Voice of Myanmar -အမေရိကန်ဒေါ်လာ ရောင်းဈေး – ၃၄၀၀ ကျပ် ဝယ်ဈေး – ၃၃၅၀ ကျပ် -စင်္ကာပူဒေါ်လာ ရောင်းဈေး – ၂၅၃၀ ကျပ် ဝယ်ဈေး – ၂၄၈၀ ကျပ် -ယူရို ရောင်းဈေး – ၃၇၃၃ ကျပ် ဝယ်ဈေး – ၃၆၄၅ ကျပ် -ထိုင်းဘတ် ရောင်းဈေး – ၉၇.၀၈ ကျပ် ဝယ်ဈေး – ၉၄.၇၈ ကျပ် -မလေးရှားရင်းဂစ် ရောင်းဈေး – ၇၄၇ ကျပ် ဝယ်ဈေး – ၇၃၀ ကျပ် -တရုတ်ယွမ် ရောင်းဈေး – ၄၈၀ ကျပ် ဝယ်ဈေး – ၄၇၀ ကျပ် -ဂျပန်ယန်း ရောင်းဈေး…
Read MoreYear: 2023
ယနေ့ ရွှေဈေး (နိုဝင်ဘာ- ၂၃ ရက်၊ နံနက် ၁၀ နာရီ)
Voice of Myanmar -ကမ္ဘာ့ရွှေဈေး တအောင်စ ၁၉၉၄ ဒေါ်လာ -အခေါက်ရွှေ တကျပ်သား (ပြင်ပဈေးကွက်) ရောင်းဈေး ၃၆၂၀၀၀၀ ကျပ် ဝယ်ဈေး ၃၅၇၀၀၀၀ ကျပ် -၁၅ ပဲရည် တကျပ်သား ရောင်းဈေး ၃၄၂၀၀၀၀ ကျပ် ဝယ်ဈေး ၃၃၇၀၀၀၀ ကျပ် “လက်ရှိ ရွှေဈေးကွက်အတွင်း ဈေးနှုန်းအတက်အကျ မငြိမ်သေးတဲ့အတွက် ရောင်းမှား၊ ဝယ်မှား မဖြစ်ဖို့ သတိပြုစေလိုပါတယ်။” ရွှေဈေးနှုန်းများ အချိန်နှင့်အမျှ ပြောင်းလဲနိုင်သည်။
Read Moreအိန္ဒိယမှာ ဥမင်အတွင်းပိတ်မိနေတဲ့ အလုပ်သမား ၄၁ ဦးကို ကယ်တင်နိုင်ဖို့ နီးစပ်လာ
ဒေလီ၊ နိုဝင်ဘာ-၂၃-၂၀၂၃ မျိုးဆက်(VOM) အိန္ဒိယနိုင်ငံ ဥတာရာခန်းပြည်နယ်ရှိ ဥမင်လှိုဏ်ခေါင်းတွင် ပိတ်မိနေသည့် အလုပ်သမာ ၄၁ ဦးကို ကယ်တင်ရန် နီးစပ်လာပြီဖြစ်ကြောင်း ကယ်ဆယ်ရေးသမားတွေက ဒီနေ့ နိုဝင်ဘာ ၂၃ ရက်မှာပြောပါတယ်။ အလုပ်သမားတွေဟာ မြေအောက်ဥမင်ဆောက်လုပ်နေချိန် ပြိုကျမှုကြောင့် နိုဝင်ဘာ ၁၂ ရက်ကတည်းက ပိတ်မိနေခဲ့တာဖြစ်ပြီး သူတို့ကို မနက်ဖြန်နေ့လယ်ပိုင်းမှာ ကယ်တင်နိုင်မယ်လို့ ယုံကြည်ကြောင်း တာဝန်ရှိသူတွေက ပြောပါတယ်။ အာဏာပိုင်တွေဟာ ဥမင်ပြိုကျပြီးနောက် နာရီပိုင်းအတွင်း ပိတ်မိနေတဲ့ အလုပ်သမားတွေနဲ့ အဆက်သွယ်ရခဲ့ပြီး အောက်ဆီဂျင်၊ အစားခြောက်နဲ့ ရေတို့ကို ဥမင်ထဲကို ရေပေးတဲ့ပိုက်ကတဆင့် ပေးပို့နိုင်ခဲ့ပါတယ်။ သို့သော် ကယ်ဆယ်ရေးများနှောင့်နှေးမှုအပေါ် ပိတ်မိနေသူများ၏ ဆွေမျိုးသားချင်းများက ဝေဖန်မှုများရှိနေသည်။ ကယ်ဆယ်ရေးတွေဆောင်ရွက်စဉ်မှာ အပျက်အစီးတွေပြိုကျမှုကြောင့် နှောင့်နှေးမှုတွေ ဖြစ်ပွားခဲ့ပြီး နည်းလမ်းသစ်တွေနဲ့ ကယ်တင်နိုင်ဖို့ တာဝန်ရှိသူတွေက လုပ်ဆောင်နေပါတယ်။ ဥတာကာရှီခရိုင်ရှိ ဆစ်ယာရာဥမင်ဟာ ဥတာရာခန်းပြည်နယ်ရှိ နာမည်ကြီးဘုရားဖူးနေရာတွေနဲ့…
