အစ္စရေး မော့ဆက်ထောက်လှမ်းရေအတွက် သူလျှိုလုပ်နေသူ ၃၄ ယောက် တူရကီမှာ ဖမ်းဆီးခံရ

 

အန်ကာရာ၊ ဇန်နဝါရီ-၃-၂၀၂၄

မျိုးဆက်(VOM)

အစ္စရေးရဲ့ မော့ဆက်ထောက်လှမ်းရေးအဖွဲ့အတွက် သူလျှိုလုပ်မှု၊ ပြန်ပေးဆွဲဖို့ ကြံစည်နေကြောင်း စွပ်စွဲခံရသူ ၃၄ ယောက်ကို ဖမ်းဆီးထိန်းသိမ်းလိုက်ကြောင်း တူရကီတာဝန်ရှိသူတွေက ပြောပါတယ်။

တူရကီနိုင်ငံ မြို့တော် အန်ကာရာနဲ့ အခြားနေရာ ၅၇ ခုကို ဝင်ရောက်စီးနှင်းဖမ်းဆီးခဲ့တာ ဖြစ်ပြီး အခြားသံသယရှိသူ ၁၂ ဦးကို ရှာဖွေနေဆဲဖြစ်ကြောင်း အာဏာပိုင်တွေကဆိုပါတယ်။

ဒီကိစ္စနဲ့ပတ်သက်ပြီး အစ္စရေးဘက်က ချက်ချင်းမှတ်ချက်ပြုပြောဆိုခြင်းမျိုးမရှိသေးပေမယ့် အစ္စရေး-ဟားမတ်စ်စစ်ပွဲစတင်ပြီးနောက်ပိုင်း တူရကီနဲ့ အစ္စရေးတို့အကြား ဆက်ဆံရေး သိသိသာသာ ယိုယွင်းခဲ့ပါတယ်။

အစ္စရေးထောက်လှမ်းရေးအဖွဲ့ဟာ ကင်းထောက်၊ ရှာဖွေ၊ ချေမှုန်းရေးနည်းလမ်းနဲ့ တူရကီမှာနေထိုင်တဲ့ နိုင်ငံခြားသားတွေကို ပြန်ပေးဆွဲခြင်းစတဲ့ နည်းဗျူဟာဆိုင်ရာတာဝန်တွေ လုပ်ဆောင်ဖို့ကြိုးပမ်းနေကြောင်း အာဏာပိုင်တွေက သုံးသပ်ပြီးနောက်မှာ သံသယရှိသူတွေကို ဖမ်းဆီးခဲ့တာဖြစ်ပါတယ်။

တူရကီသမ္မတ အာဒိုဂန်က တူရကီမြေမှာ ဟားမတ်စ်အဖွ့ဲ့ဝင်တွေကို လုပ်ကြံသတ်ဖြတ်ဖို့ ကြိုးပမ်းမယ်ဆိုရင် ဆိုးရွားတဲ့အကျိုးဆက်တွေနဲ့ရင်ဆိုင်ရလိမ့်မယ်လို့ လွန်ခဲ့တဲ့လက သတိပေးပြောဆိုထားပါတယ်။

တူရကီဟာ ဗြိတိန်၊ အမေရိကန်နဲ့ အီးယူတို့လို ဟားမတ်စ်တို့ကို အကြမ်းဖက်အဖွဲ့အဖြစ် သတ်မှတ်ထားခြင်းမရှိဘဲ ဟားမတ်စ်ခေါင်းဆောင်တွေနဲ့ ဆက်ဆံရေးကို နှစ်ပေါင်းများစွာ ထိန်းသိမ်းထားကာ တူရကီမြေမှာ ဟားမတ်စ်အဖွဲ့ဝင်အချို့ကို လက်ခံထားပါတယ်။

Ref:BBC

Photo:Getty Images

Related posts

Leave a Comment

VOM News

FREE
VIEW