အေပက် ထိပ်သီးအစည်းအဝေးတက်ဖို့ တရုတ်သမ္မတ ရှီကျင်းပင် အမေရိကန်ရောက်ရှိ

  ဝါရှင်တန်၊ နိုဝင်ဘာ-၁၅-၂၀၂၃ မျိုးဆက်(VOM) တရုတ်သမ္မတရှီကျင်းပင်ဟာ အာရှ-ပစိဖိတ် စီးပွားရေးပူးပေါင်းဆောင်ရွက်မှု ဖိုရမ်(အေပက်) အစည်းအဝေးတက်ရောက်ဖို့ အမေရိကန်နိုင်ငံ ဆန်ဖရန်စစ္စကို ကိုရောက်ရှိနေပြီဖြစ်ပါတယ်။ သူဟာ အေပက်ထိပ်သီးအစည်းအဝေးတက်ရောက်မယ့် အပြင် အမေရိကန်သမ္မတဂျိုးဘိုင်ဒင်နဲ့လည်း သီးခြား ထိပ်သီးဆွေးနွေးပွဲ ပြုလုပ်သွားမှာဖြစ်ပြီး ဒီကနေ့မှာတော့ သမ္မတဂျိုးဘိုင်ဒင်လည်း ဆန်ဖရန်စစ္စကို ကိုရောက်ရှိနေပါတယ်။ ဂျိုးဘိုင်ဒင်နဲ့ ရှီကျင်းပင်တို့အတွက် ဒါဟာ တနှစ်တာကာလအတွင်း ပထမဆုံးအကြိမ် ထိပ်သီးဆွေးနွေးပွဲဖြစ်ပြီး လုံခြုံရေး၊ ကုန်သွယ်ရေးနဲ့ လူ့အခွင့်အရေးဆိုင်ရာ ကိစ္စတွေနဲ့ပတ်သက်ပြီး နှစ်နိုင်ငံအကြား တင်းမာနေစဉ် အခုလိုတွေ့ဆုံဖို့ဖြစ်လာတာပါ။ တရုတ်သူလျှိုဘောလုံးတွေ အမေရိကန်ပေါ်ဖြတ်ပျံမှု၊ အဆင့်မြင့် ကွန်ပြူတာချပ်စ်တွေ တရုတ်ကိုရောင်းချတာ ပိတ်ပင်မှုနဲ့ ထိုင်ဝမ်အရေးလို ကိစ္စတွေမှာလည်း နှစ်နိုင်ငံအကြား တင်းမာမှုတွေရှိနေခဲ့တာဖြစ်ပါတယ်။ ဂျိုးဘိုင်ဒင်နဲ့ ရှီကျင်းပင်တို့ဟာ ဒေသစံတော်ချိန် နိုဝင်ဘာ ၁၅ ရက်မှာ ဆန်ဖရန်စစ္စကိုမှာပဲတွေ့ဆုံဆွေးနွေးကြမယ်လို့ အိမ်ဖြူတော်က အတည်ပြုထားပါတယ်။ “ ကျွန်တော်တို့ဟာ တရုတ်နိုင်ငံကို ကျဉ်ဖယ်ဖို့ မကြိုးစားဘဲ…

Read More

ရခိုင်မြောက်ပိုင်းမှာ လက်နက်ကြီးတွေ ကျရောက်ပေါက်ကွဲလို့ ခုနှစ်ယောက်သေပြီး ၁၅ ယောက်ထက်မနည်း ဒဏ်ရာရ

  နိုဝင်ဘာ ၊ ၁၅ ၊ ၂၀၂၃ SP ( VOM) ရခိုင်ပြည်နယ် ၊ မင်းပြားမြို့နယ် ၊ ဆင်ကြီးပြင်ရွာမှာ မနေ့ နိုဝင်ဘာ ၁၄ ရက်က ရွာထဲကို လက်နက်ကြီးတွေ ကျရောက်ပေါက်ကွဲလို့ အရပ်သားတွေ သေဆုံး ၊ ဒဏ်ရာရတွေ ရှိတယ်လို့ ဒေသခံ လူမှုကူညီရေး အဖွဲ့တွေဆီက သိရပါတယ်။ ” မနေ့က ဆင်ကြီးပြင်ရွာမှာ လက်နက်ကြီး ရှစ်လုံး ကျရောက်ပေါက်ကွဲတယ် ၊ အဲ့ဒါကြောင့် ကိုဆွေယောတ်ဟူဆာ ၂၀ နှစ် ၊ ကိုမာမောက်အာလောမ် ၂၅ နှစ် နဲ့ ဒေါ်ဆော်မူဒါ ၅၅ နှစ် တို့ သေဆုံးတယ် ၊ အဲ့ဒီအပြင် ကလေး လေးယောက်အပါအဝင် ရှစ်ယောက်ကျော် လက်နက်ကြီးစ ထိမှန်ဒဏ်ရာတွေ ရတယ် ၊…