Read MoreThis Day in History
Voiceo of Myanmar ၁၉၄၆ ခုနှစ် နိုဝင်ဘာ ၂၃ ရက်တွင် ပြင်သစ်ရေတပ်က ဗီယက်နမ်ဆိပ်ကမ်းမြို့ ဟိုင်ဖောင်ကို ဗုံးကြဲတိုက်ခိုက်မှုကြောင့် ဗီယက်နမ်အရပ်သား ၆၀၀၀ ထက်မနည်း သေဆုံးခဲ့သည်။
Read Moreချင်း ၊ စစ်ကိုင်းနဲ့ မကွေးတိုင်းမှာ ထိတွေ့တိုက်ပွဲတွေဖြစ်လို့ ကုန်သွယ်ရေးလမ်းအများစု ပိတ်ထားခံရလို့ ကုန်စည်ပြတ်လပ်
နိုဝင်ဘာ ၊ ၂၃ ၊ ၂၀၂၄ SP(VOM) ဒီရက်ပိုင်းအတွင်း ချင်းပြည်နယ် ၊ စစ်ကိုင်းတိုင်းနဲ့ မကွေးတိုင်းထဲမှာ ဒေသတွင်း လက်နက်ကိုင်အဖွဲ့တွေနဲ့ နစကတပ်တွေမကြာခဏ ထိတွေ့တိုက်ပွဲတွေ ဖြစ်ပွားတာကြောင့် ကုန်စည်နဲ့ ခရီးသည် သယ်ယူပို့ဆောင်ရေး လမ်းပိုင်းတွေ အများစု ပိတ်ခံထားရတယ်လို့ ကားလုပ်ငန်းရှင်တွေဆီက သိရပါတယ်။ ဒီအကြောင်းနဲ့ ပတ်သက်လို့ အထက်မြန်မာပြည် ကားလုပ်ငန်းရှင် တယောက်က ” ပြီးခဲ့တဲ့ နိုဝင်ဘာ ၂၀ ရက်စပြီး ဒီကနေ့အထိမကွေးတိုင်း ဂန့်ဂေါမြို့နယ်နဲ့ ချင်းပြည်နယ် ဟားခါးမြို့ကြားမှာရှိတဲ့ တောင်ပေါ် လမ်းပိုင်းကို ပိတ်ထားတယ် ၊ အဲ့ဒီလမ်းပိုင်းမှာ အတက်ကားနဲ့ အဆင်းကားတွေ ရာချီပြီး ပိတ်မိနေတယ် ၊ နောက်ပြီး စစ်ကိုင်းတိုင်း ကလေးမြို့နဲ့ ချင်းပြည်နယ် မြောက်ပိုင်းမှာရှိတဲ့ နယ်စပ်ကုန်သွယ်ရေး ဟိုင်မွာလ်…
Read Moreမီဇိုရမ်ပြည်နယ်မှာ မြန်မာ CDM စစ်သားဟောင်း တယောက် လူသတ်ရန်ကြံစည်မှုနဲ့ ထောင်ဒဏ် ၁၀ နှစ်ချခံရ
