ဟားမတ်စ်တို့ရဲ့ အမာခံစခန်းရှိတဲ့ ရာဖာမြို့ကို မြေပြင်ထိုးစစ်ဆင်ဖို့ အစ္စရေး ပြင်ဆင်နေ

 

တဲလ်အဗစ်၊ ဖေဖော်ဝါရီ-၁၂-၂၀၂၄

မျိုးဆက်(VOM)

ဂါဇာကမ်းမြှောင် တောင်ပိုင်းရှိ ဟားမတ်စ်တို့ရဲ့ အမာခံစခန်းတခုရှိတဲ့ ရာဖာမြို့ကို မြေပြင်ထိုးစစ်ဆင်ဖို့ ပြင်ဆင်နေကြောင်း အစ္စရေးဝန်ကြီးချုပ် ဘန်ဂျမင်နေတန်ယာဟုဟာ ထုတ်ဖော်ပြောဆိုလိုက်ပါတယ်။

ရာဖာမြို့ဟာ ဟားမတ်စ်တွေရဲ့ နောက်ဆုံးခံတပ်ဖြစ်ပြီး ဒီမြို့ကို ဝင်ရောက်တိုက်ခိုက်မှုနဲ့ပတ်သက်ပြီး စောဒကတက် အငြင်းပွားနေတာတွေဟာ အခြေခံအားဖြင့် စစ်ပွဲရှုံးနိမ့်မယ့်ကိစ္စဖြစ်တယ်လို့ အေဘီစီ သတင်းဌာနနဲ့ တွေ့ဆုံမေးမြန်းခန်းမှာ ပြောပါတယ်။

ဒါပေမယ့်လည်း ရာဖာမှာရှိတဲ အရပ်သားတွေ ဘေးကင်းရေးကို နေတန်ယာဟုက ကတိပြုထားပါတယ်။ မြေပြင်ထိုးစစ်မစမီ အရပ်သားတွေကို ဘေးလွတ်ရာ ကယ်ထုတ်ဖို့ ပြင်ဆင်ထားရန် အစ္စရေးစစ်တပ်ကို သူက ညွှန်ကြားထားပါတယ်။

အစ္စရေးရဲ့ တိုက်ခိုက်မှုကြောင့် ဂါဇာမြောက်ပိုင်းနဲ့ အလယ်ပိုင်းက ဒေသခံတွေ ထွက်ပြေးပြီးနောက် ရာဖာမြို့ဟာ လူဦးရေတသန်းကျော် ခိုလှုံနေထိုင်နေပြီး အစ္စရေးရဲ့ထိုးစစ်ကြောင့် အရပ်သားသေဆုံးမှု မြင့်တက်လာမှာကို နိုင်ငံတကာက စိုးရိမ်နေကြပါတယ်။

ရာဖာမြို့ ဆင်ခြေဖုံးမှာ ပြီးခဲ့တဲ့နေ့က အစ္စရေးရဲ့ လေကြောင်းတိုက်ခိုက်မှုကြောင့် လူ ၂၅ ယောက် သေဆုံးခဲ့တယ်လို့ ပါလက်စတိုင်း သတင်းဌာနတွေက ဖော်ပြထားပါတယ်။

Ref:NHK

Photo:AFP

Related posts

Leave a Comment

VOM News

FREE
VIEW