ဒီဇင်ဘာ ၁ – ၂၀၂၃ SN (VOM) အမျိုးသားဒီမိုကရေစီပါတီသစ် – NNDP (ခမောက်သုံးလုံး) ပါတီဥက္ကဋ္ဌ ဦးသန်းထွန်း (၅၄) နှစ်ဟာ ဒီကနေ့ ဒီဇင်ဘာ ၁ ရက်နေ့ မနက်မှာပဲ ရန်ကုန်မြို့၊ သင်္ဃန်းကျွန်းမြို့နယ်မှာ လုပ်ကြံသတ်ဖြတ်ခံလိုက်ရတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။ ဦးသန်းထွန်းဟာ ဒီကနေ့မနက် ၈ နာရီ၊ ၁၅ မိနစ်ဝန်းကျင်က သင်္ဃန်းကျွန်းမြို့နယ်၊ ငမိုးရိပ်ရပ်ကွက်၊ အပိုင်း (၃)၊ (၃) လမ်း၊ အမှတ် (၆၂၉)ရှိ “မကြီး” မိတ္တူဆိုင်မှာ ပစ်ခတ်ခံခဲ့ရတာလို့ သိရပြီး ကျည်ထိမှန်ဒဏ်ရာ ၄ ချက်နဲ့ ဆေးရုံကိုပို့ဆောင်စဉ် မနက် ၈ နာရီ၊ မိနစ် ၅၀ ဝန်းကျင်မှာ သေဆုံးသွားတယ်လို့ သိရပါတယ်။ “အဲ့ဒီ့ “မကြီး” မိတ္တူဆိုင်ထဲကို အနက်ရောင်အင်္ကျီဝတ်ထားတဲ့ လူနှစ်ယောက်က…
Read MoreYear: 2023
ယနေ့ ရွှေဈေး (ဒီဇင်ဘာ- ၁ရက်၊ နံနက် ၁၀ နာရီ)
Voice of Myanmar -ကမ္ဘာ့ရွှေဈေး တအောင်စ ၂၀၃၆ ဒေါ်လာ -အခေါက်ရွှေ တကျပ်သား (ပြင်ပဈေးကွက်) ရောင်းဈေး ၃၆၆၅၀၀၀ ကျပ် ဝယ်ဈေး ၃၆၁၅၀၀၀ ကျပ် -၁၅ ပဲရည် တကျပ်သား ရောင်းဈေး ၃၄၆၅၀၀၀ ကျပ် ဝယ်ဈေး ၃၄၁၅၀၀၀ ကျပ် “လက်ရှိ ရွှေဈေးကွက်အတွင်း ဈေးနှုန်းအတက်အကျ မငြိမ်သေးတဲ့အတွက် ရောင်းမှား၊ ဝယ်မှား မဖြစ်ဖို့ သတိပြုစေလိုပါတယ်။” ရွှေဈေးနှုန်းများ အချိန်နှင့်အမျှ ပြောင်းလဲနိုင်သည်။
Read Moreထိုင်ဝမ်သမ္မတရွေးကောက်ပွဲ နီးလာချိန် ကျွန်းအနီးမှာ တရုတ်စစ်တပ်ရဲ့ လှုပ်ရှားမှုတွေ မြင့်တက်လာ
တိုင်ပေ၊ ဒီဇင်ဘာ-၁-၂၀၂၃ မျိုးဆက်(VOM) ဇန်နဝါရီလမှာ ကျင်းပမယ့် ထိုင်ဝမ်ရွေးကောက်ပွဲမတိုင်ခင် ထိုင်ဝမ်ကျွန်းအနီးမှာ တရုတ်ရဲ့ စစ်ရေးလှုပ်ရှားမှုတွေ မြင့်တက်လာတယ်လို့ ထိုင်ဝမ်ကာကွယ်ရေးဝန်ကြီးဌာနက ပြောပါတယ်။ နိုဝင်ဘာ ၃၀ ရက်ကလည်း ထိုင်ဝမ်ရေလက်ကြားရှိ အလယ်မျဉ်းကို တရုတ်တိုက်လေယာဉ်တွေ ဖြတ်ကျော်ပျံသန်းခဲ့ပြီး ကျွန်းအနီးမှာ တရုတ်စစ်သင်္ဘောတွေနဲ့ စစ်လေယာဉ်တွေကို