မြန်မာ့နိုင်ငံရေး ပဋိပက္ခနဲ့ အဖြေမထွက်နိုင်သေးတဲ့ စစ်ရှောင်ဘဝများ

  ဖေဖော်ဝါရီ-၁၂-၂၀၂၄ SN (VOM) မြန်မာနိုင်ငံမှာ လက်ရှိ အချိန်ကာလအထိ ရပ်တန့်သွားခြင်းမရှိဘဲ အရှိန်ဟုန်ကောင်းကောင်းနဲ့ ဆက်လက်ဖြစ်ပွားနေတဲ့ အရေးအရာကိစ္စရပ်ကတော့ ပြည်တွင်း လက်နက်ကိုင် ပဋိပက္ခတွေပါပဲ။ ဒီလိုနိုင်ငံတဝန်းလိုလိုမှာ ဖြစ်ပွားနေတဲ့ လက်နက်ကိုင်ပဋိပက္ခနဲ့ ဒေသတွင်း တိုက်ပွဲတွေကြောင့် တစနဲ့တစဆိုသလို စစ်ရှောင် အရေအတွက်တွေဟာလည်း တိုးပွားလို့လာခဲ့ရပါတယ်။ နှစ်ဖက် တိုက်ပွဲတွေအကြား ကြားညပ်နိုင်တဲ့ အန္တရာယ်ကြောင့် စစ်ရှောင်တွေဟာ တိုက်ပွဲဖြစ်ပွားတဲ့နေရာတွေနဲ့ ကွာဝေးတဲ့အရပ်တွေဆီ တိမ်းရှောင်ပုန်းခို နေထိုင်ကြရတာပါ။ ပြီးခဲ့တဲ့ ၂၀၂၃ ခုနှစ်၊ အောက်တိုဘာနှောင်းပိုင်းမှ စတင်ပြီး လက်နက်ကိုင်ပဋိပက္ခတွေ ပြင်းထန်လာမှုကြောင့် နိုင်ငံတဝန်း လူဦးရေ ခြောက်သိန်းနှစ်သောင်း ရှစ်ထောင်ဝန်းကျင် နေရပ်စွန့်ခွာ ထွက်ပြေးခဲ့ရပြီး အဲ့ဒီ့ လူဦးရေဟာ အောက်တိုဘာလ ၂၇ ရက်နေ့မှာ စတင်ခဲ့တဲ့ ၁၀၂၇ စစ်ဆင်ရေးနောက်ပိုင်းမှာမှ နိုင်ငံတဝန်းထွက်ပြေးရတဲ့ အရေအတွက်ဖြစ်တယ်လို့ သိရပါတယ်။ ဒါ့ကြောင့် သုံးနှစ်တာအတွင်း စုစုပေါင်း စစ်ဘေးရှောင်ဦးရေ…

Read More

ကျောက်ဖြူ-ရန်ကုန် လေယာဉ်လက်မှတ်အတွက် ရပ်၊ ကျေး အုပ်ချုပ်ရေးမှူး ထောက်ခံစာ ယူရမယ်

  ဖေဖော်ဝါရီ ၁၂ – ၂၀၂၄ SN (VOM) ဖေဖော်ဝါရီ ၁၅ နေ့မှစတင်ပြီး ကျောက်ဖြူမှ ရန်ကုန်မြို့ကို လိုက်ပါမယ့် ခရီးသည်တွေအနေနဲ့ လေယာဉ်လက်မှတ်အတွက် ကျောက်ဖြူခရိုင် အထွေထွေအုပ်ချုပ်ရေးမှူး ထောက်ခံစာ ယူရမှာ ဖြစ်တယ်လို့ သိရပါတယ်။ ၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၁ ရက်၊ မနက် ၁၀ နာရီခွဲအချိန်က ကျောက်ဖြူခရိုင် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန အစည်းအဝေးခန်းမမှာ ပြုလုပ်ခဲ့တဲ့ အစည်းအဝေး ဆုံးဖြတ်ချက်အရ ထောက်ခံစာ ရယူပြီးမှသာ ခရီးသွားခွင့် ရရှိမှာဖြစ်တယ်လို့ သိရပါတယ်။ “ခရီးသွားမယ့်ရက် မတိုင်မီ လေကြောင်းလိုင်းနဲ့ စီးနင်းခွင့် လက်မှတ်ကို ကျောက်ဖြူခရိုင်၊ အထွေထွေအုပ်ချုပ်ရေးရုံးကို သွားရောက် တင်ပြတောင်းခံရမှာ ဖြစ်ပါတယ်။ အဲ့ဒီ့ရုံးက ခွင့်မပြုတဲ့ ခရီးသည်တွေကိုတော့ လေကြောင်းလိုင်းခရီးစဉ်နဲ့ လိုက်ပါခွင့် မပြုဘူးဆိုပြီး ညွှန်ကြားထားတာပါ” လို့ အဲ့ဒီ့ရုံးနဲ့…

