အိမ်ဖြူတော်မသိအောင် ဆေးရုံတက်ခဲ့တဲ့ အမေရိကန်ကာကွယ်ရေးဝန်ကြီး ဆေးရုံက မဆင်းရသေး

ဝါရှင်တန်၊ ဇန်နဝါရီ-၁၄-၂၀၂၄ မျိုးဆက်(VOM) အမေရိကန်ကာကွယ်ရေးဝန်ကြီး လွိုက်အော်စတက်ဟာ ဆီးကျိတ်ကင်ဆာနဲ့ပတ်သက်ပြီး ကုသမှုခံယူပြီးနောက် ဆေးရုံမှာ အခြေအနေကောင်းမွန်ကြောင်း ပင်တဂွန်စစ်ဌာနချုပ်က ပြောပါတယ်။ မစ္စတာ အော်စတင်ဟာ သူ့ရဲ့ လုပ်ငန်းတာဝန်အချို့ကို ပြန်လည်ထမ်းဆောင်နေပြီး သူ့ရဲ့ ထိပ်တန်းတာဝန်ရှိသူူတွေနဲ့ အဆက်အသွယ်ရှိနေပြီး ကာကွယ်ရေးဝန်ကြီးဌာနရဲ့ ကမ္ဘာတဝန်း နေ့စဉ်လုပ်ဆောင်ဆောင်ရွက်မှုတွေကို စောင့်ကြည့်နေတယ်လို့ ဆိုပါတယ်။ အသက် ၇၀ အရွယ် အမေရိကန်ကာကွယ်ရေးဝန်ကြီး လွိုက်အော်စတင်ဟာ ဒီဇင်ဘာနှောင်းပိုင်းက ခွဲစိတ်မှုနောက်ဆက်တွဲအခြေအနေကြောင့် ဇန်နဝါရီ ၁ ရက်မှာ အထူးကြပ်မတ်ကုသမှုဌာနမှာာ တက်ရောက်ကုသခံခဲ့ရပါတယ်။ ဒါပေမယ့် ဒီကိစ္စကို အိမ်ဖြူတော်နဲ့ ထိပ်တန်းကာကွယ်ရေးတာဝန်ရှိသူတွေက သုံးရက်ကြာတဲ့ထိ မသိရှိခဲ့ပါဘူး။ ကာကွယ်ရေးဝန်ကြီးဟာ အမေရိကန်ဖွဲ့စည်းပုံအခြေခံဥပဒေအရ သမ္မတအောက်မှာသာရှိနေပြီး အစိုးရအဖွဲ့ရဲ့ အရေးအကြီးဆုံးဝန်ကြီးတယောက်အဖြစ် သတ်မှတ်ထားပါတယ်။ ဒီလို့ လျှို့ဝှက်စွာ ဆေးရုံတက်ခဲ့တဲ့ ကိစ္စနဲ့ပတ်သက်ပြီး လုံခြုံရေးနဲ့ ပွင့်လင်းမြင်သာမှုဆိုင်ရာ စိုးရိမ်ပူပန်မှုတွေကြောင့် ကာကွယ်ရေးဝန်ကြီးရဲ့ ကျန်းမာရေးပြသနာနဲ့ပတ်သက်ပြီး အိမ်ဖြူတော်က စုံစမ်းစစ်ဆေးမှုတွေ လုပ်ဆောင်နေပါတယ်။…

Read More

This Day in History

Voice of Myanmar အမေရိကန် လေယာဉ်တင်သင်္ဘော ယူအက်အက် အင်န်တာပရိုက်စ်သည် ပုလဲဆိပ်ကမ်းတွင် ၁၉၆၉ ခုနှစ် ဇန်နဝါရီ ၁၄ ရက်၌ ဒုံးကျည်တစ်စင်း မတော်တဆပေါက်ကွဲမှုကြောင့် သင်္ဘောပေါ်ရှိ တိုက်လေယာဉ် ၁၅ စင်းပျက်စီးပြီး လူ ၃၀၀ ကျော်ဒဏ်ရာရရှိခဲ့ကာ ၂၇ ယောက်သေဆုံးခဲ့သည်။