Read More

ဖလမ်းမြို့နယ် သီးဘွာလ် ရှေ့တန်း ကင်းစခန်း တိုက်ခိုက်ခံရ ၊ ဒေသခံတွေ ထွက်ပြေးတိမ်းရှောင်

  နိုဝင်ဘာ ၊ ၁၅ ၊ ၂၀၂၃ SP ( VOM) ချင်းပြည်နယ် မြောက်ပိုင်း ၊ ဖလမ်းခရိုင် ၊ ဖလမ်းမြို့နယ်မှာရှိတဲ့ သီးဘွာလ် စခန်းကို မနေ့ နိုဝင်ဘာ ၁၄ ရက် ည ၁၁ နာရီက စတင်ပြီး ဒေသတွင်း လက်နက်ကိုင် အဖွဲ့တွေက ဝိုင်းဝန်းပိတ်ဆို့ တိုက်ခိုက်တာ ခံရတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။ ” မနေ့ည ၁၁ နာရီ ဝန်းကျင်လောက်က စတင် တိုက်ခိုက်ခံရတယ် ၊ ဒီကနေ့ မနက် ၅ နာရီအထိ တိုက်နေတာ ဖြစ်တယ် ၊ နှစ်ဘက် ထိခိုက်ကျဆုံးတာတွေရှိတယ် ၊ အရေအတွက်တော့ မသိရသေးဘူး ၊ အဲ့ဒီ တိုက်ပွဲနဲ့ ပတ်သက်ပြီး နှစ်ဘက်စလုံးက ထုတ်ပြန်တာ မရှိသေးဘူး…

Read More

ငပလီကမ်းခြေမှာ ပိတ်မိနေတဲ့ ခရီးသွားတွေထဲက ကိုယ်ပိုင်ကားနဲ့ လာရောက်သူတွေကို ဒီနေ့ ပြန်ခွင့်ပေးမယ်

  နိုဝင်ဘာ ၁၅ – ၂၀၂၃ SN (VOM) ရခိုင်ပြည်နယ်၊ သံတွဲမြို့နယ်၊ ငပလီမြို့၊ ငပလီကမ်းခြေမှာ ပိတ်မိနေတဲ့ ခရီးသွားတွေထဲက ကိုယ်ပိုင်ကားနဲ့ လာရောက် လည်ပတ်နေသူတွေကို ဒီနေ့ ပြန်ခွင့်ပေးမယ်လို့ သံတွဲခရိုင်၊ ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာနက သိရပါတယ်။ ရခိုင်ပြည်နယ်၊ မြောက်ပိုင်းဒေသ မြို့နယ်တွေမှာ AA က ထိုးစစ်ဆင်တိုက်ခိုက်နေတဲ့အတွက် ပြည်နယ် နစက က ကုန်းလမ်း၊ ရေလမ်းတွေ အားလုံးကို နိုဝင်ဘာ ၁၃ ရက်နေ့မှ စတင်ကာ ပိတ်လိုက်တဲ့အတွက် ငပလီကမ်းခြေမှာ အပန်းဖြေလာရောက်နေတဲ့ ခရီးသွားဧည့်သည်တွေ ပိတ်မိနေခဲ့တာဖြစ်တယ်လို့ သိရပါတယ်။ အဲ့ဒီ့ ခရီးသွားတွေထဲကမှာ ကိုယ်ပိုင်ကားနဲ့ လာရောက်သူတွေကိုတော့ ဟိုတယ်/ခရီး (သံတွဲ) က ဒီနေ့ နိုဝင်ဘာ ၁၅ ရက်နေ့မှာ အရေအတွက် စိစစ်ပြီး ပြန်ခွင့်ပေးမှာဖြစ်တယ်လို့ သိရပါတယ်။ “စိစစ်မယ်ဆိုတာက…

Read More

ယနေ့ နိုင်ငံခြားငွေလဲလှယ်နှုန်း (နိုဝင်ဘာ-၁၅ ရက်)

  Voice of Myanmar -အမေရိကန်ဒေါ်လာ ရောင်းဈေး – ၃၃၅၀ ကျပ် ဝယ်ဈေး – ၃၃၀၀ ကျပ် -စင်္ကာပူဒေါ်လာ ရောင်းဈေး – ၂၄၅၀ ကျပ် ဝယ်ဈေး – ၂၄၀၀ ကျပ် -ယူရို ရောင်းဈေး – ၃၆၉၈ ကျပ် ဝယ်ဈေး – ၃၆၁၁ ကျပ် -ထိုင်းဘတ် ရောင်းဈေး – ၉၆.၁၅ ကျပ် ဝယ်ဈေး – ၉၃.၉၀ ကျပ် -မလေးရှားရင်းဂစ် ရောင်းဈေး – ၇၄၀ ကျပ် ဝယ်ဈေး – ၇၂၂ ကျပ် -တရုတ်ယွမ် ရောင်းဈေး – ၄၇၄ ကျပ် ဝယ်ဈေး – ၄၆၄ ကျပ် -ဂျပန်ယန်း ရောင်းဈေး…