ထောက်လှမ်းတွေ့ရှိခဲ့တယလို့ ဆိုပါတယ်။ ကျွန်းရဲ့ အနောက်တောင်ပိုင်းနဲ့ အလယ်ပိုင်းမှာ တရုတ်စစ်တပ်ရဲ့ ဂျေ-၁၀ နဲ့ဂျေ-၁၆ တိုက်လေယာဉ်တွေအပါအဝင် သင်္ဘောပေါ်က ရဟတ်ယာဉ်တွေ ပျံသန်းမှုကို တွေ့ရှိခဲ့ပြီး စောင့်ကြည့်မှုတွေ ပြုလုပ်ခဲ့ရတယ်လို့ ထိုင်ဝမ်ကာကွယ်ရေးဝန်ကြီးဌာနဆိုပါတယ်။ တရုတ်နိုင်ငံဟာ ထိုင်ဝမ်ကျွန်းကို ပိုင်ဆိုင်တယ်လို့ အခိုင်အမာပြောဆိုထားပြီး ပြန်လည်ပေါင်းစည်းရေးအတွက် လိုအပ်ရင် စစ်အင်အားသုံးမယ်လို့ ပြောဆိုထားပြီး ပြီးခဲ့တဲ့ လေးနှစ်ကစပြီး ကျွန်းအနီးမှာ စစ်ရေးလေ့ကျင့်တာတွေအပါအဝင် ကင်းလှည့်မှုတွေ တိုးမြင့်လာပါတယ်။ ထိုင်ဝမ် သမ္မတရွေးကောက်ပွဲနဲ့ ပါလီမန်ရွေးကောက်ပွဲတွေကို လာမယ့် ဇန်နဝါရီ ၁၃ ရက်မှာကျင်းပမှာဖြစ်ပြီး…
Read MoreThis Day in History
Voice of Myanmar ယူကရိန်းမဲဆန္ဒရှင်များသည် ဆိုဗီယက်ယူနီယံမှ ယူကရိန်းနိုင်ငံခွဲထွက်ပြီး လွတ်လပ်ရေးအတွက် ၁၉၉၁ ခုနှစ် ဒီဇင်ဘာ ၁ ရက်တွင်ပြုလုပ်သော ပြည်လုံးကျွတ်ဆန္ဒခံယူပွဲ၌ ထောက်ခံမဲပေးခဲ့ကြသည်။
Read Moreစက်သုံးဆီ တလီတာ ၃၀၀ ကျော် ခုန်တက်
လက်လီဈေးကွက်အတွင်း အိမ်သုံးဂက်စ် ပြတ်လပ်နေ
နိုဝင်ဘာ ၃၀ – ၂၀၂၃ SN (VOM) လက်ရှိမှာ အိမ်သုံးဂက်စ် (LPG) ဖြန့်ဖြူးတဲ့ ကုမ္ပဏီအများစု အရောင်းရပ်ဆိုင်းနေတာကြောင့် လက်လီရောင်းချသူတွေမှာ ပစ္စည်းပြတ်လပ်မှုတွေ ဖြစ်ပေါ်နေတယ်လို့ ဈေးကွက်အတွင်းက သိရပါတယ်။ နယ်စပ်ဒေသအတွင်း တိုက်ပွဲတွေ ဖြစ်ပွားနေသလို ငွေဈေးမတည်ငြိမ်မှုတွေလည်း ဖြစ်ပေါ်နေတာကြောင့် အိမ်သုံးဂက်စ်တွေ ဈေးမြင့်တက်နေပြီး ပစ္စည်းပြတ်လပ်နေတာဖြစ်တယ်လို့ ဂက်စ်ဆိုင်လုပ်ငန်းရှင်တွေနဲ့ လက်လီအရောင်းဆိုင်ရှင်တွေက ပြောပါတယ်။ “ဂက်စ်က အခု ဘယ်လိုဖြစ်နေလဲဆိုတော့ ၁၀ လုံးမှာရင် ငါးလုံးလောက်ပဲရတော့တယ်။ ဆိုင်တွေမှာလည်း လက်ကျန်နည်းနေပြီ။ အများနဲ့ ဖြစ်တာဆိုတော့ လက်ထဲရှိတဲ့သူတွေက ထိန်းရောင်းနေတာပေါ့။ ဝယ်သူလိုသလောက် ရောင်းပေးလို့လည်း မရတော့ဘူး။ ကိုယ့်ဆီမှာ ယူနေတဲ့ဖောက်သည်တွေကိုပဲ ဦးစားပေးအနေနဲ့ မျှရောင်းနေရတယ်။ တခြားက လာဝယ်တဲ့သူတွေကို ဘယ်လိုမှ ရောင်းပေးလို့ မရတော့ဘူး။ ဈေးကလည်း ထပ်တက်လာမလား မသိဘူး” လို့ မြောက်ဒဂုံမြို့နယ်က ဂက်စ်ဆိုင်လုပ်ငန်းရှင်တယောက်က ပြောပါတယ်။ ဈေးကွက်အတွင်း…
Read More၁၀၅ မိုင်မှာ ကယ်ဆယ်ရေးလုပ်နေတဲ့ ပရဟိတကားတစီး ပစ်ခံရပြီး ပြည်သူ နှစ်ယောက် ဒဏ်ရာရ
နိုဝင်ဘာ ၃၀၊ ၂၀၂၃ Shy V (VOM) ရှမ်းပြည်နယ် မြောက်ပိုင်း မူဆယ် ၁၀၅ မိုင် မှာ ပိတ်မိ နေတဲ့ပြည်သူတွေကို ကယ်ဆယ်ရေးလုပ်နေတဲ့ ပရဟိတ ကား တစီး ပစ်ခတ်ခံရတာကြောင့် ကားပျက်သွားပြီး ပြည်သူ နှစ်ယောက် ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း ပရဟိတ အသင်းတွေဆီက သိရပါတယ်။ “ဟုတ်ကဲ့ခင်ဗျ။ ပြည်သူနှစ် ယောက်ထိတယ်။ စစ်ရှောင်တွေ။ ကားလည်း မရတော့ဘူး အဲမှာ ပစ်ထား ခဲ့ရတယ်။ ကားပါ စက်နှိုး မရမရတာ။ အသင်းကတော့ ထိခိုက်တာ မရှိဘူး ပြည်သူပဲ နည်းနည်း ထိသွားတာ။” လို့ ပရဟိတ အသင်း တသင်းရဲ့ တာဝန်ရှိသူ တယောက် က ပြောပါတယ်။ စစ်မြေပြင်မှာ ပိတ်မိနေတဲ့ ပြည်သူတွေ ၂၀၀ ဝန်းကျင် ကယ်ဆယ်ကာ မူဆယ်ဘက်…
Read Moreယနေ့ ရွှေဈေး (နိုဝင်ဘာ- ၃၀ ရက်၊ ညနေ ၄ နာရီ)
Voice of Myanmar -ကမ္ဘာ့ရွှေဈေး တအောင်စ ၂၀၄၂ ဒေါ်လာ -အခေါက်ရွှေ တကျပ်သား (ပြင်ပဈေးကွက်) ရောင်းဈေး ၃၆၆၀၀၀၀ ကျပ် ဝယ်ဈေး ၃၆၁၀၀၀၀ ကျပ် -၁၅ ပဲရည် တကျပ်သား ရောင်းဈေး ၃၄၆၀၀၀၀ ကျပ် ဝယ်ဈေး ၃၄၁၀၀၀၀ ကျပ် “လက်ရှိ ရွှေဈေးကွက်အတွင်း ဈေးနှုန်းအတက်အကျ မငြိမ်သေးတဲ့အတွက် ရောင်းမှား၊ ဝယ်မှား မဖြစ်ဖို့ သတိပြုစေလိုပါတယ်။” ရွှေဈေးနှုန်းများ အချိန်နှင့်အမျှ ပြောင်းလဲနိုင်သည်။
Read Moreကမ္ဘာပေါ်မှာ လူနေမှုစရိတ်ကြီးမြင့်တဲ့ နေရာတွေထဲ စင်ကာပူ ထိပ်ဆုံးမှာ ရပ်တည်နေ
