ဂါဇာ အပစ်အခတ်ရပ်စဲရေးမူဘောင် ဟားမတ်စ်တို့ တုံ့ပြန်လာ

ဂါဇာစီးတီး၊ ဖေဖော်ဝါရီ-၇-၂၀၂၄
မျိုးဆက်(VOM)

ဂါဇာကမ်းမြှောင်ဒေသ အပစ်အခတ်ရပ်စဲရေးဆိုင်ရာ မူဘောင်အဆိုပြုချက်ကို ဟားမတ်စ်တို့က တုံ့ပြန်ခဲ့တယ်လို့ တာဝန်ရှိသူတွေက ပြောပါတယ်။

အစ္စရေး၊ အမေရိန်၊ ကာတာနဲ့ အီဂျစ်တို့ရေးဆွဲထားတဲ့ အဲဒီသဘောတူညီချက် အသေးစိတ်ကို တာဝန်ရှိသူတွေက ထုတ်ပြန်တာမျိုးမရှိသေးပါဘူး။

ဒါပေမယ့် အဆိုပြုချက်မှာ အစ္စရေးဓါးစာခံတွေနဲ့ ပါရလက်စတိုင်းအကျဉ်းသားတွေ လဲလှယ်ရေးအပါအဝင် သီတင်းခြောက်ပတ်ကြာ အပစ်အခတ်ရပ်စဲရေး ပါဝင်တယ်လို့ သိရပါတယ်။

ဟားမတ်စ်တို့ရဲ့ တုံ့ပြန်မှုကို ပြန်လည်သုံးသပ်နေတယ်လို့ အစ္စရေးနဲ့ အမေရိကန်က ပြောပါတယ်။ တုံ့ပြန်မှုတွေနဲ့ပတ်သက်ပြီး အစ္စရေးတာဝန်ရှိသူတွေနဲ့ ဒီနေ့ဆွေးနွေးမယ်လို့ အရှေ့အလယ်ပိုင်းကို ရောက်နေတဲ့ အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ဘလင်ကင်က ပြောပါတယ်။

ဟားမတ်စ်အဖွဲ့ဟာ မူဘောင်နဲ့ပတ်သက်ပြီး အပြုသဘောဆောင်ပေမယ့် ဂါဇာကမ်းမြှောင်ဒေသ ပြန်လည်တည်ဆောက်ရေး၊ နေထိုင်သူများ နေရပ်ပြန်လာရေး၊ ဒုက္ခသည်တွေအတွက် ပြဌာန်းချက်အချို့ကို တောင်းဆိုခဲ့ကြောင်း သိရပါတယ်။

Ref:BBC
Photo:Getty Images

Related posts

Leave a Comment

VOM News

FREE
VIEW