အမေရိကန်ကို လက်တုံ့ပြန်တဲ့အနေနဲ့ အိုမန်ပင်လယ်ကွေ့မှာ ရေနံတင်သင်္ဘောတစင်းကို အီရန်ဖမ်းဆီး

တီဟီရန်၊ ဇန်နဝါရီ-၁၂-၂၀၂၄
မျိုးဆက်(VOM)

အိုမန်ပင်လယ်ကွေ့မှာ မာရှယ်ကျွန်းစု အလံလွှင့်တင်ထားတဲ့ ရေနံတင်သင်္ဘောတစင်းကို အီရန်က ဖမ်းဆီးထိန်းသိမ်းခဲ့ပါတယ်။

မျက်နှာဖုံးတွေဝတ်ဆင်ထားတဲ့ လက်နက်ကိုင်တွေဟာ အိုမန်ဆိပ်ကမ်း ဆိုဟာအနီးခုတ်မောင်းနေတဲ့ စိန့်နီကိုးလပ်စ်သင်္ဘောပေါ်ကို စီးနှင်းခဲ့ပြီး သင်္ဘောကို အီရန်ဆိပ်ကမ်းခုတ်မောင်းဖို့ အမိန့်ပေးခဲ့ပါတယ်။

ဒီဖမ်းဆီးမှုဟာ ယမန်နှစ်အတွင်းက အီရန်သင်္ဘောနဲ့ ရေနံတင်သင်္ဘောတွေကို အမေရိကန်က ဖမ်းဆီးမှုကို လက်တုံ့ပြန်တာဖြစ်ကြောင်း အီရန်ရေတပ်ကိုကိုးကားပြီး အီရန်နိုင်ငံပိုင် သတင်းဌာနက ဖော်ပြထားပါတယ်။

စိန့်နီကိုးလပ်စ်သင်္ဘောဟာ အီရတ်ဆိပ်ကမ်း ဘာဆရာကနေ တူရကီကို သွားရောက်မှာဖြစ်ပါတယ်။ သင်္ဘောဟာ ဂရိပိုင်ဖြစ်ပေမယ့် အမေရိကန်က ပိုင်ဆိုင်တာဖြစ်တယ်လို့ အီရန်နိုင်ငံပိုင် သတင်းဌာနက ဖော်ပြထားပါတယ်။

Empire Navigation ရဲ့ အဲဒီသင်္ဘောဟာရေနံစိမ်းတန်ချိန် ၁၄၅၀၀၀ ကိုတင်ဆောင်ပြီး သင်္ဘောအမှုထမ်းအဖြစ် ဖိလစ်ပိုင်နိုင်ငံသား ၁၈ ယောက်နဲ့ဂရိနိုင်ငံသား တယောက်တို့ ပါဝင်ပါတယ်။

Ref:BBC
Photo:Reuters

Related posts

Leave a Comment

VOM News

FREE
VIEW