Read More

ဟားမတ်စ်တို့ရဲ့ အမာခံစခန်းရှိတဲ့ ရာဖာမြို့ကို မြေပြင်ထိုးစစ်ဆင်ဖို့ အစ္စရေး ပြင်ဆင်နေ

  တဲလ်အဗစ်၊ ဖေဖော်ဝါရီ-၁၂-၂၀၂၄ မျိုးဆက်(VOM) ဂါဇာကမ်းမြှောင် တောင်ပိုင်းရှိ ဟားမတ်စ်တို့ရဲ့ အမာခံစခန်းတခုရှိတဲ့ ရာဖာမြို့ကို မြေပြင်ထိုးစစ်ဆင်ဖို့ ပြင်ဆင်နေကြောင်း အစ္စရေးဝန်ကြီးချုပ် ဘန်ဂျမင်နေတန်ယာဟုဟာ ထုတ်ဖော်ပြောဆိုလိုက်ပါတယ်။ ရာဖာမြို့ဟာ ဟားမတ်စ်တွေရဲ့ နောက်ဆုံးခံတပ်ဖြစ်ပြီး ဒီမြို့ကို ဝင်ရောက်တိုက်ခိုက်မှုနဲ့ပတ်သက်ပြီး စောဒကတက် အငြင်းပွားနေတာတွေဟာ အခြေခံအားဖြင့် စစ်ပွဲရှုံးနိမ့်မယ့်ကိစ္စဖြစ်တယ်လို့ အေဘီစီ သတင်းဌာနနဲ့ တွေ့ဆုံမေးမြန်းခန်းမှာ ပြောပါတယ်။ ဒါပေမယ့်လည်း ရာဖာမှာရှိတဲ အရပ်သားတွေ ဘေးကင်းရေးကို နေတန်ယာဟုက ကတိပြုထားပါတယ်။ မြေပြင်ထိုးစစ်မစမီ အရပ်သားတွေကို ဘေးလွတ်ရာ ကယ်ထုတ်ဖို့ ပြင်ဆင်ထားရန် အစ္စရေးစစ်တပ်ကို သူက ညွှန်ကြားထားပါတယ်။ အစ္စရေးရဲ့ တိုက်ခိုက်မှုကြောင့် ဂါဇာမြောက်ပိုင်းနဲ့ အလယ်ပိုင်းက ဒေသခံတွေ ထွက်ပြေးပြီးနောက် ရာဖာမြို့ဟာ လူဦးရေတသန်းကျော် ခိုလှုံနေထိုင်နေပြီး အစ္စရေးရဲ့ထိုးစစ်ကြောင့် အရပ်သားသေဆုံးမှု မြင့်တက်လာမှာကို နိုင်ငံတကာက စိုးရိမ်နေကြပါတယ်။ ရာဖာမြို့ ဆင်ခြေဖုံးမှာ ပြီးခဲ့တဲ့နေ့က အစ္စရေးရဲ့ လေကြောင်းတိုက်ခိုက်မှုကြောင့်…

Read More

ခင်ဦးမြို့မှာ မိုင်းရှင်းလင်းနေစဉ် ပေါက်ကွဲမှုဖြစ်လို့ နစက လုံခြုံရေးတပ်ဖွဲ့ဝင် နှစ်ယောက် သေဆုံး

