ယူကရိန်းစစ်ပွဲမှာ မြောက်ကိုရီးယားပဲ့ထိန်းဒုံးကျည်တွေ ရုရှားအသုံးပြုနေတယ်လို့ အမေရိကန်ပြော

 

 

မော်စကို၊ ဇန်နဝါရီ-၅-၂၀၂၄

မျိုးဆက်(VOM)

ရုရှားဟာ ယူကရိန်းစစ်ပွဲမှာ မြောက်ကိုရီးယားက ထောက်ပံ့ပေးထားတဲ့ ပဲ့ထိန်းဒုံးကျည်တွေနဲ့ လောင်ချာတွေကို အသုံးပြုနေတယ်လို့ အမေရိကန်က ထုတ်ဖော်ပြောဆိုလိုက်ပါတယ်။

ဒါဟာ ရုရှားကို မြောက်ကိုရီးယားရဲ့ ထောက်ပံ့မှုတွေ သိသိသာသာ တိုးမြင်လာတဲ့သဘောဖြစ်တယ်လို့ အမေရိကန်အမျိုးလုံခြုံရေးအကြံပေး ဂျွန်ခရီဘီက ပြောပါတယ်။

အမေရိကန်အနေနဲ့ ဒီကိစ္စကို ကုလသမဂ္ဂမှာတင်ပြသွားမှာဖြစ်ပြီး လက်နက်လွှဲပြောင်းမှုကို လုပ်ဆောင်ပေးနေသူတွေကို အရေးယူပိတ်ဆို့မှုတွေ နောက်ထပ်အရေးယူပိတ်ဆို့သွားမယ်လို့ ဆိုပါတယ်။

ရုရှားကတော့ ဒီကိစ္စတွေကို ငြင်းဆိုထားပါတယ်။ ဒါပေမယ့်လည်း နှစ်နိုင်ငံအကြား အလားအလာရှိတဲ့ စစ်ရေးပူးပေါင်းဆောင်ရွက်မှုတွေကို ဆွေးနွေးဖို့ မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအန်ဟာ ပြီးခဲ့တဲ့ စက်တင်ဘာလက ရုရှားကို သွားရောက်ခဲ့ပါတယ်။

မြောက်ကိုရီးယားဟာ ရုရှားကို လက်နက်တွေထောက်ပံ့ပေးနေတယ်လို့ အမေရိကန်က အရင်ကလည်း စွပ်စွဲခဲ့ဖူးပေမယ့် မိုင်း ၅၀၀ ထိပစ်ခတ်နိုင်တဲ့ မြောက်ကိုရီးယားရဲ့ ပဲ့ထိန်းဒုံးကျည်တွေကို ရုရှားကအသုံးပြုတာနဲ့ ပတ်သက်ပြီး ပထမဆုံးအကြိမ ထုတ်ဖော်ပြောဆိုတာဖြစ်ပါတယ်။

Ref:BBC

Photo:AP

Related posts

Leave a Comment

VOM News

FREE
VIEW