ယနေ့ ရွှေဈေး (ဇန်နဝါရီ – ၈ ရက်၊ ညနေ ၄ နာရီ)

Voice of Myanmar -ကမ္ဘာ့ရွှေဈေး တအောင်စ ၂၀၂၇ ဒေါ်လာ -အခေါက်ရွှေ တကျပ်သား (ပြင်ပဈေးကွက်) ရောင်းဈေး ၃၇၃၀၀၀၀ ကျပ် ဝယ်ဈေး ၃၆၉၀၀၀၀ ကျပ် -၁၅ ပဲရည် တကျပ်သား ရောင်းဈေး ၃၅၃၀၀၀၀ ကျပ် ဝယ်ဈေး ၃၄၉၀၀၀၀ ကျပ် “လက်ရှိ ရွှေဈေးကွက်အတွင်း ဈေးနှုန်းအတက်အကျ မငြိမ်သေးတဲ့အတွက် ရောင်းမှား၊ ဝယ်မှား မဖြစ်ဖို့ သတိပြုစေလိုပါတယ်။” ရွှေဈေးနှုန်းများ အချိန်နှင့်အမျှ ပြောင်းလဲနိုင်သည်။

Read More

စစ်ကိုင်းမြို့နယ်မှာ လူငယ်လေးယောက် ပစ်သတ် ဖမ်းဆီးခံရ

  ဇန်နဝါရီ ၊ ၈ ၊ ၂၀၂၄ SP (VOM) စစ်ကိုင်းတိုင်း ၊ စစ်ကိုင်းမြို့နယ် ၊ ထန်းတောကျေးရွာနားမှာ ဒီကနေ့ ဇန်နဝါရီ ၈ရက် မနက်ပိုင်းက လူငယ်လေးယောက်ကို နစက တပ်ဖွဲ့ကပစ်သတ်ဖမ်းဆီးလိုက်တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။ ” လူငယ်လေးယောက် ေမာင်းလာတဲ့ မတ်တူးကားကို နစက လုံခြုံရေးအဖွဲ့က ရပ်ဖို့တားတာမှာ ကားက ရပ်မပေးပဲ မောင်းနှင်ထွက်ပြေးတယ်လို့သိရတယ်။ အဲ့ဒါကို ပစ်ပြီးဖမ်းတယ် ၊ ကားပေါ်မှာ ပါလာတဲ့သူတွေ သေဆုံးတယ် ၊ နောက်ပြီး ကားပေါ်က သေနတ်တွေ ပါလာတာကိုတွေ့ရတယ်တဲ့ ” လို့ ပရဟိတသမားတယောက်က ပြောပါတယ်။ အဲ့ဒီ ဖြစ်စဥ်နဲ့ ပတ်သက်ပြီး စစ်ကိုင်းခရိုင် လုံခြုံရေးအဖွဲ့နဲ့ နီးစပ်သူတယောက်က ” သတင်းအရ အာလောင်ကျေးရွာဘက်ကို နယ်မြေရှင်းလင်းရေးသွားလုပ်တယ် ၊ လမ်းမှာ ယာဥ်မှတ်ပုံတင်…