  ဖေဖော်ဝါရီ ၊ ၁၂ ၊ ၂၀၂၄ SP (VOM) စစ်ကိုင်းတိုင်း ၊ ရွှေဘိုခရိုင် ၊ ခင်ဦးမြို့ ၊ မြို့လယ်လမ်းမကြီးပေါ်မှာ ဒေသတွင်း လက်နက်ကိုင်အဖွဲ့တွေ ထောင်ထားတဲ့ မိုင်းတွေကို မနေ့ ဖေဖော်ဝါရီ ၁၁ ရက် ညနေ ၅ နာရီဝန်းကျင်က နစက လုံခြုံရေးတပ်ဖွဲ့တွေက အဲ့ဒီမိုင်းတွေကို ရှင်းလင်းဖယ်ရှားနေတုန်း ပေါက်ကွဲမှုဖြစ်တာကြောင့် နစက လုံခြုံရေး တပ်ဖွဲ့ဝင် နှစ်ယောက် ထိမှန်သေဆုံးသွားတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။ အဲ့ဒီအကြောင်းနဲ့ ပတ်သက်လို့ ခင်ဦးမြို့ခံတယောက်က ” မနေ့က ညနေပိုင်းမှာ မြို့ထဲလမ်းတွေကို နစက လုံခြုံရေး တပ်ဖွဲ့ဝင်က လိုက်လံရှင်းတယ် ၊ အဲ့ဒီမှာ ပေါက်ကွဲလို့ မိုင်းရှင်းလင်းရေး စစ်သား နှစ်ယောက် ထိခိုက်သေဆုံးတယ် ၊ ဒီကနေ့ မနက်ပိုင်းမှာလည်း မြို့မရဲစခန်းမှာ…

Read More

ထောင်ချခံထားရတဲ့ အိန္ဒိယရေတပ် အရာရှိဟောင်းရှစ်ယောက်ကို ကာတာတရားရုံး ပြန်လွှတ်ပေး

  ဒိုဟာ၊ ဖေဖော်ဝါရီ-၁၂-၂၀၂၄ မျိုးဆက်(VOM) အိန္ဒိယရေတပ် အရာရှိဟောင်း ရှစ်ယောက်ကို ကာတာနိုင်ငံတရားရုံးက သေဒဏ်ချမှတ်ထားရာမှ ပြန်လွှတ်ပေးခဲ့ကြောင်း တာဝန်ရှိသူတွေက ပြောပါတယ်။ သူတို့ထဲက ခုနှစ်ယောက်ဟာ အိန္ဒိယကို ပြန်ရောက်နေပြီဖြစ်တယ်လို့ အိန္ဒိယနိုင်ငံခြားရေးဝန်ကြီးဌာနက ဖေဖော်ဝါရီ ၁၂ ရက် ဒီနေ့မှ ထုတ်ပြန်ထားပါတယ်။ သူတို့ရှစ်ယောက်ကို သေဒဏ်ချမှတ်ခဲ့ပြီးနောက် ပြီးခဲ့တဲ့လမှာ သေဒဏ်ကနေ နှစ်ရှည်ထောင်ဒဏ်လျှော့ပေါ့ပေးပြီးနောက် အခုလို လွှတ်ပေးလိုက်တာဖြစ်ပါတယ်။ သူတို့အပေါ် စွဲချက်တွေကိုတော့ အိန္ဒိယနဲ့ ကာတာတို့က ထုတ်ဖော်ပြောဆိုခြင်းမရှိပါဘူး။ သူတို့ရှစ်ယောက်ဟာ ၂၀၂၂ ခုနှစ်မှာ ဖမ်းဆီးခံရတာဖြစ်ပြီး ဒါပေမယ့် ဖိုင်နယ်ရှယ်တိုင်းမ်နဲ့ ရိုက်တာသတင်းဌာနတို့ရဲ့အဆိုအရ အစ္စရေးအတွက် သူလျှိုလုပ်ခဲ့တာကြောင့်လို့ ဖော်ပြထားပါတယ်။ အိန္ဒိယနိုင်ငံခြားရေးဝန်ကြီးဌာနဟာ သူတို့ရဲ့ ပြစ်ဒဏ်တွေနဲ့ပတ်သက်ပြီး အယူခံဝင်ခဲ့ပြီးနောက် အခုလို လွတ်မြောက်လာတာဖြစ်ပါတယ်။ အိန္ဒိယနဲ့ ကာတာနိုင်ငံတို့ဟာ ရင်းနှီးတဲ့ မဟာမိတ်တွေဖြစ်ပြီး အိန္ဒိယဟာ ၂၀၄၈ ခုနှစ်ထိ ကာတာဆီကနေ သဘာဝဓါတ်ငွေ့တင်သွင်းဖို့ ဒေါ်လာ…