Read More

ထိုင်ဝမ်သမ္မတရွေးကောက်ပွဲ တရုတ်လိုလားတဲ့ ကူမင်တန်ပါတီရှုံးနိမ့်ပြီး အာဏာရပါတီမှ ဝီလျံလိုင် အနိုင်ရ

  တိုင်ပေ၊ ဇန်နဝါရီ-၁၃-၂၀၂၄ မျိုးဆက်(VOM) ဒီနေ့ကျင်းပတဲ့ ထိုင်ဝမ်သမ္မတရွေးကောက်ပွဲမှာ အတိုက်အခံကူမင်တန်ပါတီက ရှုံးနိမ့်ကြောင်း ဝန်ခံလိုက်ပြီးနောက် အာဏာရ ဒီမိုကရက်တစ်တိုးတက်ရေးပါတီက ဝီလျံလိုင်က ကရွေးကောက်ပွဲအနိုင်ရပြီး သမ္မတသစ်ဖြစ်လာတော့မှာ ဖြစ်ပါတယ်။ ရွေးကောက်ပွဲမှာ အတိုက်အခံကူမင်တန်ပါတီက ထိုင်ဝမ်ရေလက်ကြား ငြိမ်းချမ်းရေး၊ တရုတ်နဲ့ ဆက်ဆံရေး ကောင်းမွန်ဖို့ ကတိကဝတ်တွေပြုခဲ့ပြီး တရုတ်နိုင်ငံကလည်း ဝီလျံလိုင်ဟာ ဒုက္ခပေးမယ့်သူတယောက်လို့ တံဆိပ်ကပ်ခဲ့ပါတယ်။ ဝီလျံလိုင်ကတော့ ထိုင်ဝမ်ကို တရုတ်ရဲ့ ခြိမ်းခြောက်မှုတွေကနေ ကာကွယ်သွားမှာဖြစ်ပြီး ပိုနေမြဲ ကျားနေမြဲအခြေအနေကိုလည်း ထိန်းသိမ်းသွားမှာဖြစ်ကာ ထိုင်ဝမ်ရေလက်ကြား ငြိမ်းချမ်းရေးနဲ့ တည်ငြိမ်ရေးအတွက် ထိပ်တိုက်ရင်ဆိုင်ရေးထက် တွေ့ဆုံဆွေးနွေးရေး နည်းလမ်းများကို အသုံးပြုသွားမှာဖြစ်တယ်လို့ ရွေးကောက်ပွဲဆွယ်စည်းရုံးရေးမှာ ဝီလျံလိုင်က ပြောဆိုထားပါတယ်။ ထိုင်ဝမ်ဟာ ဒီမိုကရေစီကို ထိန်းသိမ်းဖို့၊ ထိုင်ဝမ်နဲ့လွတ်လပ်ခွင့်ကို ချစ်တဲ့စိတ်ကို ဘယ်လိုစိန်ခေါ်မှုနဲ့ ဖိအားတွေကမှ ဖြိုခွင်းနိုင်မှာမဟုတ်ဘူးဆိုတာ ကမ္ဘာကိုပြသလိုက်တာဖြစ်ကြောင်း ထိုင်ဝမ်သမ္မတ ဆိုင်အင်းဝမ်က ပါတီထောက်ခံသူတွေကို ပြောပါတယ်။ “ ကမ္ဘာကြီးက…

Read More

ပြည်တွင်းရွှေဈေး ကျပ် ၃၈ သိန်းနား ရောက်လာ

ယနေ့ ရွှေဈေး (ဇန်နဝါရီ – ၁၃ ရက်၊ ညနေ ၄ နာရီ) Voice of Myanmar -ကမ္ဘာ့ရွှေဈေး တအောင်စ ၂၀၄၈ ဒေါ်လာ -အခေါက်ရွှေ တကျပ်သား (ပြင်ပဈေးကွက်) ရောင်းဈေး ၃၇၇၀၀၀၀ ကျပ် ဝယ်ဈေး ၃၇၃၀၀၀၀ ကျပ် -၁၅ ပဲရည် တကျပ်သား ရောင်းဈေး ၃၅၇၀၀၀၀ ကျပ် ဝယ်ဈေး ၃၅၃၀၀၀၀ ကျပ် “လက်ရှိ ရွှေဈေးကွက်အတွင်း ဈေးနှုန်းအတက်အကျ မငြိမ်သေးတဲ့အတွက် ရောင်းမှား၊ ဝယ်မှား မဖြစ်ဖို့ သတိပြုစေလိုပါတယ်။” ရွှေဈေးနှုန်းများ အချိန်နှင့်အမျှ ပြောင်းလဲနိုင်သည်။

