ဆာနား၊ နိုဝင်ဘာ-၂၀-၂၀၂၃ မျိုးဆက်(VOM) ယီမင်ရှိ အီရန်ကျောထောက်နောက်ခံပြုထားတဲ့ ဟူသီသူပုန်တွေဟာ ပင်လယ်နီမှာ အစ္စရေးကုန်တင်သင်္ဘောတစင်းကို သိမ်းပိုက်လိုက်ကြောင်း သူပုန်အဖွဲ့က ထုတ်ပြန်လိုက်ပါတယ်။ အခုလိုသိမ်းပိုက်ပြီးနောက် ကုန်တင်သင်္ဘောကို ယီမင်ရှိ ဆိပ်ကမ်းတခုဆီကို ယူဆောင်သွားခဲ့ကြောင်း ဟူသီသူပုန်အဖွဲ့ကပြောပါတယ်။ ဒါဟာ အီရန်အကြမ်းဖက်ဝါဒရဲ့ နောက်ထပ်လုပ်ရပ်တခုဖြစ်ကြောင်း အစ္စရေးဝန်ကြီးချုပ်နေတန်ယာဟုကဆိုပါတယ်။ အဲဒီသင်္ဘောဟာ အစ္စရေးသင်္ဘောမဟုတ်ကြောင်း၊ သင်္ဘောအမှုထမ်းတွေထဲမှာ အစ္စရေးတယောက်မှ မပါဝင်ဘူးလို့ အစ္စရေးက ပြောဆိုထားပေမယ့် အတည်မပြုနိုင်သေးတဲ့ သတင်းတွေအရ ပိုင်ရှင်ဟာ အစ္စရေးတယောက်ဖြစ်တယ်လို့ ဆိုပါတယ်။ အီရန်ကတော့ ဒီကိစ္စနဲ့ပတ်သက်ပြီး မှတ်ချက်ပြုပြောဆိုခြင်းမျိုးမရှိသေးပါဘူး။ အစ္စရေးနဲ့ ဟားမတ်စ်တို့ ဂါဇာကမ်းမြှောင်ဒေသမှာ စစ်ပွဲဖြစ်နေချိန်မှာ အစ္စရေးသင်္ဘောတွေကို ပြန်ပေးဆွဲမယ်လို့ ဟူသီသူပုန်အဖွဲ့က ခြိမ်းခြောက်ထားပါတယ်။ အောက်တိုဘာ ၇ ရက်က ဟားမတ်စ်တို့ရဲ့ တိုက်ခိုက်မှုကြောင့် အစ္စရေးမှာ လူ ၁၂၀၀ သေဆုံးခဲ့ပြီး ဂါဇာကို အစ္စရေးရဲ့ တိုက်ခိုက်မှုကြောင့် ကလေးငယ်တွေအပါအဝင် လူတသောင်းကျော် သေဆုံးသွားပြီဖြစ်ပါတယ်။…
Read MoreYear: 2023
This Day in History
Voice of Myanamr ဆိုဗီယက်ဗုံးကြဲလေယာဉ်များ ကျွန်းမှဖယ်ရှားမည်ဟု ကတိပြုထားသည့်အတွက် ကျူးဘားကို အမေရိကန်က ပိတ်ဆို့ဝိုင်းရံထားခြင်းကို သမ္မတကနေဒီက ၁၉၆၂ ခုနှစ် နိုဝင်ဘာ ၂၀ ရက်တွင် ရုပ်သိမ်းရန် အမိန့်ထုတ်ခဲ့သည်။
Read Moreလွိုင်ကော်မြို့ပေါ်မှာ လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲလို့ ကိုရင် နှစ်ပါး ပျံတော်မူ ၊ ဒီရက်ပိုင်း တိုက်ပွဲတွေကြောင့် ဒေသခံ ၆၀ ဝန်းကျင်သေဆုံး
