ရုရှား နယ်စပ်မြို့ကို ယူကရိန်းက ဒုံးကျည်တွေနဲ့ တိုက်ခိုက်ပြန်

 

မော်စကို၊ ဒီဇင်ဘာ-၃-၂၀၂၃

မျိုးဆက်(VOM)

နှစ်နိုင်ငံအကြား လေကြောင်းတိုက်ခိုက်မှုတွေ ပြင်းထန်နေချိန်မှာ ရုရှားနယ်စပ်မြို့ကို ယူကရိန်းရဲ့ လေကြောင်းတိုက်ခိုက်မှုကို တားဆီးနိုင်ခဲ့တယ်လို့ ရုရှားတာဝန်ရှိသူတွေက ပြောပါတယ်။

ပြီးခဲ့တဲ့ စနေနေ့က ယူကရိန်းရဲ့ လေကြောင်းတိုက်ခိုက်မှုကြောင့် လူ ၂၅ ယောက်သေဆုံးပြီး ၁၀၀ ကျော်ဒဏ်ရာရခဲ့တဲ့ ဘယ်လ်ဂိုရော့ဒ်မြို့မှာ ဇန်နဝါရီ ၂ ရက်က ယူကရိန်းပစ်ခတ်ခဲ့တဲ့ ဒုံးကျည်တဒါဇင်ကို ပစ်ချနိုင်ခဲ့တယ်လို့ ရုရှားကဆိုပါတယ်။

ဒီတိုက်ခိုက်မှုနဲ့ ပတ်သက်ပြီး ယူကရိန်းဘက်ကတော့ မှတ်ချက်ပြုပြောဆိုတာ မရှိသေးပါဘူး။ ရုရှားဟာ ယူကရိန်းကို လေကြောင်းတိုက်ခိုက်မှုအကြီးအကျယ်ပြုလုပ်ပြီးနောက်မှာ ယူကရိန်းကလည်း အခုလိုက်တိုက်ခိုက်ခဲ့တာဖြစ်ပါတယ်။

ရုရှားဟာ ယူကရိန်းကို ငါးရက်အတွင်း ဒုံးကျည်အစင်း ၃၀၀ ၊ ဒရုန်းအစင်း ၂၀၀ အသုံးပြုပြီး တိုက်ခိုက်ခဲ့တယ်လို့ ယူကရိန်းသမ္မတ ဇီလန်စကီးက ထုတ်ဖော်ပြောဆိုထားပါတယ်။

ယူကရိန်းကို ရုရှားရဲ့ လေကြောင်းတိုက်ခိုက်မှုတွေကို ပြီးခဲ့တဲ့ သီတင်းပတ်နှောင်းပိုင်းမှာ စတင်ခဲ့ပြီး အသံထက်မြန်တဲ့ ဟိုက်ပါဆိုးနစ်ဒုံးကျည် ၁၀ စင်းကို ပစ်ချခဲ့တယ်လို့ ယူကရိန်းစစ်တပ်က ပြောဆိုထားပါတယ်။

Ref:BBC

Photo:Reuters

Related posts

Leave a Comment

VOM News

FREE
VIEW