ဒေါ်မာမာအေး ကွယ်လွန်ခြင်းအတွက် အနုပညာရှင်တချို့ရဲ့ ရင်ထဲက အမှတ်တရစကားများ

  ဇန်နဝါရီ ၉ – ၂၀၂၄ SN (VOM) နိုင်ငံကျော် ဂန္ထဝင်အဆိုတော်ကြီး ဒေါ်မာမာအေးဟာ မနေ့ ဇန်နဝါရီ ၈ ရက်၊ အမေရိကန် အရှေ့ဘက်ကမ်းရိုးတန်း စံတော်ချိန် ညနေ ၆ နာရီ ၂၈ မိနစ်၊ မြန်မာစံတော်ချိန် ဒီကနေ့ ဇန်နဝါရီ ၉ ရက် မနက် ၅ နာရီ ၅၈ မိနစ်မှာ အင်ဒီယားနားပြည်နယ်၊ ဖို့ဝိန်းမြို့နေအိမ်မှာ ကွယ်လွန်သွားပြီဖြစ်တယ်လို့ သိရပါတယ်။ ဒေါ်မာမာအေးဟာ မြန်မာ့ဂန္ထဝင်ဂီတသမိုင်းမှာ အအောင်မြင်ဆုံး အမျိုးသမီးအဆိုတော်တယောက်ဖြစ်ပြီး ကွယ်လွန်ချိန်မှာ အသက် ၈၁ နှစ်ရှိပြီဖြစ်ပါတယ်။ အခုလို ဒေါ်မာမာအေး ကွယ်လွန်သွားတာနဲ့ ပတ်သက်လို့ ခေတ်ပြိုင် ဂန္ထဝင်အဆိုတော်ကြီးတယောက်ဖြစ်တဲ့ သလ္လာဝတီ (ဒေါ်) လှလှရီက “ကြားတယ်လေ မအေးမြင့်အကြောင်းကို။ မာမာအေးလေ၊ အမေတို့ကတော့ ငယ်နာမည်ပဲခေါ်တာပါ။ မြေးလုပ်တဲ့သူက လှမ်းပြောလို့…

Read More

ဗြိတိန် MI6 ထောက်လှမ်းရေးတယောက်ကို တရုတ်အာဏာပိုင်တွေ ဖမ်းဆီး

  ပေကျင်း၊ ဇန်နဝါရီ-၉-၂၀၂၄ မျိုးဆက်(VOM) ဗြိတိန်ရဲ့ နိုင်ငံခြားထောက်လှမ်းရေးဌာန MI6 သူလျှိုလို့ စွပ်စွဲခံရတဲ့တယောက်ကို တရုတ်အာဏာပိုင်တွေက ဖမ်းဆီးထိန်းသိမ်းလိုက်ပါတယ်။ သူဟာ နိုင်ငံခြားသားတယောက်ဖြစ်ပြီး တရုတ်နိုင်ငံမှာ သတင်းအချက်အလက်တွေ ရယူစုဆောင်းဖို့ ထောက်လှမ်းနေကြောင်း တရုတ်နိုင်ငံ နိုင်ငံတော်လုံခြုံရေးဝန်ကြီးဌာနက(အမ်အက်စ်အက်စ်) က ပြောပါတယ်။ ဒီလိုဖမ်းဆီးမှုဟာ နိုင်ငံခြားသူလျှိုတွေကို နှိမ်နှင်းတဲ့ တရုတ်နိုင်ငံရဲ့ စစ်ဆင်ရေးတခုအတွင်းမှာ နောက်ဆုံးဖမ်းဆီးခဲ့တဲ့ ပြည်ပထောက်လှမ်းရေးတယောက်ဖြစ်ပြီး ဗြိတိန်အစိုးရကတော့ စွပ်စွဲချက်တွေနဲ့ပတ်သက်ပြီး မှတ်ချက်ပြုပြောဆိုတာမျိုးမရှိသေးပါဘူး။ သူလျှိုလို့ စွပ်စွဲခံရသူဟာ ဟွမ်လို့ အမည်ရပြီး တတိယနိုင်ငံမှ လာရောက်သူဖြစ်ကာ ဖမ်းဆီးခံခဲ့ပေမယ့် ဘယ်နိုင်ငံသားလည်းဆိုတာကို တရုတ်အာဏာပိုင်တွေက ထုတ်ဖော်ပြောကြားခြင်းမရှိသေးပါဘူး။ တရုတ်နိုင်ငံဟာ နိုင်ငံခြားသူလျှိုလုပ်မှုတွေနဲ့ပတ်သက်ပြီး သတိပြုမိစေဖို့ လူထုလှုပ်ရှားမှုတွေကိုလည်းလုပ်ဆောင်ခဲ့ပြီး မသင်္ကာဖွယ်ရာတွေတွေ့ရှိပါက သတင်းပေးကြဖို့ ပြည်သူတွေကို တိုက်တွန်းနှိုးဆော်ထားပါတယ်။ Ref:BBC Photo:Getty Images

