အီသီယိုးပီးယား တိုက်ဂရေးဒေသမှာ အငတ်ဘေးဆိုက်ပြီး လူ ၂၀၀ ကျော်သေဆုံး

 

အာဒစ်အာဘာဘာ၊ ဇန်နဝါရီ-၁၇-၂၀၂၄

မျိုးဆက်(VOM)

အီသီယိုးပီးယားမှာ မိုးခေါင်ရေရှားမှုနဲ့ စစ်ဒဏ်ခံခဲ့ရသော တိုက်ဂရေးဒေသ အီဒါဂါအာဘီမြို့မှာ ဇူလိုင်လနောက်ပိုင်း လူ ၂၀၀ ကျော်အငတ်ဘေးဆိုက်ပြီး သေဆုံးခဲ့တယ်လို့ ဒေသန္တရ တာဝန်ရှိသူတွေက ပြောပါတယ်။

အနီးနားရှိ အက်ဝါမြို့မှာလည်း နောက်ထပ် ၁၆ ယောက်သေဆုံးခဲ့တယ်လို့ ဆိုပါတယ်။ တိုက်ဂရေးဒေသဟာ ၁၉၈၄ ခုနှစ်မှာ နောက်ဆုံးဖြစ်ပွားခဲ့တဲ့ အငတ်ဘေးလိုအခြေအနေဆိုက်ရောက်လုနီးပါးဖြစ်နေတယ်လို့ တိုက်ဂရေးတာဝန်ရှိသူတွေကပြောပါတယ်။

ဒါပေမယ့်လည်း အီသီယိုးပီးယားဗဟိုအစိုးရကတော့ ငတ်မွတ်ခေါင်းပါးမှုတွေဖြစ်ပွားနေတယ်ဆိုတာကို ငြင်းဆိုထားပြီး အကူအညီတွေပေးဖို့ လုပ်ဆောင်နေတယ်လို့ ဆိုပါတယ်။

ဒါပေမယ့်လည်း ဆေးဝါးနဲ့ လူသားချင်းစာနာ ထောက်ထားမှုဆိုင်ရာ အကူအညီတွေ လုံလုံလောက်လောက်နဲ့ မြန်မြန်ဆန်ဆန်မရောက်တာကြောင့် အသက်တွေကိုကယ်တင်ဖို့ ကူကယ်ရာမဲ့နေတယ်လို့ ကူညီရေးအဖွဲ့တွေက ပြောပါတယ်။

သေဆုံးသွားသူတွေဟာ ကလေးငယ်နဲ့ လူငယ်တွေဖြစ်တယ်လို့ ဆိုကြပါတယ်။ ပဋိပက္ခတွေ၊ မိုးခေါင်ရေရှားမှုနဲ့ ရေကြီးရေလျှံမှုတွေကြောင့် အီသီယိုးပီးယားပြည်သူ သန်း ၂၀ ဟာ စားနပ်ရိက္ခာအကူအညီ အရေးပေါ်လိုအပ်နေကြောင်း ကုလသမဂ္ဂက ထုတ်ပြန်ထားသည်။

Ref:BBC

Photo:AP

 

 

Related posts

Leave a Comment

VOM News

FREE
VIEW