Read More

အပစ်ရပ်ပြီးနောက် ကျောက်မဲ ငြိမ်းချမ်းရေးကုန်းနားမှာ တိုက်ပွဲဖြစ်

  ဇန်နဝါရီ ၁၃၊ ၂၀၂၄ Shy V (VOM) ယာယီ အပစ်ခတ်ရပ်စဲရေး သဘောတူ လက်မှတ်ထိုးထားပြီးနောက် ရှမ်းပြည်နယ် မြောက်ပိုင်း၊ ကျောက်မဲမှာ ဇန်နဝါရီ ၁၃ ရက် မနက်ပိုင်းက နစကတပ် နဲ့ တအာင်းတပ်မတော် PSLF/TNLA တို့ အကြား တိုက်ပွဲ ပြန်လည် ဖြစ်ပွားခဲ့ကြောင်း ဒေသခံ တွေဆီက သိရပါတယ်။ “အပစ်ခတ် ရပ်စဲဖို့ သဘောတူထားတာ ၂ ရက် မြှောက်နေ့ ပဲရှိသေးတယ် ဒီနေ့ ဇန်နဝါရီ ၁၃ ရက်နေ့ မနက်မှာ စစ်တပ် နဲ့ TNLA တို့ အပြင်းအထန် တိုက်ပွဲ ပြန်ဖြစ်နေတယ်။” လို့ ဒေသခံ အမျိုးသား တယောက်က ပြောပါတယ်။ ကျောက်မဲကနေ မိုးကုတ်ဘက် အထွက်လမ်းဘက်ရှိ တအာင်းတပ်မတော် PSLF/TNLA တို့…

Read More

မုဒုံမြို့မှာ ကျောင်းကားမှောက်လို့ ကျောင်းသူ၊ကျောင်းသားတွေအပါအဝင် ၁၃ ယောက် ဒဏ်ရာရ

  ဇန်နဝါရီ ၁၃ – ၂၀၂၄ SN (VOM) မွန်ပြည်နယ်၊ မုဒုံမြို့မှာ မနေ့ ဇန်နဝါရီ ၁၂ ရက်၊ ညနေ ၃ နာရီဝန်းကျင်က ကျောင်းကြို/ပို့ကားတစီး တိမ်းမှောက်ပြီး ကျောင်းသူ၊ကျောင်းသားတွေ အပါအဝင် ၁၃ ယောက် ထိခိုက်ဒဏ်ရာ ရရှိခဲ့တယ်လို့ မုဒုံအရေးပေါ် လူမှုကယ်ဆယ်ရေးအဖွဲ့ (MERT) မှ သိရပါတယ်။ အဲ့ဒီ့ ဖြစ်စဉ်ဟာ မုဒုံမြို့၊ မော်သံလမ်း၊ ကော့ခပုံကျေးရွာ၊ အဇင်းစိုက်ပျိုးရေးခြံရှေ့မှာ ဖြစ်ပွားခဲ့တာဖြစ်ပြီး အရှိန်မထိန်းနိုင်ဘဲ တဖက်ယာဉ်‌ကြောပေါ်ကို ရောက်ရှိကာ ယာဉ်တိမ်းမှောက်မှု ဖြစ်ပွားခဲ့တာလို့ သိရပါတယ်။ “လူနာကတော့ ၁၃ ယောက်ပေါ့။ ယာဉ်မောင်းလည်းပါတယ်။ ဒဏ်ရာရတဲ့သူတွေကို အရင်ဆုံး မုဒုံဆေးရုံကို ပို့တယ်။ ဒဏ်ရာများတဲ့ သူတွေကိုတော့ မုဒုံဆေးရုံကနေမှတဆင့် မော်လမြိုင်ဆေးရုံကို ပို့တာပါ။ ‌ဒဏ်ရာများတာက ယာဉ်မောင်းနဲ့ ကျောင်းသား၊ ကျောင်းသူ နှစ်ယောက်လောက်ပါ။…