Read More

တောင်ကိုရီးယားမှာ ခွေးတွေကို သတ်ဖြတ်ရောင်းချတာ တားမြစ်တဲ့ဥပဒေ အတည်ပြု

  ဆိုးလ်၊ ဇန်နဝါရီ-၉-၂၀၂၄ မျိုးဆက်(VOM) တောင်ကိုရီးယားနိုင်ငံမှာ ခွေးသားအတွက် ခွေးတွေကိုသတ်ဖြတ်ရောင်းချတာကို ၂၀၂၇ ခုနှစ်မှာ အဆုံးသတ်မယ့် ဥပဒေတရပ်ကို ဇန်နဝါရီ ၉ ရက်မှာ အတည်ပြုလိုက်ပါတယ်။ အဲဒီဥပဒေဟာ နိုင်ငံတွင်းမှာ ရာစုနှစ်များစွာကြာ ခွေးသားစားတဲ့ အလေ့အထကို အဆုံးသတ်ဖို့ ရည်ရွယ်တာဖြစ်ပါတယ်။ ခွေးသားစားတဲ့ အလေ့အထဟာ ပြီးခဲ့တဲ့ ဆယ်စုနှစ်အနည်းငယ်အတွင်း ကျဆင်းသွားခဲ့ပြီး အထူးသဖြင့် လူငယ်တွေက ရှောင်ရှားလာကြပါတယ်။ လက်ရှိပြဌာန်းလိုက်တဲ့ ဥပဒေအရ ခွေးသားဖြန့်ဖြူးရောင်းချတာလိုမျိုး ခွေးသားအတွက် ခွေးတွေကို မွေးမြူတာနဲ့ သတ်ဖြတ်တာတွေကို တားမြစ်ထားပြီး ကျူးလွန်သူတွေကို ထောင်ချအပြစ်ပေးနိုင်ပါတယ်။ အသားအလို့ငှာ ခွေးသတ်သူတွေအနေနဲ့ ထောင်သုံးနှစ်ထိ ကျခံရနိုင်ပြီး ရောင်းချသူတွေကတော့ ထောင်နှစ်နှစ်ကျခံရနိုင်ပါတယ်။ ခွေးမွေးတဲ့ လယ်သမားတွေနဲ့ စားသောက်ဆိုင်ပိုင်ရှင်တွေရဲ့ အလုပ်အကိုင်နဲ့ ဝင်ငွေအတွက် အခြားရွေးချယ်မှုတွေပြုလုပ်ဖို့ ပြင်ဆင်ချိန်အတွက် ဥပဒေဟာ လာမယ့် သုံးနှစ်ကစပြီး သက်ဝင်မှာဖြစ်ပါတယ်။ အစိုးရအနေနဲ့ ခွေးသတ်ပြီးရောင်းချသူတွေနဲ့ ခွေးသားရောင်းတဲ့…

Read More

ယနေ့ နိုင်ငံခြားငွေလဲလှယ်နှုန်း (ဇန်နဝါရီ- ၉ ရက်)

  Voice of Myanmar -အမေရိကန်ဒေါ်လာ ရောင်းဈေး – ၃၄၅၀ ကျပ် ဝယ်ဈေး – ၃၄၀၀ ကျပ် -စင်္ကာပူဒေါ်လာ ရောင်းဈေး – ၂၅၉၅ ကျပ် ဝယ်ဈေး – ၂၅၄၅ ကျပ် -ယူရို ရောင်းဈေး – ၃၈၂၆ ကျပ် ဝယ်ဈေး – ၃၇၅၂ ကျပ် -ထိုင်းဘတ် ရောင်းဈေး – ၉၉.၅၀ ကျပ် ဝယ်ဈေး – ၉၇.၅၆ ကျပ် -မလေးရှားရင်းဂစ် ရောင်းဈေး – ၇၄၇ ကျပ် ဝယ်ဈေး – ၇၃၂ ကျပ် -တရုတ်ယွမ် ရောင်းဈေး – ၄၇၉ ကျပ် ဝယ်ဈေး – ၄၆၉ ကျပ် -ဂျပန်ယန်း ရောင်းဈေး…