Read More

ဖြစ်ချင်လိုက်တာ ပန်းချီဆရာ

    ဆူးငှက်     ကုန်လွန်ခဲ့သော နှစ် ၃၀ ဝန်းကျင်က ကျွန်တော့်ကို ပန်းချီဆရာဟု ထင်မှတ်ကြသည်။ ပန်းချီပြပွဲတွေ တကူးတကန့် ဖိတ်သည်။ပြပွဲမှာ ခင်ဗျားကားတွေ တွေ့တယ်နော်..ဟုပင် လူမှုဝတ်စကား ပြောကြသေးသည်။ ပွဲတစ်ပွဲမှာ ဆိုလျှင် ပန်တျာကျောင်းဆင်းဆရာတစ်ဦးက “ ကိုဆူးလည်း ပန်တျာက ပန်းချီကျောင်းထွက် တစ်ယောက်ပါပဲ ”ဟု အမှတ်မှား ပြောသွားခဲ့သေးသည်။   တကယ်တော့ ကျွန်တော်က လူရွှင်တော်တွေ ပြောသလို ပန်တျာကျောင်းကို အရှေ့ပေါက်က ဝင်ပြီး အနောက်ပေါက်က ထွက်ဖူးရုံပဲ ဖြစ်သည်။ ကျွန်တော် ပန်းချီဆရာမဟုတ်၊ တောက်တးီတောက်တဲ့ ဝါသနာရှင်မျှသာ ဖြစ်သည်။ ငယ်ငယ်ကတည်းကဝါသနာပါသူတို့ ထုံးစံအတိုင်း ပြက္ခဒိန်နောက်ကျောမှာ အကွက်ချပြီး အိမ်က လူကြီးတွေ ဓာတ်ပုံ ကူးဆွဲတာမျိုး…။ ရုပ်ရှင်မင်းသား မင်းသမီးပုံ ကူးဆွဲတာမျိုး ဖြစ်သည်။ ဓာတ်ပုံတွေ ဆွဲစရာမရှိတော့…

Read More

မြန်မာဒုက္ခသည်တွေကို ဆက်လက်ကူညီမယ်လို့ အိန္ဒိယပြော

  ဒေလီ၊ ဇန်နဝါရီ-၈-၂၀၂၄ မျိုးဆက်(VOM) မြန်မာနိုင်ငံကနေ ထွက်ပြေးလာတဲ့ ဒုက္ခသည်တွေနဲ့ မဏိပူရမှာ လူမျိုးရေးအကြမ်းဖက်မှုတွေကြောင့် အိုးမဲ့အိမ်မဲ့ဖြစ်ခဲ့ရတဲ့ ဒုက္ခသည်တွေကို ဆက်လက်ကူညီပေးသွားမှာဖြစ်ကြောင်း မီဇိုရမ်ပြည်နယ်ဝန်ကြီးချုပ် Lalduhoma ကပြောပါတယ်။ ပြည်နယ်ဝန်ကြီးချုပ်ဟာ ဒေလီကိုသွားရောက်ပြီး ဝန်ကြီးချုပ် မိုဒီ၊ ပြည်ထဲရေးဝန်ကြီးAmit Shah၊ နိုင်ငံခြားရေးဝန်ကြီး S Jaishankar တို့နဲ့ တွေ့ဆုံဆွေးနွေးပြီးနောက် ဒုက္ခသည်အရေးနဲ့ပတ်သက်ပြီး ထုတ်ဖော်ပြောဆိုလိုက်တာဖြစ်ပါတယ်။ ပြည်နယ်အတွင်းမှာ မြန်မာဒုက္ခသည် သုံးသောင်းတထောက်ကျော်နဲ့ မဏိပူရက ဒုက္ခသည် ၁၂၀၀၀ ကျော်ခိုလှုံနေတယ်လို့ မီဇိုရမ်ပြည်နယ်အစိုးရက ပြောပါတယ်။ ပြီးခဲ့တဲ့လက ပြည်နယ်ဝန်ကြီးချုပ်အဖြစ် တာဝန်ယူခဲ့တဲ့ မီဇိုရမ်ပြည်နယ်ဝန်ကြီးချုပ် Lalduhoma က အစိုးရအနေနဲ့ ဒုက္ခသည်တွေကို ကူညီဖို့ အသင့်ရှိနေတယ်လို့ ဆိုပါတယ်။ အိန္ဒိယနိုင်ငံဟာ ၁၉၅၁ ခုနှစ် ဒုက္ခသည်ကွန်ဗင်းရှင်းကို လက်မှတ်ရေးထိုးထားတဲ့နိုင်ငံမဟုတ်တာကြောင့် ခိုလှုံလာတဲ့ မြန်မာနိုင်ငံသားတွေကို ဒုက္ခသည်အဆင့်အတန်း ပေးနိုင်မှာမဟုတ်ဘူးလို့ သူကပြောပါတယ်။ အိန္ဒိယနဲ့ မြန်မာနိုင်ငံတို့ဟာ…

