ပိုင်းနေသူ ထောင်ပေါင်းများစွာကို အာဏာပိုင်တွေက ဘေးလွတ်ရာကို ရွှေ့ပြောင်းပေးခဲ့ရပါတယ်။ ချိန်နိုင်းမြို့ရှိ လူနေရပ်ကွက်အများအပြားဟာလည်း ရေနစ်မြုပ်ပြီး ကားတွေ ရေထဲမျောပါခဲ့ကာ အိန္ဒိယရဲ့ အကြီးဆုံးလေဆိပ်တွေထဲက တစ်ခုဖြစ်တဲ့ ချန်နိုင်းလေဆိပ်ကိုလည်း ဒီဇင်ဘာ ၄ ရက်မှာ ပိတ်ထားခအေဲ့ရပါတယ်။ ချန်နိုင်းမြို့မှာတော့ အဆောက်အအုံပြိုကျမှုနဲ့ ဓါတ်လိုက်ခြင်းတွေကြောင့် လူခြောက်ယောက်သေဆုံးခဲ့ကြောင်း ချန်နိုင်းရဲတပ်ဖွဲ့က အတည်ပြုထားပါတယ်။ချန်ဂယ်ပါတူမြို့မှာတော့ လူနှစ်ယောက်သေဆုံးခဲ့တယ်လို့ ဆိုပါတယ်။ ဆိုင်ကလုန်းမုန်တိုင်း မိကျောင်းဟာ ဒီနေ့ ဒီဇင်ဘာ ၅ ရက်မနက်ပိုင်းမှာ အန်ဒရာပရာဒက်ရှ်ပြည်နယ် ကုန်တွင်းပိုင်းကို တနာရီလေတိုက်နှုန်း ၁၁၀ ကီလိုမီတာန့ ဝင်ရောက်ဖွယ်ရှိနေပြီး တမီလ်နာဒူနဲ့ အန်ဒရာပရာဒက်ရှ်ပြည်နယ်တို့မှာ အနီရောင်သတိပေးချက်ထုတ်ပြန်ထားပါတယ်။ Ref:BBC Photo:Reuters

Read More

This Day in History

Voice of Myanmar တောင်အာဖရိကတွင် လူမျိုးရေးခွဲခြားမှုနှင့် အသားအရောင်ခွဲခြားမှုကို အဆုံးသတ်ပြီး ငြိမ်းချမ်းစွာအသွင်ကူးပြောင်းရေး ဦးဆောင်ခဲ့သူ နယ်လ်ဆင်မင်ဒဲလားသည် အသက် ၉၅ နှစ်အရွယ် ၂၀၁၃ ခုနှစ် ဒီဇင်ဘာ ၅ ရက်တွင် ကွယ်လွန်ခဲ့သည်။

Read More

ယနေ့ ရွှေဈေး (ဒီဇင်ဘာ- ၄ ရက်၊ ညနေ ၄ နာရီ)

  Voice of Myanmar -ကမ္ဘာ့ရွှေဈေး တအောင်စ ၂၀၆၂ ဒေါ်လာ -အခေါက်ရွှေ တကျပ်သား (ပြင်ပဈေးကွက်) ရောင်းဈေး ၃၇၁၅၀၀၀ ကျပ် ဝယ်ဈေး ၃၆၆၅၀၀၀ ကျပ် -၁၅ ပဲရည် တကျပ်သား ရောင်းဈေး ၃၅၁၅၀၀၀ ကျပ် ဝယ်ဈေး ၃၄၆၅၀၀၀ ကျပ် “လက်ရှိ ရွှေဈေးကွက်အတွင်း ဈေးနှုန်းအတက်အကျ မငြိမ်သေးတဲ့အတွက် ရောင်းမှား၊ ဝယ်မှား မဖြစ်ဖို့ သတိပြုစေလိုပါတယ်။” ရွှေဈေးနှုန်းများ အချိန်နှင့်အမျှ ပြောင်းလဲနိုင်သည်။

