အိန္ဒိယမှာ ဥမင်လှိုဏ်ခေါင်းပြိုကျပြီး ပိတ်မိနေတဲ့ အလုပ်သမား ၄၀ ကို ကယ်တင်နိုင်ရေး အပူတပြင်း ကြိုးပမ်းနေ

 

ဒေလီ၊ နိုဝင်ဘာ-၁၄-၂၀၂၃

မျိုးဆက်(VOM)

အိန္ဒိယနိုင်ငံမြောက်ပိုင်းဥတာရာခန်းပြည်နယ်မှာ ဥမင်လှိုဏ်ခေါင်းတခုပြိုကျပြီးပိတ်မိနေတဲ့ အလုပ်သမား ၄၀ ကိုကယ်တင်ဖို့ အာဏာပိုင်တွေက အပူတပြင်းကြိုးစားနေကြပါတယ်။

လက်ရှိမှာတော့ ပိတ်မိနေတဲ့အလုပ်သမားတွေနဲ့ အဆက်သွယ်ရရှိပြီးအောက်ဆီဂျင်နဲ့ အစားအစာတွေထောက်ပံ့ပေးထားပါတယ်။ ဒါပေမယ့် ကယ်ဆယ်ရေးသမားတွေဟာ အလုပ်သမားတွေ ကိုကယ်တင်ခြင်းမပြုမီ မီတာပေါင်းများစွာရှိတဲ့ အပျက်အစီးတွေကို တူးဖော်ရှင်းလင်းရဦးမယ်လို့ တာဝန်ရှိသူတယောက်က ပြောပါတယ်။

နိုဝင်ဘာ ၁၂ ရက်ကလှိုဏ်ခေါင်းပြိုကျချိန်မှာ အလုပ်သမားတွေဟာ ဥမင်ဆောက်လုပ်ရေးလုပ်ငန်းလုပ်ကိုင်နေကြချိန်ဖြစ်ပြီး ဥမင်လှိုဏ်ခေါင်းဟာ မီတာ ၂၀၀ အရှည်ရှိပါတယ်။

ဆောက်လုပ်ရေးလုပ်ငန်းအတွက် ဥမင်လှိုဏ်ခေါင်းအတွင်း ရေပေးဝေတဲ့ ပိုက်ကိုအလုပ်သမားတွေအတွက် အောက်ဆီဂျင်၊ ရေနဲ့ အစားအစာတွေထောက်ပံ့ပေးဖို့ အသုံးပြုထားကြောင်း ကယ်ဆယ်ရေးသမားတွေကပြောပါတယ်။

ဥတာကာရှီခရိုင်ရှိ အဲဒီဥမင်လှိုဏ်ခေါင်းဟာ ဥတာရာခန်းပြည်နယ်က နာမည်ကြီးဘုရားဖူးနေရာတွေနဲ့ ချိတ်ဆက်သွားလာမှုပိုမိုကောင်းမွန်စေဖို့ အိန္ဒိယအစိုးရ အဝေးပြေးလမ်းစီးမံကိန်းရဲ့ တစိတ်တစပိုင်းဖြစ်ပါတယ်။

Ref:BBC

Photo:Getty Images

Related posts

Leave a Comment

VOM News

FREE
VIEW