နိုဝင်ဘာ ၊ ၂၃ ၊ ၂၀၂၃ SP ( VOM) မီဇိုရမ်ပြည်နယ်ဘက်ကို ထွက်ပြေးတိမ်းရှောင်လာတဲ့ မြန်မာ CDM စစ်သားဟောင်း တယောက်ဟာ လူသတ်ရန်ကြံစည်လို့ဆိုပြီး အိန္ဒိယနိုင်ငံ ၊ မီဇိုရမ်ပြည်နယ် ၊ ကျန်ဖိုင်းခရိုင် တရားသူကြီး က ထောင်ဒဏ် ၁၀ နှစ်နဲ့ ငွေဒဏ် ရူပီးငွေ ၃၀၀၀ ချမှတ်ခဲ့တယ်လို့ နိုဝင်ဘာ ၂၀ရက်က အိန္ဒိယသတင်းဌာနတွေမှာ ဖော်ပြထားပါတယ်။ ” တရားရုံး အမိန့်ချခံရတဲ့ မြန်မာစစ်သားဟောင်း (CDM)က ကျန်ဖိုင်းမြို့နယ် ၊ ဇိုးသဲ တိုက်ပွဲရှောင်စခန်းမှာ မိသားစုနဲ့ အတူနေထိုင်တယ်၊ သူက လွန်ခဲ့တဲ့ နှစ် နှစ်ကျော်က ချင်းပြည်နယ် တောင်ပိုင်း မတူပီမြို့နယ်မှာ ရှိတဲ့ ခလရ ၁၄၀ တပ်မှာ တပ်သား…
Read Moreမိုးညှင်းမြို့နယ်ထဲမှာ ဒီရက်ပိုင်းအတွင်း ပစ်သတ်ခံရတာနဲ့ ပျောက်ဆုံးနေသူတွေများလာ
နိုဝင်ဘာ ၊ ၂၃ ၊ ၂၀၂၃ SP( VOM) ကချင်ပြည်နယ် ၊ မိုးညှင်းခရိုင် ၊ မိုးညှင်းမြို့နယ်ထဲမှာ ဒီရက်ပိုင်းအတွင်း သွားရင်းလာရင်း ပစ်သတ်ခံရသူတွေနဲ့ ဖမ်းဆီးခြင်းခံရလို့ ပျောက်ဆုံးနေသူတွေ များလာတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။ ” ပြီးခဲ့တဲ့ နိုဝင်ဘာ ၂၁ ရက် မနက် ၁၁ နာရီဝန်းကျင်မှာ နှစ်လောင်းပြိုင် ပစ်သတ်ခံရတာဖြစ်တယ် ၊ အခင်းဖြစ်ပွားတဲ့ နေရာကတော့ မိုးညှင်းမြို့၊ အောင်သပြေ(၁)ရပ်ကွက် ရွှေသာလျောင်းဘုရားအနီး အရှေ့ဘက် တောင်ပေါ်မှာ ဖြစ်တယ် ၊ ပစ်သတ်ခံရသူတွေက အုတ်ကျင်းရပ်ကွက်နေ မိုးမင်းဇော်(ခ)စစ်ကိုင်း (၃၅)နှစ်နဲ့ အမည်မသိ ( စုံစမ်းဆဲ) အမျိုးသား တဦး၊ ပစ်သတ်ခံရတာဖြစ်တယ် ၊ ဘယ်သူတွေက ပစ်သတ်တာလဲဆိုတာနဲ့ ဘာကြောင့် ပစ်သတ်ခံရတာလဲဆိုတာ အခုထိ…
Read Moreဘုရားဈေးတိုက်ပွဲ ၈၅ နှစ်ပြည့်ပြီ
ဆူးငှက် အချိန်က လွတ်လပ်ရေး အရှိန်အဟုန် ပြင်းထန်နေတဲ့ ၁၉၃၈-၃၉ ခုနှစ်ကာလ။ ၁၉၃၈ ခုနှစ်ဆန်းကတည်းက မန္တလေးမှာ ဗဟိုအမျိုးသား အထက်တန်းကျောင်း (ယခု အထက-၂) က စပြီး နယ်ချဲ့ကို ဆန့်ကျင်တဲ့လှုပ်ရှားမှုတွေစတင်နေပြီ။ ဒီလှုပ်ရှားမှုတွေကို မန္တလေးမှာ အလွန်သြဇာရှိတဲ့ ရဟန်းပျိုအဖွဲ့ကလည်း ထောက်ခံနေပြီ။ နယ်ချဲ့ကလည်း ဖမ်းသူဖမ်း၊ ထောင်ချသူချနဲ့ ဖိနှိပ်နေပြီပေါ့။ ဒီကြားထဲ လူမျိုးရေးအဓိကရုဏ်းကိုလည်း ဖန်တီးလိုက်သေးတယ်။ ဒါပေမယ့် နယ်ချဲ့ဆန့်ကျင်ရေး အရှိန် အဟုန်က မပျက်ပြယ်ခဲ့ပါဘူး။ ကျောင်းသားလှုပ်ရှားမှုက စခဲ့တဲ့ နယ်ချဲ့ဆန့်ကျင်ရေးဟာရဟန်းပျိုအဖွဲ့ရော၊ မြို့လူထုသာ မက ဈေးချိုသူဈေးချိုသားတွေလည်း ပါဝင်လာကြတယ်။ ကျောင်းသားတွေနဲ့ မြို့လူထုကစီတန်းဆန္ဒပြမယ်။ ဈေးချို တော်ကြီးလည်း ဆန္ဒပြလူထုကြီးကိုကြိုဆိုကြမယ်။ ဂုဏ်ပြုကြမယ်။ ခေါင်းဆောင်တွေကိုပန်းကုံးစွပ်ကြမယ်နဲ့ အုတ် အော်သောင်းနင်းဖြစ်နေတော့ နယ်ချဲ့ဟာ ဈေးချိုတော်မှာ ပုဒ်မ-၂၃(၇)ကို ထုတ်ပြန်လိုက်ပါတယ်။ …
Read Moreယနေ့ ရွှေဈေး (နိုဝင်ဘာ- ၂၂ ရက်၊ ညနေ ၄ နာရီ)
Voice of Myanmar -ကမ္ဘာ့ရွှေဈေး တအောင်စ ၂၀၀၂ ဒေါ်လာ -အခေါက်ရွှေ တကျပ်သား (ပြင်ပဈေးကွက်) ရောင်းဈေး ၃၆၁၀၀၀၀ ကျပ် ဝယ်ဈေး ၃၅၆၀၀၀၀ ကျပ် -၁၅ ပဲရည် တကျပ်သား ရောင်းဈေး ၃၄၁၀၀၀၀ ကျပ် ဝယ်ဈေး ၃၃၆၀၀၀၀ ကျပ် “လက်ရှိ ရွှေဈေးကွက်အတွင်း ဈေးနှုန်းအတက်အကျ မငြိမ်သေးတဲ့အတွက် ရောင်းမှား၊ ဝယ်မှား မဖြစ်ဖို့ သတိပြုစေလိုပါတယ်။” ရွှေဈေးနှုန်းများ အချိန်နှင့်အမျှ ပြောင်းလဲနိုင်သည်။
Read Moreလောက်ကိုင်မြို့ကနေ ထွက်လာတဲ့ ခရီးသည်တင် ကားတစီး လက်နက်ကြီး ထိမှန်လို့ ၁၀ ယောက်သေ ၊ဒဏ်ရာရသူတွေ များပြား
နိုဝင်ဘာ ၊ ၂၂ ၊ ၂၀၂၃ SP ( VOM) ရှမ်းပြည်နယ် မြောက်ပိုင်း ၊ ကိုးကန့်ဒေသ ၊ လောက်ကိုင်မြို့ ၊ တုံချိန်းအထွက်နားမှာ ဒီကနေ့ မနက်ပိုင်းက ခရီးသည်တင်ကားတစီး လက်နက်ကြီးကျည် ထိမှန်ပေါက်ကွဲတာကြောင့် ကားပေါ်မှာလိုက်ပါလာတဲ့ ခရီးသည်တွေ သေဆုံး ၊ ဒဏ်ရာရတာတွေ ဖြစ်ခဲ့တယ်လို့ လောက်ကိုင် လူမှုကူညီရေး အဖွဲ့တွေဆီက သိရပါတယ်။ ” ကားပေါ်မှာလိုက်ပါလာတဲ့ ခရီးသည်တွေဟာ လောက်ကိုင်မြို့ကနေ ထွက်ပြေးတိမ်းရှောင်ဖို့နဲ့ နေရပ်တွေပြန်ကြဖို့ ခရီးသည်တွေဖြစ်တယ် ၊အဲ့ဒီကားဟာ လောက်ကိုင်မြို့ကနေအထွက် လက်နက် ကြီးပေါက်ကွဲသံတွေကြားရလို့ လမ်းခုလပ်ကနေ နောက်ကြောင်းပြန်ပြီး လောက်ကိုင်မြို့ထဲ ပြန်ဝင်အလာ တုံချိန် အထွက်နားက ဖရဲသီးဆိုင်ဘေးမှာ ရောက်တော့ လက်နက်ကြီးကျည် ( ရှော့တိုက်ဒုံး လို့ယူဆရ) ကျရောက်ပြီး အဲ့ဒီကားကို တည့်တည့်မှန်လို့ ပေါက်ကွဲတယ် ၊…
Read More