အိန္ဒိယရဲ့ နေစူးစမ်းလေ့လာရေးယာဉ် မိုင်ကိုးသိန်းကျော်အကွာအဝေးရှိ သတ်မှတ်နေရာကို ရောက်ရှိတော့မယ်

 

ဒေလီ၊ ဇန်နဝါရီ-၆-၂၀၂၄

မျိုးဆက်(VOM)

အိန္ဒိယနိုင်ငံရဲ့ ပထမဆုံးသော နေလေ့လာရေးမစ်ရှင်က စူးစမ်းလေ့လာရေးယာဉ်ဟာ နေကိုလေ့လာနိုင်မယ့် သတ်မှတ်နေရာကို နာရီအနည်းငယ်အတွင်း ရောက်ရှိတော့မှာဖြစ်ပါတယ်။

အိန္ဒိယအာကာသအေဂျင်စီဟာ နေကို စဉ်ဆက်မပြတ်စောင့်ကြည့်လေ့လာနိုင်မယ့် Aditya-L1 ဆိုတဲ့နေရာကို ဒီနေ့ နိုဝင်ဘာ ၆ ရက်မှာ နေရာချထားမှာဖြစ်ပြီး ဒီနေရာဟာ နေနဲ့ ကမ္ဘာအကြား စူးစမ်းလေ့လာရေးယာဉ် လေ့လာမယ့် နေရာဖြစ်ပါတယ်။

အဲဒီစူးစမ်းလေ့လာရေးယာဉ်ကို နေ့ကိုလေ့လာဖို့ စက်တင်ဘာ ၂ ရက်ကတည်းက လွှတ်တင်ခဲ့တာဖြစ်ပြီး သတ်မှတ်နေရာကိုရောက်ဖို့ လေးလကြာ သွားရောက်ပြီးနောက် သတ်မှတ်နေရာမှာ နေရာချဖို့ စီစဉ်နေတာဖြစ်ပါတယ်။

ဒီနေရာဟာ နေနဲ့ ကမ္ဘာအကြား ဆွဲငင်အားတွေကင်းမဲ့ပြီး အာကာသယာဉ် ပျံသန်းမယ့်နေရာဖြစ်ပြီး ကမ္ဘာမြေကနေ မိုင်ပေါင်း ကိုးသိန်းကျော် အကွာအဝေးမှာ တည်ရှိပါတယ်။

အိန္ဒိယနိုင်ငံဟာ လကမ္ဘာရဲ့တောင်ဝန်ရိုးစွန်းမှာ ဂြိုဟ်ဆင်းယာဉ်ကို ကမ္ဘာ့ပထမဆုံးအဖြစ် ဆင်းသက်နိုင်ခဲ့ပြီးနောက် ရက်နည်းငယ်အကြာမှာ နေကိုစူးစမ်းလေ့လာမယ့်ယာဉ် စေလွှတ်ခဲ့ပါတယ်။

Ref:BBC

Photo:ISRO

Related posts

Leave a Comment

VOM News

FREE
VIEW