နိုဝင်ဘာ ၊၂၀၊ ၂၀၂၃ SP ( VOM) ကယားပြည်နယ်၊ လွိုင်ကော်မြို့နယ်၊ ဥတ္တရာရုံ ပရိယတ္တိစာသင်တိုက်မှာ မနေ့ နိုဝင်ဘာ ၁၉ ရက် ၊ မနက် ၇ နာရီဝန်းကျင်က လက်နက်ကြီးကျည် ကျရောက် ပေါက်ကွဲလို့ ဆွမ်းခံသွားဖို့ ပြင်ဆင်နေတဲ့ ကိုရင်လေး နှစ်ပါး ထိမှန်ပြီး ပျံလွန်တော်မူသွားတယ်လို့ ဒေသခံ လူမှုကူညီရေး အဖွဲ့တွေဆီက သိရပါတယ်။ ” မနေ့ မနက်ပိုင်းက ကိုရင်လေး နှစ်ပါး လက်နက်ကြီးကျည် ထိမှန်လို့ ပျံလွန်တော်မူတယ် ၊ ဘွဲ့တော်နဲ့ အသက် မသိရသေးဘူး ၊ ဒီရက်ပိုင်း နိုဝင်ဘာ ၁၁ ရက်ကနေပြီး ၁၉ ရက်အထိ နှစ်ဘက်တိုက်ပွဲတွေကြားမှာ ၊ လွိုင်ကော် မြို့ပြင်ရပ်ကွက်တွေဖြစ်တဲ့ ထေးငှားလျားရပ်ကွက်၊ ချီကယ် ရပ်ကွက်၊ နာနတ်တောရပ်ကွက် ၊…
Read Moreယနေ့ ရွှေဈေး (နိုဝင်ဘာ- ၁၉ ရက်၊ နံနက် ၁၀ နာရီ)
Voice of Myanmar -ကမ္ဘာ့ရွှေဈေး တအောင်စ ၁၉၈၀ ဒေါ်လာ -အခေါက်ရွှေ တကျပ်သား (ပြင်ပဈေးကွက်) ရောင်းဈေး ၃၇၆၀၀၀၀ ကျပ် ဝယ်ဈေး ၃၇၁၀၀၀၀ ကျပ် -၁၅ ပဲရည် တကျပ်သား ရောင်းဈေး ၃၅၆၀၀၀၀ ကျပ် ဝယ်ဈေး ၃၅၁၀၀၀၀ ကျပ် “လက်ရှိ ရွှေဈေးကွက်အတွင်း အရောင်းအဝယ် အေးလျက်ရှိနေတယ်လို့ သိရပါတယ်။” ရွှေဈေးနှုန်းများ အချိန်နှင့်အမျှ ပြောင်းလဲနိုင်သည်။
Read Moreကိုရင်တပါး ဆွမ်းခံထွက်ရင်း ပျောက်ဆုံးနေ
စစ်ကိုင်း – နိုဝင်ဘာ- ၁၉- ၂၀၂၃ SA(VOM) စစ်ကိုင်းမြို့၊ စစ်ကိုင်းတောင်ရိုး တောင်ဖီလာရွာအနီးက မေတ္တာမြင့်မိုရ်ကျောင်းမှာ သီတင်းသုံးနေထိုင်တဲ့ အသက် ၁၃ နှစ်အရွယ်ရှိ ကိုရင် ရှင်ခေမာဝံသ(လူအမည် ဟိန်းသန့်ကို) ဟာ နိုဝင်ဘာ ၆ ရက်နေ့မနက်ခင်းပိုင်းက မန္တလေးကို ဆွမ်းခံသွားရင်း ကျောင်းကို ပြန်မလာပဲ အဆက် အသွယ်မရ ပျောက်ဆုံးနေတယ်လို့ သိရပါတယ်။ ပြီးခဲ့တဲ့ ရက်ပိုင်းက မိခင်ဖြစ်သူ ဒေါ်မိကြိုင်ဆီကို တယ်လီဖုန်းနဲ့ ဆက်သွယ်ပြီး