ပါကစ္စတန်မှာ ရဲစခန်းကို စစ်သွေးကြွတွေ တိုက်ခိုက်မှုကြောင့် ရဲ ၁၀ ယောက်သေဆုံး

အစ္စလာမ္မာဘတ်၊ ဖေဖော်ဝါရီ-၆-၂၀၂၄
မျိုးဆက်(VOM)

ပါကစ္စတန်ရဲစခန်းတခုကို စစ်သွေးကြွတွေရဲ့ တိုက်ခိုက်မှုအတွင်း ရဲတပ်ဖွဲ့ဝင် ၁၀ ယောက်ထက်မနည်း သေဆုံးသွားကြောင်း တာဝန်ရှိသူတွေက ပြောပါတယ်။

စစ်သွေးကြွ ၃၀ ကျော်ဟာ ဖေဖော်ဝါရီ ၅ ရက် နံနက်အစောပိုင်းက ရဲစခန်းကို ဝင်ရောက်တိုက်ခိုက်ခဲ့တာဖြစ်ပြီး နှစ်နာရီခွဲ ကျော်ကြာ တိုက်ခိုက်မှုအတွင်း အခြားလေးဦးလည်း ဒဏ်ရာရရှိခဲ့ကြောင်း ခိုင်ဘာပက်ခ်တွန်ဝါ ပြည်နယ်ရဲမှူးက အတည်ပြုပြောဆိုပါတယ်။

စစ်သွေးကြွတွေဟာ ရဲစခန်းကို စနိုက်ပါနဲ့ အရင်ပစ်ခဲ့ပြီးနောက် လက်ပစ်ဗုံးတွေနဲ့ တိုက်ခိုက်ခဲ့ပြီး မတူညီတဲ့ လမ်းကြောင်းသုံးခုကနေ တိုက်ခိုက်အပြီးမှာတော့ ရဲစခန်းကို ခေတ္တထိန်းချုပ်ထားခဲ့ကြောင်း ပြည်နယ်ရဲမှူးက ပြောပါတယ်။

တိုက်ခိုက်မှုနောက်ကွယ်မှာ ဘယ်အဖွဲ့ကကြိုးကိုင်လုပ်ဆောင်တာ သို့မဟုတ် လာမယ့် ဖေဖော်ဝါရီ ၈ ရက်မှာ ကျင်းပမယ့် ရွေးကောက်ပွဲနဲ့ ဆက်နွယ်မှုရှိမရှိ ရှင်းလင်းစွာ မသိရသေးပါဘူး။

လွှတ်တော်ကိုယ်စားလှယ်လောင်းတယောက်ဟာလည်း အဲဒီပြည်နယ်အတွင်းမှာ ပြီးခဲ့တဲ့ သီတင်းပတ်အတွင်းက ပစ်သတ်ခံရမှုအပါအဝင် မကြာသေးမီသီတင်းပတ်တွေအတွင်း အကြမ်းဖက်မှုတွေ မြင့်တက်လာနေပါတယ်။

Ref:BBC
Photo:AFP

Related posts

Leave a Comment

VOM News

FREE
VIEW