Read More

ယနေ့ နိုင်ငံခြားငွေလဲလှယ်နှုန်း (ဖေဖော်ဝါရီ- ၁၂ ရက်)

  Voice of Myanmar -အမေရိကန်ဒေါ်လာ ရောင်းဈေး – ၃၅၇၀ ကျပ် ဝယ်ဈေး – ၃၅၂၀ ကျပ် -စင်္ကာပူဒေါ်လာ ရောင်းဈေး – ၂၆၅၅ ကျပ် ဝယ်ဈေး – ၂၆၀၀ ကျပ် -ယူရို ရောင်းဈေး – ၃၈၅၀ ကျပ် ဝယ်ဈေး – ၃၇၅၅ ကျပ် -ထိုင်းဘတ် ရောင်းဈေး – ၉၉.၃၃ ကျပ် ဝယ်ဈေး – ၉၇.၈၄ ကျပ် -မလေးရှားရင်းဂစ် ရောင်းဈေး – ၇၄၈ ကျပ် ဝယ်ဈေး – ၇၂၉ ကျပ် -တရုတ်ယွမ် ရောင်းဈေး – ၄၉၆ ကျပ် ဝယ်ဈေး – ၄၈၁ ကျပ် -ဂျပန်ယန်း ရောင်းဈေး…

Read More

ယနေ့ ရွှေဈေး (ဖေဖော်ဝါရီ – ၁၂ ရက်၊ နံနက် ၁၀ နာရီ)

Voice of Myanmar -ကမ္ဘာ့ရွှေဈေး တအောင်စ ၂၀၂၅ ဒေါ်လာ -အခေါက်ရွှေ တကျပ်သား (ပြင်ပဈေးကွက်) ရောင်းဈေး ၃၈၇၀၀၀၀ ကျပ် ဝယ်ဈေး ၃၈၃၀၀၀၀ ကျပ် -၁၅ ပဲရည် တကျပ်သား ရောင်းဈေး ၃၆၇၀၀၀၀ ကျပ် ဝယ်ဈေး ၃၆၃၀၀၀၀ ကျပ် “လက်ရှိ ရွှေဈေးကွက်အတွင်း ဈေးနှုန်းအတက်အကျ မငြိမ်သေးတဲ့အတွက် ရောင်းမှား၊ ဝယ်မှား မဖြစ်ဖို့ သတိပြုစေလိုပါတယ်။” ရွှေဈေးနှုန်းများ အချိန်နှင့်အမျှ ပြောင်းလဲနိုင်သည်။