စစ်ကိုင်းတိုင်း၊ ကသာမြို့နယ်ဘက်ကို ကားမှားစီးသွားတယ်လို့ ပြောခဲ့ပြီးနောက်ပိုင်းမှာ အဆက်အသွယ်မရတော့ဘူးလို့ ပြောပါတယ်။ ဖြည့်စွတ်ချက် – ပျောက်နေတဲ့ ကိုရင်လေး နဲ့ အဆက် အသွယ်ပြန်ရပြီလို့သိရပါတယ်။ ကိုရင် ရှင်ခေမာဝံသကို မန္တလေးတိုင်း၊ သပိတ်ကျင်းမြို့နယ် တကောင်း၊ ကြာညှပ် ဘက်မှာ ပြန်တွေ့လို့ဒေသခံတွေက ထိမ်းသိမ်းထားပြီး စစ်ကိုင်းကို ပြန်လည်ခေါ်ဆောင်ဖို့…
Read Moreအင်းစိန်မှာ ကမ်းကပ်ထားတဲ့ သင်္ဘောတစီး မီးလောင်မှု နှစ်ယောက်သေဆုံး၊ သုံးယောက် ဒဏ်ရာရ
နိုဝင်ဘာ ၁၉ – ၂၀၂၃ SN (VOM) ဒီနေ့ နိုဝင်ဘာ ၁၉ ရက်၊ နေ့လယ် ၁၂ နာရီ၊ ၁၅ မိနစ်ဝန်းကျင်က ရန်ကုန်တိုင်း၊ အင်းစိန်မြို့နယ်၊ ဖော့ကန်ရပ်ကွက်၊ သံမဏိစက်ရုံအနောက်ဘက်မှာ ကမ်းကပ်ထားတဲ့ သင်္ဘောတစီး မီးလောင်မှုဖြစ်ပွားခဲ့ပြီး နှစ်ယောက် သေဆုံးခဲ့ကာ သုံးယောက် ဒဏ်ရာရရှိခဲ့တယ်လို့ တွဲလက် လူမှုကူညီရေးအဖွဲ့မှ သိရပါတယ်။ “သူတို့က ဒီသင်္ဘောကို ပြုပြင်နေတာလို့တော့ ပြောတယ်။ အလုပ်သမားတွေ ဝရိန်တို့နေကြတာ။ အလုပ်နားချိန်ရောက်တော့ ခဏ စက်ပိတ်ပြီး နားလိုက်ကြတာ။ အဲ့ကနေ အပူလွန်ကဲပြီးတော့ မီးစလောင်ပြီး မီးဖွားက ဆီကန်နားကို သွားကျတာ။ အဲ့ဒီ့မှာ ပေါက်ကွဲကုန်တာ။ နေရာမှာတင် သေဆုံးသွားတဲ့နှစ်ယောက်မှာ တယောက်ကတော့ အလောင်းပြန်ရတယ်၊ နောက်တယောက်ကတော့ ပြာပုံနဲ့ အရိုးစုပဲ ပြန်ရတာပေါ့။ ဒဏ်ရာရတဲ့ အမျိုးသား သုံးဦးမှာကျတော့ နှစ်ဦးကတော့…
Read Moreတပတ် အတွင်းဖြစ်ပေါ်ခဲ့တဲ့ ပဲမျိုးစုံစျေးနူန်းတွေနဲ့ စျေးကွက် သုံးသပ်ချက်
