သင်္ဘောတွေကို တိုက်ခိုက်နေတဲ့ ဟူသီသူပုန်အဖွဲ့ကို စစ်ရေးအရ အရေးယူနိုင်ကြောင်း အမေရိကန်နဲ့ ဗြိတိန်ပြော

ဝါရှင်တန်၊ ဇန်နဝါရီ-၁၁-၂၀၂၃
မျိုးဆက်(VOM)

ပင်လယ်နီဒေသမှာ သင်္ဘောတစင်းကို ဟူသီသူပုန်အဖွဲ့ အကြီးမားဆုံးတိုက်ခိုက်မှုကို ချေမှုန်းပြီးနောက် ယီမင်ရှိ ဟူသီသူပုန်တို့ကို စစ်ရေးအရ အရေးယူနိုင်ကြောင်း အမေရိကန်နှင့် ဗြိတိန်တို့က အရိပ်အမြွတ်ထုတ်ဖော်ပြောဆိုလိုက်ပါတယ်။

အီရန်ကျောထောက်နောက်ခံပြု ဟူသီအဖွဲ့က ဇန်နဝါရီ ၁၀ ရက်မှာ ပစ်ခတ်လိုက်တဲ့ မောင်းသူမဲ့လေယာဉ်နဲ့ ဒုံးကျည် ၁၀ စင်းကို တိုက်လေယာဉ်နဲ့ သင်္ဘောတွေက ပစ်ချခဲ့ရကြောင်း တာဝန်ရှိသူတွေက ဆိုပါတယ်။

ပင်လယ်နီဒေသမှာ ဟူသီအဖွဲ့အနေနဲ့ သင်္ဘောတွေကို တိုက်ခိုက်မှုတွေ ချက်ချင်းရပ်တန့်ဖို့ ဆုံးဖြတ်ချက်တရပ်ကို ကုလသမဂ္ဂလုံခြုံရေးကောင်စီကလည်း ဇန်နဝါရီ ၁၀ ရက်မှာ ချမှတ်လိုက်ပါတယ်။

ပင်လယ်နီဒေသမှာ သွားလာနေတဲ့ သင်္ဘောတွေကို အကာကွယ်ပေးဖို့နဲ့ပတ်သက်ပြီး ကုလသမဂ္ဂအဖွဲ့ဝင်နိုင်ငံတွေက ထောက်ခံခဲ့ကြာကာ ဟူသီတို့ရဲ့ လုပ်ရပ်ကို ရှုတ်ချခဲ့ကြပါတယ်။

ကမ္ဘာ့ကုန်သွယ်ရေးကို ဟန့်တားကာ ရေကြောင်းသွားလာခွင့်နဲ့ လွတ်လပ်ခွင့်အပြင် ဒေသတွင်း ငြိမ်းချမ်းရေးနဲ့ လုံခြုံရေးကို ထိခိုက်စေတဲ့ ဟူသီသူပုန်အဖွဲ့ရဲ့ တိုက်ခိုက်မှုတွေအားလုံးကို ချက်ချင်းရပ်တန့်ဖို့ ကုလသမဂ္ဂက တောင်းဆိုထားပြီး မဲပေးမှုမှာ ရုရှား၊တရုတ်၊ မိုဇမ်ဘစ်နဲ့ အယ်လ်ဂျီးရီးယားတို့က ကြားနေခဲ့ပါတယ်။

Ref:BBC
Photo:UK Ministry of Defence

Related posts

Leave a Comment

VOM News

FREE
VIEW