Read More

ယူကရိန်းအတွက် ပေါင် ၂ ဒသမ ၅ ဘီလီယံတန်ဖိုးရှိ စစ်ရေးအကူအညီတွေ ဗြိတိန်ပေးမယ်

ကိယက်ဗ်၊ ဇန်နဝါရီ-၁၃-၂၀၂၄ မျိုးဆက်(VOM) ဗြိတိန်ဟာ ယူကရိန်းအတွက် စစ်ရေးအကူအညီ ပေါင် ၂ ဒသမ ၅ ဘီလီယံထောက်ပံ့မယ်လို့ ဗြိတိန်ဝန်ကြီးချုပ် ဆူနက်ခ်က ကိယက်ဗ်မှာ ယူကရိန်းသမ္မတဇီလန်စကီးနဲ့ တွေ့ဆုံရာမှာ ကတိပြုလိုက်ပါတယ်။ ဒါဟာ ၂၀၂၂ ခုနှစ် ဖေဖော်ဝါရီလမှာ ရုရှားက ယူကရိန်းကို အပြည့်အ၀ ကျူးကျော်တိုက်ခိုက်ပြီးနောက်ပိုင်း ဗြိတိန်ရဲ့ အကြီးမားဆုံးကတိပြုမှုလည်းဖြစ်ပါတယ်။ ယူကရိန်းဟာ တနိုင်ငံတည်းအထီးကျန်မဟုတ်ကြောင်း၊ ယူကရိန်းမှာ ရုရှားအနိုင်ရခဲ့မယ်ဆိုရင် ရုရှားသမ္မတ ဗလာဒီမာပူတင်က ဒီမှာတင်ရပ်နေမှာမဟုတ်ဘူးလို့ ဗြိတိန်ဝန်ကြီးချုပ် ဆူနက်ခ်ကပြောပါတယ်။ ဗြိတိန်ရဲ့ ထောက်ပံ့မှုမှာ တာဝေးပစ်ဒုံးကျည်တွေ ၊လေကြောင်းရန်ကာကွယ်ရေးစနစ်တွေနဲ့ အမြောက်ကျည်ထောက်ပံ့မှုတွေပါဝင်ပြီး ဒရုန်းတွေအတွက် ပေါင်သန်း ၂၀၀ ထိအသုံးပြုမယ်လို့ တာဝန်ရှိသူတွေက ပြောပါတယ်။ ဧပြီလမှာစတင်မယ့် ဘဏ္ဍာရေးနှစ်သစ်မှာ ယူကရိန်းအတွက် စစ်ဘက်ဆိုင်ရာ အကူအညီအကူအညီထဲမှာ ဗြိတိန်ထုတ် ဒရုန်းတွေလည်းပါဝင်ပြီး ဒါဟာ ဘယ်နိုင်ငံကိုမှမပေးဘူးသေးတဲ့ ဒရုန်းအများဆုံး ထောက်ပံ့မှုလည်းဖြစ်ပါတယ်။ ဗြိတိန်ဝန်ကြီးချုပ် ဆူနက်ခ်ဟာ…