Read More

ယနေ့ ရွှေဈေး (ဇန်နဝါရီ- ၉ ရက်၊ နံနက် ၁၀ နာရီ)

Voice of Myanmar -ကမ္ဘာ့ရွှေဈေး တအောင်စ ၂၀၂၇ ဒေါ်လာ -အခေါက်ရွှေ တကျပ်သား (ပြင်ပဈေးကွက်) ရောင်းဈေး ၃၇၂၅၀၀၀ ကျပ် ဝယ်ဈေး ၃၆၈၅၀၀၀ ကျပ် -၁၅ ပဲရည် တကျပ်သား ရောင်းဈေး ၃၅၂၅၀၀၀ ကျပ် ဝယ်ဈေး ၃၄၈၅၀၀၀ ကျပ် “လက်ရှိ ရွှေဈေးကွက်အတွင်း ဈေးနှုန်းအတက်အကျ မငြိမ်သေးတဲ့အတွက် ရောင်းမှား၊ ဝယ်မှား မဖြစ်ဖို့ သတိပြုစေလိုပါတယ်။” ရွှေဈေးနှုန်းများ အချိန်နှင့်အမျှ ပြောင်းလဲနိုင်သည်။

Read More

ပေါင်မြို့နယ်က အကြမ်းဖက်မှုနဲ့ ဖမ်းဝရမ်းထုတ် နေအိမ် ချိပ်ပိတ်ခံထားရသူကို နစက အဖွဲ့က လူမှုထူးချွန် ပထမအဆင့် မှားယွင်းပေး

  ဇန်နဝါရီ ၊ ၉ ၊ ၂၀၂၄ SP( VOM) ပြီးခဲ့တဲ့ ဇန်နဝါရီ ၅ ရက်နေ့က နိုင်ငံပိုင် သတင်းစာတွေကနေ ထုတ်ပြန်ခဲ့တဲ့ ၇၆ နှစ်မြောက် လွတ်လပ်ရေးနေ့အတွက် ပေးအပ်ခဲ့တဲ့ လူမှုထူးချွန်ဆုပေးတဲ့ထဲမှာ အကြမ်းဖက်မှုဆိုင်ရာ တိုက်ဖျက်ရေး ဥပဒေအရ ဖမ်းဝရမ်း ထုတ်ဆင့်ခံထားရသူတချို့ ပါဝင်နေတယ်လို့ နိုင်ငံရေး အသိုင်းအဝိုင်းဆီက သိရပါတယ်။ ” ပြီးခဲ့တဲ့ ဇန်နဝါရီ ၅ နေ့က မြန်မာ့အလင်း ၊ ကြေးမုံ သတင်းစာတွေမှာ ဖော်ပြခဲ့တဲ့ ၇၆ နှစ်မြောက် လွတ်လပ်ရေးနေ့ လူမှုထူးချွန်ဆု ပထမအဆင့်ရတဲ့ လူပုဂ္ဂိုလ်အမည်စာရင်းတွေ ထုတ်ပြန်ခဲ့တယ် ၊ အဲ့ဒီ ထုတ်ပြန်ခဲ့တဲ့ အမည်စာရင်း ၁၀၂၁ ဦး ရှိတဲ့အနက်က အမှတ်စဥ် ၅၉၇ ပါဝင်တဲ့သူက မွန်ပြည်နယ် ၊ ပေါင်မြို့နယ် ၊…

Read More

ပြီးခဲ့တဲ့နှစ်အတွင်း မြန်မာအပါအဝင် ကမ္ဘာတဝန်းမှာ ဖောက်ခွဲရေးပစ္စည်းတွေကြောင့် ထိခိုက်သေဆုံးမှု အမြင့်ဆုံးဖြစ်နေ

