ကာကွယ်ဆေး မထိုးရသေးသူနဲ့ အကြိမ်ပြည့်မထိုးရသေးတဲ့ ကလေးငယ်တွေကို Big Catch up ကာကွယ်ဆေးထိုး အစီအစဉ် စတင်မယ်

ဇန်နဝါရီ ၁၇ – ၂၀၂၄
GG (VOM)
အသက် ၁ နှစ်မှ ၅ နှစ်အတွင်းကလေးငယ်တွေထဲအကြောင်းအမျိုးမျိုးကြောင့် ကာကွယ်ဆေးတကြိမ်မှ မထိုးရသေးတဲ့ကလေးတွေနဲ့ ကာကွယ်ဆေးအကြိမ်ပြည့်မထိုးရသေးတဲ့ ကလေးတွေကို Big Catch-up လို့ခေါ်တဲ့ ကာကွယ်ဆေးထိုးအစီအစဉ်နဲ့ ကာကွယ်ဆေးထိုးနှံခြင်းကို အခုဇန်နဝါရီလထဲမှာ တနိုင်ငံလုံးစတင်လုပ်ဆောင် ပေးတော့မှာဖြစ်တယ်လို့ ကျန်းမာရေးဝန်ကြီးဌာနက သိရ ပါတယ်။
ထိုးနှံပေးမယ့်ကာကွယ်ဆေးတွေက ငါးမျိုးစပ်ကာကွယ်ဆေး ၊ ဝက်သက် – ဂျိုက်သိုးရောဂါကာကွယ်ဆေး၊ပိုလီရိုရောဂါကာကွယ်ဆေးတွေကို ထိုးနှံခြင်း၊တိုက်ကျွေးခြင်း ပြုလုပ်ပေးမှာဖြစ်တယ်လို့သိရပါတယ်။
” ထိုးနှံပေးမယ့်ရက်တွေကတော့ သူ့နေရာဒေသအလိုက်တူမှာ မဟုတ်ဘူး။ဘီးလင်းမှာတော့သုံးကြိမ်ခွဲပြီးကာကွယ်ဆေးတွေထိုးပေးမှာပါ။တကြိမ်ကို ၇ ရက်စီ သတ်မှတ်ပြီးထိုးနှံပေးမှာပါ။ကိုယ့်သက်ဆိုင်ရာ ကာကွယ်ဆေးစုရပ်မှာထိုးလို့ရမယ်။ကိုယ်မထိုးရသေးရင် ကိုယ်နဲ့နီးစပ်ရာကျန်းမာရေးဌာနကိုဆက်သွယ်ထိုးကြပါ။” လို့ ဘီးလင်းမြို့နယ်ရှိ ကျန်းမာရေးဝန်ထမ်းကပြောပါတယ်။
စစ်ဘေးရှောင်နေရတဲ့အတွက် ကာကွယ်ဆေး အကြိမ်ပြည့်မထိုးနှံရသေးတဲ့ ကလေးတွေနဲ့ကာကွယ်ဆေး တကြိမ်မှမထိုးရသေးတဲ့ကလေးငယ်တွေ အတွက်လည်း မိခင်တွေအနေနဲ့ လက်ရှိစစ်ရှောင်ရောက်ရှိနေတဲ့ ေနရာဒေသရှိ ကျန်းမာရေးဌာန၊ဆေးရုံတွေ၊ နီးစပ်ရာနေရာဒေသရှိအုပ်ချုပ်ရေးပိုင်း ကို ဆက်သွယ်ပြီး ကာကွယ်ဆေးထိုးနှံနိုင်တယ်လို့သိရပါတယ်။
” လုံခြုံရေးကောင်းမွန်ပြီးကျွန်တော်တို့ဝန်ထမ်းတွေအလုပ်လုပ်လို့ရတဲ့နေရာပေါ့ အဲလိုနေရာတွေကိုထွက်လာရမှာပေါ့။ ထွက်လာတဲ့သူတွေလည်းရှိပါတယ်။ အကုန်ထိုးပေးပါတယ်။ကျန်းမာရေးဌာနခွဲရှိတဲ့ နေရာအပြင်လုံခြုံရေးကောင်းတဲ့အနီးစပ်ဆုံးရွာ အထိသွားပြီးကာကွယ်ဆေးထိုးပေးပါတယ်။” လို့ စစ်ရှောင်တွေကာကွယ်ဆေးထိုးနှံမှုနဲ့ ပတ်သက်ပြီးကျန်းမာရေးဝန်ကြီးဌာနမှ တာဝန်ရှိသူကပြောပါတယ်။
ကာကွယ်ဆေးထိုးနှံခြင်းကသာ ရောဂါဖြစ်ပွားမှုကိုကြိုတင်ကာကွယ်နိုင်တာကြောင့် လက်ရှိ ကျန်းမာရေးဝန်ကြီးဌာနမှထိုးနှံပေးနေတဲ့ကာကွယ်ဆေးတွေကို ထိုးနှံသင့်တဲ့အသက်အရွယ်အပိုင်းခြားအလိုက် ကလေးငယ်တိုင်းထိုးနှံဖို့လိုအပ်တယ်လို့သိရပါတယ်။
ဒါပေမယ့် လက်ရှိပြည်တွင်းမှာ ဖြစ်ပွားနေတဲ့တိုက်ပွဲတွေကြောင့် ကယား၊ချင်း၊ရခိုင်၊စစ်ကိုင်း၊ ရှမ်းပြည်နယ်၊ပဲခူးတိုင်း အပါအဝင်နေရာအချို့က ကလေးငယ်တွေမှာ ကာကွယ်ဆေးအကြိမ်ပြည့်ထိုးနှံခွင့်မရခြင်း၊ ကာကွယ်ဆေး တကြိမ်မှထိုးနှံနိုင်မှုမရှိခြင်းတွေဖြစ်ပေါ်နေတယ်လို့သိရပါတယ်။
Photo – MOHS

Related posts

Leave a Comment

VOM News

FREE
VIEW