Read More

အမေရိကန်နိုင်ငံတဝန်းမှာ ပြင်းထန်တဲ့ ဆောင်းရာသီမုန်တိုင်းကြီး ဝင်ရောက်နေ

  ဝါရှင်တန်၊ ဇန်နဝါရီ-၁၃-၂၀၂၄ မျိုးဆက်(VOM) ပြင်းထန်တဲ့ ဆောင်းရာသီမုန်တိုင်းကြီးဟာ အမေရိကန်တဝန်းကို စတင်ဝင်ရောက်နေပြီး ယခုသီတင်းပတ်ကုန်မှာ အန္တရာယ်ရှိတဲ့ အအေးဒဏ်နဲ့ပြင်းထန်တဲ့ ရာသီဥတုအခြေအနေတွေ ဖြစ်ပေါ်လာနိင်ကြောင်း တာဝန်ရှိသူတွေက သတိပေးထားပါတယ်။ ဆိုးရွားတဲ့ နှင်းမုန်တိုင်းတွေ တိုက်ခတ်ခြင်း၊ မိုးသီးကြွေခြင်းနဲ့ လေဆင်နှာမောင်းဖြစ်နိုင်ခြေတွေနဲ့ ပတ်သက်ပြီး အမျိုးသားမိုးလေဝသဌာနက ပြည်နယ်တိုင်းမှာ သတိပေးချက်ထုတ်ပြန်ထားပါတယ်။ ဇန်နဝါရီ ၁၅ ရက်မှာ ပြည်နယ်မဲဆွယ်ပွဲတွေပြုလုပ်ဖို့ စီစဉ်ထားတဲ့ အိုင်အိုဝါပြည်နယ်မှာ အပူချိန် အနှုတ် ၄၂ ဒီဂရီစင်တီဂရိတ်ထိ ကျဆင်းမယ်လို့ ခန့်မှန်းထားပြီး သီတင်းပတ်အနည်းငယ်အတွင်း တတိယမြောက် မုန်တိုင်းလည်းဖြစ်ပါတယ်။ မုန်တိုင်းကြောင့် လေယာဉ်ခရီးစဉ်ထောင်ပေါင်းများစွာ နှောင့်နှေးခြင်း သို့မဟုတ် ဖျက်သိမ်းခဲ့ရပြီး ဇန်နဝါရီ ၁၂ ရက်မှာ လျှပ်စစ်ဓါတ်အား ပြတ်တောက်မှုတွေနဲ့ စတင်ကြုံတွေ့ခဲ့ရပါတယ်။ နယူးယောက်ပြည်နယ် အုပ်ချုပ်ရေးမှူး ကေသီဟိုချူက ပြည်နယ်အနောက်ပိုင်းမှာ မုန်တိုင်းမဝင်ရောက်မီ အရေးပေါ်အခြေအနေကြေညာခဲ့ပြီး မုန်တိုင်းဟာ တက္ကဆက်မှ နယူးယောက်ထိ တနာရီ…

Read More

ယနေ့ နိုင်ငံခြားငွေလဲလှယ်နှုန်း (ဇန်နဝါရီ- ၁၃ ရက်)

  Voice of Myanmar -အမေရိကန်ဒေါ်လာ ရောင်းဈေး – ၃၄၅၀ ကျပ် ဝယ်ဈေး – ၃၄၀၀ ကျပ် -စင်္ကာပူဒေါ်လာ ရောင်းဈေး – ၂၆၀၀ ကျပ် ဝယ်ဈေး – ၂၅၅၀ ကျပ် -ယူရို ရောင်းဈေး – ၃၈၂၆ ကျပ် ဝယ်ဈေး – ၃၇၅၂ ကျပ် -ထိုင်းဘတ် ရောင်းဈေး – ၉၉.၅၀ ကျပ် ဝယ်ဈေး – ၉၇.၅၆ ကျပ် -မလေးရှားရင်းဂစ် ရောင်းဈေး – ၇၄၇ ကျပ် ဝယ်ဈေး – ၇၃၂ ကျပ် -တရုတ်ယွမ် ရောင်းဈေး – ၄၈၁ ကျပ် ဝယ်ဈေး – ၄၇၁ ကျပ် -ဂျပန်ယန်း ရောင်းဈေး…

Read More

ယနေ့ ရွှေဈေး (ဇန်နဝါရီ- ၁၃ ရက်၊ နံနက် ၁၀ နာရီ)

Voice of Myanmar -ကမ္ဘာ့ရွှေဈေး တအောင်စ ၂၀၄၈ ဒေါ်လာ -အခေါက်ရွှေ တကျပ်သား (ပြင်ပဈေးကွက်) ရောင်းဈေး ၃၇၆၀၀၀၀ ကျပ် ဝယ်ဈေး ၃၇၂၀၀၀၀ ကျပ် -၁၅ ပဲရည် တကျပ်သား ရောင်းဈေး ၃၅၆၀၀၀၀ ကျပ် ဝယ်ဈေး ၃၅၂၀၀၀၀ ကျပ် “လက်ရှိ ရွှေဈေးကွက်အတွင်း ဈေးနှုန်းအတက်အကျ မငြိမ်သေးတဲ့အတွက် ရောင်းမှား၊ ဝယ်မှား မဖြစ်ဖို့ သတိပြုစေလိုပါတယ်။” ရွှေဈေးနှုန်းများ အချိန်နှင့်အမျှ ပြောင်းလဲနိုင်သည်။

Read More
VOM News

FREE
VIEW