Read More

အမေရိကန် ကာကွယ်ရေးဝန်ကြီး လွိုက်အော်စတင် ဆေးရုံတက်ရပြန်

ဝါရှင်တန်၊ ဖေဖော်ဝါရီ-၁၂ မျိုးဆက်(VOM) အမေရိကန် ကာကွယ်ရေးဝန်ကြီး လွိုက်အော်စတင်ဟာ ဆီးအိမ်ပြသနာနဲ့ပတ်သက်ပြီး ကုသမှုခံယူဖို့ ဆေးရုံပြန်တက်နေရတယ်လို့ ပင်တဂွန်စစ်ဌာနချုပ်က ထုတ်ပြန်ကြေညာပါတယ်။ လွိုက်အော်စတင်ဟာ ဖေဖော်ဝါရီ ၁၁ ရက် ဒေသစံတော်ချိန် ညနေ ၄ နာရီ ၅၅ မိနစ်မှာ ကာကွယ်ရေးဝန်ကြီးဌာနရဲ့ လုပ်ငန်းဆောင်တာတွေကို လက်ထောက်ကာကွယ်ရေးဝန်ကြီး ကက်သလင်းဟင့်ခ်ကို လွှဲပြောင်းပေးခဲ့တယ်လို့ ပင်တဂွန်က ထုတ်ပြန်ထားပါတယ်။ မစ္စတာ အော်စတင်ဟာ ပြီးခဲ့တဲ့ဒီဇင်ဘာလကတည်း ဆေးရုံလျှို့ဝှက်တက်ခဲ့တာကြောင့် တောင်းပန်ခဲ့ပြီးနောက် တလမပြည့်မီမှာ အခုလိုဆေးရုံတက်ရတာဖြစ်ပါတယ်။ အသက် ၇၀ အရွယ် အော်စတင်ဟာ ဆီးအိမ်ပြသနာကို ညွှန်ပြတဲ့ ရောဂါလက္ခဏာတွေ တွေ့ရှိတာကြောင့် ဝါရှင်တန်အနောက်မြောက်ဘက်ရှိ ဆေးရုံတရုံကို ပို့ဆောင်ခဲ့ရပါတယ်။ သူဟာ ပြီးခဲ့တဲ့နှစ်နှောင်းပိုင်းကလည်း ဆီးကျိတ်ကင်ဆာကို ခွဲစိတ်ခဲ့ရပါသေးတယ်။ အော်စတင်ဟာ ဒီဇင်ဘာလအတွင်းက လျှို့ဝှက်စွာ ဆေးရုံတက်ခဲ့တဲ့ကိစ္စနဲ့ပတ်သက်ပြီး သမ္မတဂျိုးဘိုင်ဒင်နဲ့ အခြားတာဝန်ရှိသူတွေကို အသိမပေးခဲ့တဲ့အပေါ် ကွန်ဂရက်က ဖေဖော်ဝါရီ ၁၄…

Read More

မန္တလေးမြို့မှာ ကျင်းပတဲ့ ၇၇ နှစ်မြောက် ပြည်ထောင်စု နေ့ အခမ်းအနားမြင်ကွင်း

မန္တလေး- ဖေဖော်ဝါရီ – ၁၂ – ၂၀၂၄ SA(VOM) ဒီကနေ့ကျရောက်တဲ့ ၇၇ နှစ်မြောက် ပြည်ထောင်စုနေ့ အခမ်းအနားကို မန္တလေးမြို့၊ ချမ်းမြသာစည်မြို့နယ်မှာရှိတဲ့ မန္တလာသီရိအားကစားကွင်းမှာ ပြုလုပ်ခဲ့တာဖြစ်ပါတယ်။ အဲ့ဒီအခမ်းအနားကို တိုင်းရင်းသားတွေ၊ ဌာနဆိုင်ရာ အကြီးအကဲတွေနဲ့ ဝန်ထမ်းတွေအပြင် ကျောင်းသား၊ ကျောင်းသူ လူဦးရေ တထောင်ကျော်တက်ရောက်ခဲ့ပြီး တိုင်းရင်းသားပေါင်းစုံက စတုဒိသာမဏ္ဍပ်တွေနဲ့ အစားအသောက်မျိုးစုံကို ကျွေးမွေးဧည့်ခံတာ တွေ့ရပါတယ်။

Read More

This Day in History

Voice of Myanmar မြောက်ကိုရီးယားသည် ကုလသမဂ္ဂ၏ သတိပေးချက်များကို ဆန့်ကျင်ကာ ၂၀၀၉ ခုနှစ်က ပြုလုပ်ခဲ့သော နျူကလီးယားစမ်းသပ်မှုထက် နှစ်ဆပိုမိုပြင်းထန်သော နျူကလီးယားစမ်းသပ်မှုကို ၂၀၁၃ ခုနှစ် ဖေဖော်ဝါရီ ၁၂ ရက်တွင် ပြုလုပ်ခဲ့သည်။

Read More
VOM News

FREE
VIEW