” နှမ်းနဲ့ မတ်ပဲ စျေးပြန်တက်လာပေမယ့် ပဲတီစိမ်း နဲ့ ပဲစဥ်းငုံနီ ၊ မြေပဲ ၊ကုလားပဲ စျေးကွက် ထပ်မံ ကျဆင်း ” ရန်ကုန်၊ နိုဝင်ဘာ ၁၈ – ၂၀၂၃ GG(VOM) ခုတပတ် ပဲမျိုးစုံစျေးကွက်မှာ အရင်တပတ်က စျေးကျခဲ့ တဲ့ နှမ်းနဲ့ မတ်ပဲက စျေးပြန်လာပေမယ့် ပဲစဥ်းငုံနီ၊ ပဲတီစိမ်း၊ကုလားပဲ၊မြေပဲ စျေးထပ်ကျသွားတယ်လို့ ကုန်စည်ဒိုင်တွေကသိရပါတယ်။ နှမ်း ခုတပတ်မှာတော့ နှမ်းမျိုးစုံစျေးကွက် ပြန်တက်လာ ပါတယ်။ စျေးကွက်ကိုမိုးနှမ်းအသစ်တွေ စတင်ဝင်ရောက်နေပြီး မိုးနှမ်းတွေက အက်ဆစ်အောင်တာကြောင့် တရုတ် ဝယ်လက်တွေက ကြိုတင်ဝယ်ယူသိုလှောင်မှုရှိနေလို့ နှမ်းစျေးပြန်တက်လာတာဖြစ်ပါတယ်။ ခုတပတ် မန္တလေးစျေးကွက်မှာ နှမ်းဖြူ ရိုးရိုးက ၄၅ ပိဿာကို အမြင့်ဆုံး ၃၅၀၀၀၀ ကျပ်သာရှိလို့ အရင်တပတ်ကထက် ၁၀၀၀၀ ကျပ်ပြန်တက်လာပြီး နှမ်းဖြူ ဂျပန်ကလည်း…
Read More၂၀၂၂ ခုနှစ်အတွက် အမျိုးသားစာပေတသက်တာဆု၊ အမျိုးသားစာပေဆုများ ထုတ်ပြန်ကြေညာ
အမျိုးသားစာပေ တသက်တာဆုကို စာပေပညာရှင်ဆရာကြီး ဒေါက်တာသန်းဦး (ပြည်စိုးမင်း)၊ စာရေးဆရာမကြီး ဒေါ်ခင်သန်းဝင်း (ကြူကြူသင်း)၊ စာပေပညာရှင်ဆရာကြီး ဦးချစ်စံ (ချစ်စံဝင်း)နှင့် စာပေပညာရှင်ဆရာကြီး ဒေါက်တာထွန်းတင့် (ဒေါက်တာထွန်းတင့်- မြန်မာစာ) တို့ရရှိပါတယ်။
Read MoreThus Day in History
Voice of Myanmar ၁၉၇၃-၇၄ အာရပ်-အစ္စရေးစစ်ပွဲအပြီးတွင် အီဂျစ်သမ္မတ အန်ဝါဆာဒတ်သည် ငြိမ်းချမ်းရေးအတွက် စတင်လုပ်ဆောင်ခဲ့ပြီး တွင်၁၉၇၇ ခုနှစ် နိုဝင်ဘာ ၁၉ ရက်တွင် အစ္စရေးသို့ သမိုင်းဝင်ခရီးစဉ် စတင်ခဲ့သည်။
Read Moreယနေ့ ရွှေဈေး (နိုဝင်ဘာ- ၁၉ ရက်၊ နံနက် ၁၀ နာရီ)
Voice of Myanmar -ကမ္ဘာ့ရွှေဈေး တအောင်စ ၁၉၈၀ ဒေါ်လာ -အခေါက်ရွှေ တကျပ်သား (ပြင်ပဈေးကွက်) ရောင်းဈေး ၃၇၇၀၀၀၀ ကျပ် ဝယ်ဈေး ၃၇၂၀၀၀၀ ကျပ် -၁၅ ပဲရည် တကျပ်သား ရောင်းဈေး ၃၅၇၀၀၀၀ ကျပ် ဝယ်ဈေး ၃၅၂၀၀၀၀ ကျပ် “လက်ရှိ ရွှေဈေးကွက်အတွင်း အရောင်းအဝယ် အေးလျက်ရှိနေတယ်လို့ သိရပါတယ်။” ရွှေဈေးနှုန်းများ အချိန်နှင့်အမျှ ပြောင်းလဲနိုင်သည်။
Read More