ဒေလီ၊ နိုဝင်ဘာ-၁၄-၂၀၂၃ မျိုးဆက်(VOM) အိန္ဒိယနိုင်ငံမြောက်ပိုင်းဥတာရာခန်းပြည်နယ်မှာ ဥမင်လှိုဏ်ခေါင်းတခုပြိုကျပြီးပိတ်မိနေတဲ့ အလုပ်သမား ၄၀ ကိုကယ်တင်ဖို့ အာဏာပိုင်တွေက အပူတပြင်းကြိုးစားနေကြပါတယ်။ လက်ရှိမှာတော့ ပိတ်မိနေတဲ့အလုပ်သမားတွေနဲ့ အဆက်သွယ်ရရှိပြီးအောက်ဆီဂျင်နဲ့ အစားအစာတွေထောက်ပံ့ပေးထားပါတယ်။ ဒါပေမယ့် ကယ်ဆယ်ရေးသမားတွေဟာ အလုပ်သမားတွေ ကိုကယ်တင်ခြင်းမပြုမီ မီတာပေါင်းများစွာရှိတဲ့ အပျက်အစီးတွေကို တူးဖော်ရှင်းလင်းရဦးမယ်လို့ တာဝန်ရှိသူတယောက်က ပြောပါတယ်။ နိုဝင်ဘာ ၁၂ ရက်ကလှိုဏ်ခေါင်းပြိုကျချိန်မှာ အလုပ်သမားတွေဟာ ဥမင်ဆောက်လုပ်ရေးလုပ်ငန်းလုပ်ကိုင်နေကြချိန်ဖြစ်ပြီး ဥမင်လှိုဏ်ခေါင်းဟာ မီတာ ၂၀၀ အရှည်ရှိပါတယ်။ ဆောက်လုပ်ရေးလုပ်ငန်းအတွက် ဥမင်လှိုဏ်ခေါင်းအတွင်း ရေပေးဝေတဲ့ ပိုက်ကိုအလုပ်သမားတွေအတွက် အောက်ဆီဂျင်၊ ရေနဲ့ အစားအစာတွေထောက်ပံ့ပေးဖို့ အသုံးပြုထားကြောင်း ကယ်ဆယ်ရေးသမားတွေကပြောပါတယ်။ ဥတာကာရှီခရိုင်ရှိ အဲဒီဥမင်လှိုဏ်ခေါင်းဟာ ဥတာရာခန်းပြည်နယ်က နာမည်ကြီးဘုရားဖူးနေရာတွေနဲ့ ချိတ်ဆက်သွားလာမှုပိုမိုကောင်းမွန်စေဖို့ အိန္ဒိယအစိုးရ အဝေးပြေးလမ်းစီးမံကိန်းရဲ့ တစိတ်တစပိုင်းဖြစ်ပါတယ်။ Ref:BBC Photo:Getty Images
Read MoreYear: 2023
This Day in History
Voice of Myanmar အကြမ်းဖက်တိုက်ခိုက်မှုများကို ကြိုးကိုင်လုပ်ဆောင်ခဲ့သူ အိုစမာဘင်လာဒင်ကို လွှဲပြောင်းပေးရန် တာလီဘန်အဖွဲ့ ငြင်းဆိုသဖြင့် ကုလသမဂ္ဂသည် အာဖဂန်နစ္စတန်အပေါ် ၁၉၉၉ ခုနှစ် နိုဝင်ဘာ ၁၄ ရက်တွင် အရေးယူပိတ်ဆို့မှုများ ချမှတ်ခဲ့သည်။
Read Moreစက်သုံးဆီ အလုံအလောက်ရှိတယ်ဆိုပေမယ့် ဆီဆိုင်တွေမှာ တန်းစီဝယ်နေရ
