ထိုင်ဝမ်ကို လက်နက်ရောင်းတဲ့ အမေရိကန်ကုမ္ပဏီငါးခုကို အရေးယူပိတ်ဆို့ကြောင်း တရုတ်ကြေညာ

 

ပေကျင်း၊ ဇန်နဝါရီ-၈-၂၀၂၃

မျိုးဆက်(VOM)

ထိုင်ဝမ်ကို နောက်ဆုံးလက်နက်ရောင်းချခဲ့မှုကြောင့် အမေရိကန် ကာကွယ်ရေး ပစ္စည်းထုတ်လုပ်ရေးကုမ္ပဏီငါးခုကို အရေးယူပိတ်ဆို့မှုကြောင်း တရုတ်နိုင်ငံက ဇန်နဝါရီ ၈ ရက်မှာ ထုတ်ပြန်ကြေညာလိုက်ပါတယ်။

ထိုင်ဝမ်သမ္မတရွေးကောက်ပွဲနဲ့ ပါလီမန်ရွေးကောက်ပွဲတွေကို လာမယ့် ဇန်နဝါရီ ၁၃ ရက်မှာ ကျင်းပဖို့စီစဉ်နေချိန်မှာ လက်နက်ရောင်းချတဲ့ အမေရိကန်ကုမ္ပဏီတွေကို အရေးယူပိတ်ဆို့ကြောင်း တရုတ်နိုင်ငံက ကြေညာလိုက်တာဖြစ်ပါတယ်။

ထိုင်ဝမ်ရဲ့ နည်းဗျူဟာမြောက် သတင်းအချက်အလက်စနစ်တွေနဲ့ ပတ်သက်တဲ့ စက်ပစ္စည်းကိရိယာတွေ ဒေါ်လာသန်း ၃၀၀ ဖိုးရောင်းချဖို့ အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာနက ပြီးခဲ့တဲ့လမှာ အတည်ပြုခဲ့ပါတယ်။

အရေးယူပိတ်ဆိုခံရတဲ့ အမေရိကန်ကာကွယ်ရေးပစ္စည်းထုတ်လုပ်ရေး ကုမ္ပဏီငါးခုမှာ BAE Systems Land and Armament ၊ Alliant Techsystems Operation ၊ AeroVironment ၊ ViaSat နဲ့ Data Link Solutions ကုမ္ပဏီတို့ဖြစ်ပါတယ်။

အမေရိကန်ရဲ့ လက်နက်ရောင်းချမှုတွေဟာ တရုတ်နိုင်ငံရဲ့ အချုပ်အခြာအာဏာနဲ့ လုံခြုံရေးအကျိုးစီးပွားကို ဆိုးရွားစွာထိခိုက်စေပြီး ထိုင်ဝမ်ရေလက်ကြား ငြိမ်းချမ်းရေးနဲ့ တည်ငြိမ်ရေကို ထိခိုက်စေကာ အမေရိကန်ရဲ့ မှားယွင်းတဲ့ လုပ်ရပ်တွေအပေါ် တုံ့ပြန်တဲ့ အနေနဲ့အရေးယူပိတ်ဆို့ခြင်းဖြစ်ကြောင်း တရုတ်နိုင်ငံက ပြောပါတယ်။

ထိုင်ဝမ်ကို အမေရိကန်က လက်နက်များရောင်းချမှုဟာ အမေရိကန်နဲ့ တရုတ်နိုင်ငံတို့အကြား မကြာခဏ တင်းမာမှုတွေ ဖြစ်ပွားစေတဲ့အကြောင်းရင်းတခုဖြစ်ပါတယ်။ တရုတ်နိုင်ငံဟာ ထိုင်ဝမ်ပို ပိုင်ဆိုင်တယ်လို့ အခိုင်အမာဆိုထားပြီး ပြန်လည်ပေါင်းစည်းရေးအတွက် လိုအပ်ပါက စစ်အင်အားအသုံးပြုမယ်လို့ ပြောဆိုထားပါတယ်။

Ref:BBC

Photo:Getty Images

 

Related posts

✕
VOM News

FREE
VIEW