Read More

ယနေ့ ရွှေဈေး (နိုဝင်ဘာ- ၁၅ ရက်၊ နံနက် ၁၀ နာရီ)

  Voice of Myanmar -ကမ္ဘာ့ရွှေဈေး တအောင်စ ၁၉၆၂ ဒေါ်လာ -အခေါက်ရွှေ တကျပ်သား (ပြင်ပဈေးကွက်) ရောင်းဈေး ၃၆၄၀၀၀၀ ကျပ် ဝယ်ဈေး ၃၅၉၀၀၀၀ ကျပ် -၁၅ ပဲရည် တကျပ်သား ရောင်းဈေး ၃၄၄၀၀၀၀ ကျပ် ဝယ်ဈေး ၃၃၉၀၀၀၀ ကျပ် “လက်ရှိ ရွှေဈေးကွက်အတွင်း အရောင်းအဝယ် အေးလျက်ရှိနေတယ်လို့ သိရပါတယ်။” ရွှေဈေးနှုန်းများ အချိန်နှင့်အမျှ ပြောင်းလဲနိုင်သည်။  

Read More

This Day in History

  Voice of Myanamar ပါလက်စတိုင်း လွတ်မြောက်အရေးအဖွဲ့ဥက္ကဌ ယာဆာအာရဖတ်၏ တိုက်တွန်းချက်အရ ပါလက်စတိုင်းအမျိုးသားကောင်စီသည် အယ်လ်ဂျီးရီယားတွင် ဆွေးနွေးပြီးနောက် အနောက်ဘက်ကမ်းနှင့် ဂါဇာကမ်းမြှောင်ဒေသကို လွတ်လပ်သော ပါလက်စတိုင်းနိုင်ငံအဖြစ် ၁၉၈၈ ခုနှစ် နိုဝင်ဘာ ၁၅ ရက်တွင် လွတ်လပ်ရေး ကြေညာခဲ့သည်။  

Read More

တွန်းကန်အားမြင့် ဒုံးကျည်အင်ဂျင်သစ် မြေပြင်စမ်းသပ်မှုအောင်မြင်ကြောင်း မြောက်ကိုရီးယားထုတ်ပြန်

  ပြုံးယမ်း၊ နိုဝင်ဘာ ၁၅-၂၀၂၃ မျိုးဆက်(VOM) မြောက်ကိုရီးယားဟာ တာလတ်ပစ်ဒုံးပျံသစ်အတွက် အသစ်တီထွင်ထားတဲ့ တွန်းကန်အားမြင့်ဒုံးကျည်အင်ဂျင် ပထမဆုံးမြေပြင်စမ်းသပ်မှုကို အောင်မြင်စွာလုပ်ဆောင်နိုင်ခဲ့ကြောင်း နိုဝင်ဘာ ၁၅ ရက်မှာ ထုတ်ပြန်လိုက်ပါတယ်။ မြောက်ကိုရီးယား ဒုံးကျည်ဗျူရိုဟာ အဲဒီဒုံးပျံအင်ဂျင် ပထမအဆင့်နဲ့ ဒုတိယအဆင့် စမ်းသပ်မှုတွေကို နိုဝင်ဘာ ၁၁ ရက်နဲ့ ၁၄ ရက်တို့တွင် စမ်းသပ်ခဲ့တာဖြစ်ဖြစ်ကြောင်း အာဏာရအလုပ်သမားပါတီရဲ့ ရိုဒေါင်ဆင်မန်သတင်းစာက ရေးသားဖော်ပြထားပါတယ်။ မြောက်ကိုရီးယားရင်ဆိုင်နေရတဲ့ ဆိုးရွားပြီး မတည်ငြိမ်တဲ့ လုံခြုံရေးဝန်းကျင်နဲ့ ရန်သူတွေရဲ့ ပိုမိုဆိုးရွားလာတဲ့ စစ်ရေးပူးပေါင်းဆောင်ရွက်မှုတွေကြောင့် နိုင်ငံရဲ့ မဟာဗျူဟာမြောက် ထိုးစစ်စွမ်းရည်ကို ပိုမိုမြင့်တင်ထားကြောင်း ဒုံးကျည်ဗျူရိုက အလေးပေးပြောဆိုပါတယ်။ ပဲ့ထိန်းဒုံးကျည်တွေ တည်ထွင်ထုတ်လုပ်ရေးဟာ မြောက်ကိုရီးယားရဲ့ ငါးနှစ်ကြာ ကာကွယ်ရေးအစီအစဉ်ရဲ့ အဓိက အစိတ်အပိုင်းတစ်ရပ်ဖြစ်ပါတယ်။ လောင်စာခဲသုံး ဒုံးကျည်တွေဟာ အရည်လောင်စာသုံးဒုံးကျည်တွေထက် ပိုမိုလျှင်မြန်စွာ ပစ်ခတ်နိုင်ပါတယ်။ မြောက်ကိုရီးယားဟာ လောင်စာခဲသုံး တာဝေးပစ်ဒုံးကျည်နဲ့ တာတိုးပစ်ပဲ့ထိန်းဒုံးကျည်တွေကိုလည်း တီထွင်နေပါတယ်။…