Read More

၂၀၂၃ ခုနှစ်အတွင်း မီးလောင်မှုကြောင့် ကျပ် ၃၅ ဘီလီယံကျော် စံချိန်တင် ဆုံးရှုံးခဲ့

  ဇန်နဝါရီ ၈ – ၂၀၂၄ SN (VOM) ပြီးခဲ့တဲ့ ၂၀၂၃ ခုနှစ်အတွင်း မီးလောင်မှုကြောင့် ကျပ် ၃၅ ဘီလီယံကျော် စံချိန်တင် ဆုံးရှုံးခဲ့ပြီး လျှပ်စစ်မီးနဲ့ ပေါ့ဆမီးတို့ကြောင့် မီးလောင်မှု အများဆုံး ဖြစ်ပေါ်ခဲ့တယ်လို့ မြန်မာနိုင်ငံမီးသတ်ဦးစီးဌာနမှ သိရပါတယ်။ ၂၀၂၃ ခုနှစ်မှာ တနိုင်ငံလုံး မီးလောင်ကျွမ်းမှု အကြိမ်ရေ ၁၃၆၂ ကြိမ် ရှိခဲ့ပြီး လျှပ်စစ်မီးကြောင့် ၄၅၆ ကြိမ်၊ ပေါ့ဆမီးကြောင့် ၃၉၃ ကြိမ်၊ မီးဖိုမီးကြောင့် ၁၈၇ ကြိမ်၊ မသမာသူရှို့မီးက ၉၄ ကြိမ်၊ တောမီး ၉၅ ကြိမ်၊ တိုက်ပွဲတွေကြောင့် မီးရှို့ခံရမှု ၁၀၅ ကြိမ် ရှိခဲ့ပြီး ဆုံးရှုံးမှုတန်ဖိုး ကျပ် ၃၅ ဒသမ ၅ ဘီလီယံ ဖြစ်ပေါ်ခဲ့တယ်လို့ သိရပါတယ်။ အဲ့ဒီ့…

Read More

ထိုင်ဝမ်ကို လက်နက်ရောင်းတဲ့ အမေရိကန်ကုမ္ပဏီငါးခုကို အရေးယူပိတ်ဆို့ကြောင်း တရုတ်ကြေညာ

  ပေကျင်း၊ ဇန်နဝါရီ-၈-၂၀၂၃ မျိုးဆက်(VOM) ထိုင်ဝမ်ကို နောက်ဆုံးလက်နက်ရောင်းချခဲ့မှုကြောင့် အမေရိကန် ကာကွယ်ရေး ပစ္စည်းထုတ်လုပ်ရေးကုမ္ပဏီငါးခုကို အရေးယူပိတ်ဆို့မှုကြောင်း တရုတ်နိုင်ငံက ဇန်နဝါရီ ၈ ရက်မှာ ထုတ်ပြန်ကြေညာလိုက်ပါတယ်။ ထိုင်ဝမ်သမ္မတရွေးကောက်ပွဲနဲ့ ပါလီမန်ရွေးကောက်ပွဲတွေကို လာမယ့် ဇန်နဝါရီ ၁၃ ရက်မှာ ကျင်းပဖို့စီစဉ်နေချိန်မှာ လက်နက်ရောင်းချတဲ့ အမေရိကန်ကုမ္ပဏီတွေကို အရေးယူပိတ်ဆို့ကြောင်း တရုတ်နိုင်ငံက ကြေညာလိုက်တာဖြစ်ပါတယ်။ ထိုင်ဝမ်ရဲ့ နည်းဗျူဟာမြောက် သတင်းအချက်အလက်စနစ်တွေနဲ့ ပတ်သက်တဲ့ စက်ပစ္စည်းကိရိယာတွေ ဒေါ်လာသန်း ၃၀၀ ဖိုးရောင်းချဖို့ အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာနက ပြီးခဲ့တဲ့လမှာ အတည်ပြုခဲ့ပါတယ်။ အရေးယူပိတ်ဆိုခံရတဲ့ အမေရိကန်ကာကွယ်ရေးပစ္စည်းထုတ်လုပ်ရေး ကုမ္ပဏီငါးခုမှာ BAE Systems Land and Armament ၊ Alliant Techsystems Operation ၊ AeroVironment ၊ ViaSat နဲ့ Data Link Solutions ကုမ္ပဏီတို့ဖြစ်ပါတယ်။…