  လန်ဒန်၊ ဇန်နဝါရီ-၉-၂၀၂၄ မျိုးဆက်(VOM) ပြီးခဲ့တဲ့ ၂၀၂၃ ခုနှစ်မှာ ဖောက်ခွဲရေးပစ္စည်းတွေကြောင့် အရပ်သားတွေ ထိခိုက်မှုနဲ့ သေဆုံးမှုဟာ ဆယ်စုနှစ်တခုအတွင်း အမြင့်ဆုံးဖြစ်ကြောင်း သုတေသန အစီရင်ခံစာသစ်တခုမှာ ဖော်ပြထားပါတယ်။ ဗြိတိန်အခြေစိုက် လက်နက်ကိုင်အကြမ်းဖက်မှုစောင့်ကြည့်ရေးအဖွဲ့ (AOAV) ရဲ့ အစီရင်ခံစာမှာတော့ ၂၀၂၃ ခုနှစ်အတွင်း ဖောက်ခွဲရေးပစ္စည်းတွေကြောင့် အရပ်သားသေဆုံးမှုဟာ ၁၂၂ ရာခိုင်နှုန်းထိ တိုးလာတယ်လို့ ဆိုပါတယ်။ ဒီလိုမြင့်တက်လာတဲ့ အကြောင်းရင်းတွေထဲမှာ ဂါဇာမှာဖြစ်ပွားနေတဲ့ အစ္စရေး-ဟားမတ်စ် စစ်ပွဲအပြင် ယူကရိန်း၊ ဆူဒန်၊ မြန်မာနဲ့ ဆိုမာလီယာတို့မှာဖြစ်ပွားနေတဲ့ ပဋိပက္ခတွေကြောင့်လည်း ပါဝင်ပါတယ်။ လက်နက်ကိုင်အကြမ်းဖက်မှုစောင့်ကြည့်ရေးအဖွဲ့ (AOAV)ဟာ ကမ္ဘာတဝန်းမှာ ၂၀၂၃ ခုနှစ်အတွင်း ပေါက်ကွဲမှုတွေနဲ့ပတ်သက်တဲ့ ဖြစ်ရပ်ပေါင်း ၇၃၀၇ ခုထက်မနည်းကို ဖော်ထုတ်နိုင်ခဲ့ပြီး ဒါဟာပြီးခဲ့တဲ့နှစ်က ၄၃၂၂ ဖြစ်ပွားခဲ့တာထက် ပိုမိုများပြားနေပါတယ်။ အဲလိုပေါက်ကွဲမှုတွေကြောင့် အရပ်သား ၁၅၃၀၅ ယောက်ထက်မနည်းသေဆုံးခဲ့ပြီး သောင်းနဲ့ချီဒဏ်ရာရရှိခဲ့ကာ ၂၀၂၂…

Read More

This Day in History

Voice of Myanmar ဂါဇာကမ်းမြှောင်ဒေသတွင် ဖြစ်ပွားနေသော အစ္စရေးနှင့် ဟားမတ်စ်တို့အကြား တိုက်ပွဲများကို ချက်ချင်းအပစ်အခတ်ရပ်စဲရန် တိုက်တွန်းသည့် ဆုံးဖြတ်ချက်တရပ်ကို ကုလသမဂ္ဂလုံခြုံရေးကောင်စီက ၂၀၀၉ ခုနှစ် ဇန်နဝါရီ ၉ ရက်တွင် မဲခွဲအတည်ပြုခဲ့သည်။

Read More

ယနေ့ ရွှေဈေး (ဇန်နဝါရီ – ၈ ရက်၊ ညနေ ၄ နာရီ)

Voice of Myanmar -ကမ္ဘာ့ရွှေဈေး တအောင်စ ၂၀၂၇ ဒေါ်လာ -အခေါက်ရွှေ တကျပ်သား (ပြင်ပဈေးကွက်) ရောင်းဈေး ၃၇၃၀၀၀၀ ကျပ် ဝယ်ဈေး ၃၆၉၀၀၀၀ ကျပ် -၁၅ ပဲရည် တကျပ်သား ရောင်းဈေး ၃၅၃၀၀၀၀ ကျပ် ဝယ်ဈေး ၃၄၉၀၀၀၀ ကျပ် “လက်ရှိ ရွှေဈေးကွက်အတွင်း ဈေးနှုန်းအတက်အကျ မငြိမ်သေးတဲ့အတွက် ရောင်းမှား၊ ဝယ်မှား မဖြစ်ဖို့ သတိပြုစေလိုပါတယ်။” ရွှေဈေးနှုန်းများ အချိန်နှင့်အမျှ ပြောင်းလဲနိုင်သည်။

Read More
VOM News

FREE
VIEW