Read More

ထီးချိုင့်မှာ တိုက်ပွဲတွေကြောင့် အရပ်သား ၃၀ နီးပါး သေဆုံး

နိုဝင်ဘာ ၊ ၁၅ ၊ ၂၀၂၃ SP ( VOM) စစ်ကိုင်းတိုင်း ၊ ကသာခရိုင် ၊ ထီးချိုင့်မြို့နယ်မှာ ပြီးခဲ့တဲ့ နိုဝင်ဘာ ၉ ရက်ကစလို့ ဒီကနေ့ထိ ခြောက်ရက်ကြာ ပစ်ခတ်တိုက်ခိုက်မှုတွေကြောင့် အရပ်သား ၃၀ နီးပါးသေဆုံးသွားပြီလို့ ဒေသခံ လူမှုကူညီရေး အဖွဲ့တွေဆီက သိရပါတယ်။ ” မနေ့ နိုဝင်ဘာ ၁၄ ရက် ၊ တရက်တည်းမှာ အလယ်တောရွာနဲ့ အင်းတိန်ရွာ ၊ ပိန္နဲရွာ (ရေဝ) ဘက်မှာ လက်နက်ကြီးကျရောက်ပေါက်ကွဲလို့ ဒေသခံ ၁၁ ယောက် သေတယ် ၊ ပြီးခဲ့တဲ့ ရက်ပိုင်းတွေက သခွတ်ချောင်း ဘုန်းကြီးကျောင်းမှာ လက်နက်ကြီး ပေါက်ကွဲလို့ တိုက်ပွဲရှောင် ကလေးတယောက်နဲ့ အမျိုးသမီး တယောက် ထိမှန် သေတယ် ၊ ပြီးခဲ့တဲ့…

Read More

မူဆယ်မှာ စားသောက်ကုန်မပြတ်ဖို့ တရုတ်ဘက်ကနေ တင်သွင်းခွင့်ပြုပေးတာနဲ့ ရှမ်းမြောက်က အခြေအနေ

နိုဝင်ဘာ ၁၅၊၂၀၂၃ Shy V( VOM) မူဆယ်မြို့နယ်မှာ လတ်တလော လမ်းပန်း ဆက်သွယ်ရေး ပြတ်တောက် နေတာကြောင့် စားသောက်ကုန်၊ လူသုံးကုန်ပစ္စည်းတွေ ဈေးနှုန်း သက်သက်သာသာ ဝယ်ယူ နိုင်ဖို့ တရုတ်ပြည်ကနေ အကန်ုအသတ်နဲ့ တင်သွင်းခွင့်ပြုထားတယ်လို့ သက်ဆိုင်ရာက ထုတ်ပြန်ပါတယ်။ မြန်မာ – တရုတ် နှစ်နိုင်ငံနယ်စပ်ဂိတ် ဖြစ်တဲ့ ဆင်ဖြူဂိတ် ကနေ ယာဉ်ငယ်တွေနဲ့ ကုန်ပစ္စည်း ၁၄၆ မျိုးကို ယာယီခွင့်ပြု ဆောင်ရွက်ထားကြောင်း မူဆယ်ခရိုင် ပြန်/ ဆက်နဲ့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ မူဆယ်မြို့ရဲ့ အသိပေး ထုတ်ပြန်ချက်အရ သိရပါတယ်။ တရုတ်နိုင်ငံဘက်ကနေ ကုန်ပစ္စည်းတွေတင်ပြီး မြန်မာနိုင်ငံဘက်သို့ ဝင်ရောက်လိုသူ‌ တွေအနေနဲ့ မှတ်ပုံတင်မိတ္တူ တစုံ၊ အိမ်ထောင်စုဇယားမိတ္တူ တစုံ၊ BP စာအုပ် မိတ္တူ တစုံ၊ ယာဉ်လိုင်စင် မိတ္တူ တစုံ၊ ယာဉ်မောင်းလိုင်စင်မိတ္တူ…

Read More
VOM News

FREE
VIEW