အငြင်းပွားဖွယ် ဘင်္ဂလားဒေ့ရှ်ရွေးကောက်ပွဲ ဝန်ကြီးချုပ်ရှိတ်ဟာဆီနာ ထပ်မံအနိုင်ရရှိ

 

ဒါကာ ၊ ဇန်နဝါရီ-၈-၂၀၂၄

မျိုးဆက်(VOM)

အငြင်းပွားဖွယ် ဘင်္ဂလားဒေ့ရှ်ရွေးကောက်ပွဲမှာ ဝန်ကြီးချုပ် ရှိတ်ဟာဆီနာဟာ လေးကြိမ်ဆက်တိုက် ဝန်ကြီးချုပ် သက်တမ်းဆောင်ဖို့ အနိုင်ရရှိခဲ့ပါတယ်။

သူမဟာရဲ့ အဝါမီအဖွဲ့ချုပ်ပါတီနဲ့ အခြားမဟာမိတ်တွေဟာ ပါလီမန်အမတ်နေရာ ၃၀၀ မှာ ၁၅၂ နေရာထက်မနည်း အနိုင်ရရှိခဲ့တာကြောင့် နောက်ထပ်ငါးနှစ်သက်တမ်း ဝန်ကြီးချုပ်ရာထူးကို ထမ်းဆောင်နိုင်တော့မှာဖြစ်ပါတယ်။

ရွေးကောက်ပွဲကို ဘင်္ဂလားဒေ့ရှ်အတိုက်အခံ အမျိုးသားရေးပါတီက ရွေးကောက်ပွဲကို သပိတ်မှောက်ခဲ့ပြီး ဒါဟာ အတုအယောင်ရွေးကောက်ပွဲဖြစ်တယ်လို့ စွပ်စွဲထားပါတယ်။ ရွေးကောက်ပွဲမတိုင်ခင်မှာ ပါတီထိပ်တန်းခေါင်းဆောင်တွေနဲ့ ထောက်ခံသူအများအပြား ဖမ်းဆီးခံခဲ့ရပါတယ်။

တရားဝင်အချက်အလက်တွေအရ ရွေးကောက်ပွဲမှာ မဲပေးသူဦးရေ ၄၀ ရာခိုင်နှုန်းကျဆင်းကြောင်း ဝေဖန်သူများက ဆိုသည်။ ရွေးကောက်ပွဲရလဒ်များကို ဒီနေ့ ဇန်နဝါရီ ၈ ရက်နှောင်းပိုင်းမှာ ကြေညာမှာဖြစ်ပါတယ်။

ဒါဟာ ၁၉၉၆ ခုနှစ်မှာ ဝန်ကြီးချုပ်ဖြစ်လာပြီး ၂၀၀၉ ခုနှစ်ကစပြီး ပြန်လည်ရွေးချယ်ခံခဲ့ရတဲ့ ဝန်ကြီးချုပ်ဟာဆီနားအတွက် လေးကြိမ်ဆက်တိုက် အနိုင်ရရှိမှုဖြစ်သလို ဝန်ကြီးချုပ်အဖြစ် ငါးကြိမ်တာဝန်ထမ်းဆောင်မှုလည်း ဖြစ်ပါတယ်။

Ref:BBC

Photo:AP

 

Related posts

Leave a Comment

VOM News

FREE
VIEW