Read More

အမျိုးသားကျောင်းများနှင့် ပညာရေး အပြောင်းအလဲ

  ဆူးငှက်   သူ့ကျွန်လက်အောက် ရောက်ရှိနေချိန်မှာ မြန်မာပြည်သူလူထုဟာ အဆင့်မြင့်ပညာရေးကို လိုလားကြလို့ကောလိပ်ကျောင်းတွေ၊ တက္ကသိုလ်ကျောင်းတွေ ဖွင့်လှစ်ပေးဖို့ တောင်းဆိုကြတယ်။ အင်္ဂလိပ်ကလည်း သူ့အုပ်ချုပ်ရေး ယန္တယားမှာ အထောက်အကူဖြစ်စေဖို့ ရည်ရွယ်ပြီး ရန်ကုန်မှာကောလိပ်ကျောင်း ဖွင့်ဖို့ စီစဉ်တယ်။ ဒါပေမယ့် အင်္ဂလိပ်အစိုးရ ဖွင့်ပေးတဲ့ကောလိပ်ကျောင်းဆိုတာ အိန္ဒိယ ကာလက္ကတား တက္ကသိုလ်ရဲ့ လက်အောက် က ကျောင်းခွဲလေး တစ်ခုပဲဖြစ်တယ်။   မြန်မာပြည် ကောလိပ်ကျောင်းသားတွေက အိန္ဒိယ ကာလက္ကတား တက္ကသိုလ် ရဲ့ လက်အောက်က ကျောင်းခွဲလေး ဖြစ်နေတာကို မကြိုက်ဘူး။ ကာလကတ္တား တက္ကသိုလ် က စစ်တဲ့ စာမေးပွဲကို ဖြေနေရတာလည်း မကြိုက်ဘူး။ ဒါကြောင့် ကိုယ်ပိုင်တက္ကသိုလ်ပေးဖို့ အင်္ဂလိပ်အစိုးရကို တောင်းဆိုကြတယ်။ အင်္ဂလိပ် အစိုးရက မြန်မာလူမျိုးတွေနဲ့ သင့်တော်မယ်လို့ ယူဆတဲ့တက္ကသိုလ်ဥပဒေမူကြမ်းကို  ၁၉၂၀ မှာ ရေးဆွဲပေးခဲ့တယ်။ အဲဒီ့…

Read More

တောင်တရုတ်ပင်လယ် ဖိလစ်ပိုင်ရေပိုင်နက်ထဲ တရုတ်သင်္ဘော ၁၃၀ ကျော် စုဝေးရောက်ရှိနေ

  မနီလာ၊ ဒီဇင်ဘာ-၄-၂၀၂၃ မျိုးဆက်(VOM) အငြင်းပွားဖွယ် တောင်တရုတ်ပင်လယ်ရှိ ဖိလစ်ပိုင်အထူးစီးပွားရေးဇုန် အနီးရေပြင်ကို တရုတ်သင်္ဘော ၁၃၀ ကျော် စုဝေးရောက်ရှိခဲ့ကြောင်း ဖိလစ်ပိုင်တာဝန်ရှိသူတွေက နိုဝင်ဘာ ၄ ရက်မှာပြောပါတယ်။ တရုတ်သင်္ဘောတွေဟာ ဖိလစ်ပိုင်နိုင်ငံ ပါလဝမ်ကျွန်းစုအနောက်ဘက် ကီလိုမီတာ ၃၀၀ ကျော်အကွာရှိ စပါတလီကျွန်းစုရှိ သန္တာကျောက်တန်းအနီးမှာ ဆိုက်ကပ်နေခဲ့ကြောင်း ဖိလစ်ပိုင်ကမ်းခြေစောင့်တပ်ဖွဲ့က ဆိုပါတယ်။ ကျောက်တန်းတဝိုက်ရှိရေပြင်ဟာ ဖိလစ်ပိုင်နက်နယ်မြေဖြစ်ကြောင်း ဖိလစ်ပိုင်က အခိုင်အမာဆိုထားပါတယ်။ ဖိလစ်ပိုင်ကင်းလှည့်သင်္ဘောနှစ်စင်းဟာ နိုဝင်ဘာ ၃ ရက်က ရေပိုင်နက်အတွင်း ကင်းလှည့်ခဲ့ပြီး တရုတ်သင်္ဘောတွေကို ထွက်ခွာဖို့ သတိပေးခဲ့ကြပါတယ်။ တရုတ်သင်္ဘောတွေဟာ ရေပိုင်နက်အတွင်းကို တရုတ်ရဲ့ရေကြောင်းဆိုင်ရာ ပြည်သူ့စစ်တွေကို ခေါ်ဆောင်လာတယ်လို့ ဖိလစ်ပိုင်နိုင်ငံက သံသယရှိနေပြီး တရုတ်သင်္ဘောတွေ ဝင်ရောက်မှုဟာ ပြီးခဲ့တဲ့ လကထက် တိုးမြင့်လာတဲ့အပေါ် အနီးကပ်စောင့်ကြည့်နေပါတယ်။ ၂၀၂၁ ခုနှစ် မတ်လအတွင်းကလည်း အဲဒီဒေသမှာ တရုတ်သင်္ဘော ၂၀၀ ကျော်…

Read More
VOM News

FREE
VIEW