စင်ကာပူ၊ နိုဝင်ဘာ-၃၀-၂၀၂၃ မျိုးဆက်(VOM) ကမ္ဘာပေါ်မှာ လူနေမှုစရိတ်ကြီးမြင့်တဲ့ နေရာတွေထဲမှာ စင်ကာပူက ထိပ်ဆုံးမှာ ဆက်လက်ရပ်တည်နေပြီး စင်ကာပူနိုင်ငံပြီးရင် ဇူးရစ်ချ်မြို့က ဒုတိယနေရာမှာ ရပ်တည်နေတယ်လို့ Economist Intelligence Unit (အီးအိုင်ယူ) က ဒီနေ့ နိုဝင်ဘာ ၃၀ ရက်မှာ ထုတ်ပြန်လိုက်ပါတယ်။ စရိတ်စက အကြီးမြင့်ဆုံးမြို့တွေထဲမှာ စင်ကာပူ ၊ ဇူးရစ်ချ်တို့ပြီးရင် ဂျီနီဗာနဲ့နယူးယောက်တို့က တတိယနေရာမှာရပ်တည်နေကာ ဟောင်ကောင်က အဆင့်ငါးနဲ့ လော့စ်အိန်ဂျလိစ်က အဆင့်ခြောက်နေရာမှာ ရပ်တည်နေပါတယ်။ အီးအိုင်ယူဟာ ပျှမ်းမျှအားဖြင့် အသုံးများတဲ့ ကုန်စည်နဲ့ဝန်ဆောင်မှု ၂၀၀ ကျော်အတွက် ပြည်တွင်းသုံးငွေကြေးသတ်မှတ်ချက်အရ ပျှမ်းမျှဈေးနှုန်းတွေကို အခြေခံကာ အဆင့်သတ်မှတ်တာဖြစ်ပြီး တနှစ်ထက်တနှစ် ၇ ဒသမ ၄ ရာခိုင်နှုန်းထိ မြင့်တက်ခဲ့တယ်လို့ ဆိုပါတယ်။ စင်ကာပူဟာ ကုန်စည်နဲ့ ဝန်ဆောင်မှုအမျိုးအစားများစွာမှာ ဈေးနှုန်းမြင့်မားမှုကြောင့် ကမ္ဘာပေါ်မှာ လူနေမှုစရိတ်ကြီးမြင့်မှုအဆင့်သတ်မှတ်ချက် ၁၁…
Read Moreရေဇွာမြို့ကို ဒေသတွင်း လက်နက်ကိုင်အဖွဲ့တွေက ထိန်းချုပ်ထား
နိုဝင်ဘာ ၊ ၃၀ ၊ ၂၀၂၃ SP (VOM) ချင်းပြည်နယ် တောင်းပိုင်း ၊ မတူပီမြို့နယ် ၊ ရေဇွာမြို့နယ်ခွဲမှာ နစကတပ်နဲ့ ဒေသတွင်း လက်နက်ကိုင် အဖွဲ့တွေကြား နှစ်ရက်ကြာ တိုက်ပွဲတွေဖြစ်ပွားပြီးနောက် မနေ့ နိုဝင်ဘာ ၂၉ ရက် မနက်ပိုင်းကစလို့ ရေဇွာမြို့ကို ဒေသတွင်းလက်နက်ကိုင်အဖွဲ့တွေက ထိန်းချုပ်ထားတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။ ” မနေ့က မနက် ၁၀ နာရီဝန်းကျင်လောက်ကစပြီး ရေဇွာမြို့ကို ဒေသတွင်း လက်နက်ကိုင် အဖွဲ့တွေက ထိန်းချုပ်လိုက်တယ် ၊ တပ်စခန်း ၊ ရဲစခန်းနဲ့ ထွေအုပ်ရုံးတွေပါ လူမရှိတော့ဘူး ၊ ရေဇွာမှာ နှစ်ရက်ကြာတိုက်ပွဲအတွင်း နှစ်ဘက် ထိခိုက်ကျဆုံးမှုတွေရှိတယ် ၊ နောက်ပြီး စစ်သုံ့ပန်းတချို့လည်း ဖမ်းဆီးခံထားရတယ် ” လို့ ရေဇွာမြို့ခံ ဘာသာရေးခေါင်းဆောင်တယောက်က ပြောပါတယ်။…
Read More