Read More

ယနေ့ နိုင်ငံခြားငွေလဲလှယ်နှုန်း (ဇန်နဝါရီ- ၈ ရက်)

  Voice of Myanmar -အမေရိကန်ဒေါ်လာ ရောင်းဈေး – ၃၄၅၀ ကျပ် ဝယ်ဈေး – ၃၄၀၀ ကျပ် -စင်္ကာပူဒေါ်လာ ရောင်းဈေး – ၂၅၉၅ ကျပ် ဝယ်ဈေး – ၂၅၄၅ ကျပ် -ယူရို ရောင်းဈေး – ၃၈၂၆ ကျပ် ဝယ်ဈေး – ၃၇၅၂ ကျပ် -ထိုင်းဘတ် ရောင်းဈေး – ၉၉.၅၀ ကျပ် ဝယ်ဈေး – ၉၇.၅၆ ကျပ် -မလေးရှားရင်းဂစ် ရောင်းဈေး – ၇၄၅ ကျပ် ဝယ်ဈေး – ၇၃၀ ကျပ် -တရုတ်ယွမ် ရောင်းဈေး – ၄၈၀ ကျပ် ဝယ်ဈေး – ၄၇၀ ကျပ် -ဂျပန်ယန်း ရောင်းဈေး…

Read More

ယနေ့ ရွှေဈေး (ဇန်နဝါရီ- ၈ ရက်၊ နံနက် ၁၀ နာရီ)

Voice of Myanmar -ကမ္ဘာ့ရွှေဈေး တအောင်စ ၂၀၄၃ ဒေါ်လာ -အခေါက်ရွှေ တကျပ်သား (ပြင်ပဈေးကွက်) ရောင်းဈေး ၃၇၂၀၀၀၀ ကျပ် ဝယ်ဈေး ၃၆၈၀၀၀၀ ကျပ် -၁၅ ပဲရည် တကျပ်သား ရောင်းဈေး ၃၅၂၀၀၀၀ ကျပ် ဝယ်ဈေး ၃၄၈၀၀၀၀ ကျပ် “လက်ရှိ ရွှေဈေးကွက်အတွင်း ဈေးနှုန်းအတက်အကျ မငြိမ်သေးတဲ့အတွက် ရောင်းမှား၊ ဝယ်မှား မဖြစ်ဖို့ သတိပြုစေလိုပါတယ်။” ရွှေဈေးနှုန်းများ အချိန်နှင့်အမျှ ပြောင်းလဲနိုင်သည်။

Read More

ဝန်းသိုမြို့နယ်မှာ ၁၉ လောင်းပြိုင် လူသတ်မှုဖြစ်ပွား

  ဇန်နဝါရီ ၊ ၈ ၊ ၂၀၂၄ SP(VOM) စစ်ကိုင်းတိုင်း ၊ ကောလင်းခရိုင် ၊ ဝန်းသိုမြို့နယ် ၊ ဝင်းကြီးကျေးရွာ (ဒေသအခေါ် ၅ မိုင်)နားက ကောလင်း – ဝန်းသို လမ်းမှာ မနေ့ ဇန်နဝါရီ ၇ ရက် ၊ နေ့လယ်ပိုင်းက ၁၉ လောင်းပြိုင် လူသတ်မှု တစ်ရပ်ဖြစ်ပွားခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။ ” အသတ်ခံရတဲ့ လူတွေက အမျိုးသား ၁၇ လောင်းနဲ့ အမျိုးသမီး ၂ လောင်းဖြစ်တယ် ၊ သေဆုံးသူတွေဟာ ဘယ်သူ ဘယ်ဝါ ဖြစ်တယ်ဆိုတာ စုံစမ်းနေဆဲဖြစ်တယ် ၊ ရွာခံတွေမဟုတ်ဘူး ၊ ခရီးသွားတွေဖြစ်တယ်လို့ ကနဦး သိရတယ် ” လို့ ဒေသခံပရဟိတသမားတယောက်က ပြောပါတယ်။ ဝန်းသိုမြို့ခံတယောက်က ”…

Read More
VOM News

FREE
VIEW