ရန်ကုန်၊ နိုဝင်ဘာ ၁၄- ၂၀၂၃ GG (VOM) ပြည်တွင်းမှာ စက်သုံးဆီ အလုံအလောက်ရှိတယ်လို့ နစက ဘက်ကပြောဆိုပေမယ့်လည်း ရန်ကုန်အပါအဝင် ကျန်တိုင်းနဲ့ပြည်နယ်တွေကမြို့တွေမှာ ဆီပြတ်လပ်တာ၊အကန့်အသတ်နဲ့ဝယ်ယူရတာ၊တန်းစီစောင့်ဆိုင်းရတာတွေ ဒီနေ့နိုဝင်ဘာလ ၁၄ ရက်နေ့အထိ ဖြစ်ပေါ်နေဆဲပါ။ ရန်ကုန်မှာ ဆိုရင် ဒီနေ့မနက်ပိုင်း ၄ နာရီခွဲလောက်ကတည်းက စက်သုံးဆီဖြည့်ဖို့ ကားတွေတန်းစီကြရသလို တချို့ဆိုင်တွေက အကန့်အသတ်နဲ့သာရောင်းချပေးနေပြီး ဆိုင်တချို့ကတော့ ဆီပြတ်လပ်မှုတွေရှိနေသေးတယ်လို့ သိရပါတယ်။ ဆီပြတ်လပ်မှုနဲ့ပတ်သက်ပြီး ရန်ကုန်မြို့ခံတဦး ပြောပြတာက ” ဆီဖြည့်ဖို့ လိုက်ရှာတော့ တန်းစီနေတာ တွေ့ရတယ်၊ကန်တော်ကြီး max ဆိုလည်း ကားတန်းကြီးကနည်းတာကြီးမဟုတ်၊ တာမွေမှာလည်းတန်းစီနေကြတယ်၊ဆရာစံလမ်းလည်းတန်းစီနေကြတယ်။သုဝဏ္ဍရောက်တော့လည်း တန်းစီနေကြတာ နည်းတာနဲ့ ဝင်တန်းစီလိုက်တယ်။ မနက်အစောကတော့ လိုသလောက်ရပေမယ့် နောက်တော့ အများကြီးတော့မရဘူး၊ အကန့်အသတ်နဲ့ပဲရတယ်၊ တခြားဆိုင်တွေလည်း အကန့်အသတ်ကများတယ်။” လို့ ဒီနေ့အခြေအနေကို ပြောပြပါတယ်။ ရန်ကုန်က စက်သုံးဆီဆိုင်အများစုက ကားတစ်စီးကို၂၀၀၀၀ ကျပ်…
Read Moreမြန်မာ – အိန္ဒိယ နယ်စပ်က တိုက်ပွဲတွေကြောင့် ရိခေါဒါရ်မြို့နယ်က ဒေသခံ ၅၀၀၀ ကျော် နဲ့ နစက လုံခြုံရေးတပ်ဖွဲ့ဝင်တချို့ အိန္ဒိယဘက် ထွက်ပြေးတိမ်းရှောင်
နိုဝင်ဘာ ၊ ၁၄ ၊ ၂၀၂၃ SP (VOM) ချင်းပြည်နယ် ၊ ဖလမ်းခရိုင် ၊ ရိခေါဒါရ်မြို့နယ် ၊ မြန်မာ – အိန္ဒိယ နယ်စပ်မှာရှိတဲ့ ရိဒ်ခေါဒါရ် စခန်းနဲ့ တီအိုချောင်း (Khua Mawi) စခန်း နှစ်ခု ကို ချင်းပြည်နယ် ၊ ဒေသတွင်း လက်နက်ကိုင်အဖွဲ့တွေက မနေ့ နိုဝင်ဘာ မနက် ၃ နာရီဝန်းကျင်က စတင် တိုက်ခိုက်ခဲ့ပါတယ်။ အဲဒီလိုတွေကြောင့် မနေ့က နေ့ပိုင်းနဲ့ ညပိုင်းတွေမှာ ရိခေါဒါရ်မြို့ထဲက ဒေသခံ ပြည်သူ ၅၀၀၀ နီးပါးဟာ အိန္ဒိယနိုင်ငံ မီဇိုရမ်ပြည်နယ်ထဲကို တိုက်ပွဲရှောင်ခိုလှုံဖို့ ဝင်ရောက်သွားတယ်လို့ ခရစ်ယာန်ဂိုဏ်းပေါင်းစုံ မိဿဟာယ အဖွဲ့ဆီက သိရပါတယ်။ ” အရေအတွက်က လူဦးရေ ငါးထောင်အထက်မှာ ရှိမယ် ၊…
Read Moreယနေ့ နိုင်ငံခြားငွေလဲလှယ်နှုန်း (နိုဝင်ဘာ-၁၄ ရက်)
Voice of Myanmar -အမေရိကန်ဒေါ်လာ ရောင်းဈေး – ၃၃၀၀ ကျပ် ဝယ်ဈေး – ၃၂၆၀ ကျပ် -စင်္ကာပူဒေါ်လာ ရောင်းဈေး – ၂၄၁၀ ကျပ် ဝယ်ဈေး – ၂၃၆၀ ကျပ် -ယူရို ရောင်းဈေး – ၃၅၉၄ ကျပ် ဝယ်ဈေး – ၃၅၂၈ ကျပ် -ထိုင်းဘတ် ရောင်းဈေး – ၉၃.၄၆ ကျပ် ဝယ်ဈေး – ၉၁.၇၄ ကျပ် -မလေးရှားရင်းဂစ် ရောင်းဈေး – ၇၁၈ ကျပ် ဝယ်ဈေး – ၇၀၆ ကျပ် -တရုတ်ယွမ် ရောင်းဈေး – ၄၆၂ ကျပ် ဝယ်ဈေး – ၄၅၂ ကျပ် -ဂျပန်ယန်း ရောင်းဈေး…
Read Moreယနေ့ ရွှေဈေး (နိုဝင်ဘာ- ၁၄ ရက်၊ နံနက် ၁၀ နာရီ)
Voice of Myanmar -ကမ္ဘာ့ရွှေဈေး တအောင်စ ၁၉၄၆ ဒေါ်လာ -အခေါက်ရွှေ တကျပ်သား (ပြင်ပဈေးကွက်) ရောင်းဈေး ၃၅၄၀၀၀၀ ကျပ် ဝယ်ဈေး ၃၄၉၀၀၀၀ ကျပ် -၁၅ ပဲရည် တကျပ်သား ရောင်းဈေး ၃၃၄၀၀၀၀ ကျပ် ဝယ်ဈေး ၃၂၉၀၀၀၀ ကျပ် “လက်ရှိ ရွှေဈေးကွက်အတွင်း အရောင်းအဝယ် အေးလျက်ရှိနေတယ်လို့ သိရပါတယ်။” ရွှေဈေးနှုန်းများ အချိန်နှင့်အမျှ ပြောင်းလဲနိုင်သည်။
Read Moreဗြိတိန်နိုင်ငံခြားရေးဝန်ကြီးသစ်အဖြစ် ဝန်ကြီးချုပ်ဟောင်း ဒေးဗစ်ကင်မရွန်းကို ခန့်အပ်
လန်ဒန်၊ နိုဝင်ဘာ-၁၄-၂၀၂၃ မျိုးဆက်(VOM) ဗြိတိန်ဝန်ကြီးချုပ်ဟောင်း ဒေးဗစ်ကင်မရွန်းကို နိုင်ငံခြားရေးဝန်ကြီးအဖြစ် ခန့်အပ်ကြောင်း ဝန်ကြီးချုပ်ရုံးက ထုတ်ပြန်ကြေညာလိုက်ပါတယ်။ ဝန်ကြီးချုပ် ရီရှီဆူနက်ခ်ရဲ့ အစိုးရအပြောင်းအလဲမှာ ဒေးဗစ်ကင်မရွန်းဟာ မမျှော်လင့်ဘဲ ပါဝင်လာတာဖြစ်ပြီး လက်ရှိနိုင်ငံခြားရေးဝန်ကြီး ဂျိမ်းစ်ကလယ်ဗာလီဟာ ရာထူးကနေဖယ်ရှားခံရတဲ့ ပြည်ထဲရေးဝန်ကြီး ဆွယ်လာဘရော့ဗာမန်းနေရာမှာ အစားထိုးတာဝန်ထမ်းဆောင်မှာဖြစ်ပါတယ်။ ပြည်ထဲရေးဝန်ကြီးဟာ ဗြိတိန်မှာပြုလုပ်တဲ့ ပါလက်စတိုင်းဆန္ဒပြသူတွေအပေါ် ကိုင်တွယ်ပုံနဲ့ပတ်သက်ပြီး ဝေဖန်ပြစ်တင်ခံရပြီးနောက် ရာထူးကနေ ဖယ်ရှားခံခဲ့ရပါတယ်။ ဒေးဗစ်ကင်မရွန်းဟာ ကွန်ဆာဗေးတစ်ပါတီခေါင်းဆောင်အဖြစ် ၁၁ နှစ်နဲ့ ဝန်ကြီးချုပ်အဖြစ် ခြောက်နှစ်တာဝန်ထမ်းဆောင်ခဲ့သူဖြစ်ပါတယ်။ ဝန်ကြီးချုပ်ဟောင်းတယောက်အနေနဲ့ နိုင်ငံခြားရေးဝန်ကြီးအဖြစ် တကျော့ပြန်နိုင်ငံရေးလောကထဲ ဝင်ရောက်လာရတာဟာ ပုံမှန်မဟုတ်ကြောင်း၊ ဒါပေမယ့် အရှေ့အလယ်ပိုင်းနဲ့ ယူကရိန်းအရေးတို့နဲ့ ပတ်သက်ပြီး စိန်ခေါ်မှုတွေ ပြင်းထန်နေချိန်မှာ သူ့ရဲ့အတွေ့အကြုံတွေက ဗြိတိန်အစိုးရအတွက် အထောက်အကူဖြစ်လိမ့်မယ်လို့ မျှော်လင့်ကြောင်း ဒေးဗစ်ကင်မရွန်းကပြောပါတယ်။ ဝန်ကြီးချုပ် ရီရှီဆူနက်ခ်ဟာ ခက်ခဲတဲ့အချိန် ခက်ခဲတဲ့ အလုပ်ကိုလုပ်ကိုင်နေရတဲ့ ဝန်ကြီးချုပ်ကောင်းတယောက်လို့ ယုံကြည်တာကြောင့် အစိုးရအဖွဲ့မှာပါဝင်ဖို့ ဆုံးဖြတ်ခဲ့တာဖြစ်ကြောင်း…
Read Moreစိန်ဒရင် လျှံမောင်းတဲ့၊ မှန်ကျောင်းတော် မီးလျှံခပါပေါ့
ဆူးငှက် ကုန်းဘောင်ဆက် မဟာရာဇဝင် တတိယတွဲ စာမက်နှာ ၆၈၅ တွင် … ““၁၂၄၆ နှောင်းတန်ခူးလ (ဧပြီ ၁၈၈၅) ရွှေမြို့တော်ကြီး အနောက်ပြင် ဂေါဝိန်တံခါးလမ်း တောင်ဘက် ရတနာဘုမ်္မိအရပ်တွင် အရှင်နန်းမတော် မိဖုရား ခေါင်ကြီးက ဆောက်လုပ်ပြီး ပြောသည်။ ရွှေရေးကျောင်းရဲ့ ရှစ်ရပ်နှင့် တကွ ဘုံလေးဆင့်ရှိ မှန်ကျောင်းတော်ကြီးကို“မဏိရတနာရာမတိုက် မဟာရတနာ ဘုံမ်စံကျောင်း”” ဟု ကမ်ဗညျးတပ်တော်မူပြီးလျှင် အာလောကာဘိပဝရသာသနက်္ခ မဟာဓမ်္မရာဇဓိရာဇဂုရု ဘွဲ့တံဆိပ်တော်ရ မြတောင်ဆရာတော်အား ကျောင်းအပ် တင်လှူတော်မူသည်ဟု ဖော်ပြပါရှိလေသည်။ ထိုကောက်နှုတ်ချက်အရ နန်းမတော်စုဖုရားလတ်ကောင်းမှု မြတောင်ရွှေ ကျောင်းတော်ကြီး ရေစက်ချ မချပြဿနာတွင် ၁၈၈၅ ဧပြီလကကျောင်းတင် လှူပြီးဖြစ်သောကြောင့် ၂၉ နိုဝင်ဘာ ၁၈၈၅ တွင် သီပေါမင်းအရှင် ပါတော်မူ သောအခါ ရေစက်ချ…
Read Moreဆီးရီးယားအရှေ့ပိုင်းက အီရန်နဲ့ဆက်နွယ်နေတဲ့ စစ်ဘက်အဆောက်အအုံတွေကို အမေရိကန်တိုက်ခိုက်
ဝါရှင်တန်၊ နိုဝင်ဘာ-၁၃-၂၀၂၃ မျိုးဆက်(VOM) အမေရိကန်စစ်တပ်ဟာ ဆီးရီးယားအရှေ့ပိုင်းရှိ အီရန်တော်လှန်ရေးအစောင့်တပ်နဲ့ဆက်နွယ်နေတဲ့ အဆောက်အအုံတွေကို လေကြောင်းတိုက်ခိုက်ခဲ့ကြောင်း ပင်တဂွန်စစ်ဌာနချုပ်က ပြောပါတယ်။ ဒီအဆောက်အအုံတွေထဲမှာ အီရန်စစ်တပ်နဲ့ ဆက်နွယ်နေတဲ့ စစ်သွေးကြွအဖွဲ့တွေ အသုံးပြုတဲ့ အဆောက်အအုံတွေပါဝင်ကြောင်း အမေရိကန်ကာကွယ်ရေးဝန်ကြီး လွိုက်အော်စတင်က ဆိုပါတယ်။ အီရတ်နဲ့ ဆီးရီးယားရှိ အမေရိကန် တပ်ဖွဲ့ဝင်တွေအပေါ် ဆက်လက်တိုက်ခိုက်နေတဲ့ အပေါ် တုံ့ပြန်တဲ့အနေနဲ့ အခုလိုတိုက်ခိုက်ခဲ့တာဖြစ်ကြောင်း ကာကွယ်ရေးဝန်ကြီး လွိုက်အော်စတင်က ပြောပါတယ်။ တိုက်ခိုက်ခဲ့တဲ့ ပစ်မှတ်တွေထဲကတခုဟာ လေ့ကျင့်ရေးအဆောက်အအုံတခုဖြစ်တယ်လို့ဆိုပါတယ်။ အောက်တိုဘာ ၁၇ ရက်ကနေ နိုဝင်ဘာ ၉ ရက်ထိ ဆီးရီးယားနဲ့ အီရတ်ရှိ အမေရိကန်တပ်ဖွဲ့ဝင်တွေ ၄၆ ကြိမ် တိုက်ခိုက်ခံခဲ့ရကြောင်း အမေရိကန်စစ်တပ်က ထုတ်ပြန်ထားပါတယ်။ တိုက်ခိုက်ခံရမှုကြောင့် အမေရိကန်တပ်ဖွဲ့ဝင် ၅၆ ဦးဒဏ်ရာရရှိခဲ့ကြောင်း ပင်တဂွန်စစ်ဌာနချုပ်က ပြောပါတယ်။ အမေရိကန်စစ်တပ်ဟာ အောက်တိုဘာ ၂၆ ရက်နဲ့ နိုဝင်ဘာ ၈…
Read Moreယနေ့ ရွှေဈေး (နိုဝင်ဘာ- ၁၃ ရက်၊ ညနေ ၄ နာရီ)
ကမ္ဘာ့ရွှေစျေးမတက်ဘဲ မြန့်မာ့ရွှေစျေးတက် Voice of Myanmar -ကမ္ဘာ့ရွှေဈေး တအောင်စ ၁၉၃၇ ဒေါ်လာ -အခေါက်ရွှေ တကျပ်သား (ပြင်ပဈေးကွက်) ရောင်းဈေး ၃၅၅၀၀၀၀ ကျပ် ဝယ်ဈေး ၃၅၀၀၀၀၀ ကျပ် -၁၅ ပဲရည် တကျပ်သား ရောင်းဈေး ၃၃၅၀၀၀၀ ကျပ် ဝယ်ဈေး ၃၃၀၀၀၀၀ ကျပ် “လက်ရှိ ရွှေဈေးကွက်အတွင်း အရောင်းအဝယ် အေးလျက်ရှိနေတယ်လို့ သိရပါတယ်။” ရွှေဈေးနှုန်းများ အချိန်နှင့်အမျှ ပြောင်းလဲနိုင်သည်။
Read More